← Chapters

အခန်း ၅၇၃

Vol. 39 Ch. 573

အခန်း ၅၇၃

Vol. 39 Ch. 573

အခန်း (၅၇၃) - ဟုတ်တယ်ငါက ရွှီရှင်းပဲ ၃

ဒီနေရာမှာ ခြေနှစ်ချောင်းသတ္တဝါတွေတောင် ဘာလို့ ဒီလောက် ထူးဆန်းနေကြတာလဲ...

ရွှီရှင်းက သူတို့၏ လှောင်ပြောင်စကားများကို လုံးဝ ဂရုမစိုက်ပေ။

သူသည် ပတ်ဝန်းကျင်ကိုသာ ဆက်လက် လေ့လာနေ၏။

နောက်ဆုံးတွင် ဝံပုလွေအုပ်၏ အရှေ့ဘက် မီတာတစ်ရာခန့် အကွာရှိ သစ်ပင်တစ်ပင်၏ နောက်တွင် အမွေးထူထူ သတ္တဝါတစ်ကောင် ခေါင်းထုတ်ကြည့်နေသည်ကို တွေ့လိုက်ရပေသည်။

၎င်း၏ လက်ထဲတွင် အပြာရောင် သံပုဆိန် တစ်လက် ရှိနေ၏။

အပြာအဆင့် သံပုဆိန်လား...

တွေ့ပြီ လုယက်သူ...

ဝံပုလွေအုပ်ကို ထိန်းချုပ်နေသည့် အမွေးထူသတ္တဝါကို နောက်ဆုံးတော့ ရှာတွေ့လိုက်ချေပြီ။

ရွှီရှင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

ကံဆိုးသည်မှာ လုဖေးအာ၏ နာရီသည် နယ်မြေ ၁၈၇ နှင့်သာ ချိတ်ဆက်ထားသောကြောင့် ယခုအချိန်တွင် သူမကို ဆက်သွယ်၍ မရနိုင်ပေ။

မဟုတ်လျှင် သူမ လာပြီး ဒီအမွေးထူသတ္တဝါကို ချက်ချင်း လုပ်ကြံပစ်နိုင်ပေလိမ့်မည်။

"မင်း... မင်းက..."

အစောပိုင်းက ခဲခဲကို အသုံးမဝင်ဘူးဟု ပြောခဲ့သည့် အမျိုးသားက အသံတုန်တုန်ဖြင့် ပြောလာသည်။

"...ရွှီရှင်း... ထိပ်ဆုံးကပုဂ္ဂိုလ်ကြီး မဟုတ်လား"

ရွှီရှင်းက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပေသည်။

ထို့နောက် ကျောပိုးအိတ်ထဲမှ စွမ်းအင်ဗဟိုအပိုင်းအစ ကို ထုတ်ယူလိုက်၏။

၎င်း၏ အလင်းမှာ ယခင်ထက် အနည်းငယ် မှိန်နေသော်လည်းဖြူစင်တောက်ပသော အလင်းရောင်က ချက်ချင်း ပေါ်ထွက်လာလေသည်။

ယခုအချိန်သည် နေ့လယ် နှစ်နာရီရှိပြီဖြစ်ရာ နေ့အလင်းရောင် တောက်ပဆုံး အချိန်ပင် ဖြစ်သည်။

သို့သော် ထိုအလင်းရောင်က ပတ်ဝန်းကျင်တစ်ခုလုံးကို နူးညံ့စွာ လင်းထိန်စေပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ငါးမီတာခန့်သာ ဝေးတော့သည့် ဝံပုလွေအုပ်က စွမ်းအင်ဗဟိုအပိုင်းအစ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြ၏။

ထို့နောက် တစ်ကောင်မကျန် ဆယ်မီတာကျော် နောက်ဆုတ်သွားကြလေသည်။

သူတို့၏ ကိုယ်ပေါ်ရှိ သွေးနီရောင်မျဉ်းများလည်း ပိုတောက်ပလာခဲ့၏။မျက်နှာထားများမှာလည်း ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။

အမြုတေစွမ်းအင်၏ ဖိအားကို အစွမ်းကုန် ခုခံနေသည့်ပုံစံ ဖြစ်ပေသည်။

ဝံပုလွေအုပ်အတွင်းမှ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာကာ အချို့ဝံပုလွေများဆိုလျှင် အလင်းရောင်မှ လွတ်မြောက်ရန် သစ်ပင်နောက်တွင်ပင် ဝင်ပုန်းနေကြ၏။

သို့သော်...အချည်းနှီးသာ ဖြစ်သည်။

အလင်းမရောက်သော နေရာများတွင်ပင် အမြုတေစွမ်းအင်၏ သက်ရောက်မှုက ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ရွှီရှင်း၏ နောက်ဘက်ရှိ လူများကတော့ လုံးဝ အံ့အားသင့်သွားကြ၏။

ပစ္စည်းတစ်ခု ထုတ်လိုက်ရုံဖြင့် သူတို့ လုံးဝ မယှဉ်နိုင်ခဲ့သော ဝံပုလွေအုပ်ကြီးက တစ်ပြိုင်နက် ဆယ်မီတာကျော် နောက်ဆုတ်သွားပြီး ခွေးများကဲ့သို့ ညည်းတွားနေကြပေသည်။

ဒီလို စွမ်းရည်မျိုး...

ရွှီရှင်း..သေချာပေါက်...ရွှီရှင်းပဲ။

ထိုအချိန်တွင် ရွှီရှင်းက ဒူးလေးကို ချက်ချင်း ထုတ်လိုက်ကာ သစ်ပင်နောက်တွင် ပုန်းနေသော အမွေးထူသတ္တဝါကို ချိန်ပြီး ခလုတ်ကို ဆွဲလိုက်၏။

ပေါက်ကွဲမြှားမှာ နှင်းတောထဲကို လျင်မြန်စွာ ဖြတ်သန်းသွားပြီး

မီတာတစ်ရာ အကွာသို့ ခဏအတွင်း ရောက်ရှိသွားလေသည်။

ဘုန်း..

သစ်ပင်တစ်ပင်နောက်တွင် မီးလုံးကြီး ပေါက်ကွဲထွက်လာသည်။

အသံကျယ်ကြီးကြောင့် ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများပေါ်မှ နှင်းများပင် ပြုတ်ကျလာလေသည်။

တစ်ချိန်တည်းမှာပင် သစ်ပင်နောက်မှ လူသံမဟုတ်သော စူးရှသည့် အော်သံကြီး ထွက်ပေါ်လာ၏။

ရွှီရှင်း အမြူတေစွမ်းအင်ကို ထုတ်လိုက်သည့် အချိန်မှာပင်

အမွေးထူသတ္တဝါက အလင်းကို မခံနိုင်၍ သစ်ပင်နောက်သို့ ချက်ချင်း ဝင်ပုန်းသွားခဲ့၏။

ရွှီရှင်းကလည်း ၎င်း သတိလွတ်သွားသည့် အခိုက်အတန့်ကို အမိအရ ဖမ်းယူကာ မြှားကို ပစ်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။

မီးခိုးများကြားမှ ရွှီရှင်း မြင်လိုက်ရသည်မှာ အမွေးထူသတ္တဝါ၏ ကိုယ်လုံးတစ်ဝက်မှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်ပင်။

လက်တစ်ဖက်ပင် ပြတ်ထွက်သွားခဲ့၏။

ကံမကောင်းသည်မှာမသေသေးပေ။လှုပ်ရှားနိုင်နေဆဲ ဖြစ်၏။

စူးရှသည့် အော်သံ ထွက်လာပြီးနောက် ဒဏ်ရာအပြင်းအထန် ရထားသော အမွေးထူသတ္တဝါကရုတ်တရက် ခုန်ထလိုက်၏။

သို့သော်...တိုက်ခိုက်ရန် မဟုတ်ချေ။ထွက်ပြေးရန်ပင်။

ရွှီရှင်းကိုပင် အံ့အားသင့်စေသော အမြန်နှုန်းဖြင့် ၎င်းသည်

နောက်ဘက်သို့ ပြေးထွက်သွား၏။

သွေးများက အရည်ပျော်နေသော နှင်းပြင်ပေါ်တွင် တောက်လျှောက် ကျခဲ့လေသည်။

စက္ကန့်ပိုင်းအတွင်း မီတာတစ်ရာကျော် အကွာသို့ ပြေးထွက်သွားပြီး နှင်းထုထဲသို့ ထိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

အစမှ အဆုံးထိမြေပုံပေါ်တွင် ၎င်းအတွက် အနီရောင်အမှတ် တစ်ခုတောင် မပေါ်ခဲ့ပေ။

အမွေးထူသတ္တဝါ ထွက်ပြေးသွားသည်နှင့် ဝံပုလွေအုပ်တစ်ခုလုံး ချက်ချင်း ကစဉ့်ကလျား ဖြစ်သွား၏။

သူတို့၏ သွေးရောင်မျဉ်းများလည်း ချက်ချင်း မှိန်ကျသွားပေသည်။

သွေးရောင်စွမ်းအား မရှိတော့သော အဆင့်နိမ့် အသွင်ပြောင်းဝံပုလွေများသည်အမြုတေစွမ်းအင်၏ အလင်းကို လုံးဝ မခံနိုင်တော့ပေ။

အားလုံး ညည်းတွားဟိန်းဟောက်ရင်း အရပ်လေးမျက်နှာသို့ ထွက်ပြေးကုန်ကြတော့သည်။

သို့သော်...အနီရောင်အမှတ် အတောက်ပဆုံး အလယ်အလတ်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသော ဝံပုလွေတစ်ကောင်ကတော့ရုတ်တရက် သူတို့ထံသို့ ပြေးဝင်လာ၏။

အသေခံ တိုက်ခိုက်မှုပင်။

အစောပိုင်းက ဖောက်ထွက်ဖို့ တိုက်တွန်းခဲ့သည့် အမျိုးသား၏ မျက်နှာအရောင် ပြောင်းသွားကာ လက်နက်ကို တင်းတင်း ဆုပ်ကိုင်ပြီး"သတိ..."ဟု အော်မည်အလုပ်တွင်စကားတောင် မဆုံးလိုက်ခင် ရွှီရှင်းက လှံကို ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့လိုက်ရုံဖြင့်ထိုဝံပုလွေကို နှစ်ပိုင်း တိတိ ပြတ်သွားစေခဲ့သည်။

အဆင့်နိမ့် အသွင်ပြောင်းသားရဲများသည်ရွှီရှင်းအတွက်ယခု

အချိန်တွင် လုံးဝ ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

သွေးများက နှင်းပြင်ပေါ်သို့ ပန်းထွက်လာခဲ့၏။ပူနွေးသော သွေးကြောင့်...အရည်ပျော်နေသည့် နှင်းများတွင် ချိုင့်ခွက်များပင်

ဖြစ်ပေါ်သွားချေသည်။

အချို့သွေးများက ဘေးရှိ လူများ၏ ကိုယ်ပေါ်သို့ပင် စင်သွားလေသည်။

သို့သော်...ဘယ်သူကမှ ဂရုမစိုက်ကြပေ။

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ်များ ဟနေ

ကြ၏။

ရွှီရှင်း လှံတံတစ်ချက် ဝှေ့လိုက်တိုင်း နောက်ထပ် ဝံပုလွေတစ်ကောင် သေသွားသည်ကိုသာ အံ့အားသင့်စွာ ငေးကြည့်နေကြတော့သည်။

နောက်ဆုံးတွင်ဝံပုလွေ နှစ်ရာကျော်အနက်အများစုမှာ ထွက်ပြေးသွားကြပေသည်။

အချို့မှာ သေသွားကြကာကျန်နေသည်မှာ တစ်ဒါဇင်ခန့်သာ ဖြစ်၏။

သူတို့သည် အမြူတေစွမ်းအင်၏ ဖိအားကို အတင်းခံကာ ရွှီရှင်းတို့နှင့် အဝေးမှသာ ရင်ဆိုင်နေကြပေသည်။

၎င်းတို့သည် အနီရောင်အမှတ် ပိုတောက်သော အလယ်အလတ်အဆင့်သို့ ရောက်လုနီးပါး အသွင်ပြောင်းဝံပုလွေများ ဖြစ်ကြ၏။

သို့သော်...ဘယ်ကောင်မှအနားကပ်လာရန် မရဲကြပေ။

ရွှီရှင်းက သက်ပြင်းတစ်ချက် ချလိုက်၏။

အမြူတေအပိုင်းအစ၏ စွမ်းအားမှာ တကယ်ပင်အားနည်းသွားခဲ့ပေသည်။

လျှို့ဝှက်ဆန်းကြယ်သော ဥကြီးက စွမ်းအင်အမြောက်အများကို စုပ်ယူသွားသောကြောင့်ပင်။

ယခင်က အမြူတေစွမ်းအင်သာ ဆိုလျှင် သွေးရောင်မျဉ်းမဖွင့်ရသေးသော အဆင့်နိမ့် အသွင်ပြောင်းသားရဲများက အလယ်အလတ်အဆင့်နှင့် နီးစပ်နေသည့်တိုင် ဒီလိုမျိုး ရင်မဆိုင်ရဲကြပေ။

ဒီအဖြစ်အပျက်အားလုံးမှာတစ်မိနစ်တောင် မကြာခဲ့ချေ။

တစ်မိနစ်မပြည့်ခင်အတွင်းမှာပင် အခြေအနေတစ်ခုလုံး လုံးဝ ပြောင်းလဲသွားခဲ့၏။

ပြောင်းလဲမှုက မြန်လွန်းသဖြင့် လူတိုင်း၏ ဦးနှောက်များပင် လိုက်မမီနိုင်တော့ပေ။

ထိုအချိန်တွင် ရွှီရှင်းက အံ့အားသင့်နေကြသည့် လူအုပ်ဘက်သို့ လှည့်ကြည့်လိုက်၏။

ထို့နောက် အစောပိုင်းက မေးခဲ့သော မေးခွန်းကို အေးအေးဆေးဆေး ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်..."

"ငါက ရွှီရှင်းပဲ"

အခန်း ၅၇၃ ပြီး။

All Chapters