← Chapters

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း (၅၇၁) - ဟုတ်တယ် ငါက ရွှီရှင်းပဲ

မဟုတ်သေးဘူး...

ဒါက ယဇ်ပလ္လင်ပေါ်က အမှတ်အသားတွေနဲ့ အသွင်ပြောင်းသားရဲတွေရဲ့ ခန္ဓာကိုယ်ပေါ်က သွေးရောင်မျဉ်းပုံစံတွေနဲ့ မတူဘူး။

ဒါက...

တယ်လီပို့အစီအရင် ပုံစံ ပဲ။

ဟုတ်တယ် ဒါက အရမ်းကြီးတဲ့ တယ်လီပို့အစီအရင် တစ်ခုပဲ

ဖြစ်ရမယ်။

ဒါပေမဲ့...

အရောင်က ခရမ်းနက်မဟုတ်ဘဲ သွေးနီရောင် ဖြစ်နေတယ်။

ဒီအစီအရင်ရဲ့ ပုံစံက ဆီးနှင်းတောင်နဲ့ ဧရာမကျောက်တိုင်ပေါ်မှာ မြင်ခဲ့ဖူးတဲ့ တယ်လီပို့အစီအရင်နဲ့ အတော်တူနေတယ်။

သူတို့ အခု ဧရာမ တယ်လီပို့အစီအရင်ကြီး တစ်ခုပေါ်မှာ ရပ်နေတာလား...။

ရွှီရှင်းက ခြေဖဝါးအောက်ကို ပြန်ကြည့်မိလိုက်သည်။

အစီရင်၏ အချင်းဝက်မှာ မီတာတစ်ရာကျော်ခန့် ရှိမည်ဟုပင် ထင်ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း ဖုံးလွှမ်းထားပေသည်။

ရွှီရှင်း အပါအဝင် ရှင်ကျန်သူ ဆယ်ယောက်လုံး ရပ်နေသည့် နေရာက အစီအရင်တစ်ခုလုံး၏ ဗဟိုချက်တည့်တည့် ဖြစ်နေသည်။

ရွှီရှင်းက ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အမြင်အာရုံမြှင့်တင်မှုစွမ်းရည်နှင့် ခရမ်းရောင်အဆင့် အနီရောင်ဘယ်ရီသီး ၏ စွမ်းအားကြောင့် ကီလိုမီတာများစွာ အကွာအဝေးအထိ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရပေသည်။

သစ်ပင်များကလည်း သူ၏ အမြင်ကို မပိတ်ဆို့နိုင်တော့ပေ။

"အီး..."

ခဲခဲက ကြောက်ရွံ့နေသံဖြင့် ညည်းလိုက်၏။

ထို့နောက် ရွှီရှင်း၏ ပါးကို လက်သည်းလေးဖြင့် တို့လိုက်ပြီး ဝံပုလွေအုပ် အပြင်ဘက်ကို ညွှန်ပြကာ "အီး... အီး..." ဟု အဆက်မပြတ် အော်နေတော့သည်။

၎င်း၏ အဓိပ္ပာယ်မှာ ရှင်းလင်းလွန်းသည်။

"မြန်မြန် ထွက်ပြေးတော့"

"ဒီမှာ ဆက်မနေပါနဲ့"

"အရမ်း အန္တရာယ်များတယ်"ဟုပင်။

ဟုတ်တယ်...ဒီနေရာမှာ ဆက်မနေလို့ မဖြစ်တော့ဘူး။

ဒီဟာက တကယ်ပဲ တယ်လီပို့အစီအရင် ဆိုရင် အသက်ဝင်လာပြီး ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

သူတို့ကို...အသက်ရှင်ဖို့ မဖြစ်နိုင်လောက်တဲ့ အခြားနေရာတစ်ခုဆီ တိုက်ရိုက် ပို့ပစ်မလား။

ဒါမှမဟုတ်...

ဒီနေရာကို ပိုကြောက်စရာကောင်းတဲ့ ဘီလူးကြီးတွေ ဒါမှမဟုတ် ဧရာမသားရဲကြီးတွေကို ရောက်လာမလား။

ဘယ်လိုပဲ ဖြစ်ဖြစ်...ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်။

သွေးနီရောင် အလင်းက အလွန်ပင်လျင်မြန်စွာ ပျံ့နှံ့နေချေသည်။

တွက်ချက်ကြည့်လျှင်...သူတို့မှာ အများဆုံး ဆယ်မိနစ်ခန့် သာ ကျန်တော့၏။

ရွှီရှင်းက ချက်ချင်းပင် လူအုပ်ကို ကြည့်ပြီး ပြောလိုက်လေသည်။

"ငါ...မင်းတို့အားလုံးကို ဒီနေရာကနေ ခေါ်ထုတ်နိုင်တယ်။"

စကားသံ ဆုံးသွားသည်နှင့် အငြင်းပွားနေကြသော ရှင်ကျန်သူအားလုံး တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြ၏။

လူအချို့၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

"တကယ်လား"

"တကယ် ခေါ်ထုတ်နိုင်တာလား"

"ကျွန်တော်တို့ကို တကယ် ကယ်နိုင်လား"

"ကျေးဇူးပြုပြီး မြန်မြန် ခေါ်ထုတ်ပေးပါ"

"ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်..."

ကိုယ်လုံးသေးသေး အမျိုးသမီးတစ်ယောက်က သူ၏ လက်မောင်းကို ချက်ချင်း ဖမ်းဆုပ်လိုက်ရာ လက်ထဲက လက်နက်ပင် နှင်းပေါ်သို့ ပြုတ်ကျသွားလေသည်။

သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် တောင်းပန်မှုတို့သာ ပြည့်နှက်နေတော့သည်။

ပတ်ပတ်လည်ရှိ ဝံပုလွေအုပ်က တဖြည်းဖြည်း ပိုကျဉ်းမြောင်းလာရာ တောက်ပနေသော သွေးနီရောင်မျဉ်းများ၊သွေးနီရောင် မျက်လုံးများနှင့်ချွန်ထက်လှသော အစွယ်များ အပြင် အရေ

အတွက်မှာလည်း အလွန်များပြားလွန်းနေသည်။

သာမန်လူတစ်ယောက်အတွက် ဒီဖိအားက အသက်ရှူပင် မဝတော့လောက်အောင် ပြင်းထန်လွန်းလှ၏။

ဒါပေမဲ့...

မယုံကြည်သူတွေလည်း ရှိနေသေးသည်။

သူတို့က လက်နက်ကို ဝံပုလွေအုပ်ဘက်သို့ ချိန်ထားရင်း ရွှီရှင်းကို သံသယအပြည့်ဖြင့် ကြည့်နေကြပေသည်။

"ဘာတွေ လာပြောနေတာလဲ"

"မင်းကိုယ်တိုင်လည်း ဝိုင်းပိတ်ခံထားရတာပဲ မဟုတ်လား"

"အဲ့လိုဖြစ်ပြီး ငါတို့ကို ကယ်ထုတ်နိုင်တယ်လို့ ပြောရဲသေးတယ်"

"မင်းဝတ်ထားတဲ့ ချပ်ဝတ်က ဘာလဲ"

"ငါ့ဟာကို ကြည့်"

သူက ကိုယ်ပေါ်ရှိ အစိမ်းရောင် သံချပ်ဝတ် ကို လက်ဖြင့် ပုတ်ပြလိုက်၏။

"မင်းဟာက အရမ်းပါးတယ်"

"ကြည့်ကောင်းရုံပဲ ရှိတာ"

"အသုံးမဝင်တဲ့ အိမ်မွေးတိရစ္ဆာန်လေးကိုပါ ခေါ်လာသေးတယ်"

"မင်း ဒီကို အပန်းဖြေခရီး လာတာလား"

"ခရီးထွက်လာတာလား"

"ကြည့်စမ်း..."

"အဲဒီကောင်လေးတောင် ကြောက်လို့ တုန်နေပြီ။"

"အီး အီး အီး"

အပြစ်မရှိတဲ့ ခဲခဲကတော့အကြောင်းမဲ့ အပြောခံလိုက်ရသဖြင့်

နားရွက်လေးများ ထောင်သွား၏။

ခုနက ကြောက်နေသည့် ပုံစံ လုံးဝ ပျောက်သွားပြီး လက်သည်းလေးတွေ ဝှေ့ယမ်းကာ ဒေါသတကြီး အော်ဟစ်လိုက်ပေသည်။

"အီး အီး အီး"

"...ဒီကောင်လေးက...လူစကား နားလည်တာလား"

လူတစ်ယောက်က ခဲခဲကို ကြည့်ရင်း ကိုယ့်ကိုယ်ကို ပြက်ရယ်ပြုသလို ရယ်လိုက်ပေသည်။

"ဟား...သေခါနီးကျမှ...စိတ်ဝင်စားစရာ တစ်ခုတော့ တွေ့လိုက်ရတယ်..."

ဒါပေမဲ့...

စကားပြောရင်း သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားလေသည်။

သူက ခဲခဲကို စိုက်ကြည့်ပြီး မျက်ခုံးများ တဖြည်းဖြည်း တွန့်လာသည်။

ထို့နောက်...

တစ်စုံတစ်ခုကို သတိရသွားသလို မျက်လုံးများ တဖြည်းဖြည်း ကျယ်လာပြီး ရွှီရှင်း၏ မျက်နှာကို ပြန်ကြည့်လိုက်၏။

ပါးစပ်မှာလည်း ဖြည်းဖြည်းချင်း ဟလာလေသည်။

"...ဒါ..."

"...ပန်ဒါပေါက်လေး... မဟုတ်လား"

သူ၏ အသံမှာ တုန်ယင်နေပေသည်။

စကားများပင် ထစ်အနေ၏။

တစ်စုံတစ်ရာကို အတင်း ဖိနှိပ်ထားသလို ဖြစ်နေပေသည်။

သူ့စကားကြောင့် ကျန်လူအားလုံး၏ အကြည့်များလည်း

ချက်ချင်း ရောက်လာကြ၏။

"ပန်ဒါပေါက်လေး"

"ဘာပန်ဒါပေါက်လဲ"

"...ပန်ဒါပေါက်လေးလား..."

တစ်ခဏအတွင်း ရှင်ကျန်သူအားလုံး တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြ၏။

လူတိုင်း၏ မျက်လုံးများက ခဲခဲထံသို့သာ စုပုံရောက်ရှိသွားတော့သည်။

အခန်း ၇၇၁ ပြီး။

All Chapters