အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) - ထောင်ကျမည့်ဘေး။
"ဟမ် ရှယန်နန် ရဲ့ မျက်ရည်လမ်းကြောင်းတွေက ပန်းရောင်သန်းပြီး တောက်ပနေတယ်။ ရှယန်နန်ရေ မင်းရဲ့ အချစ်ရေး ကြယ်တာရာ လှုပ်ရှားနေတာပဲ။ ပိုပြီးပြောရရင် သူမရဲ့ အိမ်ထောင်ရေးနန်းတော်က ပြည့်စုံပြီး အလွန်ချစ်ခင်မြတ်နိုးရပြီး ခွဲမရတဲ့ ဆက်ဆံရေးမျိုးကို ပြသတဲ့ ရုပ်လက္ခဏာပဲ။ ဒါပေမဲ့ ရှယန်နန်က အခုထိ အိမ်ထောင်မရှိသေးတော့ ဒါဟာ မကြာခင်မှာ သူမရဲ့ အချစ်ရေး ကံဇာတာ အလွန်ကောင်းမွန်လာပြီး ရည်းစားရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။"
"ဒါပေမဲ့..."
ရုတ်တရက် ယဲ့ချန် ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။
"သူမရဲ့ ကံကြမ္မာနန်းတော် မှာ အနက်ရောင် စွမ်းအင်အနည်းငယ် ပေါ်နေပြီး မျက်ခုံးနှစ်ခုကြားမှာလည်း အလွန်အမင်း ရှုပ်ထွေးတဲ့ ဆံပင်အမျှင်လေးတွေ ပေါ်နေတယ်။ ဒါဟာ သူမရဲ့ မကြာသေးမီက ကံဇာတာ အလွန်ဆိုးရွားနေကြောင်း ပြသနေတာပဲ။ သူမ တရားစွဲခံရနိုင်ပြီး နောက်ဆုံးတော့ ထောင်ကျတဲ့ ဘေးဒုက္ခအထိတောင် ကြုံတွေ့ရနိုင်တယ်။"
"ဆရာကြီး ဘာလို့ ကျွန်မကို အဲ့လောက်တောင် စိုက်ကြည့်နေတာလဲ။"
ရှယန်နန်က အနည်းငယ် ရှက်မိသလို ဖြစ်နေရင်း တစ်ဖက်မှာလည်း ပျော်ရွှင်နေလျက် မေးလိုက်သည်။
"အော်... ဘာမှမဟုတ်ပါဘူး။"
ယဲ့ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူမြင်ခဲ့ရသည်များကို ရှယန်နန် ကို မပြောပြတော့ဘဲ သူမ၏ လက်ရှိ စိတ်ခံစားချက်ကို မဖျက်ဆီးချင်ပေ။
"ထားလိုက်ပါတော့။ ရှယန်နန် ဒီနေ့ ငါ့ကို ဖိတ်ခေါ်ထားတာ ဖြစ်သလို သူမရဲ့ ပြဿနာကိုလည်း မြင်လိုက်ရတာဆိုတော့ ဒီဘေးဒုက္ခကို ဖြေရှင်းပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။"
ဒီ Xintiandi Shopping Plaza သည် ယန်မြို့၏ အဆင့်မြင့်ဆုံး ဈေးဝယ်စင်တာဖြစ်ပြီး နိုင်ငံတကာ အဆင့်မြင့် အမှတ်တံဆိပ် ဒါဇင်ပေါင်းများစွာ ရောင်းချသည့်နေရာ ဖြစ်သည်။ နိုင်ငံတကာ အဆင့်မြင့် အမှတ်တံဆိပ်ဆိုသည်မှာ မျက်နှာလိမ်းခရင်မ် တစ်ဘူးကို ယွမ် ၁,၀၀၀ ကျော် ဝတ်စုံ သို့မဟုတ် အမျိုးသမီးညဝတ်ဂါဝန် တစ်ထည်ကို ယွမ် ၁၀,၀၀၀ ကျော်ရှိခြင်းမျိုး ဖြစ်သည်။ နေရာတစ်ခုလုံးသည် အသက်ဝင်နေပြီး ခမ်းနားထည်ဝါလှသည်။
ယခင်က ယဲ့ချန်သည် ထိုသို့သော ဈေးဝယ်စင်တာမျိုးကို ဝင်ရန်ပင် ကြောက်ရွံ့ခဲ့မိသည်။ သူ၏ ကမ္ဘာနှင့် ဤနေရာသည် မည်သို့မျှ မတူညီဟု ထင်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင် သူသည် အောင်မြင်သူများကဲ့သို့ ခေါင်းမော့ကာ ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းနိုင်သည်။
"ဆရာကြီး ကျွန်မ ဆရာကြီးအတွက် ဝတ်စုံအနည်းငယ် ရွေးပေးရမလား။"
ရှယန်နန် က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
"ဟို ရှယန်နန် ဒါ ဘာသဘောလဲ ဈေးဝယ်ထွက်တာ မင်းလေ ဘာလို့ ကျွန်တော့်အတွက် အဝတ်အစား ဝယ်ပေးဖို့ စဉ်းစားတာလဲ။"
ယဲ့ချန်ရယ်မောလိုက်သည်။
"ဒီရက်ပိုင်းတွေမှာ ဆရာကြီးအကူအညီသာ မပါရင် ကျွန်မ သေနေလောက်ပြီ။ အသက်ကယ်ပေးတဲ့အတွက် ကျွန်မမှာ ဘာမှ ပြန်မပေးနိုင်ပေမဲ့ အဝတ်အစားလေး အနည်းငယ် ဝယ်ပေးတာကတော့ သင့်တော်ပါတယ်။"
ရှယန်နန်က တည်ကြည်သော မျက်နှာဖြင့် ပြောသည်။
"အသက်ကယ်ပေးတာကို အဝတ်အစားနဲ့ ပြန်ဆပ်မယ်ပေါ့။"
"ဒါဆို... ဆရာကြီးကို ဘယ်လို ပြန်ဆပ်ရမလဲ။ ဒါမှမဟုတ် ဆရာ့အတွက် ကားတစ်စီးနဲ့ အိမ်တစ်လုံး ဝယ်ပေးရမလား။"
"ဒါဆို ကျွန်တော့်ကို ထိန်းထားဖို့ ကြံစည်နေတာလား။"
ယဲ့ချန် ရယ်လိုက်သည်။
"ထိန်းထားမယ်...ဟုတ်ပြီလေ ကျွန်မတို့ အသိုင်းအဝိုင်းမှာ ချမ်းသာတဲ့ အမျိုးသမီးတွေက ကောင်လေးတွေကို ထိန်းထားတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ကဲ ဆရာကြီး ဘယ်လောက် လိုချင်လဲသာ ပြောကြည့်။"
သူတို့နှစ်ဦး၏ စကားပြောဆိုမှုမှာ အနည်းငယ် အဓိပ္ပာယ်သက်ရောက်မှု ရှိလာသည်။
သို့သော် ထိုအချိန်တွင်။
"ရှ ယန် နန်"
မကျေနပ်မှုနှင့် ဒေါသတကြီး ဖြစ်နေသော အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။ ယဲ့ချန်နှင့် ရှယန်နန်တို့ အသံလာရာသို့ ကြည့်လိုက်သောအခါ အသက် ၂၀ ကျော် အရွယ် အမျိုးသားတစ်ဦးသည် ထွားကျိုင်းသော ကိုယ်ရံတော်နှစ်ဦးနှင့်အတူ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူသည် အလွန်ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ဒေါသအမျက်များ ဖုံးလွှမ်းနေကာ မောက်မာသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
"ဒီလူက ဘယ်သူလဲ။"
ယဲ့ချန် (Ye Chen) စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
"ဆရာကြီး ဒီလူက ကျိုးဟွေရှုံ ပါ။ အဲ့ဒီ ကျိုးဟွေလီရဲ့ အစ်ကိုပါ..."
ရှယန်နန်က ယဲ့ချန် ၏ နားတွင် တိုးတိုးလေး ပြောသည်။
"ကျိုးဟွေရှုံက ကျိုးမိသားစုရဲ့ သြဇာကို မသုံးဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ ပါရမီရှင်တစ်ယောက်ပါ။ သူ့ပိုင်ဆိုင်မှုက ယွမ် ၅ ဘီလီယံကျော် ရှိပြီး အသက် ၃၀ မပြည့်ခင်မှာတင် အံ့အားသင့်စရာ အောင်မြင်မှုတွေ ရထားတဲ့သူပါ။"
"အင်း..."
ယဲ့ချန်ကတော့ ဂရုမစိုက်ဟန်ဖြင့်သာ နေသည်။
ပိုက်ဆံရှာတာ တော်တာနဲ့ပဲ ဘာဖြစ်လဲ။ သူက နတ်ဆိုးဖမ်းတတ်သလား။ ဖုန်းရွှေ ဖတ်တတ်သလား။ သူ့မှာ စနစ် ရှိသလား။
"ရှယန်နန် ရှင်းရှင်းလင်းလင်း ပြောရအောင်ဟွေလီ ကို ဘယ်ခေါ်သွားတာလဲ။"
ကျိုးဟွေရှုံ ၏ အသံမှာ အလွန်မာကျောသည်။
"ရှင်ဘာပြောနေတာလဲ ကျွန်မ နားမလည်ဘူး။"
"ကျိုးဟွေရှုံ းကျွန်မဆီကနေ ဝေးဝေးသွားပါ။ ကျွန်မ ရှင်တို့ကို လုံးဝ မမြင်ချင်ဘူး။"
"ဟက်..."
ကျိုးဟွေရှုံက သရော်လိုက်သည်။
"ရှယန်နန် ဟွေလီက မင်းကို ပိုက်ဆံပေးပြီး လိုက်ကပ်နေလို့ မင်းက စိတ်အနှောင့်အယှက်ဖြစ်ပြီး သူ့ကို ထိခိုက်အောင် လုပ်လိုက်တာမလား မင်းက အဆိပ်သင့်တဲ့ မိန်းမပဲ။"
"ရှင်ဘာတွေ လျှောက်ပြောနေတာလဲ။"
ရှယန်နန် ဒေါသထွက်သွားသည်။ ယဲ့ချန် ၏ စိတ်ထဲတွင် ရိပ်ခနဲ ဖြစ်သွားသည်။
'အဲ့ဒီ ကျိုးဟွေလီပျောက်နေတာလား။ ဒါမှမဟုတ် သေပြီလား။'
လွန်ခဲ့တဲ့ နှစ်ရက်က ယဲ့ချန် ကျိုးဟွေလီ ကို တွေ့ခဲ့စဉ်က သူ့လည်ပင်းမှာ နတ်ဆိုးအနမ်းတွေ ပြည့်နေပြီး သူ့သက်တမ်းမစေ့တော့ဘူးဆိုတာ ယဲ့ချန် သိခဲ့သည်။
ယခု ကျိုးမိသားစုက ရှယန်နန် (ကို လာရှာနေတာကို ကြည့်ရရင် ရှယန်နန် ကြုံတွေ့ရမယ့် ဘေးဒုက္ခက ကျိုးဟွေလီနဲ့ ပတ်သက်နေတာ ဖြစ်နိုင်သည်။
"ကျိုးဟွေရှုံ ရှင်ပြောစရာရှိရင် ကျွန်မရဲ့ ရှေ့နေနဲ့ ပြောပါ။ ဆက်ပြီး လာနှောင့်ယှက်နေရင် ရှင်တို့ကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်။"
"ရှယန်နန် ဆက်ပြီး မငြင်းနဲ့တောပ။ ဟွေလီက လွန်ခဲ့တဲ့ နှစ်ရက်က မင်းဆီ သွားတယ် ပြီးတော့ ပျောက်သွားတယ်။ ငါတို့ စုံစမ်းကြည့်တော့ နောက်ဆုံးဖုန်းခေါ်ခဲ့တာ မင်းပဲ။"
ကျိုးဟွေရှုံ က ဒေါသတကြီးဖြင့် ပြောသည်။
"ငါတို့ ရဲကို တိုင်ကြားထားပြီးပြီ။ မင်း ဒီကိစ္စအတွက် တာဝန်ယူရမယ်။ ဟွေလီကို အခုချက်ချင်း ထုတ်ပေး သူ အသက်ရှင်နေရင်လည်း မြင်ချင်တယ် သေရင်လည်း သူ့အလောင်းကို မြင်ချင်တယ်။"
"ကျိုးဟွေလီပျောက်သွားတယ်။"
ရှယန်နန်အံ့အားသင့်သွားသည်။
"ဒါက ကျွန်မနဲ့ ဘာဆိုင်လဲ သူ ဖုန်းခေါ်တိုင်းလည်း ကျွန်မ မကိုင်ဘူး။"
"ဆရာကြီးသူ့ကို လျစ်လျူရှုလိုက်ပါ။ သူက ခွေးလိုပဲ လိုက်ကိုက်နေတာ။ သွားရအောင်။"
ရှယန်နန်က ယဲ့ချန်ကို ဆွဲခေါ်ကာ ထွက်သွားရန် ပြင်သည်။
"ရပ်လိုက် ဘယ်သူခွင့်ပြုလို့ ထွက်သွားမလို့လဲ။"
ကျိုးဟွေရှုံ က ဒေါသတကြီး အော်သည်။
"ရှယန်နန် ငါပြောတာ နားထောင်။ အခုချက်ချင်း ငါတို့ ကျိုးမိသားစုဆီ လိုက်ခဲ့။ ငါ့မိဘတွေရှေ့မှာ ရှင်းပြရမယ်။ မင်း တကယ်မလုပ်ဘူးဆိုရင် ငါတို့က မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး။ မင်းမိဘတွေကိုလည်း ခေါ်ခိုင်းထားတယ် မျက်နှာချင်းဆိုင် ရှင်းရမယ်။"
"ထားလိုက်ပါ။ ရဲကို တိုင်ထားပြီးပြီဆိုတော့ ရဲတွေပဲ စုံစမ်းပါလိမ့်မယ်။ ရှယန်နန် ကို ဘာလို့ လိုက်ခိုင်းရမှာလဲ။"
ယဲ့ချန်နောက်ဆုံးတော့ စကားပြောလိုက်သည်။
"မင်းက ဘာကောင်လဲ။"
ကျိုးဟွေရှုံက ယဲ့ချန်ကို သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်သည်။
"ငါ မင်းကို တစ်ခါမှ မမြင်ဖူးဘူး မင်းက ငါတို့ အသိုင်းအဝိုင်းက မဟုတ်ဘူး။"
ကျိုးဟွေရှုံသည် ယန်မြို့၏ အထက်တန်းလွှာများကို အကုန်သိသည်။ ယဲ့ချန်၏ ဝတ်စားဆင်ယင်မှုကတော့ အထက်တန်းလွှာနှင့် မတူဘဲ ရုပ်ရည်သန့်ပြန့်သော ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ သူသည် ငွေကြေးချမ်းသာသူများကို အမှီပြုကာ စားသောက်နေသူဟု ကျိုးဟွေရှုံထင်လိုက်သည်။
"မင်းက ဒီလို အမှိုက်မျိုးကို ရှာထားတာပေါ့လေ ဟွေလီ လိုမျိုး စွမ်းရည်မရှိပေမဲ့ စည်းစိမ်ရှိတဲ့သူကို မင်းက ပစ်ပယ်ပြီး ဒီလို အမှိုက်မျိုးကိုပဲ ရွေးတယ်ပေါ့။ ရှယန်နန် မင်း ရှက်တတ်သေးရဲ့လား။ မင်းက ရှမိသားစုရဲ့ ဂုဏ်သိက္ခာကို စော်ကားနေတာပဲ။"
သူသည် ယဲ့ချန်ကို အလွန်ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"အမှိုက်ကောင် သေချာနားထောင်ထား။ ဒီနေရာကနေ ချက်ချင်း ထွက်သွား မဟုတ်ရင် မင်း ခံနိုင်ရည်မရှိတဲ့ အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်။ ငွေမက်တယ် မဟုတ်လား။ အဲ့ဒါဆိုရင်လည်း ပြည့်တန်ဆာပဲ သွားလုပ်ပါလား။ ထွက်သွားစမ်း။"