← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

31

လီချန် ခြံဝင်းထဲတွင် သူ၏ အပေါင်းအပါများနှင့်အတူ သောက်စားပျော်ပါးနေစဉ် အစေခံတစ်ယောက်မှ ရှန်ကျစ်ယွမ်နှင့် ဝမ်မိသားစု၏ သခင်လေးတို့ ရောက်ရှိနေကြောင်း လာရောက် သတင်းပို့လေသည်။

​သူ ထိုနှစ်ယောက်လုံးနှင့် မည်သည့် အဆက်အသွယ်မှ မရှိခဲ့ဖူးရာ ဇဝေဇဝါ ဖြစ်သွား၏။ ယခုကဲ့သို့ အချိန်မတော်ကြီး၌ အဘယ်ကြောင့် သူ့ကို လာရှာရသနည်းဟု သူ တွေးတောနေမိသည်။ သူက ရှန်ကျစ်ယွမ်၏ ဝမ်းကွဲအစ်မနှင့် စေ့စပ်ထားပြီးပြီဖြစ်ရာ၊ သူ သာမန် မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲလာသည့် ကိစ္စမှာ ပေါက်ကြားသွားခြင်း‌လော။

​သူ သူ၏ဝတ်ရုံကို သပ်ရပ်အောင် ပြင်ဝတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ သူ၏ မူလပုံစံဖြစ်သော နူးညံ့သိမ်မွေ့သည့် အပြုံးကို တပ်ဆင်လျက် ဧည့်ခန်းမဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ ​

သူ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ထိုနှစ်ယောက်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လေထုက တင်းမာနေသည်ကို တွေ့လိုက်ရ၏။

​"အို၊ ဝမ်းကွဲညီမလေး၊ ဘယ်လေတိုက်လို့ ဒီရောက်လာတာလဲ၊ ပြီးတော့ သခင်လေးဝမ်ကရော လီအိမ်တော်ကို ဘယ်လိုကိစ္စများ ရှိလို့ပါလဲ"

လီချန်မှ လေထုကို ပြေလျော့စေရန် ဟန်ဆောင်ကာ နွေးထွေးမှုဖြင့် နှုတ်ဆက်လိုက်သည်။

​"ကျုပ်ဆီကို ဘာကိစ္စများ ရှိလို့ လာရှာကြတာလဲ"

​ရှန်ကျစ်ယွမ်မှ ဖက်တီးလေးကို လက်ညှိုးထိုးပြလိုက်သည်။

​"သူက ရှင့်ဆီ ကိစ္စရှိလို့တဲ့"

​ဖက်တီးလေးမှာ ဒေါသထွက်သွားပြီး ရှန်ကျစ်ယွမ်ကို မျက်စောင်းထိုးလိုက်သည်။ သူမက ဆင်ခြေရှာမရ၍ သူ့ကို ရှေ့သို့ တွန်းထုတ်လိုက်ခြင်းပင်။

သူ လီချန်ကို အတင်းပြုံးပြလိုက်ပြီး ပြောလိုက်၏။

​"အစ်ကိုလီ မကြာသေးခင်က မြင်းပုလေး တစ်ကောင် ဝယ်ထားတယ်လို့ ကြားတယ်၊ ခင်ဗျား ဘယ်လောက်ပေးခဲ့ရပေးခဲ့ရ၊ အဲ့ဒီထက် ပိုပေးမယ်၊ ဈေးသာခေါ်လိုက်၊ ကျွန်တော့်မှာ ပိုက်ဆံရှိတယ်"

​"ဒါလေးအတွက် လာတာလား"

လီချန် စိတ်ပျက်လက်ပျက်ဖြင့် ရယ်လုမတတ် ဖြစ်သွားသည်။

​သူက အရေးကြီးကိစ္စအတွက် လာကြသည်ဟု ထင်နေခဲ့ခြင်းပင်။

ဤဖက်တီးကောင်မှာ သူ့ပိုက်ဆံအား ကြွားဝါပြီး သူ့ကို လာလှောင်ရန်အတွက် ညကြီးမိုးချုပ် လာခြင်း ဖြစ်ရပေမည်။

လီမိသားစုမှာ သိပ်ချမ်းသာလှသည် မဟုတ်ပေ။ ထိုမြင်းပုလေးကို ပိုက်ဆံအများကြီးပေး၍ ဝယ်ခဲ့ရာ လီချန် သူ့အဖေထံမှ အကြီးအကျယ် အဆူခံထားရလေသည်။

​"အင်း"

နှစ်ယောက်လုံးက ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်ကြ၏။

​လီချန် ရှန်ကျစ်ယွမ်ကို မေးလိုက်သည်။

​"သူက မြင်းလိုချင်လို့တဲ့၊ သခင်မလေးရှန်ကရော"

​ရှန်ကျစ်ယွမ်မှ မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ဖြေသည်။

​"ငါက မြင်းပုလေး ဘယ်လိုပုံစံလဲ လာကြည့်တာ"

​လီချန်က မှောင်မိုက်နေသော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး မတတ်နိုင်သကဲ့သို့ ပြောလိုက်သည်။

​"ညဉ့်နက်နေပြီ၊ မြင်းပုလေးက ခြံထဲမှာ၊ မနက်ဖြန်ကျမှ သခင်လေးဝမ်ရဲ့ အိမ်ကို သွားပို့ပေးမယ်ဆို ဘယ်လိုလဲ"

​သူတို့နှစ်ယောက် ပြိုင်တူ ခေါင်းခါလိုက်ကြသည်။

​"ငါတို့ အခု ကြည့်ချင်တာ"

​လီချန်၏ နားထင်ကြောများ ဒေါသကြောင့် တဒိတ်ဒိတ် ခုန်လာရသည်။

သူတို့သာ သာမန် ကုန်သည်များဆိုလျှင် သူ ဤဖက်တီးကို အပြင်ဆွဲထုတ်ပစ်လိုက်မည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် သူ မည်သည်အား လုပ်နိုင်မည်နည်း။ ထိုကောင်လေး၏ အဒေါ်မှာ မြို့တော်မှ အဆင့်လေး အရာရှိ၏ သားနှင့် လက်ထပ်ထားခြင်းပင်။ ကောလာဟလများအရ သူမက ချင်းယွင်မြို့အား အလည်လာနေဆဲဟု သိရသည်။

လီချန် စိတ်ရှည်လက်ရှည်ဖြင့် ပြောလေသည်။

​"ဒီအချိန်ဆို မြင်းပုလေး အိပ်နေလောက်ပြီ၊ မနက်ဖြန် မနက်စောစော သခင်လေးအိမ်ကို ပို့ပေးပါ့မယ်"

​ဖက်တီးလေး ကန့်ကွက်ရန် ပါးစပ်ဟလိုက်စဉ်မှာပင် အနောက်ဘက်ခြံဝင်းမှ ဆူညံသံများ ထွက်ပေါ်လာ၏။ ရှောင်ကျိုးနှင့် အခြားသူများသည် ကြိုးတုပ်ခံထားရသော မိန်းကလေးတစ်ယောက်ကို ပခုံးပေါ်ထမ်းကာ စံအိမ်ထဲမှ အပြေးအလွှား ထွက်သွားကြသည်ကို လျှပ်တစ်ပြက် မြင်လိုက်ရသည်။

​တစ်ခုခု မှားယွင်းနေပြီမှန်း သိလိုက်ရသဖြင့် လီချန်မှ သူတို့ကို တားဆီးရန် လှုပ်ရှားလိုက်သော်လည်း ဖက်တီးလေးက သူ့ကို ဝက်ဝံတစ်ကောင်ကဲ့သို့ ဖက်တွယ်ကာ တားဆီးလိုက်သည်။

​"မရဘူး၊ ဒီနေ့ အဲ့ဒီမြင်းပုကို သေချာပေါက် ကြည့်ရမှဖြစ်မယ်၊ ငါ ပိုက်ဆံမပေးနိုင်မှာ စိုးလို့လား၊ သုံးဆပေးမယ်၊ သဘောတူလား"

​လီချန် ရုန်းကန်သော်လည်း ဖက်တီးကောင်လေး၏ ခွန်အားမှာ အံ့ဩစရာကောင်းလောက်အောင် ကြီးမားနေသဖြင့် သူ ရုန်းမထွက်နိုင်ပေ။

​"ဝမ်းကွဲညီမလေး၊ သခင်လေးဝမ်"

လီချန် အော်ဟစ်လိုက်သည်။

​"လီအိမ်တော်ကို ညကြီးမိုးချုပ် သူခိုးတွေ ခေါ်လာပြီး ဝင်ဖောက်ထွင်းတာ၊ မင်းတို့ ဘာကြံနေတာလဲ"

ယခု လီချန် နားလည်သွားပြီပင်။ သူတို့က သူ့ကို အချိန်ဆွဲထားရန် သက်သက်သာ လာခဲ့ကြခြင်း ဖြစ်သည်။

ကောင်မလေးကို ခေါ်ထုတ်သွားနိုင်ပြီ ဖြစ်ကြောင်း မြင်လိုက်ရ၍ ရှန်ကျစ်ယွမ်မှာ ဟန်ဆောင်မနေတော့ပေ။

​"လီချန်၊ အစကတော့ ငါ့ဝမ်းကွဲအစ်မအတွက် နင့်ကို လာလေ့လာကြည့်တာ၊ နင်က ဒီလိုလူစားမျိုး ဖြစ်နေမယ်လို့ ဘယ်သူသိမှာလဲ၊ သာမန်မိန်းကလေးတွေကို ပြန်ပေးဆွဲတာများ၊ နင့်ကိုယ်နင် ပညာရှိလို့ ခေါ်ရဲသေးတယ်နော်"

​လီချန်၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း သူက အမြန် ပြန်လည်တည်ငြိမ်သွားပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

​"ဝမ်းကွဲညီမလေး၊ ဘာတွေ ပြောနေတာလဲ၊ ငါ့အပြုအမူက အမြဲတမ်း ဖြောင့်မတ်ပါတယ်၊ အဲ့ဒီလိုကိစ္စမျိုး ငါ ဘယ်တော့မှ မလုပ်ဘူး၊ ကောလာဟလ တစ်ခုခုကြားပြီး ငါ့ကို အထင်လွဲနေတာ နေမှာပါ"

​ရှန်ကျစ်ယွမ်သည် ဤမျှ အရှက်မဲ့သော သူကို တစ်ခါမှ မမြင်ဖူးပေ။ သူမ နံရံပေါ်မှ ခုန်ကျော်သွားသည့် ရှောင်ကျိုးအား လက်ညှိုးထိုးပြလိုက်၏။

​"နင် အနောက်ဘက်ခြံဝင်းထဲမှာ မိန်းကလေးတစ်ယောက်ကို ကြိုးတုပ်ထားတာကို ငါ အကုန်မြင်တယ်နော်၊ ငြင်းဦးမလို့လား"

​"ဟုတ်တယ်၊ ငါတို့အကုန်လုံး မြင်တယ်"

ဖက်တီးလေးမှ ဝင်ထောက်ခံလိုက်သည်။

လီချန် သူ၏ အင်္ကျီလက်စကို ခါလိုက်ပြီး အလျင်စလိုမရှိဘဲ ပြောလေသည်။

​"ဪ၊ အဲ့ဒါက ငါ့အစေခံမလေးပါ၊ သူက စကားနားမထောင်လို့ အိမ်တော်ထိန်းက ပညာပေးတဲ့အနေနဲ့ နောက်ဖေးမှာ သွားပိတ်ထားတာ၊ လီအိမ်တော်က အစေခံတွေကို ဆုံးမတာကို မင်းတို့နှစ်ယောက်က ဝင်စွက်ဖက်မလို့လား"

​"တကယ်တော့ ငါ့အိမ်ကို အတင်းဝင်လာပြီး ငါ့အစေခံကို လုယူသွားတာ ဘာသဘောလဲလို့ ငါကတောင် ပြန်မေးရဦးမယ်"

​ရှန်ကျစ်ယွမ် အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။

​"လီချန်၊ ဒီညကိစ္စကို ငါတို့ မှတ်ထားမယ်၊ နင့်လိပ်ပြာ နင်လုံတယ်ဆိုရင်တော့ အဲ့ဒီ ညစ်ပတ်တဲ့ အကြံအစည်တွေကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်"

​ဖက်တီးလေးမှ ခေါင်းညိတ်၏။

​"ဟုတ်တယ်၊ မင်း ငါတို့ကို အရူးလို့ ထင်‌နေတာလား၊ ဘယ်သူ့ကို လိမ်ဖို့ ကြိုးစားနေတာလဲ"

​ထိုသို့ပြောပြီးနောက် ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေးတို့မှာ အချင်းချင်း မျက်စပစ်လိုက်ကြကာ လှည့်၍ လီအိမ်တော်မှ ထွက်ခွာသွားကြသည်။ လီချန်မှာမူ မျက်နှာပျက်ယွင်းစွာဖြင့် အမှောင်ထဲတွင် ရပ်ကျန်ခဲ့သည်။

​ရှောင်ကျိုးနှင့် အခြားသူများသည် ရွှီဟောက်၏ ညီမလေးကို စံအိမ်ထဲမှ ထမ်းထုတ်လာခဲ့ပြီး ယခုအခါ ဖက်တီးလေး၏ ရထားလုံးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေးတို့ ထွက်လာသည်ကို မြင်သောအခါ မြင်းများကို ရိုက်ကာ ရွာသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားကြသည်။

​ရွှီဟောက်၏ ညီမလေးမှာ အစ်ကိုဖြစ်သူကို မြင်ရ၍ ပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

ညီမဖြစ်သူ မည်သည့်အန္တရာယ်မှ မရှိသည်ကို တွေ့ရသဖြင့် စိတ်အေးသွားသော ရွှီဟောက်သည် ရှောင်ကျိုးကို ကျေးဇူးတင်လွန်းသဖြင့် ဒူးပင် ထောက်လုမတတ် ဖြစ်သွားရသည်။

​ရထားလုံးနှစ်စီးမှာ လူပြတ်သော လမ်းမပေါ်တွင် အပြေးအလွှား မောင်းနှင်သွားပြီး မကြာမီ ရွာသို့ ရောက်ရှိလာကြသည်။

ရှောင်ကျိုး ဦးစွာ ခုန်ဆင်းလာပြီး ကျန်သူများ နောက်မှ လိုက်ဆင်းလာကြသည်။

​သူတို့အားလုံး ရှောင်ကျိုး၏ ခြံဝင်းထဲသို့ ပြန်ရောက်လာကြသည်။ ထိုစဉ် လင်းချီမှ မျက်မှောင်ကြုတ်လိုက်သည်။

​"လီချန်က အငြိုးကြီးတယ်၊ သူ့နောက်မှာ အစ်ကိုဗျောင်လည်း ရှိတယ်ဆိုတော့ လူအတော်များများကို အနိုင်ကျင့်ခဲ့ဖူးတာ၊ ဒီညကိစ္စ ပြီးသွားရင် သူ သေချာပေါက် လက်စားချေမှာပဲ"

​ရှန်ကျစ်ယွမ် ပြောလိုက်သည်။

​"ကိစ္စမရှိပါဘူး၊ ငါ့အဖေက ခရိုင်ဝန်ပဲ၊ လီချန် မလုပ်ရဲပါဘူး၊ ငါက သူ လမ်းပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲတာ မြင်လိုက်လို့ ငါ့ဝမ်းကွဲအစ်မအတွက် ကာကွယ်ပေးတဲ့အနေနဲ့ ကယ်ဖို့ လူလွှတ်လိုက်တာလို့ ပြောလိုက်မယ်"

​ဖက်တီးလေးက ရင်ဘတ်ကို ပုတ်လိုက်လေသည်။

​"ငါ့ကိုပါ ထည့်တွက်ထား၊ ငါ့အဖေကို ငါ ပြောပြလိုက်မယ်၊ သူ ငါ့ဘက်က ရပ်တည်ပေးမှာပါ"

​ရွှီဟောက်မှ ညီမဖြစ်သူကို ရှေ့သို့ ဆွဲခေါ်လာပြီး အားလုံးကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုလိုက်သည်။

​ရှောင်ကျိုးသည် ရွှီဟောက်၏ ညီမလေးကို သူမခြံဝင်းထဲတွင် နေရာချပေးလိုက်ပြီး အစ်မရှောင်ရှောင်နှင့် တခန်းတည်း နေစေလိုက်သည်။

​နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ရွှီရှောင်ရှောင်သည် ထုံးစံအတိုင်း မနက်စာပြင်ဆင်ရန် ထလာသော်လည်း ယနေ့တွင်မူ အလုပ်ကြိုးစားသော မိန်းကလေးတစ်ဦးမှ သူမကို ကူညီပေးနေလေသည်။

​တစ်ချိန်တည်းမှာပင်၊ ကျောက်ဟူနှင့် အခြားကလေးများမှာ မိုးလင်းသည်နှင့် ဖက်တီးလေး၏ အခန်းထဲသို့ အတင်းဝင်လာကြပြီး သူ့ကို ကုတင်ပေါ်မှ ဆွဲချကြသည်။

​"ထ‌တော့၊ သိုင်းလေ့ကျင့်ဖို့ အချိန်ရောက်ပြီ"

​ဖက်တီးလေးက စောင်အောက်တွင် ခေါင်းကို ဝှက်ထားလိုက်၏။

​"မသွားဘူး၊ ငါ အိပ်ချင်သေးတယ်"

​"နင်မလာရင် မနက်စာ မကျွေးဘူးနော်"

ရှောင်ကျိုးက တံခါးဝမှနေ၍ ခြိမ်းခြောက်လိုက်သည်။

အိပ်ရာနှင့် အစားအသောက်ကြားတွင် ဗျာများနေသော ဖက်တီးလေးမှာ နောက်ဆုံးတွင် အစားအသောက်ကိုသာ ရွေးချယ်လိုက်တော့သည်။

​"ထပြီ၊ ထပြီ၊ ထပါပြီဗျာ"

​သူ အိပ်ရာပေါ်မှ အမြန်ကုန်းရုန်းထလာပြီး မျက်နှာသစ်ကာ အားလုံးနှင့်အတူ တောင်ခြေသို့ လိုက်သွားလေသည်။

​နူးညံ့သိမ်မွေ့သော ရှန်ကျစ်ယွမ်မှာ ဤမျှစောစော ထနိုင်မည်မဟုတ်ဟု သူ ယူဆထားပြီး နောက်ကျလျှင် သူမကို လှောင်ပြောင်ရန် စီစဉ်ထားလိုက်၏။

သို့သော် အံ့ဩစရာကောင်းစွာပင် သူမက အနောက်ဘက်တောင်ကုန်းတွင် အသင့်စောင့်နေနှင့် လေပြီ။

​ဆရာယန် ယနေ့ မရှိပေ။ သူတို့အဖွဲ့သည် ပုံမှန် လေ့ကျင့်ခန်းများကိုသာ ဆက်လက် ပြုလုပ်နေကြသည်။

​'ဒင် - မစ်ရှင် ကျရောက်လာပါပြီ၊ ရွာသားတွေရဲ့ သိုင်းပညာအပေါ် စိတ်အားထက်သန်မှုကို နှိုးဆွပေးပါ၊ ဆုလက်ဆောင် - အမှတ် ၂၀ နှင့် ကံစမ်းမဲ ၁ ကြိမ်’

​ရှောင်ကျိုး မစ်ရှင်ပြကွက်ကို စိုက်ကြည့်ရင်း တွေးတောနေလိုက်သည်။

​’စိတ်အားထက်သန်မှု’

​ရုတ်တရက် သူမ အကြံတစ်ခု ရသွားသည်။

‘​ပြိုင်ပွဲတစ်ခု လုပ်မယ်၊ ဟုတ်ပြီ၊ ပြိုင်ပွဲတစ်ခု လုပ်ရမယ်’

​သူမ အားလုံးကို ရပ်ရန် အချက်ပြလိုက်သည်။

​"ဒီနေ့ ငါတို့ တစ်မျိုး ပြောင်းလုပ်ကြမယ်”

​"ဘယ်လို ပြောင်းလုပ်မှာလဲ"

​"ငါတို့ အပြေးပြိုင်မယ်၊ အမြန်နှုန်း ပြိုင်ပွဲပဲ၊ တောင်ကြီးကို တစ်ပတ်အပြည့် ပတ်ရမယ်၊ ပြန်ရောက်လာတဲ့ အစီအစဉ်အတိုင်း အဆင့်တွေ သတ်မှတ်ပေးမယ်"

သူမ ထပ်ဖြည့်ပြောလိုက်သည်။

​"အနိုင်ရတဲ့သူတွေအတွက် ဆုလက်ဆောင်တွေ ရှိတယ်"

All Chapters