အခန်း ၅၈၁
Vol. 39 Ch. 581
အခန်း (၅၈၁) - တာဝန်ခွဲဝေမှုပြီးမြောက်ခြင်း
ထိုအချိန်တွင် မာဟုန်ဝေသည် သစ်ပင်အိမ်ထဲ၌ မရှိတော့ပေ။
အပြင်ဘက်တွင် နောက်ထပ် အသက်ရှင်ကျန်ရစ်သူတစ်ဦး ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အောက်သို့ဆင်းကာ သွား
ရောက်ကြိုဆိုနေခဲ့သည်။
ရွှီရှင်းက ရောက်နေသော အသက်ရှင်ကျန်ရစ်သူများအား စူးစမ်းရှာဖွေသူအဖွဲ့ဝင်တစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များကို အသေးစိတ် ရှင်းပြပေးလိုက်ပေသည်။
ထို့နောက်...
"ခင်ဗျားတို့ အချင်းချင်း အရင်တိုင်ပင်ပြီး ဆုံးဖြတ်ကြပါ။ ကျွန်တော့်မှာတော့ အကြံပြုချင်တဲ့ အချက်လေးတစ်ခုတော့ ရှိတယ်"ဟု ပြောလိုက်၏။
ထိုလူများထဲတွင်တချို့က တိတ်တဆိတ် စဉ်းစားနေကြပြီး
တချို့ကတော့ အချင်းချင်း အလေးအနက် ဆွေးနွေးနေကြသည်။
ကပ်ပါးသစ်ပင်အိမ်ကို စိုက်လိုက်သည်နှင့် နောက်တစ်ကြိမ် ပြောင်းရွှေ့၍ မရတော့ပေ။
ထို့ကြောင့် ဤကိစ္စကို သေချာစဉ်းစားဆုံးဖြတ်ရန် လိုအပ်သည်။
"အစ်ကိုရွှီရှင်းက ဘာလို့ လူမယူချင်တာလဲ..."
လူတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်၏။
အမှန်ပင်...
ရွှီရှင်းက အခုလေးတင် သူ့ဘက်တွင် လူမလိုကြောင်း တိတိကျကျ ပြောထားခဲ့၏။
သူက မေးမြန်းကြည့်ရာ ယခုရောက်လာသူများထဲတွင် အထူး
စွမ်းရည် ပိုင်ဆိုင်သူ တစ်ယောက်မှ မရှိကြောင်း သိလိုက်ရပေသည်။
ထို့အပြင်...
လက်ရှိ သူ့ဘက်တွင် အခြားသူများ လာရောက်ကူညီရန်လည်း မလိုအပ်သေးပေ။
သူ့ဆီလာမည့်အစား လီဝမ်ရှီး အတွက် သတ္တုတူးဖော်ပေးခြင်းကပို၍ အကျိုးရှိမည်။
သို့သော်...
ရွှီရှင်း မလိုအပ်သည်ဟု ဆိုခြင်းမှာမာဟုန်ဝေ မလိုအပ်ဟု ဆိုလိုခြင်း မဟုတ်ပေ။
မာဟုန်ဝေလည်း အထူးစွမ်းရည် ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ရွှီရှင်းက သူတို့အား မာဟုန်ဝေဘက်ကို ရွေးချယ်နိုင်ကြောင်း အကြံပြုလိုက်လေသည်။
ဟုတ်ပေ၏။ဒါဟာ...ရွှီရှင်း၏ အကြံပြုချက်သာ ဖြစ်ပေသည်။
နောက်ဆုံး ဘယ်သူ့ဆီ သွားမလဲ လူဘယ်နှယောက် သွားမလဲဆိုတာကတော့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်သည်။
"ဒါဆို အစ်ကိုဝေနောက်လိုက်မယ်"
"အစ်ကိုဝေက အစ်ကိုရွှီရှင်းရဲ့ သစ်ပင်အိမ်နားမှာ နေတာဆိုတော့...အစ်ကိုဝေနောက်လိုက်တာက အစ်ကိုရွှီရှင်းနောက်လိုက်တာနဲ့ အတူတူပဲ"
"သစ်ပင်အိမ် အပြင်ဘက် လက်နက်အင်ဂျင်နီယာ...
နာမည်နဲ့တင်ကို အရမ်းမိုက်နေပြီ"
ထိုအချိန်တွင်...
မာဟုန်ဝေက နောက်ထပ် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကို ခေါ်လာခဲ့၏။
သူနှင့်အတူကျီချောင်းယန်လည်း ရောက်လာလေသည်။
အခန်းထဲရှိ လူများထဲတွင်ကျီချောင်းယန် ၏ လက်ချက်ဖြင့် ကယ်တင်ခံခဲ့ရသူများ ရှိနေသဖြင့် သူ့ကို ချက်ချင်း မှတ်မိသွားကြသည်။
"အစ်ကိုကျီချောင်းယန်"
"ကမ္ဘာ့နံပါတ် ၁ နဲ့ နံပါတ် ၂ က အခု ငါ့ဘေးမှာ ရပ်နေကြတာ
ငါတော့ မေ့လဲတော့မယ်..."
"ငါ အစ်ကိုကျီချောင်းယန်နောက် လိုက်ချင်တယ်"
ကျီချောင်းယန်ကလူတိုင်းကို ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ပြီး
ရွှီရှင်းဘက်သို့ လျှောက်လာလေသည်။
"အခု အခြေအနေ ဘယ်လိုရှိလဲ"
ရွှီရှင်းကဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ရှင်းပြလိုက်၏။
"လုဖေးအာက သတိလစ်နေသေးတာလား..."
ကျီချောင်းယန်က မျက်မှောင်ကြုတ်လိုက်၏။
"ဒီကိစ္စက တကယ် ထူးဆန်းလွန်းတယ်။"
ရွှီရှင်းကသူ့အတွေးကို ဖြတ်လိုက်ပြီး မေးလိုက်လေသည်။
"ခင်ဗျားဘက် လူယူမလား"
ကျီချောင်းယန် ၏ သစ်ပင်အိမ်ပတ်ဝန်းကျင်တွင်ယခုထိ
ကပ်ပါးသစ်ပင်အိမ် စိုက်ထားသူ တစ်ယောက်မျှ မရှိသေးပေ။
သူက ခေါင်းညိတ်လိုက်၏။
"ယူမယ်။ငါ့နေရာကို စောင့်ကြည့်ပေးမယ့် လူတွေ လိုတယ်။
ပြီးတော့...သူတို့က ငါ့ရဲ့ ရှေ့ဖြစ်ဟောနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်တယ်။ငါ့ဘက်မှာ ကပ်ပါးသစ်ပင်အိမ်နဲ့ရှေ့ဖြစ်ဟောခန်းတွေ များလာလေလေ။ငါ့ရဲ့ ရှေ့ဖြစ်ဟောနိုင်တဲ့ အချိန်လည်း ပို
ရှည်လာလေလေပဲ။"
သူ့ဘက်တွင်ကပ်ပါးသစ်ပင်အိမ် မရှိသေးသော်လည်း အသင့်ရှိနေသော ကပ်ပါးသစ်ပင်အိမ် အလွတ်အချို့တော့ ရှိနေသေးသည်။
စမ်းသပ်ရန်အတွက်သူကချီရွှယ်ဖေး၏ သစ်ပင်အိမ်ကို သူ့ဘက်၌ စိုက်ခိုင်းခဲ့သည်။
ရလဒ်မှာ သူ၏ ရှေ့ဖြစ်ဟောနိုင်သည့် အချိန်သည် စက္ကန့်အနည်းငယ် တိုးလာခဲ့၏။
"ကပ်ပါးသစ်ပင်အိမ်တွေက စိတ်စွမ်းအား သုံးစွဲမှုကို လျှော့ချပေးနိုင်ပုံရတယ်။"ဟု သူက ခန့်မှန်းလိုက်၏။
"ဒီလိုဆိုရင်တော့တကယ် လူလိုတာပဲ။"
ရွှီရှင်းက နားလည်သွားသည်။
ထို့နောက်မာဟုန်ဝေကိုလည်းသူ့အမြင်ကို မေးလိုက်သည်။
မာဟုန်ဝေက ခဏစဉ်းစားပြီးမှ ပြောလိုက်၏။
"...ကျွန်တော့်ရဲ့ သုတေသနစွမ်းရည်ကိုတခြားလူတွေကို မျှဝေပေးနိုင်တယ်။သုတေသနအဖွဲ့တစ်ခု တည်ထောင်နိုင်မယ် ထင်တယ်။"
သုတေသနအဖွဲ့...
နာမည်ကိုပဲ ကြားရတာတင်တော်တော် အားကောင်းသည့် အဖွဲ့လို ခံစားလိုက်ရသည်။
ကျီချောင်းယန်ကတော့ အသက်ရှင်ကျန်သူများနှင့်စကားပြောဆိုနေပြီ ဖြစ်သည်။
သူကလူတစ်ယောက်ချင်းစီတွင်မည်သည့် ကျွမ်းကျင်မှု ရှိသလဲကို မေးမြန်းပြီးသူတို့နှင့် သင့်တော်သော နေရာများကိုအကြံပေးနေသည်။
ဆရာတစ်ယောက်လိုပင်။
ရွှီရှင်းကတော့စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များနှင့် ဆက်သွယ်လိုက်သည်။
ဝမ်ကွေ့ရှင်း - "ငါ့ဘက်မှာ ခိုလှုံလာတဲ့ လူ ၃၅ ယောက် ရှိနေပြီ။
မြန်မြန် လာဦး ရွှီရှင်း။လူတွေ အရမ်းများလွန်းလို့ ငါ သစ်ပင်အိမ်အောက်ကိုတောင် မဆင်းရဲဘူး။ငါ့စွမ်းရည်ကို ရှင်းပြထားတာတောင်...သူတို့က မကြောက်ကြဘူး။ငါ့နားကိုပဲ လာစုနေကြတာ... တကယ်ကိုပဲ"
လီဝမ်ရှီး - "ငါ သစ်ပင်အိမ်ကို ပြန်ရောက်ပြီ။အကုန်ပြီးသွားပြီလား။အခုလေးတင် နယ်မြေ ၁၈၈ က လူတစ်ယောက် ဖြတ်သွားတာ မြင်လို့...ငါ သွားဖမ်း... အဲ... သွားကြိုလိုက်တယ်။ ဟီးဟီး။အခု လာတော့မယ်"
ဝမ်လေ့ - "ဟားဟား။ဒီမှာ အရမ်းစည်ကားနေတယ်။လူတွေက စကားပြောတာလည်း ချိုလိုက်တာ။ငါတော့ လေပေါ်ပျံနေသလိုပဲ"
ကျောက်ရှောင်ချွမ်း - "ငါတော့ လူတချို့ ရွေးထားပြီးပြီ။အစ်ကို
ရွှီရှင်း။မြန်မြန် တယ်လီပို့လက်ပတ် လာလုပ်ပေးပါတော့"
ချင်ယွန်လုံ - "ရေကူးကျွမ်းကျင်တဲ့ လူတွေ တော်တော်များတယ်။မဆိုးဘူး... မဆိုးဘူး။"
ရွှီရှင်းက ပြန်ရေးလိုက်၏။
"ငါ့ဘက်မှာ လူအများကြီး ရှိနေတယ်။အရင်လာပြီး လူရွေးကြ။"
ထို့နောက်...
သူနှင့် ကျီချောင်ယန်တို့သည် လုဖေးအာနှင့် ချီရွှယ်ဖေး ရှိနေသော အခန်းထဲသို့ ဝင်သွားလိုက်ကြသည်။
လုဖေးအာကသတိမရသေးပေ။ချီရွှယ်ဖေးကတော့သူမဘေးတွင် ထိုင်နေ၏။
ခဲခဲကရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်းလိုက်ပြီးလုဖေးအာ၏ ဘေးသို့ ပြေးသွားလေသည်။
ထို့နောက်...
လက်ကလေးဖြင့် သူမ၏ မျက်နှာကို ညင်သာစွာ ပုတ်လိုက်တော့သည်။
"အီး..."
အသံထဲတွင်စိုးရိမ်ပူပန်မှု အပြည့် ပါဝင်နေ၏။
"သူ ဘယ်လိုနေသေးလဲ"
ရွှီရှင်းက မေးလိုက်၏။ချီရွှယ်ဖေးကမျက်မှောင်ကြုတ်လိုက်ပြီး
ထရပ်ကာ ပြောလိုက်သည်။
"သူ့ခန္ဓာကိုယ်မှာဒဏ်ရာတစ်ချက်မှ မရှိဘူး။အဝတ်အစားမှာလည်း တိုက်ခိုက်ခံထားရတဲ့ အမှတ်အသား မရှိဘူး။တိုက်ပွဲဖြစ်ခဲ့တဲ့ လက္ခဏာလည်း မတွေ့ရဘူး။ကျွန်မ ခန့်မှန်းရသလောက်တော့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်တယ်။ရှော့ရသွားတာပဲ။"
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ.....
ရွှီရှင်းနှင့် ကျီချောင်ယန်တို့အချင်းချင်း ကြည့်လိုက်ကြ၏။
နှစ်ယောက်လုံးတစ်ချိန်တည်းမှာပင်ဆီးနှင်းတောင်ထိပ် ပေါ်၌
လုဖေးအာ ခရမ်းနက်ရောင် အလင်းတန်းကြောင့် သေခါနီးအထိ ဖြစ်ခဲ့သည့် အချိန်ကို သတိရလိုက်ကြသည်။
အဲဒီတုန်းကရွှီရှင်းသာသူမကို လက်ပတ်ထဲ ချက်ချင်း မထည့်
လိုက်ရင်သူမသည်ထိုနေရာ၌ပင် စွမ်းအားပေါက်ကွဲသော
အခြေအနေထဲ ဝင်သွားလောက်ပြီ ဖြစ်သည်။
"သူ့ကို ပြန်ကောင်းလာအောင် လုပ်နိုင်တဲ့ နည်းရှိလား"
ရွှီရှင်းက မေးလိုက်၏။
ချီရွှယ်ဖေးကခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်လေသည်။
"ခုနက အပြာရောင်အဆင့် လိမ္မော်သီး ကျွေးကြည့်ပြီးပြီ။ဒါပေမဲ့ အကျိုးမရှိဘူး။စိတ်စွမ်းအား ပြန်ဖြည့်ပေးတဲ့ ဆေးမျိုးကျွန်မဆီမှာ မရှိဘူး။"
ထို့နောက်သူမကရွှီရှင်းကို လှည့်ကြည့်လိုက်သည်။
"ဒါပေမဲ့ရှင် လုပ်နိုင်မယ် ထင်တယ်။"
"ငါလား"
ရွှီရှင်း အနည်းငယ် အံ့ဩသွား၏။
ထို့နောက်သူ၏ မျက်လုံးများ တောက်ပသွားချေသည်။
"အစ်မ ဆိုလိုတာကစိတ်စွမ်းအား ပြန်ဖြည့်ဆေးလား"
အခန်း ၅၈၁ ပြီး။