အခန်း ၅၇၇
Vol. 39 Ch. 577
အခန်း (၅၇၇) - နယ်မြေအဆင့်သတ်မှတ်ချက် ပြန်လည်ပြောင်းလဲခြင်း ၄
ရွှီရှင်း ပျောက်ကွယ်သွားသည်နှင့် ကျန်ခဲ့သည့် ကိုးယောက်လုံးက ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြောဆိုလာ၏။
"တကယ်ပဲ ဆရာကြီးရွှီရှင်းဟ"
"တကယ်ကြီး ဆရာကြီးရွှီရှင်းပဲ"
"ဘုရားရေ..."
"ဆရာကြီး ရွှီရှင်းက တကယ် ဒီလောက်တောင် ချောတာလား။"
"အရမ်း အားကောင်းတာပဲ"
"တကယ် မယုံနိုင်စရာပဲ"
"ငါကတော့ တကယ့် အရူးပဲ...ဆရာကြီး ရွှီရှင်းကိုတောင် သံသယဝင်မိသေးတယ်..."
လှံကိုင်သည့်အမျိုးသားက ဝံပုလွေအုပ် ထွက်သွားသည်ကို မြင်ပြီး လှံကို ပြန်သိမ်းလိုက်၏။
"ဆရာကြီး ရွှီရှင်းက...သူ့သစ်ပင်အိမ်ကို သွားခိုင်းထားတယ်။"
"မြန်မြန် သွားကြစို့။"
ဒီတစ်ကြိမ်တွင်မည်သူမျှ ကန့်ကွက်တော့မည် မဟုတ်ပေ။
"ကောင်းပြီ"
"သွားကြမယ်"
"ဆရာကြီး ရွှီရှင်းရဲ့ သစ်ပင်အိမ်ကို သွားကြည့်မယ်"
"ဟိုဘက်က စိမ်းစိမ်းကြီး မြင်နေရတာ...ဆရာကြီး ရွှီရှင်းရဲ့ သစ်ပင်အိမ် မဟုတ်ဘူးလား။"
"ဟုတ်မယ်ထင်တယ်..."
"ဝိုး..."
"ဒီလောက်တောင် ကြီးတာလား။ဒီအကွာအဝေးကတောင် မြင်နေရတယ်"
...
"မင်း ခုနက ဘာပြောမလို့လဲ"
ဝံပုလွေအုပ်နောက်ကို လိုက်ရင်း ရွှီရှင်းက ကျိချောင်းယန်ကို မေးလိုက်၏။
သူတို့၏ အသံဆက်သွယ်မှုက ဆက်လက် ချိတ်ဆက်ထားဆဲ
ဖြစ်သည်။
"အခုတော့ မလိုတော့ဘူး။"
"မြေပြင်အောက်က စက်ဝိုင်းက...အစက ရှိနေသေးတယ်။"
"ဒါပေမယ့်..."
"အဲဒီ စူးရှတဲ့အသံ ထွက်လာပြီးတော့..စက်ဝိုင်းလည်း ပျောက်သွားပြီ။"
ကျိချောင်းယန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
"အခုတော့ မပြောတော့ဘူး။အသက်ရှင်ကျန်သူတွေကို အရင် ကာကွယ်ကြမယ်။"
"ပြီးမှ...မင်းသစ်ပင်အိမ်မှာ တွေ့ကြမယ်။"
"ကောင်းပြီ။"
ရွှီရှင်းက ဖုန်းချလိုက်ပြီး စကိတ်၏ အမြန်ဆုံးအရှိန်ဖြင့် ဝံပုလွေအုပ်နောက်ကို လိုက်သွားလေသည်။
သို့သော်...
ဝံပုလွေအုပ်၏ အမြန်နှုန်းက စကိတ်ထက်ပင် ပိုမြန်နေသည်။
မြေပုံပေါ်တွင် အနီရောင်အမှတ်များသည် ရောက်သင့်သည့် နေရာသို့ ရောက်သည်နှင့် တစ်ခဏအတွင်း ပျောက်ကွယ်သွားကြ၏။
ရွှီရှင်း ရောက်သွားသည့်အချိန်တွင် သူ မြင်လိုက်ရသည်မှာ
နှင်းပေါ်တွင် သတိလစ် လဲကျနေသော လုဖေးအာ တစ်ယောက်သာ ဖြစ်သည်။
ရွှီရှင်း ချက်ချင်း အနားသို့သွားကာ ဒူးထောက် စစ်ဆေးလိုက်၏။
သွေးနီရောင် ပုံစံများက လုဖေးအာ၏ မျက်နှာအထိ ပျံ့နှံ့နေပြီ ဖြစ်သည်။
"ဒါက..."
"စွမ်းအားပေါက်ကွဲတဲ့ အခြေအနေလား..."
ရွှီရှင်း၏ မျက်လုံးများ တုန်ယင်သွား၏။
လုဖေးအာ၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာ မရှိပေ။
သို့သော်...
စွမ်းအားပေါက်ကွဲသည့် အခြေအနေထဲ ဝင်ရောက်သွားပြီး သတိလစ်နေချေသည်။
ဒီအခြေအနေက...အရမ်း ရင်းနှီးနေသလိုပဲ။
သူမ ထပ်ပြီးသေသွားခဲ့တာများလား။
မာဟုန်ဝေလို...သေပြီး ပြန်ရှင်လာပေမယ့်မနိုးသေးတာလား။
ဒီနေရာမှာဘာတွေ ဖြစ်ခဲ့တာလဲ။
ရွှီရှင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
သစ်တောတစ်ခုလုံးမှာဖြူဖွေးနေသော နှင်းပြင်မှလွဲ၍ သွေးစက်တစ်စက်တောင် မရှိပေ။
...
သူ နိုးလာမှပဲ မေးတော့မယ်။ခေါင်းဆောင်ကောင်း မဟုတ်သလို ခံစားရပေမယ့် အင်အားချိနဲ့နေမည့် ၂၄ နာရီအတွင်း နယ်မြေ ၁၈၇ က လူတွေကိုလည်း ကြိုဆိုရပေဦးမယ်။
ရွှယ်ဖေးကို အရင် စစ်ဆေးခိုင်းတာ ပိုကောင်းမယ်..။
နိုးလာအောင် လုပ်ပေးနိုင်မလား ဒါမှမဟုတ် အားနည်းချိန်ကို လျှော့ပေးနိုင်မလားမေးကြည့်ရမည်။
ရွှီရှင်းကသတိလစ်နေသော လုဖေးအာကို လက်ပတ်ထဲ သိမ်း
လိုက်၏။
မြေပုံ ပြန်ပေါ်လာသောအခါ ပတ်ဝန်းကျင်တွင် အန္တရာယ် မရှိတော့ပေ။
အနီရောင် အမှတ်အားလုံး လုံးဝ ပျောက်ကွယ်သွားချေသည်။
အန္တရာယ်ဇုန်အတွင်းရှိ အနီရောင် အမှတ်များပါ မရှိတော့ပေ။
ဒီအကျပ်အတည်းမှာ အဆုံးသတ်သွားချေပြီ။
...
အိမ်ပြန်ရတော့မယ်..။အခုဆိုအသက်ရှင်ကျန်သူ အများကြီး
ရောက်လာနေပြီ..။သူတို့ကို နေရာချထားပေးရဦးမယ်..။
စကိတ်က တဝူးဝူးမြည်သံနှင့်အတူ ရှေ့သို့ ထိုးထွက်သွားတော့သည်။
လမ်းတစ်ဝက်တွင်ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော အသံတစ်သံက သူ၏ နားထဲတွင် ထွက်ပေါ်လာလေသည်။
ဒီတစ်ကြိမ် အသံ၏ အကြောင်းအရာက ရွှီရှင်း၏ မျက်လုံးများ ကိုတောက်ပသွားစေသည်။
[သုံးရက်တာ ကာလ ကုန်ဆုံးသွားပါပြီ။နယ်မြေအင်အား အဆင့်သတ်မှတ်ချက်ကို ပြန်လည် ပြောင်းလဲလိုက်ပါသည်။]
[ထိပ်ဆုံး နယ်မြေ (၁၀) ခုမှ အသက်ရှင်ကျန်ရစ်သူ အားလုံးသည် စုပေါင်း ဆုလာဘ်ကြီးများကို ရရှိမည်ဖြစ်သည်။]
[ဆက်လက် ကြိုးစားကြပါ။ အနာဂတ် အဆင့်သတ်မှတ်ချက်များမှာ ပိုမြင့်သော အဆင့်ကို ရယူနိုင်ရန် အားထုတ်ကြပါ။]
နယ်မြေအင်အား အဆင့်သတ်မှတ်ချက်ကပြန်ပြောင်းသွားပြီ...။
ပြီးတော့...ဆုတွေလည်း ရှိသေးတယ်..။
အခန်း ၅၇၇ ပြီး။