အခန်း ၅၇၄
Vol. 39 Ch. 574
အခန်း (၅၇၄) - နယ်မြေအဆင့်သတ်မှတ်ချက် ပြန်လည်ပြောင်းလဲခြင်း
ရွှီရှင်း၏ စကားတစ်ခွန်းက လူအုပ်ကြားတွင် ကျောက်တုံးတစ်တုံးကို ရေထဲ ပစ်ချလိုက်သကဲ့သို့ လှိုင်းဂယက်များ ထသွားစေသည်။
ရှင်ကျန်သူများအတွက်တော့ ၎င်းသည် စိတ်ဖိစီးမှုအားလုံးကို တစ်ပြိုင်နက် ပေါက်ကွဲထွက်စေသည့် နောက်ဆုံးအကြောင်းအရင်း ဖြစ်သွားစေခဲ့၏။
သူတို့အားလုံး ရှေ့တွင် ရပ်နေသူ၏ အထောက်အထားကို
ခန့်မှန်းမိနေပြီးသား ဖြစ်သည်။
သို့သော် ကမ္ဘာတစ်ဝန်း နာမည်ကျော်နေသော ရွှီရှင်း ကိုယ်တိုင်က မိမိတို့၏ အသက်အန္တရာယ်ကို အလွယ်တကူ ဖြေရှင်းပေးလိုက်ပြီး သူ၏ အမည်ကို တည်ငြိမ်စွာ ပြောလိုက်သောအခါ ထိုမြင်ကွင်းက အလွန်အံ့အားသင့်စရာ ကောင်းလွန်းလှပေသည်။
အရေးကြီးဆုံးကတော့ မျက်နှာသွင်ပြင်ဖြစ်စေ၊ စွမ်းရည်ဖြစ်စေရှေ့က လူငယ်သည် အပြစ်ရှာစရာ မရှိလောက်အောင် ပြည့်စုံ
လွန်းနေခြင်း ဖြစ်သည်။
"ရွှီ... ရွှီရှင်း"
"တကယ်ကြီး... ရွှီရှင်းပဲ"
စောစောက အော်မိတော့မလိုဖြစ်သောကြောင့် ပါးစပ်အုပ်ခံထားရသော အမျိုးသမီးက ယခုတော့ အားကုန်အော်ဟစ်လိုက်တော့သည်။
"ငါတို့ လွတ်ပြီ။ အသက်ရှင်ပြီ။ ရွှီရှင်းက အရမ်းတော်တာပဲ"
"ရွှီရှင်း အရမ်းမိုက်တယ်ကွာ ဟားဟားဟား"
အစောပိုင်းက သူမ၏ ပါးစပ်ကို ပိတ်ထားခဲ့သည့် အမျိုးသားကလည်း ယခုတစ်ကြိမ်တွင် မတားတော့ပေ။
သူကိုယ်တိုင်ပါ အတူတကွ အော်ဟစ်လိုက်တော့သည်။
လူတိုင်းလည်း ရွှီရှင်း၏ အနားသို့ အလိုအလျောက် စုပြုံလာကြတော့၏ ပတ်ဝန်းကျင်တွင် အသွင်ပြောင်း နှင်းဝံပုလွေ ဆယ်ကောင်ကျော် ကျန်ရှိနေသေးသော်လည်း မည်သူမျှ မကြောက်တော့ပေ။
ရွှီရှင်း ရှိနေသရွေ့ အသွင်ပြောင်းဝံပုလွေ ဆိုတာ ဘာအရေးလဲ။
လမ်းလျှောက်နေတဲ့ အသားတုံးတွေပဲ မဟုတ်လား။
အစောပိုင်းက ရွှီရှင်း၏ လက်မောင်းကို ဆွဲပြီး အကူအညီ
တောင်းခဲ့သည့် အမျိုးသမီးမှာမူ ရွှီရှင်း၏ မျက်နှာကို ငေးကြည့်ရင်း အံ့ဩနေပေသည်။
"ရွှီရှင်း..."
"တကယ်ကြီး ရွှီရှင်း..."
"ငါ့ကို...ရွှီရှင်း ကိုယ်တိုင် ကယ်ခဲ့တာပြီးတော့ ငါက သူ့လက်ကိုတောင် ဆွဲထားမိသေးတယ်..."
ကြောက်ရွံ့မှုအားလုံး ရုတ်တရက် ပျောက်ကွယ်သွားသော
ကြောင့် သူမ၏ ခြေထောက်များ ပျော့ခွေသွားချေသည်။
နောက်ဆုံးတွင် စကိတ်ပြားပေါ်သို့ ထိုင်လျက်သား လဲကျသွားလေတော့သည်။
"အရမ်း... အရမ်း အားကောင်းတာပဲ..."
"ကျွန်တော်... အဲ..."
အစောပိုင်းက ရွှီရှင်းကို သံသယဝင်ပြီး စကားပြောခဲ့သည့် လူအနည်းငယ်ကလည်း စိတ်လှုပ်ရှားနေကြသလို ရှက်လည်း ရှက်နေကြ၏။
မိမိတို့ ခုနက ပြောခဲ့သည့် စကားများကို ပြန်တွေးမိသည်နှင့်
ရှက်လွန်း၍ နှင်းထဲ ဝင်နေချင်စိတ်ပင် ပေါ်လာခဲ့ပေသည်။
ငါတို့ ခုနက ဘာတွေ ပြောလိုက်တာလဲ...
သေစမ်း...ရှက်လိုက်တာကွာ...
ဒါပေမဲ့...
ဘယ်သူက ထင်မှာလဲ...ဝံပုလွေတစ်အုပ်ကြီး လိုက်ခံထားရလို့ ရောက်လာတဲ့ လူကစူးစမ်းရှာဖွေသူအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေမယ်လို့။
ပြီးတော့...နံပါတ်တစ် ခေါင်းဆောင်ကြီး ဖြစ်နေမယ်လို့လေ။
ပြန်စဉ်းစားကြည့်ရင် ခုနက သူတို့ ပြောခဲ့သလိုမျိုး နောက်ကျရင် ပြန်ပြီးအငြိုးထားခံရမှာတော့ မဟုတ်ဘူးမလား။
လူတိုင်း ရွှီရှင်း၏ အနားသို့ ရောက်လာကြသော်လည်း တစ်
ယောက်ချင်းစီ၏ အမူအရာက မသက်မသာ ဖြစ်နေကြချေသည်။
သူတို့သည် စူးစမ်းရှာဖွေသူအဖွဲ့၏ ခေါင်းဆောင်နှင့် တွေ့ဆုံရမည့် အခိုက်အတန့်ကို အကြိမ်ပေါင်း စိတ်ကူးယဉ်ခဲ့ဖူးပေသည်။
တစ်နေ့ စူးစမ်းရှာဖွေသူအဖွဲ့ဝင်တစ်ယောက် လာကယ်လိမ့်မည်ဟုလည်း တွေးခဲ့ဖူး၏။
ဒါပေမဲ့...
ဒီလိုပုံစံနဲ့ တွေ့ရမယ်လို့တော့ ဘယ်သူမှ မထင်ခဲ့ကြချေ။
အခန်း ၅၇၄ ပြီး။