အခန်း ၃၈၅
Vol. 35 Ch. 385
အပိုင်း(၄၈၅)
လင်းတုန်းသည် အဆင့်တက်ရန် ပြင်ဆင်ထားသော သဘာဝ ရတနာများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ဟင်းလင်းပြင် သော့ ထဲသို့ ကမန်းကတန်း ပစ်ထည့်လိုက်၏။ ရန်သူများ၏ ရှေ့တွင် ဤသို့ ပြုမူခြင်းက ဂုဏ်သိက္ခာရှိလှသည်တော့ မဟုတ်ပေ။ သို့သော် သူသည် ထိုစည်းစိမ်များကို ချန်မထားခဲ့လိုချေ။
သူသည် မတ်တပ်ရပ်လိုက်ပြီး သန့်စင်သော မာဒြာ များကို လှည့်ပတ်ကာ ဘယ်ဘက်လက်ရုံးရှိ ဆက်သွယ်ရေး မှော်ပစ္စည်း ကို အသက်သွင်းလိုက်သည်။ ၎င်းကို သူ၏ ယခင် သံချပ်ကာအဟောင်းမှ ဖြုတ်ယူခဲ့သော်လည်း ဒရော့စ် နှင့်အတူ သံချပ်ကာကို ပြန်လည်စစ်ဆေးပြီးနောက် ၎င်းကို ပြန်လည်တပ်ဆင်ရန် နေရာတွေ့ရှိခဲ့ခြင်း ဖြစ်၏။ အကယ်၍ ဒရော့စ် ၏ စွမ်းအင်များကို ချွေတာရန် လိုအပ်လာပါက အသုံးပြုနိုင်ရန် သူတို့က ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်လေသည်။
ထို့အပြင် သူ၏ အတွေးများကို အနီးအနားရှိ လူတိုင်း မသိစေဘဲ စကိုင်းဆွန်းများထံ သတင်းစကား ပါးလိုသည့်အခါတွင်လည်း အသုံးပြုနိုင်ရန် ဖြစ်၏။
"ဆေရှန် က အဆင့်နိမ့် အရှင်သခင် သုံးယောက် ခန်းမဆောင်ထဲမှာ ရှိနေတယ်... အကူအညီ လိုအပ်တယ်..."
လင်းတုန်းက တိုးညှင်းစွာ ပြောလိုက်၏။ သူ၏ လက်ကောက်ဝတ် ကာကွယ်ရေးအင်္ကျီပေါ်တွင် ဝဲပျံနေသော လိပ်ပြာပုံစံ မှော်ပစ္စည်း သည် တစ်ချက် တောက်ပသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ အကယ်၍ အီသန် သာ သူတို့၏ အခြေအနေကို သိရှိပါက ကူညီရန် နည်းလမ်းရှာပေးမည်မှာ သေချာလှ၏။
"အကုန်လုံး တစ်ပြိုင်တည်း ဝင်လာခဲ့ကြစမ်း..."
ညီဖြစ်သူက အော်ဟစ်လိုက်ရာ သူ၏ ဓားများသည် အပြာရောင် တောက်ပသွားတော့၏။
ယီရင်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"နင်က ဘယ်သူ့ရဲ့ ညီလေးလဲ..."
အသက်အငယ်ဆုံး အဆင့်နိမ့် အရှင်သခင်၏ မျက်နှာသည် ခရမ်းရောင် သန်းသွားပြီး အံသွားများကို ကြိတ်လိုက်လေ၏။
"မင်းတို့ကို သတ်သွားတဲ့လူရဲ့ နာမည်ကို မင်းတို့ရဲ့ ဝိညာဉ်အကြွင်းအကျန် တွေက မှတ်ထားရလိမ့်မယ်... ငါက ဆေရှန် ဒါဂျီ ပဲ..."
မာစီ က လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်္ဂလာပါ... ဒါဂျီ... ငါက မာစီ ပါ..."
"ဒရော့စ်... ငါ ဘယ်လောက် မြန်မြန် အဆင့်တက်နိုင်မလဲ..."
လင်းတုန်းက မေးလိုက်၏။
"အကောင်းဆုံး အခြေအနေတွေအောက်မှာ အစစ်အမှန် ရွှေအဆင့် တွေကနေ အဆင့်နိမ့် အရှင်သခင် အဖြစ်ကို တစ်ထိုင်တည်းနဲ့ အဆင့်တက်သွားတဲ့ မှတ်တမ်းတွေတော့ ရှိတယ်... အခုက အဲဒီလို အကောင်းဆုံး အခြေအနေပဲ... မင်းကို သတ်ဖို့ စောင့်နေတဲ့ လူတွေကလွဲရင်ပေါ့... ဒါပေမဲ့ အဲဒီလောက် မြန်မြန် လုပ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... သေချာအောင် ပြောရရင်... နှစ်မိနစ်လောက် ကြာမလား... အဲဒီ နှစ်မိနစ်အတွင်းမှာ ဘယ်သူကမှ မင်းကို သေအောင် ဓားနဲ့ ထိုးမှာမဟုတ်ဘူး... ဒါကြောင့် ဒီ နှစ်မိနစ်တော့ မဖြစ်နိုင်ဘူးထင်တယ်..."
ထိုမျှလောက် အချိန် သူ့ထံ၌ မရှိပေ။ သူသည် တစ်ထိုင်တည်းဖြင့် အဆင့်တက်နိုင်သူများထဲမှ တစ်ဦးဖြစ်ခဲ့လျှင်ပင်၊ ကီရိုက တိုက်ခိုက်သူ နည်းစနစ်ကို သုံးကာ သူ၏ ရင်ဘတ်ကို လှံဖြင့် ထိုးဖောက်ရန် အသက်တစ်ရှိုက်စာသာ အချိန်လိုအပ်လေသည်။
လင်းတုန်းသည် မဟူရာ မီးတောက် များကို လှည့်ပတ်လိုက်၏။
"ယီရင်... နင် တစ်ခုခု ဉာဏ်ပွင့်သွားသလို ခံစားရပြီလား..."
သူမ၏ လက်ထဲတွင် ဓားတစ်လက် ရှိနေပြီး သူမ၏ စိတ်ဝိညာဉ် စွမ်းအင်များသည် သံချပ်ကာ၏ အစွန်းများကို ပွတ်တိုက်နေလေသည်။ သူမ၏ ဓားလက်ရုံး ခြောက်ချောင်းသည် သူမ၏ ပတ်လည်တွင် ထောင်မတ်နေပြီး ငွေရောင် တောက်ပနေ၏။
"အဲဒီလိုတော့ မပြောနိုင်သေးဘူး..."
သူသည် သူ၏ မည်းနက်နေသော မျက်လုံးများကို သူမထံမှ ရန်သူများထံသို့ လွှဲလိုက်လေသည်။
"ဒါဆိုရင် ငါတို့ ဒီကနေ ထွက်သွားစရာ အကြောင်းပြချက် မရှိတော့ဘူး..."
သူက ဆိုလိုက်၏။
"နင်ရော အဲဒီလို ထင်လား..."
သူမသည် လေထဲတွင် ဓားကို လွှဲရမ်းလိုက်စဉ် ဓားပတ်လည်သို့ အော်ရာ များကို ဆွဲယူလိုက်သည်။
"ငါ ဒီနေရာကို သဘောကျလာပြီ..."
သူမ၏ လေသံမှာ တမင်တကာ ပေါ့ပေါ့ပါးပါး လုပ်ထားသော်လည်း အနည်းငယ် တင်းမာနေသည်ကို သူ သတိထားမိလိုက်၏။ သူမ ကြောက်ရွံ့နေလေသည်။
"အဲဒါက မှန်ကန်တဲ့ တုံ့ပြန်မှုပဲ..."
ဒရော့စ် က ပြောလိုက်၏။
မာစီ ၏ တောင်ဝှေးသည် အရည်ပျော်သွားပြီး နဂါးခေါင်းက အလယ်ဗဟိုသို့ လျှောဆင်းသွားကာ လေး တစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။ သူမသည် လေးကြိုးကို ဆွဲကာ မြှားတစ်စင်းကို ဖန်တီးလိုက်၏။
"သူတို့က သုံးယောက်... ငါတို့က သုံးယောက်... ဒီထက်ပိုဆိုးတာလည်း ဖြစ်နိုင်သေးတာပဲ..."
ဒရော့စ်သည် လင်းတုန်းထံမှ ထွက်လာပြီး သူ၏ ပါးစပ်ကို ရေဘဝဲလက်တံ တစ်ခုဖြင့် အုပ်ကာ ချောင်းဟန့်လိုက်လေသည်။
"အဟမ်း... အဟမ်း..."
မာစီ၏ မျက်နှာသည် ဒရော့စ်ကို ကြည့်ကာ ပို၍ လင်းလက်သွား၏။
"ဒါဆို ငါတို့က လူအင်အား ပိုသာနေတာပေါ့..."
ထိုအချိန်တွင်ပင် မေရာ၏ အသံသည် စင်္ကြံလမ်းတစ်လျှောက် ထွက်ပေါ်လာခဲ့သည်။
"နင်တို့ ဒီအချိန်လေးမှာ လက်နက်ချလိမ့်မယ်လို့ ငါတို့ မျှော်လင့်ခဲ့တာ..."
သူမက ပြောလိုက်၏။ အထက်သို့ လှန်ထားသော သူမ၏ လက်ဝါးပေါ်တွင် အစိမ်းရောင် အလင်းဘောလုံး တစ်လုံး ပေါ်လာခဲ့သည်။
"အဲဒီလို မလုပ်တဲ့အတွက် ငါ ဝမ်းသာပါတယ်..."
သက်စောင့် စွမ်းအင် လမ်းကြောင်းတစ်ခုသည် လေထုကို လောင်ကျွမ်းစေလျက် ယီရင် ထံသို့ တိုးဝင်သွား၏။ တစ်ချိန်တည်းမှာပင် ကီရို ၏ ဓားထံမှ တဖြတ်ဖြတ်မြည်နေသော အပြာရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဒါဂျီ ၏ ကိုယ်ပိုင် မာဒြာ မှ လည်း ငွေမီးခိုးရောင် တန်းတစ်ခု ထွက်ပေါ်လာလေသည်။
မည်သူမျှ သတိလက်လွတ် မဖြစ်ခဲ့ကြချေ။
လင်းတုန်း၏ နဂါး အသက်ရှူခြင်းသည် ကီရို ၏ ဓားချက်နှင့် တွေ့ဆုံသွားပြီး အလင်းတန်းများသည် တစ်ခုနှင့်တစ်ခု လမ်းကြောင်းလွဲသွားကြ၏။
မဟူရာ မီးတောက်သည် ကြမ်းပြင်ပေါ်ရှိ ကျောက်တုံးကို ရဲရဲတောက် ပူလောင်သွားစေသည့် လမ်းကြောင်းတစ်ခု ချန်ထားခဲ့သော်လည်း မည်သည့်အရာကိုမျှ အရည်မပျော်စေခဲ့ပေ။ အာကူရာ ခန်းမဆောင်သည် ထိုမျှ လွယ်လွယ်ဖြင့် ပျက်စီးသွားမည် မဟုတ်ချေ။ ကီရို ၏ အပြာရောင် မာဒြာ သည်လည်း မျက်နှာကြက်ပေါ်တွင် ပါးလွှာသော မျဉ်းကြောင်းတစ်ခုကို ချန်ထားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် မာစီ၏ အနက်ရောင်မြှားသည် ဒါဂျီ ထံမှ တွန်းကန်အား မာဒြာ လမ်းကြောင်းနှင့် တွေ့ဆုံသွားခဲ့၏။ မြှားသည် ဘေးသို့ လွင့်စင်သွားလေသည်။ ယီရင်က သူ၏ တိုက်ခိုက်မှုကို ဓားလက်ရုံး တစ်ချောင်းဖြင့် ကာကွယ်လိုက်သော်လည်း မာဒြာ အမြောက်အမြားကို အသုံးပြုလိုက်ရသည်။ သို့သော် ထိုသို့ ကာကွယ်လိုက်ရခြင်းက သူမ၏ လှိုင်းထနေသော ဓား နည်းစနစ်မှ ဓားမာဒြာ လှိုင်းလုံးဖြင့် ပြန်လည်တိုက်ခိုက်ခြင်းကိုမူ မတားဆီးနိုင်ခဲ့ချေ။
ထိုအခြေအနေကြောင့် သူမထံသို့ တိုးဝင်လာနေသော အစိမ်းရောင် သက်စောင့် မာဒြာ လမ်းကြောင်းသာ ကျန်ရှိနေတော့၏။
လင်းတုန်းသည် သူ၏ ညာဘက်လက်ကို လှမ်းလိုက်လေသည်။ သူသည် သူ၏ ဆာလောင်မှု မာဒြာ ကို အသက်သွင်းလိုက်ပြီး အစိမ်းရောင် အလင်းတန်းများကို တတ်နိုင်သမျှ မျိုချလိုက်သော်လည်း ဤအရာက အဆင့်နိမ့် အရှင်သခင်မ တစ်ဦး၏ တိုက်ခိုက်မှု ဖြစ်နေခဲ့၏။ ထိုအလင်းတန်းက သူ၏ အဖြူရောင်လက်ကို နောက်သို့ လွင့်ထွက်သွားစေပြီး သူ၏ သက်စောင့်ကြိုးကို တိုက်ခိုက်မည့် မာဒြာများ သူ၏အပေါ်သို့ ပက်ဖျန်းသွားစေခဲ့သည်။
၎င်းသည် စက္ကူပုဆိန်ဖြင့် သစ်ပင်တစ်ပင်ကို ခုတ်လှဲရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်၏။ သရဲတစ္ဆေရေ ၏ သက်စောင့် ရေတွင်း ဖြင့် အားဖြည့်ထားသော လင်းတုန်း၏ သက်စောင့်ကြိုး ရှေ့တွင် မေရာ ၏ မာဒြာ များသည် လုံးဝ ညှိုးနွမ်းပျောက်ကွယ်သွားတော့သည်။
သူသည် အစိမ်းရောင် မာဒြာ များကို သူ၏ လက်မောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းလိုက်သော်လည်း အမြုတေ ထဲသို့မူ မရောက်စေခဲ့ပေ။ မာဒြာ များသည် သူ့ကို ဒုက္ခပေးရန် ကြိုးစားရင်း ရိုင်းစိုင်းစွာ လှုပ်ရှားလာခဲ့သော်လည်း သူ၏ သွေးရည်ကြို သံမဏိ ခန္ဓာကိုယ်က ၎င်းကို စုပ်ယူစားသောက်နေပြီ ဖြစ်၏။ ထို့ကြောင့် သက်စောင့် မာဒြာ တိုက်ခိုက်မှုသည် မည်သည့်အရာကိုမျှ မထိခိုက်စေနိုင်ဘဲ ပျောက်ကွယ်သွားတော့သည်။
သို့သော် တိုက်ခိုက်သူ နည်းစနစ် များ ပစ်ခတ်ပြီးနောက် အဆင့်နိမ့် အရှင်သခင် များသည် သူတို့ထံသို့ ချက်ချင်း ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူ အနားယူရန် သို့မဟုတ် ပြန်လည်တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
လင်းတုန်း နာလန်ထူရန် ကြိုးစားနေဆဲမှာပင် မေရာ က ယီရင် ကို သူမ၏ တံစဉ် ဖြင့် ခုတ်ပိုင်းလိုက်၏။ ယီရင်သည် နောက်သို့ ခုန်ဆုတ်လိုက်ရာ အဆင့်နိမ့် အရှင်သခင်မ၏ တိုက်ခိုက်မှုသည် အခန်းအလယ်ရှိ မျှော်စင်ကို ခုတ်မိရန် သီသီလေးသာ လွဲချော်သွားခဲ့သည်။ အကယ်၍ သူမသာ ထို မှော်သင်္ကေတ များကို ဖျက်ဆီးမိပါက မည်သို့ဖြစ်လာမည်ကို လင်းတုန်း မသိသော်လည်း ကောင်းသောအရာတော့ ဖြစ်လာမည် မဟုတ်ပေ။ ထို့နောက် ယီရင် သည် စင်္ကြံလမ်း တစ်ခုအတိုင်း ထွက်ပြေးသွားပြီး မေရာ က သူမနောက်သို့ လိုက်သွားခဲ့၏။
လင်းတုန်းသည် သူမနောက်မှ လိုက်ရန် ကြိုးစားလိုက်သော်လည်း ဒါဂျီ က သူ့ ထံသို့ ပြေးဝင်လာသောကြောင့် အဆင့်နိမ့် အရှင်သခင် အသစ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ ထိုသို့ လုပ်စရာ မလိုတော့ပေ။ မာစီ ၏ အရိပ်ကြိုး နည်းစနစ်က ဒါဂျီ ၏ ခြေထောက်များကို ဖမ်းဆွဲကာ ရစ်ပတ်လိုက်သောကြောင့် ဖြစ်၏။ သို့တိုင်အောင် သူသည် သူမ၏ စွမ်းအင်များကို အလွယ်တကူ ဖြတ်တောက်လိုက်ပြီး လင်းတုန်း ကိုသာ ဆက်လက် ပစ်မှတ်ထားနေဆဲ ဖြစ်သည်။
ထိုစဉ် အနက်ရောင် မြှားတစ်စင်းက သူ၏ ပါးကို ဝင်မှန်သွား၏။
သူသည် သူ၏ သံခမောက်ကို ဖန်တီးလိုက်ပြီး သူမကို ဟိန်းဟောက်လိုက်ကာ နောက်ဆုံးတွင် သူ၏ ပစ်မှတ်ကို ပြောင်းလဲလိုက်လေသည်။
ဒါဂျီသည် မာစီ ကို လှမ်းခုတ်လိုက်သော်လည်း သူမသည် တတိယမြောက် စာမျက်နှာကို လှန်လိုက်ပြီး အစစ်အမှန် ရွှေအဆင့် ၏ စွမ်းအင်များကို ထုတ်လွှတ်လိုက်၏။ ချက်ချင်းပင် သူမသည် အရိပ်ကြိုး များဖြင့် အဝေးသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ မင်းသားလေးသည် အော်ဟစ်ကာ သူမနောက်မှ အခြား စင်္ကြံလမ်းတစ်ခုအတွင်းသို့ လိုက်သွားခဲ့တော့၏။
***