အခန်း ၅၇၉
Vol. 39 Ch. 579
အခန်း (၅၇၉) - အံ့ဩဖွယ် ဆုလာဘ်များ ၂
"နယ်မြေ ၁၈၈ ကတော့ အရင်လို အားအကောင်းဆုံးပဲ"
"အမှတ် ခြောက်သောင်းကျော်တောင် ရသွားတာလား"
"ကွာဟချက်က ဘာလို့ ဒီလောက်ကြီးနေတာလဲ။ အခုဆို နယ်မြေ ၁ က ဆီးနှင်းတောင်တက်တဲ့ လူအရေအတွက်လည်း နယ်မြေ ၁၈၈ နဲ့ တူသွားပြီမဟုတ်လား"
အမှန်တကယ်လည်း လက်ရှိ နယ်မြေ ၁ တွင် ဆီးနှင်းတောင်တက် အဆင့်သတ်မှတ်ချက်စာရင်း ထဲ၌ လူ ၅ ဦး ရှိနေပြီဖြစ်သည်။
ထို့အပြင်...
တုန်အာပေါင် သာ မပါလျှင် ကျန်လူအားလုံးက မိမိတို့၏ စွမ်းရည်ကို အားကိုးပြီး တောင်အပြင်ဘက်မှ တက်ရောက်အောင်
မြင်ခဲ့ကြသူများပင် ဖြစ်သည်။
"အနည်းဆုံးတော့ ကွာဟချက်ကို လျော့သွားမယ်လို့ ထင်ထားတာ..."
"ဒါက ပုံမှန်ပဲလေ။ နယ်မြေ ၁၈၈ က တယ်လီပို့စက်ဝိုင်းကို အသက်သွင်းပြီးသား။ အဲဒါတောင် တစ်ခုမဟုတ်ဘူး၊ နှစ်ခုတောင်။ အမှတ်အများကြီး ရမှာပေါ့။"
"တစ်ယောက်တည်း ဖုန်တလူလူထအောင် အပြတ်အသတ် ဦးဆောင်နေတာပဲ"
"ဟားဟားဟား စူးစမ်းရှာဖွေသူ အဖွဲ့က အကြီးအကဲတွေ ရှိနေသရွေ့... ကျန်တဲ့နယ်မြေတွေက ငါတို့ နယ်မြေ ၁၈၈ ရဲ့ နောက်က ဖုန်ပဲ စားရလိမ့်မယ်"
"...ဒါကိုတော့ ငြင်းမရဘူး။ ငါတို့နယ်မြေက ပိုပြီး ကြိုးစားရဦးမယ်။"
ဒီစကားကို နယ်မြေ ၁ မှ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ရေးသားခဲ့ခြင်း ဖြစ်၏။
"ဒီဆုလာဘ်ကို အရမ်းအားကျလိုက်တာ။ ငါလည်း ငါ့သစ်ပင်
အိမ်ကို ပိုမြင့်လာစေချင်တယ်။ အခုက အရမ်းနိမ့်လွန်းလို့ လုံခြုံတယ်လို့ မခံစားရဘူး။"
"ဟုတ်တယ်။ အခုဆို ပတ်ဝန်းကျင်က နှင်းထုက သစ်ပင်အိမ်ထက်တောင် မြင့်တော့မယ်"
"ဒါနဲ့... ဘာတွေဖြစ်နေတာလဲ။ ဖြတ်လမ်း ကို လူတိုင်း သိသွားပြီဆိုပေမယ့်... ဘာလို့ တယ်လီပို့အသစ်တစ်ခုမှ မဖွင့်နိုင်သေးတာလဲ"
"ပြောပြီးသားပဲလေ။ နှင်းအောက်က ဖြတ်လမ်း ကို ရှာရတာ မလွယ်ဘူး။"
"ဟေ့... သတိထားမိကြလား။နယ်မြေ ၁၈၈ ရဲ့ လူဦးရေ အများကြီး လျော့သွားတယ်"
"ငါလည်း သတိထားမိတယ်။ လူတစ်ရာကျော်တောင် ပျောက်သွားတယ်"
"ဘာဖြစ်တာလဲ။ သားရဲလှိုင်း ထဲမှာ ဒီလောက်များများ သေသွားတာလား"
"နယ်မြေ ၁၈၈ ကတော့ အခြေအနေမကောင်းတော့ဘူး။ ငါတို့ နယ်မြေ ၁ ဆို လူသေတဲ့အရေအတွက် နည်းတဲ့အပြင်... လူဦးရေတောင် တိုးလာနေတယ်။"
"နယ်မြေ ၁၈၈ ကျဆင်းလာပြီ။ နောက်တစ်ကြိမ် အဆင့်သတ်
မှတ်ချက်မှာတော့ ငါတို့ နယ်မြေ ၂၃ က ထိပ်ဆုံးကို တက်လာတော့မယ်"
ဒီလူဦးရေ အရေအတွက်အကြောင်းကို မြင်လိုက်ရတော့ ရွှီရှင်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
သူတို့ နယ်မြေမှာ လူတစ်ရာကျော် လျော့ကျသွားရခြင်း သည်
အချိန်ကာလ မကိုက်ညီသောကြောင့်သာ ဖြစ်သည်။
ယခု အဆင့်သတ်မှတ်ချက်စာရင်း ထုတ်ပြန်ချိန်တွင် နယ်မြေ ၁၈၈ သို့ ခိုလှုံရန် ရောက်လာသော အသက်ရှင်ကျန်ရစ်သူများသည်နယ်မြေ ၁၈၈ ၏ အဖွဲ့ဝင်အဖြစ် တရားဝင် မသတ်မှတ်ရသေးပေ။
သူတို့သည် ကပ်ပါးသစ်ပင်အိမ် မျိုးစေ့ ကို စိုက်ပျိုးပြီးမှသာ နယ်မြေ ၁၈၈ ၏ တရားဝင် အဖွဲ့ဝင်များ ဖြစ်လာပေမည်။
အဲဒီအချိန်ရောက်လျှင် သူတို့ နယ်မြေ၏ လူဦးရေက
သဘာဝအတိုင်း ပြန်လည် မြင့်တက်လာမည် ဖြစ်သည်။
ဒီအကြောင်းကို နယ်မြေ ၁၈၈ မှ လူတိုင်း သိထားကြသော
ကြောင့်ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်း နယ်မြေ ၁၈၈ မှ အသက်ရှင်ကျန်ရစ်သူများက တစ်ယောက်ပြီးတစ်ယောက်
ထွက်ပြီး ရှင်းပြကြတော့သည်။
ထို့နောက် နယ်မြေ ၁၈၈ ကို ဝေဖန်နေသူများနှင့်ပင် စကားများကုန်ကြတော့သည်။
ရွှီရှင်းကတော့ကမ္ဘာလုံးဆိုင်ရာ ချန်နယ်ကို ဆက်မဖတ်တော့ပေ။
အကြောင်းမှာ သူသည် မိမိ၏ သစ်ပင်အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သောကြောင့်ပင်။
သူ၏ သစ်ပင်အိမ်သည် မူလကတည်းက အလွန်မြင့်နေသောကြောင့် တစ်မီတာ ထပ်မြင့်လာခြင်းကို သိသိသာသာ မခံစားရပေ။
သို့သော် ပတ်ဝန်းကျင်ရှိ ကပ်ပါးသစ်ပင်အိမ်များ ကတော့
လုံးဝ မတူညီတော့ပေ။
အခန်း ၅၇၉ ပြီး။