Chapters

အခန်း ၅၇၂

Vol. 39 Ch. 572

အခန်း ၅၇၂

Vol. 39 Ch. 572

အခန်း (၅၇၂) - ဟုတ်တယ်ငါက ရွှီရှင်းပဲ ၂

"အီး..."

လူတိုင်း၏ အကြည့်များ ရုတ်တရက် မိမိထံ စုပုံလာသည်ကို မြင်လိုက်ရသဖြင့် ခဲခဲက အံ့ဩသွားပြီး ခေါင်းလေးကို စောင်းလိုက်သည်။ မျက်နှာပေါ်တွင်လည်း နားမလည်သည့် အမူအရာအပြည့် ဖြစ်နေ၏။

ပန်ဒါနီလေးသည် ကမ္ဘာမြေပေါ်တွင် ဒုတိယအဆင့် ကာကွယ်ထားသော ရှားပါးတိရစ္ဆာန်မျိုးစိတ်ဖြစ်ပေသည်။

တောထဲတွင် နေထိုင်သော ပန်ဒါနီများသည် အမျိုးသားရတနာဟု ခေါ်ဆိုကြသော ပန်ဒါကြီးများထက်ပင် ပိုမိုရှားပါးကြပေသည်။

သို့သော်...

ထိုလူများ အခုလို အံ့အားသင့်သွားရခြင်းမှာ ခဲခဲက ရှားပါးတိရစ္ဆာန်ဖြစ်သောကြောင့် မဟုတ်ပေ။

အကြောင်းမှာ...

နယ်မြေ ၁၈၈ ၏ ခေါင်းဆောင်၊ ရှင်ကျန်သူအားလုံး၏ ဦးဆောင်သူ ရွှီရှင်း သည် အန္တရာယ်ကို ကြိုတင်ခံစားနိုင်သော အလွန်ချစ်စရာကောင်းသည့် ပန်ဒါနီလေးတစ်ကောင်ကို အမြဲတမ်း ခေါ်ဆောင်ထားတတ်ကြောင်း လီဝမ်ရှီး၊ ချီရွှယ်ဖေး၊ ဝမ်လေ့ စသည့် ခေါင်းဆောင်များကိုယ်တိုင် အတည်ပြုပြောဆိုထားပြီး ဖြစ်သောကြောင့်ပင်။

ထို့အပြင်...

ဝမ်လေ့ကလည်း ရွှီရှင်းသည် အလွန်ချောမောသူ ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးလေသည်။

လူတိုင်း၏ အကြည့်များက ရွှီရှင်း၏ မျက်နှာပေါ်သို့ ရောက်သွားကြ၏။

အသက်အန္တရာယ် ကျရောက်နေသည့် အချိန်မျိုးတွင် ဘယ်သူကမှ ရုပ်ရည်ချောမောခြင်းကို စိတ်ဝင်စားလေ့ မရှိကြပေ။

သို့သော်...

ယခုအချိန်တွင်တော့ ရွှီရှင်း၏ ရုပ်ရည်ကြောင့် လူတိုင်း မျက်စိ

မှိတ်မတတ် အံ့အားသင့်နေကြ၏။

အမျိုးသမီးတစ်ယောက်က ရုတ်တရက် အော်ဟစ်မိတော့မည့် အချိန် ဘေးမှ လူတစ်ယောက်က သူမ၏ ပါးစပ်ကို ချက်ချင်း လက်ဖြင့် ပိတ်လိုက်၏။

ဝံပုလွေအုပ်ကို သတိပေးမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော် သူကိုယ်တိုင်ကလည်း ရွှီရှင်းကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေပေသည်။

ဝံပုလွေအုပ်ကို လက်နက်ဖြင့်ချိန်ထားသော လူများပင် တဖြည်းဖြည်း လက်များကို လျှော့ချလိုက်ကြ၏။

ပါးစပ်များ အနည်းငယ် ဟနေပြီး ရွှီရှင်းကိုသာ ငေးကြည့်နေကြတော့သည်။

"အီး..."

ခဲခဲက လူတိုင်း၏ အကြည့်ကြောင့် မသက်မသာ ဖြစ်လာပြီး

ရွှီရှင်း၏ ပါးကို ထပ်မံ တွန်းလိုက်လေသည်။

"အီး အီး အီး"

၎င်းက...

"မြန်မြန် ထွက်သွားရအောင်" ဟု အဆက်မပြတ် တိုက်တွန်းနေခြင်း ဖြစ်လေသည်။

အခန်း ၅၇၂ ပြီး။