အခန်း ၂၄
Vol. 3 Ch. 24
24
"တကယ်လား"
ရှောင်ကျိုးက လက်ပွတ်လိုက်လေသည်။
‘ရွှေနဲ့ငွေဆိုတာ သူမ အလွန်ကြိုက်တဲ့ အရာတွေပဲ’
ဒါပေမယ့် သူမ ချက်ချင်းပင် စိတ်ကို ပြန်၍ တည်ငြိမ်စေလိုက်သည်။ အရေးတကြီး လုပ်ရမည်မှာ ကျောက်ဟူတို့ကို အရင် ဘေးကင်းကင်းနှင့် ခေါ်ထုတ်သွားရန် ဖြစ်သည်။
"နောက်မှ သွားမယ်၊ သူတို့ကို အရင်ကယ်ပြီးမှ သွားကြမယ်"
ရှောင်ကျိုး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ တလက်လက် တောက်ပနေသည်။
"ယွိဟွာ၊ နင် ထွက်ပေါက်ကို သိလား"
ရှောင်ကျိုး သူမရင်ခွင်ထဲမှ ယွိဟွာကို ပွတ်သပ်ရင်း မေးလိုက်သည်။
ယွိဟွာက သေချာပေါက် သိသည်ပင်။ စောစောလေးတင် သူမက ဤဂူထဲက တောကြက်များနှင့် အကျွမ်းတဝင် ဖြစ်ခဲ့ပြီးပြီ ဖြစ်သည်။
‘ကိုယ်ဖော့ပညာ တတ်ထားတော့ တခြားတောကြက်တွေနဲ့ မတူဘူးပေါ့၊ ဒီဂူထဲက တောကြက်တွေက သူ့ကို လုံးဝ ကြွေသွားပြီး အကုန်ပြောပြလိုက်ကြတာ၊ မဟုတ်ရင် ဒီဂူထဲက ရတနာသိုက်ကို သူ ဒီလောက်မြန်မြန် ဘယ်လိုလုပ် သိနိုင်မှာလဲ’
ယွိဟွာက စိတ်လှုပ်ရှားစွာနဲ့ "ကွပ် ကွပ်"ဟု နှစ်ခါသုံးခါ အော်လိုက်ပြီးနောက် ဂူအထွက်ပေါက်ဆီ ဦးဆောင်ပြေးသွားတော့သည်။ အားလုံး လိုက်လာရဲ့လားကိုလည်း နောက်သို့ မကြာခဏ လှည့်ကြည့်သေးသည်။
သူတို့တစ်သိုက်လည်း အနောက်မှ အနီးကပ် လိုက်သွားကြသည်။ ကွေ့ကောက်နေသော ဂူလမ်းကြောင်းအတိုင်း သတိထားသွားရင်း၊ ဖြစ်နိုင်ခြေရှိသည့် ထောင်ချောက်များနှင့် အတားအဆီးများကို ရှောင်ကွင်းရင်း ယွိဟွာ၏ လမ်းပြမှုအောက်တွင် ထွက်ပေါက်ကို အောင်မြင်စွာ ရှာတွေ့သွားကြလေသည်။
"ဟေး... ကောင်းလိုက်တာ၊ ငါတို့ နောက်ဆုံးတော့ ထွက်လာနိုင်ပြီ"
ကျောက်ဟူက ဝင်ပေါက်မှ ပထမဆုံး ပြေးထွက်လာပြီး လတ်ဆတ်သော လေထုကို အဝရှူသွင်းလိုက်သည်။ အခြားကလေးများလည်း စိတ်လှုပ်ရှားစွာ ပြေးထွက်လာကြပြီး အောင်မြင်စွာ လွတ်မြောက်လာသည့်အတွက် သူတို့မျက်လုံးများထဲ၌ ရင်ခုန်စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
လင်းချီနှင့် အခြားလူများက ရွာလူကြီးမှ လူများကို ခေါ်ထုတ်လာသည်အား မြင်၍ အမြန်ပြေးလာကြသည်။ ရှောင်ကျိုးက ဘေးဘီကို ကြည့်လိုက်ပြီး ဆရာယန်ကို မတွေ့ရသောကြောင့် လင်းချီကို မေးလိုက်လေသည်။
"ဆရာယန် ထွက်မလာသေးဘူးလား"
"မထွက်လာသေးဘူး၊ ကျွန်တော်တို့ ဝင်ပေါက်ကို တောက်လျှောက် စောင့်ကြည့်နေတာ၊ ဘယ်သူမှ ထွက်လာတာ မတွေ့သေးဘူး"
လင်းချီက အမြန် ပြန်ဖြေသည်။
"ဒီနေရာက အကြာကြီးနေဖို့ မလုံခြုံဘူး၊ သူတို့ကို ရွာကို ပြန်ခေါ်သွားကြ၊ ငါ အထဲဝင်ပြီး သွားကြည့်လိုက်ဦးမယ်"
ရှောင်ကျိုးက လူအနည်းငယ်ကို မှာကြားလိုက်ပြီး ယွိဟွာကိုခေါ်ကာ ဂူထဲကို ပြန်ဝင်သွားသည်။
"ကွပ် ကွပ်... ကွပ် ကွပ်"
ဂူထဲပြန်ရောက်တော့ ယွိဟွာက စိတ်လှုပ်ရှားစွာ တောင်ပံခတ်ပြီး ရှောင်ကျိုးကို ဂူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ထောင့်တစ်ခုဆီကို ခေါ်သွားလိုက်သည်။
လူတစ်ယောက်နှင့် ကြက်တစ်ကောင်က ကျောက်တုံးများ၏ အက်ကွဲကြောင်းများကြားတွင် ပေါ့ပါးစွာ ဖြတ်သန်းသွားကြသည်။
မကြာခင်မှာပင် ယွိဟွာက သာမန်ဟု ထင်ရသည့် ကျောက်နံရံတစ်ခုရှေ့၌ ရပ်လိုက်ပြီး သူ့ခြေသည်းများဖြင့် နှစ်ချက်ခန့် ကုတ်ပြလိုက်သည်။
‘ရွှေက ဒီနားမှာပဲ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့’
ရှောင်ကျိုးက သံသယနှင့် ချဉ်းကပ်သွားပြီး သေချာစစ်ဆေးကြည့်သော်ငြား ထူးခြားတာ မည်သည်ကိုမှ မတွေ့ရပေ။
ယွိဟွာကို မေးခွန်းထုတ်ရန် ပြင်လိုက်ချိန်မှာပင် ယွိဟွာက ကျောက်နံရံပေါ်မှ နေရာတစ်ခုကို ရုတ်တရက် အားကုန်ဆိတ်လိုက်သည်။ ကျောက်နံရံပေါ်က ကျောက်တုံးတစ်တုံးမှာ ဖြည်းဖြည်းချင်း ရွေ့သွားပြီး လျှို့ဝှက်ထားသော အပေါက်ငယ်တစ်ခု ပေါ်လာသည်။
"ဒါက..."
ရှောင်ကျိုးမှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ယွိဟွာက ဂုဏ်ယူစွာဖြင့် အော်လိုက်သည်။
"ကွပ် ကွပ်"
‘တွေ့လား၊ ဒီမှာတင်’
ရှောင်ကျိုးက အပေါက်နားကို သတိထားပြီး ချဉ်းကပ်သွားလိုက်သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် အပေါက်ထဲမှာ တလက်လက်တောက်နေသော ရွှေများနှင့် အစီအရီ ထပ်ထားသည့် ငွေတုံးဖြူဖြူများကို တွေ့လိုက်ရသည်။ ရတနာတိုက်အသေးစားလေး တစ်ခုကဲ့သို့ပင်။
"ဝါး... ရွှေတွေ၊ သူဌေးဖြစ်ပြီဟေ့၊ သူဌေးဖြစ်ပြီ၊ ယွိဟွာ၊ နင်က တကယ့် ရတနာလေးပဲ"
ရှောင်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် ယွိဟွာကို ပွေ့ချီပြီး အားရပါးရ နမ်းလိုက်သည်။
ယွိဟွာလည်း သခင်ဖြစ်သူ၏ ချီးကျူးမှုကို သဘောကျစွာနှင့် ပြန်ထူးလိုက်သည်။
"ကွပ် ကွပ်"
ရှောင်ကျိုးမှ စိတ်လှုပ်ရှားစွာဖြင့် သူမ၏ သိုလှောင်အိတ်ကို ထုတ်ပြီး အပေါက်ထဲက ရွှေ၊ ငွေနှင့် ရတနာများ အားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။
မကြာခင်မှာပင် ခုနလေးတင် ရွှေရောင်များ တလက်လက် တောက်နေသော အပေါက်လေးက ယခုတော့ အမှောင်တိတိကျပြီး ပြောင်သလင်းခါသွားလေသည်။
ကျိုင်းကောင်အုပ် ဖြတ်သွားသကဲ့သို့ မည်သည့်အရာမှ မကျန်တော့ပေ။
တန်ဖိုးရှိအရာများ မကျန်တော့သည်အား သေချာသွား၍ ရှောင်ကျိုးက ယွိဟွာကိုခေါ်ပြီး အမြန် ထွက်လာခဲ့သည်။
ကုသိုလ်များနှင့် နာမည်ဂုဏ်သတင်းများမှာ အနက်ရှိုင်းဆုံး၌ ပုန်းကွယ်သွားပြီ ဖြစ်သည်။ ယွိဟွာက ရှောင်ကျိုးကို ခေါ်ပြီး လူပြတ်သော နေရာတစ်ခုထံသို့ လျှောက်သွားပြန်သည်။
"ကွပ် ကွပ်... ကွပ် ကွပ်
‘သခင်၊ သူတို့က ဒီမှာ ကလေးတွေ အများကြီး ဖမ်းထားတာ၊ မနေ့က ရှေ့က သစ်သားအိမ်ထဲမှာ ၇ ယောက်၊ ၈ ယောက်လောက် ပိတ်လှောင်ထားတုန်းပဲ’
ယွိဟွာက တောင်ပံခတ်ပြီး အဝေးမှ သစ်သားအိမ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအိမ်ကို ဝတ်ရုံနက်လူအတော်များများ စောင့်ကြပ်နေကြသည်။
ရှောင်ကျိုးက မြက်ခင်းပြင်ပေါ်၌ ဝပ်လိုက်ပြီး အဝေးတွင် စောင့်ကြပ်နေသော ဝတ်ရုံနက်လူများကို စောင့်ကြည့်နေလိုက်သည်။
သူမ သူတို့ကို ကယ်သင့်မကယ်သင့် စဉ်းစားနေပြီး နောက်ဆုံးတွင် ကယ်မည်ဟု ဆုံးဖြတ်လိုက်သည်။
‘ဘာပဲဖြစ်ဖြစ် ဒီဂူထဲက ရွှေတွေ၊ ငွေတွေ၊ ရတနာတွေ အများကြီးကို အလကား ရလာခဲ့တာပဲ၊ ဒါကို လူကယ်တဲ့ အခကြေးငွေလို့ သတ်မှတ်လိုက်တာပေါ့’
ရှောင်ကျိုးက သူမ၏ နေရာလွတ်ထဲမှ လျှပ်စစ်တုတ်တစ်ချောင်းကို အမှတ်ဖြင့် လဲလှယ်လိုက်သည်ပြီး သူမ၏ စိတ်စွမ်းအင်ကို သုံးကာ ပတ်ဝန်းကျင်ကို ကင်းထောက်ကြည့်လိုက်သည်။
‘အင်း၊ လူ ၁၀ ယောက်လောက် ရှိတယ်’
ရန်သူများကို အသံမထွက်ဘဲ နှိမ်နင်းရန်က သိုင်းစွမ်းရည်အပြင် ကိရိယာများလည်း လိုအပ်လေသည်။
ရှောင်ကျိုးက သူမ၏ စိတ်ထဲတွင် အကောင်းဆုံး လှုပ်ရှားရမည့် လမ်းကြောင်းကို အမြန် စီစဉ်လိုက်သည်။
မြက်ခင်းများကို အကာအကွယ်ယူပြီး ဝတ်ရုံနက်လူများထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ အသံနည်းနည်းလေးပင် ထွက်သွားမည်အား ကြောက်၍ ခြေလှမ်းတိုင်းကို အလွန် သတိထားပြီး လှမ်းနေရသည်။
ရုတ်တရက် လေတစ်ချက် ဝှေ့တိုက်လိုက်ရာ မြက်ပင် အဖျားလေးများ လှုပ်ခါသွားသည်။ ရှောင်ကျိုးက ဤအခွင့်အရေးကို အရယူပြီး သရဲတစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ကာ ကျောပေးထားသည့် ဝတ်ရုံနက်လူတစ်ယောက်ထံသို့ ချက်ချင်း ချဉ်းကပ်သွားလိုက်သည်။
သူမ အသက်အောင့်လိုက်ပြီး သူမလက်ထဲမှ လျှပ်စစ်တုတ်က ထိုလူ၏ လက်မောင်းကို ဖွဖွလေး ထိလိုက်သည်။ မှိန်ဖျော့ဖျော့ အပြာရောင်အလင်းတန်းလေး လက်သွားပြီး ဝတ်ရုံနက်လူက တုန်ခနဲဖြစ်သွားကာ မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားလေသည်။ လုပ်ငန်းစဉ်တစ်ခုလုံး အသံတစ်ချက်မှ မထွက်ပေ။
ထို့နောက် ရှောင်ကျိုးက လှုပ်ရှားမှုကို ကူးယူလိုက်သကဲ့သို့ပင် ကျန်သည့် အစောင့်များကို တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းလိုက်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးက ပိုပိုပြီး ချောမွေ့လာကာ လျှပ်စစ်တုတ်ပင်လျှင် သူတစ်နေ့ ဤမျှ အသုံးဝင်လာလိမ့်မယ်လို့ ထင်ထားမည် မဟုတ်ပေ။
တခြားလူများ လချီပြီး လုပ်ရမည့်အလုပ်ကို မိနစ်ပိုင်းအတွင်း ပြီးအောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
ဝတ်ရုံနက်လူများ အားလုံး တိုက်ခိုက်နိုင်စွမ်း မရှိတော့သောအခါ ရှောင်ကျိုးက သစ်သားအိမ်ထံသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ တံခါးပေါက်ကို တွန်းဖွင့်လိုက်စဉ် အထဲ၌ ယောင်္ကျားလေး၊ မိန်းကလေး ၇ ယောက် ၈ ယောက်လောက် ရှိနေပြီး သူတို့၏ မျက်လုံးတွေထဲတွင် ကြောက်ရွံ့မှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
တံခါးပွင့်လာသောကြောင့် ကလေးများမှာ အစက မှင်သက်သွားပြီး ဝင်လာသည့် ကောင်မလေးကို ငူငူကြီး စိုက်ကြည့်နေကြသည်။
"ဟင်၊ နင်က ဘယ်လိုလုပ် အဖမ်းခံရတာလဲ"
လူကောင်ဝဝ ကလေးလေးတစ်ယောက်က ရှောင်ကျိုးကို ကြည့်ပြီး မေးလိုက်လေသည်။
ရှောင်ကျိုးမှ သူ့ကို သေချာကြည့်ပြီး တွေးလိုက်သည်။
‘ ဒီကလေးက အရင်တုန်းက သူမဆီက သကြားလုံးနဲ့ အဝတ်အိတ် လာဝယ်သွားတဲ့ ကလေးမလား’
ရှောင်ကျိုးက အနားလျှောက်သွားပြီး ကြိုးများကို ဖြေပေးရင်း ပြောလိုက်သည်။
"ငါ အဖမ်းခံရတာ မဟုတ်ဘူး၊ နင်တို့ကို လာကယ်တာ"
ထို့ကြောင့် ပန်းရောင်ဂါဝန်ဝတ်ထားသော ကောင်မလေးတစ်ယောက်မှ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"အစိုးရရုံးက လူတွေ ရောက်လာတာလား၊ ငါ့အဖေက သူတို့အကုန်လုံးကို ဖမ်းမိသွားပြီလား"
ထိုကောင်မလေးမှာ ဒီခရိုင်မှ ခရိုင်ဝန်၏ သမီး ရှန်ကျစ်ယွမ် ဖြစ်သည်။ ယခု လူလာကယ်သည်ကို မြင်၍ သူမ ပထမဆုံး တွေးမိသည်မှာ သူမ ပျောက်သွားတာကို သိသောကြောင့် သူမအဖေက ကယ်ရန် လူလွှတ်လိုက်ခြင်း ဖြစ်ရမည်။
ရှောင်ကျိုးက သူမ၏ စိတ်ကူးယဉ်အိပ်မက်ကို ရက်ရက်စက်စက် ရိုက်ချိုးပစ်လိုက်လေသည်။
"မဟုတ်ဘူး၊ ငါတစ်ယောက်တည်း လာတာ၊ နင်တို့ လိုက်မှာလား၊ မလိုက်ဘူးလား၊ မလိုက်ဘူးဆိုရင် နင့်အဖေကို ဒီမှာပဲ ဆက်စောင့်နေတော့"
ရှောင်ကျိုး၏ စကားက ရေအေးတစ်ခွက်နှင့် ပက်လိုက်သကဲ့သို့ပင်။ ကလေးများ၏ ရင်ထဲတွင် ယခုလေးတင် လင်းလက်လာသော မျှော်လင့်ချက်မီးတောက်ကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သည်။
ရှန်ကျစ်ယွမ်၏ မျက်လုံးထဲ၌ စိတ်ပျက်သွားသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသော်ငြား ချက်ချင်းပင် သန္နိဋ္ဌာန်ခိုင်မာမှုနှင့် အစားထိုးသွားသည်။
‘ဘယ်သူပဲ လာလာ၊ သူတို့ကို ဒီကြောက်စရာကောင်းတဲ့ နေရာကနေ ခေါ်ထုတ်သွားနိုင်ရင် သူတို့ရဲ့ ကယ်တင်ရှင်ပဲ၊ ဒီမှာပဲ ဆက်နေပြီး လေ့ကျင့်ရေးကွင်းက သနားစရာ ကလေးတွေလို ကြာပွတ်နဲ့ အရိုက်ခံရတာ၊ ဒါမှမဟုတ် ဘယ်မှန်းမသိတဲ့ နေရာကို ရောင်းစားခံရတာထက်စာရင်တော့ အများကြီး ပိုကောင်းတာပေါ့’
"သွားမယ်၊ သေချာပေါက် သွားရမှာပေါ့"
ရှန်ကျစ်ယွမ်က ချက်ချင်း တုံ့ပြန်လိုက်ပြီး သူမဘေး၌ ကြောင်တောင်တောင် ဖြစ်နေသည့် နောက်ထပ် ကောင်မလေးတစ်ယောက်ကို ဆွဲထူလိုက်ကာ သူမ၏ အကြည့်များမှာ ခိုင်မာနေသည်။
ဖက်တီးလေးလည်း ချက်ချင်း လက်ထောင်ပြီး ပြောလိုက်သည်။
"သွားမယ်၊ ငါတို့ သေချာပေါက် သွားရမယ်၊ ဒီမှာ သူတို့က ထမင်းလည်း မကျွေးဘူး၊ ငါ ဗိုက်ဆာနေတာ တစ်ရက် ရှိပြီ"
ဖက်တီးလေးက သူ့တစ်သက်တွင် ယခုကဲ့သို့ ဒုက္ခမျိုး တစ်ခါမှ မခံစားဖူးပေ။
ထို့ကြောင့် တခြားကလေးများကလည်း အချိန်အကြာကြီး အဖမ်းခံထားရ၍ ခန္ဓာကိုယ်များ အနည်းငယ် တောင့်တင်းနေသော်ငြား တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကြသည်။
ရှောင်ကျိုးက သူတို့၏ ကြိုးများကို အမြန် ဖြေပေးလိုက်သည်။
"အသံမထွက်စေနဲ့၊ အပြင်မှာ ဝတ်ရုံနက်လူတွေ အများကြီး ရှိသေးတယ်"
ရှောင်ကျိုးမှ တိုးတိုးလေး ပြောရင်း တစ်ပြိုင်နက်တည်းမှာပင် တံခါးပေါက်မှ အပြင်သို့ ချောင်းကြည့်ပြီး ပတ်ဝန်းကျင်က လောလောဆယ် ရှင်းလင်းနေကြောင်း အတည်ပြုလိုက်သည်။
သူမ နောက်လှည့်ပြီး အားလုံးကို ပြောလိုက်သည်။
"ငါ့နောက်ကနေ ကပ်လိုက်ခဲ့၊ ငါတို့ နောက်ဖေးတံခါးကနေ ထွက်ပြီး ရှေ့က တောအုပ်ထဲကို ဝင်ကြမယ်"