အခန်း ၉၂
Vol. 10 Ch. 92
အခန်း (၉၂) - ဝိညာဉ်ခေါ်ခြင်း။
"ရပါတယ်။"
ယဲ့ချန်က ယင်ယန်မျက်စိကို ဖွင့်လိုက်ပြီး မိုချင်းကို စူးစိုက်ကြည့်သည်။
"မိုချင်း အစ်မရဲ့ နားထင်တွေက ပြည့်စုံပြီး ကျယ်ဝန်းတယ်။ မှဲ့တွေ အရေးအကြောင်းတွေ မရှိဘူး။ တိုတိုပြောရရင် အစ်မရဲ့ ကံကြမ္မာက ကောင်းမွန်ပြီး ဘေးကင်းလုံခြုံပါတယ်။"
"ဒါပေမဲ့ အစ်မရဲ့ နှာခေါင်းအောက်မှာ အလျားလိုက် အရေးအကြောင်းတွေ ရှိနေတယ်။ ပါးပြင်က နည်းနည်းပါးပြီး နှာခေါင်းက မော့နေတယ်။ ဒါက အစ်မက အလုပ်အကိုင်ကို ဦးစားပေးသူ စိတ်ခံစားချက်အပေါ် တည်ငြိမ်သူဖြစ်ပြီး စောစောစီးစီး အိမ်ထောင်ပြုဖို့ စိတ်မဝင်စားဘူးဆိုတာကို ပြတယ်။"
"ဒါက တစ်သက်လုံး အိမ်ထောင်မပြုဘူးလို့ ပြောတာမဟုတ်ဘူး။ နောက်ကျမှ အိမ်ထောင်ကျလိမ့်မယ်။ ဘဝဆိုတာ ရှည်လျားတာမို့ ကိုယ်နဲ့အတူ မြင်းစီး အရက်သောက်ပြီး ကမ္ဘာလှည့်မယ့်သူ တစ်ယောက်တော့ ရှိလာမှာပါ။"
ယဲ့ချန်၏ တိကျသော ဟောကိန်းကြောင့် မိုချင်းတစ်ယောက် အံ့အားသင့်သွားသည်။ ယဲ့ချန်ပြောတာ မှန်ကုန်သည်။ ယဲ့ချန်က ပြုံးရင်း ဆက်ပြောသည်။
"နောက်ပြီး ဒီနေ့ အစ်မရဲ့ ဆံပင်တွေ ရှုပ်နေပြီး အသံကလည်း အားနည်းနေတယ်။ စကားပြောရင် အသက်ရှူရတာ ကျပ်နေပုံပဲ။ သွေးလည်ပတ်မှု မကောင်းဘူး။ ကျွန်တော်ထင်တာမမှားဘူးဆိုရင် အစ်မ ဒီရက်ပိုင်း ရာသီလာနေတာဖြစ်ပြီး ဒီနေ့ သွေးဆင်းတာ နည်းနည်း များနေတယ်မလား။"
"အာ..."
မိုချင်း မျက်နှာတစ်ခုလုံး ရဲတက်သွားသည်။ ဒေါသထွက်ချင်သော်လည်း မရပေ။ ယဲ့ချန် ပြောတာ မှန်နေသည်။
"အဟမ်း..."
မိုချင်း ချောင်းဟန့်လိုက်သည်။
"ယဲ့ချန် မင်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ။ ဒီအကြောင်းတွေ ထားလိုက်ပါတော့။ ကျားဝေ ကားတိုက်ခံရတဲ့နေရာ ရောက်ပြီ။"
လမ်းဆုံတွင် လူသူကင်းမဲ့နေသည်။
"အစ်မမိုချင်း နောင်အခါ သန်းခေါင်ယံမှာ လမ်းဆုံတွေကို ဖြတ်ရင် မြန်မြန်သာ လျှောက်သွားပါ။ လွင့်မျောနေတဲ့ ဝိညာဉ်တွေရဲ့ ပစ်မှတ် မဖြစ်အောင်လို့။"
ယဲ့ချန် သတိပေးသည်။
"ငါ အရင်က မကြောက်ပါဘူး။ အခုတော့ မင်းပြောတာတွေကြောင့် နည်းနည်း ကြောက်လာပြီ။ ကျားဝေရဲ့ ဝိညာဉ်က ဒီနေရာမှာ လှည့်လည်နေမလား။ ငါတို့ ရှာတွေ့နိုင်ပါ့မလား။"
"စမ်းကြည့်တာပေါ့။"
ယဲ့ချန်က ပုံရိပ်ဖော်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်လိုက်သည်။
"အဆောင်လက်ဖွဲ့..."
မိုချင်း အံ့ဩသွားသည်။
"အစ်မမိုချင်း ခဏနေရင် တစ်ခုခု ထူးဆန်းတာ မြင်ရင် မကြောက်ပါနဲ့နော်။"
ယဲ့ချန်က သတိပေးပြီး ပစ္စည်းတွေကို ထုတ်လိုက်သည်။
"ကျွန်တော် အဆောင်လက်ဖွဲ့ကို မီးရှို့မယ်။ အစ်မက ဖယောင်းတိုင်နဲ့ နံ့သာတိုင်တွေကို ထွန်းပါ။ ပြီးရင် စက္ကူပိုက်ဆံတွေကို မီးရှို့လိုက်ပါ။ နားလည်လား။"
"နားလည်ပါတယ်။ ငါ မကြောက်ပါဘူး။"
မိုချင်းက အလံကို မြေပေါ်ချလိုက်ပြီး စတင်ပြင်ဆင်သည်။ ယဲ့ချန်၏ လက်ချောင်းများမှ တာအိုစွမ်းအင်များ ထွက်ပေါ်လာပြီး ဆောင်လက်ဖွဲ့ကို မီးရှို့လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ တစ်စက္ကန့်အကြာတွင် လေထဲမှ သီချင်းတစ်ပုဒ် ထွက်ပေါ်လာသည်။
"ထူးဆန်းတယ်... ထူးဆန်းတယ်... ပုစွန်လုံးက ကြက်မကို နင်းသတ်တယ်... ပုရွက်ဆိတ်က သုံးပေ ခြောက်လက်မ ရှည်တယ်..."
ကလေးများ သီချင်းဆိုနေသကဲ့သို့ ဖြစ်သော်လည်း လေထုမှာ တုန်လှုပ်စရာကောင်းနေသည်။
"ညသန်းခေါင်မှာ ကလေးတွေက ဘယ်ကရောက်လာတာလဲ။"
မိုချင်း လက်တုန်ယင်နေသည်။
"ဒါ ကလေးတွေ မဟုတ်ဘူး တစ္ဆေတွေရဲ့ သီချင်းပဲ။ ကျွန်တော်တို့ ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းအများစုက ကြီးလာမှ ပြန်တွေးကြည့်ရင် ကြောက်ဖို့ကောင်းတာတွေ များတယ်။ ဥပမာ- ယုန်လေးတွေအကြောင်း သီချင်းတို့ ပျိုးခင်းသီချင်းတို့က အမှန်တကယ်တော့ ကြောက်စရာ အဖြစ်အပျက်တွေကနေ ဖြစ်လာတာပဲ။ အများစုက တစ္ဆေလေးတွေ စပ်ဆိုတာကို လူတွေကြားမိပြီး ပျံ့နှံ့လာတာပါ။"
"မင်း ငါ့ကို ကြောက်အောင် လုပ်နေတာမလား။"
မိုချင်း စိတ်တိုဟန်ဖြင့် ပြောသည်။
"ဟားဟား... ကဲပါ မြန်မြန်လုပ်ကြရအောင်။"
ယဲ့ချန်က အလံကို ကိုင်လိုက်သည်။ ချက်ချင်းပင် လမ်းဆုံပတ်လည်တွင် အေးစက်သော လေများတိုက်ခတ်လာပြီး မြူနှင်းများ ဖုံးလွှမ်းလာသည်။ လမ်းမီးတိုင်များမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ အနီးပတ်လည်မှ ခြေသံများမိန်းမပျိုများ၏ တခစ်ခစ်ရယ်သံများ ထွက်ပေါ်လာသည်။
"သူတို့ ရောက်လာပြီ။ အစ်မမိုချင်း ကြားလား အဲ့ဒါ တစ္ဆေတွေရဲ့ အသံပဲ။ လူတွေကို ညှို့ယူနိုင်တယ်။"
ယဲ့ချန်က ပြောသည်။ မိုချင်းတစ်ယောက် အသက်ကို အောင့်ထားလိုက်သည်။
ရဲအရာရှိဟောင်းဖြစ်သည့် သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်သာ သူမ တည်ငြိမ်နေခြင်းဖြစ်သည်။
"ရဲတပ်ဖွဲ့ မီးသတ် တရားရုံးတွေက ယန်စွမ်းအင်တွေ ပြည့်နေတော့ တစ္ဆေတွေက ကြောက်ကြတယ်။ အစ်မက ရဲအရာရှိမို့ ယန်စွမ်းအင် အများကြီး ရှိနေတာ ဒါကြောင့် အစ်မကို တစ္ဆေတွေ အလွယ်တကူ မညှို့နိုင်တာပါ။"
တဖြည်းဖြည်းနှင့် ဝိညာဉ်များ စုဝေးလာကြသည်။ သားလိမ္မာ ကိုင်ထားသည့် အလံက ဝိညာဉ်များကို ဆွဲဆောင်နေသည်။ စက္ကူပိုက်ဆံ နံ့သာတိုင်များက သူတို့အတွက် ပွဲတော်တစ်ခုလို ဖြစ်နေသည်။ နံ့သာတိုင်များက တရစပ် လောင်ကျွမ်းသွားသည်။
ယဲ့ချန်က နောက်ထပ် ဆောင်လက်ဖွဲ့ကို မီးရှို့လိုက်သည်။
"အစ်မမိုချင်းဝိညာဉ်တွေ အများကြီး ရောက်လာပြီ။ အစ်မမောင်ဝမ်းကွဲရဲ့ နာမည်ကို အော်ခေါ်လိုက် မြန်မြန်။"
မိုချင်း လှည့်ပတ်ကြည့်လိုက်သည်။ ဝိညာဉ်များက ရေပေါ်တွင် ပေါ်နေသည်။အချို့မှာ မြေကြီးပေါ်တွင် ရပ်နေကြသည်။ အချို့မှာ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ဖြစ်နေကြသည်။
"အစ်မမိုချင်း မကြောက်ပါနဲ့။ သူတို့က လွင့်မျောနေတဲ့ ဝိညာဉ်အသေးလေးတွေပဲ။ လူတွေကို မထိခိုက်ဘူး။ မြန်မြန် ခေါ်လိုက်။"
အချို့ဝိညာဉ်များက အလံကို လာကပ်ရန် ကြိုးစားသော်လည်း ယဲ့ချန်ကခြိမ်းခြောက်လိုက်သည်။
"မင်းတို့ ကျွေးတာ စားပြီးရင် ငြိမ်ငြိမ်နေကြ အလံကို ထပ်ချဉ်းကပ်ရင် မင်းတို့ကို ဖျက်ဆီးပစ်မယ်။ ဝိညာဉ်ပျက်စီးမခံချင်ရင် ဟိုဘက်သွားပြီး ငြိမ်ငြိမ်စား။"
ယဲ့ချန်၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာရာ တစ္ဆေများမှာ ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။
"ကျားဝေ ကျားဝေ နင်ဘယ်မှာလဲ ကျားဝေ ကျားဝေ။"
မိုချင်း တုန်ယင်စွာဖြင့် အော်ခေါ်လိုက်သည်။ သူမသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်များကို အသေအချာ လိုက်ရှာနေသည်။
"မဟုတ်ဘူး... သူမဟုတ်ဘူး... ဘယ်မှာလဲ ကျားဝေ..."