← Chapters

အခန်း ၅၇၆

Vol. 39 Ch. 576

အခန်း ၅၇၆

Vol. 39 Ch. 576

အခန်း (၅၇၆) - နယ်မြေအဆင့်သတ်မှတ်ချက် ပြန်လည်ပြောင်းလဲခြင်း ၃

မျက်နှာပူစရာကောင်းသော အခြေအနေတစ်ခု ဖြစ်နေသောကြောင့် ရွှီရှင်းသည် စကားမပြောတော့ဘဲ တိုက်ရိုက် လှုပ်ရှားလိုက်၏။

သူသည် လူတိုင်းအတွက် အလုံခြုံဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဝံပုလွေအုပ်ကို အင်အားဖြင့် တိုက်ရိုက် ဖိနှိပ်လိုက်ကာ အမွေးထူသတ္တဝါကို တစ်ချက်တည်းဖြင့် ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး

ဝံပုလွေအုပ်ကြီးတစ်ခုလုံးကို ပြိုကွဲအောင် လုပ်ပစ်လိုက်လေသည်။

အရာအားလုံးကို သူတို့ရှေ့မှာပင် ဖြေရှင်းပြလိုက်သောကြောင့်

နောက်ထပ် ရှင်းပြစရာ မလိုတော့ပေ။

ထို့အပြင်...

ဤလူများသည် စူးစမ်းရှာဖွေသူများ၏ အစစ်အမှန် စွမ်းအားကို တစ်ခါမှ မျက်မြင်မတွေ့ဖူးသေးပေ။

ယခုလို ကိုယ်တိုင် မြင်တွေ့ခွင့်ရခြင်းက သူတို့အတွက် ပိုကောင်းပေသည်။

ဂုဏ်သတင်းတစ်ခုတည်းဖြင့် ယုံကြည်စေခြင်းထက် စွမ်းအားအစစ်ဖြင့် နှိပ်စက်ပြလိုက်ခြင်းက ပို၍ ထိရောက်ပေသည်။

အသက်အန္တရာယ် ကြုံတွေ့နေချိန်မှာ တစ်ယောက်ယောက်က အလွယ်တကူ ကယ်တင်ပေးနိုင်သည်ကို ကိုယ်တိုင် ကြုံတွေ့လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် အဖွဲ့အစည်းအပေါ် ယုံကြည်မှုနှင့် ဝင်ရောက်လိုစိတ်က ပို၍ ခိုင်မာလာပေမည်။

ထို့အပြင်...

ယနေ့ ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို သူတို့က နယ်မြေချန်နယ်ထဲတွင် သေချာပေါက် ပြန်လည် ပြောဆိုကြချေမည်။

စူးစမ်းရှာဖွေသူများ၏ အင်အားကို ချီးကျူးပြောဆိုကြမည်ဖြစ်သည်။

ထိုသို့ဆိုလျှင်...

နောက်ထပ် လာရောက်ပူးပေါင်းလိုသော အသက်ရှင်ကျန်ရစ်သူများလည်း ပိုမိုများပြားလာမည် ဖြစ်သည်။

"ဆရာကြီးရွှီရှင်း"

"ဒီဝံပုလွေ ဆယ်ကောင်ကျော်ကို ကျွန်တော်လည်း ကူတိုက်ပေးပါရစေ"

အစောပိုင်းက ဝံပုလွေအုပ်ကို ဖောက်ထွက်ဖို့ အဆိုပြုခဲ့သော လှံကိုင်ထားသည့်အမျိုးသားက လှံကို တင်းတင်းဆုပ်ကိုင်ရင်း ရှေ့တက်လာ၏။

သူ၏ မျက်လုံးများမှာ ရွှီရှင်းနှင့် အနီးတွင် ကျန်ရှိနေသေးသော အသွင်ပြောင်း နှင်းဝံပုလွေ ဆယ်ကောင်ကျော်ကို အလှည့်ကျ ကြည့်နေပေသည်။

ဘေးမှ တစ်ယောက်က သူ၏ အင်္ကျီလက်ကို အမြန် ဆွဲလိုက်ပြီး

"မလုပ်နဲ့...ဆရာကြီးရှေ့မှာ မင်းက သွားကူတိုက်မယ်တဲ့လား။"

"ဆရာကြီးက ပစ္စည်းတစ်ခု ထုတ်လိုက်ရုံနဲ့ ဝံပုလွေအုပ်တောင် ပြေးကုန်တာ..."

"ဒါပေမယ့်..."

လှံကိုင်အမျိုးသားက ပြောချင်သေးသော်လည်း ရွှီရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်မှာပင်

ရုတ်တရက် မျက်ခုံးများ တင်းကျပ်သွား၏။

သူ၏ စိတ်ထဲရှိ မြေပုံပေါ်တွင် ကျိချောင်းယန် သွားခဲ့သည့် မြောက်ဘက်၌ ဝံပုလွေအုပ်ကို ကိုယ်စားပြုသော အနီရောင် အမှတ်

နှစ်ရာကျော်သည် တစ်ခဏအတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့သောကြောင့်ပင်။

ဟုတ်ပေသည်။လုံးဝ ပျောက်သွားတာပင်။

"မဖြစ်နိုင်ဘူး..."

ရွှီရှင်း၏ မျက်လုံးများ တင်းမာသွားကာ လှံကိုင်အမျိုးသားကို လက်ပြလိုက်၏။

"ခဏစောင့်ဦး။"

ထို့နောက်...

ချက်ချင်း ကျိချောင်းယန်ထံ အသံဆက်သွယ်မှု ပို့လိုက်၏။

သို့သော်...

တစ်ဖက်က ချက်ချင်း မကိုင်သေးပေ။

ရွှီရှင်း၏ မျက်နှာအမူအရာက ပို၍ လေးနက်လာသည်။

ကျိချောင်းယန်နှင့်ဝံပုလွေအုပ်...

ပြီးတော့ အဲဒီဘက်က အသက်ရှင်ကျန်ရစ်သူတွေ...

သွေးနီရောင် တယ်လီပို့စက်ဝိုင်းကြောင့် တခြားတစ်နေရာကို ပို့ဆောင်ခံလိုက်ရတာတော့ မဟုတ်ဘူးမလား။

ထိုအချိန်တွင် အသံဆက်သွယ်မှု ချိတ်ဆက်သွား၏။

ရွှီရှင်းက သက်ပြင်းတစ်ချက် ချလိုက်မိပေသည်။

ဆက်သွယ်လို့ရတာ အခြေအနေကောင်းသေးပုံပေါ်သည်။

"အဲဒီဘက် အခြေအနေ ဘယ်လိုလဲ။"

သူက တိုက်ရိုက် မေးလိုက်၏။

"...လူတွေ အားလုံးကို ကယ်နိုင်ခဲ့တယ်။"

ကျိချောင်းယန်၏ အသံက လေးလံနေပေသည်။

"ဒါပေမယ့်..."

"မင်းပြောခဲ့တဲ့ နှင်းအောက်က စက်ဝိုင်းကြီး အသက်ဝင်သွားတယ်။"

"ဒါပေမယ့်...ဘာမှ မဖြစ်သွားဘူး။"

"ဝံပုလွေအုပ်နဲ့မြေပြင်ပေါ်က နှင်းတွေကတော့ ရုတ်တရက် ပျောက်သွားတယ်။"

"ကြည့်ရတာ တခြားနေရာကို ပို့လိုက်သလိုပဲ"

ရွှီရှင်း၏ မျက်ခုံးများ လှုပ်ရှားသွား၏။

"နှင်းတွေတောင် ပါသွားတာလား။"

သေချာသွားချေပြီ။တကယ်ပဲ တစ်နေရာရာကို ပို့ဆောင်လိုက်တာ ဖြစ်၏။

ဒီသွေးနီရောင် တယ်လီပို့စက်ဝိုင်း၏ ရည်ရွယ်ချက်ကအသက်ရှင်ကျန်ရစ်သူ အုပ်စုကို တခြားနေရာသို့ ပို့ဆောင်ရန် ဖြစ်သည်။

"ဒါနဲ့..."

ကျိချောင်းယန်က ဆက်ပြောရန် ပြင်လိုက်ချိန်မှာပင်အဝေးတစ်နေရာမှ အလွန်စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။

"အီး"

ခဲခဲလည်း ချက်ချင်း ထိုဘက်ကို လှည့်ကြည့်လိုက်ရာ အစောပိုင်းက ကြားခဲ့ရသော အသံနှင့် တူညီသော်လည်း ယခုတစ်ကြိမ်တွင်

နာကျင်မှုနှင့် ဒေါသများပါ ရောနှောနေပေသည်။

အရင်ကဝီစီမှုတ်သံလို ထင်ရသော်လည်းအခုတော့ သားရဲတစ်ကောင်၏ အော်ဟစ်သံနှင့် ပို၍ တူလာပေသည်။

ကြည့်ရသည်မှာ ယခင်တည်းက ဝီစီမှုတ်သံ မဟုတ်ခဲ့ပေ။

အော်ခေါ်သံသာ ဖြစ်နေသည်။အသံသည် ကီလိုမီတာ အနည်းငယ်အကွာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

အဲဒီဘက်က လုဖေးအာ ရှိနေတဲ့ နေရာပဲ။

အောင်မြင်သွားပြီလား..။

"အူး"

"အူး"

ထိုစူးရှသော အသံအဆုံးတွင် ရွှီရှင်း၏ အနီးရှိ အသွင်ပြောင်း

နှင်းဝံပုလွေများလည်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ

ပေသည်။

အနီးရှိ ဝံပုလွေအော်သံကြောင့် အသက်ရှင်ကျန်ရစ်သူများ လန့်ဖျပ်သွားပြီး အချို့ဆိုလျှင် ရွှီရှင်း၏ နောက်သို့ အလိုအလျောက် ဝင်ပုန်းလိုက်ကြပေသည်။

"အီး"

ခဲခဲကတော့ မကြောက်ပေ။

အသံလာရာဘက်ကိုသာ စူးစိုက်ကြည့်နေ၏။

ဝံပုလွေအော်သံ ရပ်သွားပြီးနောက် ထိုဝံပုလွေများသည် ရွှီရှင်းတို့ဘက်ကို ထပ်မကြည့်တော့ပေ။

အသံလာရာ ဘက်သို့ အားလုံးအမြန်ပြေးထွက်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် မြေပုံပေါ်တွင် အရင်က ပြန့်ကျဲနေသော အနီရောင် အမှတ်များသည်လည်း ထိုအသံရှိရာသို့ ပြန်လည် စုဝေးလာကြ၏။

"ဘာဖြစ်သွားတာလဲ။"

"လုဖေးအာ ဘာလုပ်လိုက်တာလဲ။"

ရွှီရှင်းက နောက်လှည့်ပြီး ကျန်ခဲ့သည်လူများကို ပြောလိုက်၏။

"မြန်မြန် ငါ့သစ်ပင်အိမ်ကို သွားလိုက်ကြ"

"အဲဒီမှာ မင်းတို့ကို ကာကွယ်ပေးမယ့်သူ ရှိတယ်"

စကားဆုံးသည်နှင့် သူသည် စကိတ်ဘုတ်ကို စီးလိုက်ပြီး

ဝံပုလွေအုပ် နောက်သို့ အရှိန်ဖြင့် လိုက်သွားတော့၏။

အခန်း ၅၇၆ ပြီး။

All Chapters