← Chapters

အခန်း ၅၇၅

Vol. 39 Ch. 575

အခန်း ၅၇၅

Vol. 39 Ch. 575

အခန်း (၅၇၅) - နယ်မြေအဆင့်သတ်မှတ်ချက် ပြန်လည်ပြောင်းလဲခြင်း ၂

ရွှီရှင်း၏ အမြင်ဖောက်ထွင်းနိုင်စွမ်း သက်ရောက်မှုက မပျောက်သေးချေ။

ထိုအချိန်ကို အသုံးချပြီး သူသည် နှင်းထုအောက်ဘက်ကို ငုံ့ကြည့်လိုက်ရာ နှင်းအောက်ရှိ မြေပြင်ပေါ်တွင် အစောပိုင်းက သွေးနီရောင် တောက်ပနေခဲ့သည့် တယ်လီပို့စက်ဝိုင်းနှင့် ဆင်တူသော ပုံစံကြီးသည် ယခုတော့ လုံးဝ မှိန်ဖျော့ကာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကျန်ရှိနေသည်မှာ ခြောက်သွေ့နေသော မြက်ခြောက်များ ဖုံးလွှမ်းနေသည့် မြေပြင်သာ ဖြစ်သည်။

ခဲခဲလည်း ရွှီရှင်းကို မြန်မြန်ထွက်သွားဖို့ ထပ်မတိုက်တွန်းတော့ပေ။

၎င်းသည် ပတ်ဝန်းကျင်တွင် အန္တရာယ် မရှိတော့ကြောင်း ခံစားမိနေပြီ ဖြစ်သည်။

ထို့ကြောင့် ရွှီရှင်း၏ ပခုံးပေါ်တွင်သာ ငြိမ်ငြိမ်လေး လှဲနေလိုက်၏။

ကြည့်ရတာ အမွေးထူသတ္တဝါကို မောင်းထုတ်လိုက်သည်နှင့်

ပြဿနာအားလုံး ပြေလည်သွားသလိုပင်။

ဒါပေမဲ့...

ဒီစက်ဝိုင်းကြီးက ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ။

ဒီသတင်းကို တခြားသူတွေကို အမြန်ဆုံး အသိပေးရမယ်။

တခြားနေရာတွေက ဝံပုလွေအုပ် စုဝေးနေတဲ့ နှင်းအောက်မှာလည်း တစ်ခုခု ဖုံးကွယ်ထားနိုင်တယ်။

သူတို့ အားလုံး သတိထားမှရမယ်။

ရွှီရှင်းက မိမိအနားတွင် စုဝေးနေသော လူများကို ယာယီ လျစ်လျူရှုထားလိုက်၏။

ထို့အတူ အနားမကပ်ရဲသော်လည်း ထွက်မပြေးသေးသော

အသွင်ပြောင်းဝံပုလွေ ဆယ်ကောင်ကျော်ကိုလည်း မစိုးရိမ်တော့ချေ။

သူသည် စူးစမ်းရှာဖွေသူ ဆက်သွယ်ရေးချန်နယ် မှတစ်ဆင့်

ဒီဘက်က အခြေအနေကို အားလုံးအား အသိပေးလိုက်၏။

သူ အသုံးပြုနေသော ဆက်သွယ်ရေးနာရီကို မြင်လိုက်ရသောအခါ ဘေးရှိ ရှင်ကျန်သူ ကိုးယောက်လုံး၏ မျက်လုံးများတွင်

အားကျမှုများ ပြည့်နှက်သွား၏။

ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အချိန်မရွေး ဆက်သွယ်နိုင်တာတကယ် ကောင်းလိုက်တာ။

ကမ္ဘာမြေပေါ်တွင် လူတိုင်းအတွက် သာမန်ကိစ္စတစ်ခု ဖြစ်ခဲ့သော်လည်း ဒီကမ္ဘာမှာတော့ အလွန်ဇိမ်ကျသော အရာတစ်ခု

ဖြစ်သွားခဲ့လေသည်။

မကြာမီ စူးစမ်းရှာဖွေသူများထံမှ စာများ ပြန်ရောက်လာခဲ့၏။

ဝမ်ကွေ့ရှင်း - "နှင်းအောက်မှာ စက်ဝိုင်းရှိတာလား။ ငါ့ဘက်တော့ မတွေ့ဘူး။ ဒီဘက်က ဝံပုလွေအုပ်ကို ဖြေရှင်းပြီးပြီ။ အားလုံးကို ကယ်ထားတယ်။ ဒဏ်ရာရတာ နည်းနည်းရှိပေမဲ့ အစ်မ

ရွှယ်ဖေးရဲ့ ဆေးနဲ့ အဆင်ပြေသွားတယ်။ ငါ လာကူရမလား။"

ကျောက်ရှောင်ချွမ်း - "နှမြောလိုက်တာ။အမွေးထူကောင် မသေဘူး။ နှလုံးနေရာကို ထိုးလိုက်တာတောင် လွတ်သွားတယ်။ ပြောရရင်... အဲဒီကောင် ထွက်ပြေးတဲ့ အမြန်နှုန်းက တကယ် ကြောက်စရာပဲ။ တိုက်ခိုက်အားတော့ မရှိပေမဲ့ အပြေးက တကယ်ထိပ်တန်းပဲ။"

ဝမ်လေ့ - "ကျောက်ရှောင်ချွမ်းက အမွေးထူကောင်ကို မောင်းထုတ်လိုက်တာနဲ့ ဒီဘက်က ဝံပုလွေအုပ်လည်း သင်းကွဲကုန်တယ်။ နည်းစနစ်မရှိတော့ဘဲ ဝင်တိုက်လာကြလို့ ငါ အတတ်နိုင်ဆုံး ကာကွယ်ခဲ့ပေမဲ့ လူနည်းနည်းတော့ ဒဏ်ရာရသွားတယ်။ ကံကောင်းတာက ရွှယ်ဖေးရဲ့ ဆေးကြောင့် ဘယ်သူမှ မသေဘူး။"

သူတို့ဘက်ကလည်း အခြေအနေကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရွှီရှင်းက ဘေးရှိ လူများကို လှည့်ကြည့်လိုက်၏။

လူတိုင်းက သူ့ကိုသာ ငေးကြည့်နေကြချေသည်။

သူ ပြောမည့် စကားကို စောင့်နေကြခြင်း ဖြစ်၏။

ရွှီရှင်းက လက်ကို အသာယမ်းလိုက်ကာ "ဒီလိုကြီး ငါ့ကို စိုက်မကြည့်နေကြနဲ့။အခုကစပြီး...ငါတို့အားလုံး အတူတူ အသက်ရှင်ဖို့ ကြိုးစားမယ့် လူတွေပါ။"

"မင်းတို့က ကိုယ့်သစ်ပင်အိမ်ကို စွန့်ပြီး ငါတို့ဆီ လာဖို့ ရွေးချယ်ခဲ့တဲ့အတွက်...ငါတို့ကလည်း မင်းတို့ရဲ့ လုံခြုံရေးကို တာဝန်ယူပေးမှာပဲ။"

သူက သစ်ပင်အိမ်ရှိရာဘက်ကို လက်ညှိုးထိုးလိုက်၏။

"ငါ့သစ်ပင်အိမ်က အဲဒီဘက်မှာ"

"အရင် သွားနှင့်လိုက်ကြ။"

"အဲဒီမှာ မင်းတို့ကို စောင့်နေတဲ့သူ ရှိတယ်။"

"ငါ့မှာ လုပ်စရာလေးတွေ ကျန်သေးလို့...လိုက်မပို့နိုင်တော့ဘူး။"

မြေပုံကို ကြည့်လိုက်ရာ ဒီလမ်းကြောင်းတစ်လျှောက်မှာတော့ အန္တရာယ် မရှိတော့ချေ။သူတို့ဘာသာ သွားနိုင်၏။

ဒီနေ့ကိစ္စကတော့ အနည်းငယ် ဟာသဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့ချေသည်။

မူလက သူသည် ဒီလူတွေကို လက်ပတ်ထဲ အရင် ထည့်ပြီး

သူတို့ လုံခြုံသွားမှ ဝံပုလွေကိစ္စကို ကိုယ်တိုင် ဖြေရှင်းမည်ဟု စီစဉ်ထားခဲ့ပေသည်။

ဒါပေမဲ့ ဒီလူတွေက သူ့ကို ချက်ချင်း သံသယဝင်သွားခဲ့ကြ၏။

ဒီလိုအခြေအနေမျိုးမှာ သူက "ငါက ရွှီရှင်းပါ" ဟု ပြောလိုက်လည်း ယုံကြမည် မဟုတ်ပေ။

နောက်ဆုံးတော့ သူက တကယ် ရွှီရှင်း ဖြစ်ကြောင်း သက်သေပြရ သည့်အခြေအနေထိ ရောက်သွားခဲ့လေသည်။

မဟုတ်လျှင် သူတို့ကို လက်ပတ်ထဲ ထည့်ရန်အတွက် တစ်ယောက်ချင်းစီကို အတင်း လိုက်ထိနေရုံသာ ရှိတော့မည် ဖြစ်သည်။

အခန်း ၅၇၅ ပြီး။

All Chapters