← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

42

"မမ၊ ကျွန်တော့်နာမည်က ရှီအန်းပါ"

ကောင်လေး ထိုသို့ ပြောပြီး ရှောင်ကျိုး၏ အနားသို့ တိုး၍ ထိုင်လိုက်သည်။

​ထိုစကားကြောင့် အားလုံး အံ့ဩတကြီး ရေရွတ်မိကြ၏။

"ရွာလူကြီးလေး၊ သူက တကယ်ပဲ ရွာလူကြီးလေးရဲ့ မောင်လေး ဖြစ်နေတာလား၊ နာမည်မှာလည်း ရှီဆိုတဲ့ မျိုးရိုးနာမည်ချင်း တူနေကြတယ်"

​ရှောင်ကျိုးကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေ၏။ ယခင် ရွာလူကြီး သူမကို စတင်တွေ့ရှိစဉ်က သူမ၏ ကိုယ်ပေါ်တွင် 'ရှီ' ဟု ကမ္ပည်းထိုးထားသော ကျောက်စိမ်းဆွဲပြားလေး ပါလာခဲ့သဖြင့် သူမကို ရှီရှောင်ကျိုးဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်ကို သူမ မှတ်မိနေ၏။ ဤမျှအထိ တိုက်ဆိုင်မှု ရှိနိုင်ပါ့မလားဟု သူမ တွေးတောနေမိသည်။

​ရှောင်ကျိုးမှာ ဆက်၍ လဲလျောင်းမနေတော့ဘဲ အမြန်ထထိုင်ကာ မေးလိုက်၏။

"နင့်ရဲ့ မိဘတွေကရော ဘယ်မှာလဲ"

​"ဖေဖေက ဆုံးသွားပြီ"

ရှီအန်း တခဏမျှ စဉ်းစားပြီး ဖြေလိုက်သည်။ သူ မွေးဖွားလာကတည်းက ဖခင်၏ မျက်နှာကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် သူ၏ဖခင်မှာ သေဆုံးသွားပြီဟုသာ သူ ယူဆထားခြင်း ဖြစ်၏။

​ဘေးမှ ကြည့်နေသူများက သူ့ကို သနား ဂရုဏာသက်သော မျက်လုံးများဖြင့် ကြည့်ကြရင်း ရေရွတ်နေကြသည်။

"သနားစရာလေးပဲ"

​"ဒါဆို နင့်ရဲ့ မေမေကရော"

​"မေမေက မြို့တော်မှာ ရှိတယ်"

​"ဒါဆို ငါက နင့်ရဲ့ အမလို့ ဘာလို့ ပြောရတာလဲ"

ရှောင်ကျိုး ဆက်မေးလိုက်၏။

​"ပုံတူပန်းချီကားထဲကအတိုင်းပဲ မမက အဲဒီပန်းချီကားထဲက လူနဲ့ တူနေလို့ပါ၊ မမက ကျွန်တော့်အမပါပဲ"

ရှီအန်း ငိုလုမတတ် အလောတကြီး ပြောလေသည်။

​"မြို့တော်မှာဆိုရင် ရှီဆိုတဲ့ မျိုးရိုးက စစ်ဗိုလ်ချုပ်ကြီးရှီရဲ့ မိသားစုပဲ ရှိတာ၊ နင်က ဗိုလ်ချုပ်ကြီးရှီရဲ့ ပျောက်ဆုံးနေတဲ့ မြေးလေးများ ဖြစ်နေမလား"

ရှန်ကျစ်ယွမ်၏ မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်၏။ အသက်အရွယ်မှာလည်း အံဝင်ခွင်ကျ ဖြစ်နေသဖြင့် အလွန်ပင် တိုက်ဆိုင်လှသည်။

​ရှီအန်း ခေါင်းညိတ်ပြ၏။

​"အစက မေးတုန်းက ဘာလို့ ဘာမှမပြောတာလဲ"

ရှောင်ကျိုး သူမကို မည်သည်ကိုမှ မသိဟု လိမ်ခဲ့သည့် ကောင်လေးအား ယခုထိ စိတ်မဆိုးနိုင်သေးဘဲ မေးလိုက်သည်။

​"ကျွန်တော် ကြောက်လို့ပါ"

ရှီအန်း ရိုးရိုးသားသားပင် ဖြေလေ၏။ သူစိမ်းများနှင့် စကားမပြောရန် သူ့မေမေမှ အမြဲ မှာထားခဲ့သည် မဟုတ်ပါလား။

​"နင်က ချင်းရှန်းခရိုင်ကို ဘယ်လိုဖြစ်ပြီး အဖမ်းခံလာရတာလဲ"

ရှန်းကျစ်ယွမ် သိချင်၍ အနည်းငယ် စပ်စုလိုက်သည်။ မြို့တော်နှင့် ချင်းရှန်းခရိုင်မှာ အလွန်ဝေးကွာလှ၏။ လွန်ခဲ့သည့် အချိန်အနည်းငယ်က မြို့တော်ရှိ အဘိုးဖြစ်သူထံမှ စစ်ဗိုလ်ချုပ်ရှီ၏ မြေးအငယ်ဆုံးလေး ပျောက်ဆုံးသွားကြောင်း သတင်းကို သူမဖခင် ကြားသိရစဉ် ရှီမိသားစု၏ မျိုးဆက်ပြတ်တော့မည်အား စိုးရိမ်ကာ အိမ်မှာပင် ဂဏာမငြိမ် ဖြစ်ခဲ့ဖူး၏။

​ရှီအန်း ခေါင်းခါပြသည်။ သူ နိုးလာသည့်အချိန်တွင် မြင်းလှည်းပေါ်သို့ ရောက်နေပြီ ဖြစ်၏။ အစပိုင်းတွင် သူသည် အော်ဟစ်ငိုယိုခဲ့သော်လည်း သူ ငိုတိုင်း ဝတ်စုံနက်ဝတ် လူများက သူ့ကို ရိုက်နှက်ကြသည်။ နောက်ပိုင်းတွင် သူ ပို၍ နားလည်လာပြီး မငိုတော့ဘဲ သူတို့နောက်သို့ ငြိမ်ငြိမ်လေး လိုက်ပါခဲ့ခြင်း ဖြစ်သည်။

ရှန်ကျစ်ယွမ် ဆို၏။

​"ဒါပေမဲ့ ရှီမိသားစုမှာ ပျောက်ဆုံးနေတဲ့ သမီးရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး"

သူမ၏ အဘိုးနှင့် ဗိုလ်ချုပ်ကြီးရှီမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသဖြင့် ရှီမိသားစု အကြောင်းကို သူမ အတန်ငယ် သိထားသည်။ ဗိုလ်ချုပ်ကြီးရှီ စစ်မြေပြင်တွင် ကျဆုံးသွားသည့် သတင်းကို ကြားရစဉ်က သူမ၏ အဘိုးမှာ အလွန်အမင်း စိတ်မကောင်းဖြစ်ကာ နာမကျန်းပင် ဖြစ်ခဲ့ဖူး၏။

​"ဗိုလ်ချုပ်ကြီးရှီ ဆိုတာ ဘယ်သူလဲ"

ရှောင်ကျိုး သိလိုစိတ်ဖြင့် စပ်စုကာ မေးလိုက်သည်။

ထိုအကြောင်းဆိုလျှင်တော့ ရှန်ကျစ်ယွမ် အားရပါးရ ပြောပြနိုင်လေ၏။ ဗိုလ်ချုပ်ကြီးရှီသည် ရှီမိသားစုစစ်တပ်ကို ဦးဆောင်ကာ သုံးပြည်ထောင်တွင် မည်သို့ တိုက်ပွဲဝင်ခဲ့ကြောင်းနှင့် ပြည်သူများမှ ရှီမိသားစုစစ်တပ်ကို မည်မျှ ကြည်ညို လေးစားကြောင်းများကို သူမ ပြောပြလိုက်သည်။ ထိုပုံပြင်များကို ကြားရသောအခါ ကလေးများအားလုံး၏ သွေးများ ဆူပွက်လာပြီး သူတို့ကိုယ်တိုင်လည်း ဗိုလ်ချုပ်ကြီးနောက်သို့ လိုက်ပါကာ တိုင်းပြည်ကို ကာကွယ်လိုစိတ်များ ဖြစ်ပေါ်လာကြ၏။

​"အဲဒီနောက်ရော အဲဒီနောက် ဘာဖြစ်လဲ"

အားလုံး သိချင်စိတ်ဖြင့် ဝိုင်းမေးကြသည်။

​"နောက်ပိုင်း နယ်စပ်စစ်ပွဲကြီးတစ်ခုမှာ ဗိုလ်ချုပ်ကြီးရှီနဲ့ သူ့ရဲ့ သားလေးယောက်စလုံး စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ကြတယ်"

ရှန်ကျစ်ယွမ် ဝမ်းနည်းစွာ ပြောပြ၏။

​"ဘာ၊ နယ်စပ်က ဖရိုဖရဲဖြစ်ပြီး အားလုံး ကျဆုံးသွားကြတာလား"

အားလုံးမှာ မယုံနိုင်အောင် ဖြစ်ကြရ၏။

​"ငါ သိပြီ ငါ သိပြီ၊ အဲဒါ၊ ဆရာရွှီ သင်ပေးဖူးတဲ့ 'ငှက်တွေ အကုန် ပျံသွားပြီဆိုရင် ဘာကို ဖုံးကွယ်ထားရမှာလဲ' ဆိုတာမျိုး မဟုတ်လား"

ကျောက်ဟူ သူမှတ်မိသလိုလို ရှိသော စကားပုံကို ပြောလိုက်သည်။

​"ငှက်တွေကုန်ရင် လေးကို သိမ်း၊ ဝံပုလွေသေရင် အမဲလိုက်ခွေးကို ချက်စား ဆိုတာပါကွ၊ မင်းကတော့ တုံးလိုက်တာ"

တနွီ ကျောက်ဟူ၏ စကားကို အမြန်ပင် ပြင်ပေးလိုက်၏။

​ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေး တို့မှာ ထိုစကားကို ကြားသောအခါ အလန့်တကြားဖြင့် သူတို့၏ ပါးစပ်များကို ပိတ်ကာ တားမြစ်ကြသည်။

"တိုးတိုးပြောစမ်းပါ၊ ဒါကို တစ်ယောက်ယောက် ကြားသွားရင် ခေါင်းဖြတ်ခံရလိမ့်မယ်"

‘ဒီနှစ်ယောက်ကတော့ တကယ်ပဲ ဘာမဆို ပြောရဲကြတယ်’

​"အဲဒါ အမှန်ပဲလေ"

ကျောက်ဟူ ထပ်ပြောရန် ပြင်လိုက်သည်။ အခြေအနေကို ရိပ်မိသွားသော တနွီမှ ကျောက်ဟူ၏ ပါးစပ်ကို အမြန် လှမ်းပိတ်လိုက်ရ၏။

ကျောက်ဟူသည် စိတ်ပျက်လက်ပျက်ဖြင့် ရှောင်ကျိုးကို မေး‌လေသည်။ သူ အစပိုင်းတွင် ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ရန် ယုံကြည်ချက် အပြည့်ရှိခဲ့သော်လည်း ယခုတော့ သူထင်ထားသလို မဟုတ်မှန်း သိလိုက်ရသဖြင့် စိတ်ဓာတ်ကျသွားခြင်း ဖြစ်သည်။

​"လုပ်ရမှာပေါ့၊ ဘာလို့ မလုပ်ရမှာလဲ၊ ငါ ရှိနေတာပဲ၊ ဘာကို ကြောက်နေတာလဲ"

ရှောင်ကျိုး သူ့ကို အာမခံလိုက်၏။

​"ဟုတ်ပြီ၊ ဒါဆိုရင် ငါ အရမ်းစွမ်းတဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်အောင် လုပ်မယ်"

ရှောင်ကျိုး၏ စကားကြောင့် ကျောက်ဟူမှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာတော့၏။ လေးလံနေသော အငွေ့အသက်များမှာလည်း ချက်ချင်းပင် ကွယ်ပျောက်သွားပြီး အားလုံးမှာ အနာဂတ်ကို မျှော်လင့်နေကြသည့် ကလေးများ ပြန်ဖြစ်သွားကြသည်။

​သူမ၏ နားတွင် ကပ်နေသော ရှီအန်းကို ကြည့်ရင်း ရှောင်ကျိုး စဉ်းစားနေမိ၏။ ရှန်းကျစ်ယွမ်၏ စကားအရ ရှီမိသားစုတွင် ပျောက်ဆုံးနေသော မြေးမလေး မရှိခဲ့ဖူးပေ။ ထို့ကြောင့် သူမနှင့် ရှီအန်းမှာ မောင်နှမအရင်းအချာ မဖြစ်နိုင်ဘဲ မျိုးရိုးနာမည်ချင်း တူနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

​သို့သော်လည်း သူသည် သူရဲကောင်းတစ်ဦး၏ သားမြေးဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှောင်ကျိုး၏ သူ့အပေါ် ထားရှိသော သဘောထားမှာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့သည်။ ရှောင်ကျိုး တိုင်းပြည်ကို ကာကွယ်သည့် စစ်ဗိုလ်ချုပ်ကြီးများကို အစဉ်အမြဲ လေးစားခဲ့သူ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကြောင့်သာ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ခြင်း ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် သူရဲကောင်းတို့၏ အဆက်အနွယ်မှာလည်း ထိုက်တန်သော ဆက်ဆံမှုကို ရရှိသင့်သည်ဟု သူမ ယူဆသည်။

​"နင် ခေါ်ချင်ရင်လည်း 'မမ' လို့ပဲ ခေါ်တော့"

ရှောင်ကျိုး သူ့ကို ချော့ပေးရန် ပျင်းရိနေသဖြင့် ခွင့်ပြုလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့ကို ခေါ်ခွင့်ပေးလိုက်ခြင်းက သူမအတွက် နစ်နာစရာ မရှိပေ။ ခဏခဏ ငိုတတ်သော ယောက်ျားလေးများမှာ အလွန်ပင် စိတ်ရှုပ်စရာ ကောင်းလှသည် မဟုတ်ပါလား။

​ရှီအန်း၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။ သူ၏ အမမှ သူ့ကို ခေါ်ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် သူသည် ပျော်ရွှင်လွန်း၍ ခုန်ပေါက်နေတော့၏။

​သူတို့အဖွဲ့ အပြင်သို့ ထွက်လာသည်မှာ ကြာပြီ ဖြစ်သဖြင့် ဝါးအိမ်ကလေးထံသို့ ပြန်ရန် ပြင်ဆင်ကြသည်။ ရှောင်ကျိုး ကျန်းဟယ်ကို မေးလိုက်သည်။

"နင် ငါတို့နဲ့အတူ ဝါးအိမ်ကို ပြန်လိုက်ဦးမှာလား၊ ဒါမှမဟုတ် ဘယ်သွားမလို့လဲ"

​ကျန်းဟယ်မှာ လိုက်သွားချင်သော်လည်း သူ၏ အိမ်စာများကို မပြီးသေးပေ။ သူ ခိုးထွက်လာသည်ကို သူ၏ စီနီယာအစ်ကိုကြီး သိသွားပါက သေချာပေါက် အဆူခံရပေလိမ့်မည်။ ထို့ကြောင့် သူသည် ပြောလိုက်၏။

"ငါ မလိုက်တော့ဘူး၊ မနက်ဖြန်မှ လာတွေ့မယ်"

​ရှောင်ကျိုး သူမ၏ အိတ်ကပ်ထဲမှ မုန့်အချို့ကို ထုတ်ပေးလိုက်ရင်း ပြော၏။

"ဒါတွေကို နင့်ရဲ့ စီနီယာအစ်ကိုတွေနဲ့ အစ်မတွေအတွက် ယူသွားပေးလိုက်ပါ"

ကျန်းဟယ်လည်း ကျေးဇူးတင်စကား ဆိုသည်။

​ထို့နောက် ရှောင်ကျိုးတို့အဖွဲ့သည် ဝါးအိမ်ဟောင်းလေးထံသို့ ပြန်လျှောက်လာကြ၏။ ထိုအချိန်တွင် အဘိုးကုနှင့် တာ့ယာ တို့မှာ အိမ်ထဲမှ ထွက်လာကြသည်။ အဘိုးနှင့် မြေးမလေး နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ရှိနေကြ၏။

​"အထဲက ဦးလေး ရောဂါပျောက်သွားပြီလား"

ရှောင်ကျိုး အလောတကြီး မေးလိုက်လေသည်။ စနစ်မှ ဤလူကို ကာကွယ်ရန် ပြောထားသဖြင့် သူ သေ၍ မဖြစ်ပေ။

​"ဟုတ်တယ်၊ အဆိပ်တွေ ပြေသွားပြီ သူ ခဏလောက် ထပ်ပြီး အနားယူဖို့ပဲ လိုတော့တယ်"

အဘိုးကု သူ၏ မျက်မှောင်များ ပြေလျော့ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

​"သမီးပေးတဲ့ တျန်းရှန်း နှင်းကြာပန်းကြောင့်သာပေါ့၊ မဟုတ်ရင်တော့ ဘယ်နတ်ဘုရားမှ ကယ်နိုင်မှာ မဟုတ်ဘူး"

အဘိုးအိုမှ ရှောင်ကျိုးကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤကလေးမလေးမှာ သူ၏ ကံကောင်းခြင်း ကြယ်ပွင့်လေးပင် ဖြစ်၏။

​"အထဲက လူ နိုးလာပြီဆိုရင် အဘိုး သမီးတို့နဲ့အတူ ရွာကို လိုက်ခဲ့ပါ့မယ်"

အဘိုးအို ပြောလိုက်၏။

​ရှောင်ကျိုး ခေါင်းခါလိုက်သည်။ အဘိုးအိုသည် ဆေးဘုရင်ချိုင့်ဝှမ်း မှ လူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရကတည်းက သူ့ကို ရွာတွင် စာသင်ခိုင်းမည့် အကြံကို သူမ လက်လျှော့လိုက်ခြင်း ဖြစ်၏။ အဘိုးကုကို ရွာတွင် စာသင်ခိုင်းထားသည်ထက် ဆေးဘုရင်ချိုင့်ဝှမ်းတွင်သာ နေစေခြင်းက ပြင်ပမှ လူများအတွက် ပို၍ လိုအပ်မည်ဟု သူမ ခံစားရသည်။

​"ဘာလို့ စိတ်ပြောင်းသွားရတာလဲ"

အဘိုးကု နားမလည်နိုင်စွာ မေးလိုက်၏။

​ရှောင်ကျိုး အဘိုးအိုကို ပြန်မေးလိုက်သည်။

"သမီး အဘိုးနဲ့ အပေးအယူ တစ်ခုလုပ်ချင်တယ်၊ အဘိုးက ဆေးဘုရင်ချိုင့်ဝှမ်းမှာပဲ နေပါ၊ ဒါပေမဲ့ တာ့ယာကို ဒီမှာ ဆေးပညာ သင်ခွင့်ပြုနိုင်မလား"

​အဘိုးကု ခေါင်းညိတ်ကာ ဆို၏။

"ဒီမိန်းကလေးမှာ ဆေးပညာ သင်ယူဖို့ အရည်အချင်း တကယ်ရှိတယ်၊ သမီး မပြောရင်တောင် အဘိုးက အဲဒီလိုပဲ တွေးထားတာပါ"

​ရှောင်ကျိုး တာ့ယာကို ဆေးပညာသင်ရန် ဤနေရာတွင် နေခဲ့ချင်သလားဟု မေးလိုက်သည်။ တာ့ယာမှာ စဉ်းစားနေသော်လည်း ရွာလူကြီး၏ အနားတွင်သာ ပို၍ နေချင်၏။ ရှောင်ကျိုးက သူမကို မကြာခဏ လာတွေ့မည်ဟု ထပ်ခါတလဲလဲ ကတိပေးလိုက်မှသာ တာ့ယာသည် စိတ်အေးလက်အေးဖြင့် ဤနေရာတွင် နေခဲ့ရန် သဘောတူလိုက်သည်။

​ရှောင်ကျိုး ဝါးအိမ်ကလေးကို ညွှန်ပြကာ အဘိုးအိုကို မေးလိုက်၏။

"သူ ဘယ်တော့လောက် နိုးလာမလဲ၊ သမီး အထဲဝင်ကြည့်လို့ ရမလား"

​"ရတာပေါ့၊ သူ အခု နိုးနေပါပြီ၊ သမီးက သူ့ရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုတော့ သူလည်း သူ့ကျေးဇူးရှင်ရဲ့ မျက်နှာကို မြင်သင့်တာပေါ့"

အဘိုးကု ထိုသို့ဆိုကာ အားလုံးကို အိမ်ထဲသို့ ခေါ်သွား၏။ ဤသည်မှာ သူ ကယ်တင်ထားသော်လည်း အသက်ရှင်လိုစိတ် မရှိဖြစ်နေသော အထဲမှ လူအတွက် အာရုံပြောင်းစရာတစ်ခု ဖြစ်လိမ့်မည်ဟု သူ ယူဆသည်။

​ရှောင်ကျိုး ခြေသံဖွဖွဖြင့် အထဲသို့ ဝင်သွားပြီး သူမနောက်မှ ရှီအန်းမှာလည်း တကောက်ကောက် လိုက်ပါလာ၏။

​ကုတင်ပေါ်တွင် လဲလျောင်းနေသော ဗိုလ်ချုပ်ကြီးရှီသည် အသံကြားသဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ တံခါးဝမှ ဝင်လာသော ကလေးနှစ်ယောက်ကို သူ သေချာစွာ မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး အသက်ရှူများပင် မြန်လာတော့သည်။

“ပဉ္စမမြောက် ညီမလေးနဲ့ တတိယမြောက် အစ်ကိုလား”

All Chapters