← Chapters

အခန်း ၅၈၂

Vol. 39 Ch. 582

အခန်း ၅၈၂

Vol. 39 Ch. 582

အခန်း (၅၈၂) - တာဝန်ခွဲဝေမှုပြီးမြောက်ခြင်း ၂

သူ၏ အဂ္ဂိရတ်စွမ်းရည်က အပြာရောင်အဆင့် လိမ္မော်သီး ဆယ်လုံးကို စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းပေးသော ဆေးရည် တစ်ပုလင်းအဖြစ် ပေါင်းစပ်နိုင်ပေသည်။

"မင်းရဲ့ဆေးရည်က တကယ်အကျိုးရှိနိုင်တယ်။" ကျီချောင်းယန်ကလည်း ခေါင်းညိတ်လိုက်၏။

"ငါသောက်ပြီးတဲ့အချိန် စိတ်က အရမ်းကို ကြည်လင်သွားတယ်လို့ ခံစားရတယ်။"

ကျီချောင်းယန်၏ စွမ်းရည်သည် စိတ်စွမ်းအားကို အသုံးပြုရသဖြင့် ရွှီရှင်းက သူ့အား စိတ်စွမ်းအားပြန်ဖြည့်ဆေးရည် အများအပြား ပေးထားခဲ့သည်။

ရွှီရှင်းက ခေါင်းကို ဖြည်းဖြည်းချင်းညိတ်လိုက်၏။

"ကောင်းပြီ။ ငါပြန်ပြီး စမ်းကြည့်မယ်။ အရင်ဆုံး ဒီလူတွေကို သေချာစီစဉ်ပေးလိုက်ဦးမယ်။"

ထို့နောက် သူသည် သတိမေ့နေဆဲဖြစ်သော လုဖေးအာကို လက်ကောက်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်၏။

"အီး..."

ခဲခဲက ရွှီရှင်း၏ ပခုံးပေါ်သို့ တက်လာပြီး အိပ်ချင်မူးတူးဖြစ်လာ

ပြန်သည်။

ဒီကောင်မလေးကတော့ ထပ်အိပ်တော့မည့်ပုံပင်။

သူတို့သုံးယောက်နှင့် မာဟုန်ဝေတို့သည် လူအားလုံးကို ဦး

ဆောင်ကာ သစ်ပင်အိမ်အောက်သို့ ဆင်းလာပြီး ရွှီရှင်း၏

သစ်ပင်အိမ်ဘေးရှိ သစ်ပင်အိမ်ဆီသို့ သွားလိုက်ကြသည်။

ထိုအချိန်တွင် လူတိုင်း၏ အံ့ဩနေသော မျက်လုံးများရှေ့၌ တယ်လီပို့တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး ဝမ်ကွေ့ရှင်း၊ ဝမ်လေ့တို့အားလုံး ပေါ်လာကြလေသည်။

အင်အားကြီးပုဂ္ဂိုလ်များ အားလုံး ရှေ့မှာ ရပ်နေသဖြင့် သာမန်

ရှင်သန်သူများမှာ ဖိအားကြီးသွားပြီး အသံကျယ်ကျယ် ပြောရဲသူ များမရှိတော့ပေ။

အချို့ကသာ တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။

"အိုး... ဆရာကြီးတွေအများကြီး ရှေ့မှာရပ်နေတာ... ဘယ်သူ့ကို ရွေးရမလဲ"

"ငါက ဆရာကြီးကို ရွေးရမယ့်သူလား... ဆရာကြီးက ငါ့ကို ရွေးရင်ပဲ ကောင်းမှာ..."

"ဆရာကြီးတွေ အားလုံး တကယ်ရောက်လာမယ်လို့ မထင်ထားဘူး..."

"သစ်ပင်အိမ်ကို ခုတ်ပြီး ဒီကိုလာခဲ့တာ ဒီလောကထဲရောက်ပြီးကတည်းက ငါလုပ်ခဲ့သမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ"

ဝမ်ကွေ့ရှင်း၊ ဝမ်လေ့၊ ကျောက်ရှောင်ချွမ်းတို့ကလည်း စကားပြောတတ်သူများဖြစ်သဖြင့် လူတိုင်းနှင့် ချက်ချင်း ရင်းနှီးစွာ စကားပြောဆိုလာကြသည်။

ရွှီရှင်းကတော့ လူတိုင်းအတွက် တယ်လီပို့လက်ကောက်တံဆိပ်များ ကို ဆက်တိုက် ပြုလုပ်ပေးနေပေသည်။

ထိုအချိန်တွင် လီဝမ်ရှီးက ရွှီရှင်းဆီ လျှောက်လာကာ ရွှီရှင်း၏ ပခုံးပေါ်တွင် အိပ်ငိုက်နေသော ခဲခဲကို ညင်သာစွာ ပွတ်သပ်ပြီး မေးလိုက်၏။

"ဖေးအာရော ဘာလို့ မတွေ့တာလဲ"

ရွှီရှင်းက ခဲခဲကို ရင်ခွင်ထဲ ထည့်ပွေ့ထားရင်း လုဖေးအာ၏ အခြေအနေကို ပြောပြလိုက်သည်။

"ဟင်..."

လီဝမ်ရှီး၏ မျက်နှာတွင် တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှုနှင့်

စိတ်သက်သာရာရသည့် အရိပ်အယောင် ပေါ်လာခဲ့သည်။

"တော်သေးတာပေါ့... ဖေးအာက ပြန်ရှင်နိုင်သေးလို့... မဟုတ်ရင်..."

ဒီတစ်ကြိမ်ကတော့ တကယ်ကို ကံတိုက်ဆိုင်မှုသာ ဖြစ်သည်။

အခြားရှင်သန်သူသာဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက

လုဖေးအာလောက် မပြင်းထန်နိုင်ပေ။

ဒီကိစ္စကတော့ လုဖေးအာ နိုးလာပြီးမှသာ အဖြစ်မှန်ကို မေးနိုင်တော့မည်။

"လူမရွေးတော့ဘူးလား"

ရွှီရှင်းက တယ်လီပို့တံဆိပ်များ ပြုလုပ်ရင်း လီဝမ်ရှီးကို မေး

လိုက်သည်။

"မရွေးတော့ဘူး။"

လီဝမ်ရှီးက ခေါင်းခါလိုက်၏။

"သတ္တုတူးတာက အလုပ်ကောင်းမှ မဟုတ်တာ။ နောက်ဆုံး

ကျန်တဲ့သူတွေကိုပဲ ငါခေါ်လိုက်မယ်။"

မကြာမီ ရှင်သန်သူများ၏ အဖွဲ့ခွဲဝေမှုလည်း ပြီးဆုံးသွားလေသည်။

အံ့ဩစရာကောင်းသည်မှာ ခန္ဓာကိုယ်သန်မာသည့် လူလေး

ယောက်က လီဝမ်ရှီးနှင့်အတူ သတ္တုတူးရန် ရွေးချယ်ခဲ့ကြသည်။

လူအများစုကတော့ မာဟုန်ဝေနှင့် လိုက်ချင်ကြသည်။

အကြောင်းမှာ သူ့နားမှာ နေရခြင်းသည် ရွှီရှင်း၏ နားမှာ နေရ

ခြင်းနှင့် အတူတူဖြစ်ပြီး သစ်ပင်အိမ် အပြင်လက်နက် သုတေသနအဖွဲ့ ဆိုသည့် အလုပ်ကလည်း အလွန်ခမ်းနားသည့် အလုပ်ဟု ထင်ရသောကြောင့် ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် မာဟုန်ဝေက လူနှစ်ယောက်သာ ခေါ်ထားလိုက်သည်။

ကျီချောင်းယန်ဘက်တွင်လည်း လူငါးယောက်ကျော် ရောက်သွားသည်။

တယ်လီပို့တံဆိပ်ကို ကိုင်ထားသည့် ရှင်သန်သူများမှာ စမ်းသုံး

ချင်စိတ်ဖြင့် အလွန်စိတ်လှုပ်ရှားနေကြ၏။

"ကဲ... ညီအစ်ကိုတို့ သွားကြရအောင်"

ဝမ်လေ့က လက်ကို ဝှေ့ယမ်းလိုက်၏။

"အိုး...တက္ကသိုလ် ပထမနေ့မှာ စီနီယာက အဆောင်လိုက်ပို့ပေးနေသလို ခံစားရတယ်"

"ရင်ခုန်လိုက်တာ"

တယ်လီပို့တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး လူတိုင်းကို ကိုယ်ရွေးချယ်ထားသော နေရာများသို့ ပို့ဆောင်ပေးလိုက်သည်။

ရွှီရှင်းကတော့ ဝမ်ကွေ့ရှင်းနှင့်အတူ သူမ၏ သစ်ပင်အိမ်ဘေးရှိ သစ်ပင်အိမ်ဆီသို့ သွားလိုက်၏။

"အား ခေါင်းမူးလိုက်တာ..."

ဝမ်ကွေ့ရှင်း ခေါ်လာသော လူခြောက်ယောက်စလုံး မြေကြီးပေါ်သို့ လဲကျသွားကြ၏။ထို့နောက် ဝမ်ကွေ့ရှင်း၏ သစ်ပင်အိမ်အောက်တွင် ရှိနေသော လူသုံးဆယ်ကျော်က ဝိုင်းလာကြလေသည်။

"ဘာဖြစ်တာလဲ"

"ဒါတွေက အလင်းတန်းဘက်က လာတဲ့ ညီအစ်ကိုတွေလား"

"ဘာလို့ အကုန်လုံး လဲကျသွားတာလဲ"

ဝမ်ကွေ့ရှင်းက ရှင်းပြလိုက်သည်။

"ဒါက တယ်လီပို့ရဲ့ ဘေးထွက်ဆိုးကျိုးပဲ။ ငါနင်တို့ကို အရင်က ပြောထားတယ်မဟုတ်လား... ဟေ့ ဟေ့ ငါ့နား မလာနဲ့။ ကပ်မလာနဲ့။ သေချင်နေတာလား"

"ငါမကြောက်ဘူး ငါ အစ်မဝမ်ကွေ့ရှင်းနောက် လိုက်ချင်တယ်"

"အစ်မဝမ်ကွေ့ရှင်း စိတ်ဆိုးသွားပြန်ပြီ"

"အစ်မဝမ်ကွေ့ရှင်း... ငါ့ကို နင်းသွားပါ"

"အစ်မဝမ်ကွေ့ရှင်း... ငါ မင်းနဲ့ ကလေးမွေးချင်တယ်"

"အကုန် ထွက်သွားကြ"

ဝမ်ကွေ့ရှင်းက စိတ်ကုန်စွာဖြင့်"သူ့ကိုပဲ သွားနှောင့်ယှက်ကြ။ဒါ ရွှီရှင်းပဲ။ ငါ့ထက်တောင် အင်အားကြီးသေးတယ်"

ဒီလူတွေထဲက အချို့မှာ ဝမ်ကွေ့ရှင်း ကယ်တင်ခဲ့သူများဖြစ်ပြီး သူမ၏ အံ့မခန်းစွမ်းအားကို ကိုယ်တိုင်မြင်ဖူးကြသည်။

ထို့ကြောင့် လူအများစုက မကြာမီမှာပင် ဝမ်ကွေ့ရှင်းကို လေးစားလာကြပြီး ဝမ်ကွေ့ရှင်းကလည်း ပွင့်လင်းရင်းနှီးသည့် သဘောထားရှိသဖြင့် လူတိုင်းနှင့် အဆင်ပြေစွာ ပေါင်းသင်းနေရာ ယခုလို အခြေအနေ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

"အစ်ကိုရွှီရှင်းလား"

"အိုး ဘုရားရေ"

"အရမ်းချောတာပဲ။ ငါလည်း အစ်ကိုရွှီရှင်းနဲ့ ကလေးမွေးချင်တယ်"

"ပန်ဒါနီလေးက အရမ်းချစ်ဖို့ကောင်းတာပဲ"

ရွှီရှင်းက ခါးသက်စွာ ပြုံးလိုက်ပြီး လက်ပတ်ကို ထိကာ လူတိုင်းအတွက် တယ်လီပို့တံဆိပ်များကို တစ်ခုချင်းစီ ပြုလုပ်ပေးလိုက်သည်။

ထို့နောက် ရှင်သန်သူများ၏ လေးစားအားကျနေသော မျက်လုံးများအောက်တွင် သူသည် မိမိ၏ သစ်ပင်အိမ်သို့ ပြန်လာခဲ့လိုက်သည်။

တယ်လီပို့တံဆိပ်များ ရှိနေပြီဖြစ်သောကြောင့် ဝမ်လေ့တို့ကလည်း နောက်ထပ် လူများကို တိုက်ရိုက် သွားရွေးနိုင်ပြီဖြစ်သည်။

တယ်လီပို့တံခါးထဲမှ ထွက်လိုက်သည်နှင့် မာဟုန်ဝေကို တွေ့လိုက်ရ၏။

"မင်း ဘာလို့ ဒီမှာရှိသေးတာလဲ။ရွေးထားတဲ့ နှစ်ယောက်ရော"

ရွှီရှင်းက မေးလိုက်၏။

မာဟုန်ဝေ ရွေးထားသော နှစ်ယောက်စလုံးမှာ ယောက်ျားများ

ဖြစ်ပြီး ထိုအချက်က ရွှီရှင်းကို အနည်းငယ် အံ့ဩစေသည်။

သူက မာဟုန်ဝေ အနည်းဆုံးတော့ မိန်းကလေးတစ်ယောက် ရွေးမည်ဟု ထင်ထားခဲ့၏။

"သူတို့ သစ်ပင်အိမ် စိုက်ပြီးသွားပြီ။"

မာဟုန်ဝေက သူ၏ သစ်ပင်အိမ်ဘက်ကို ညွှန်ပြလိုက်လေသည်။

"ကျွန်တော့်သစ်ပင်အိမ်ဘေးမှာ စိုက်ထားပြီး အခု အထဲက

ပစ္စည်းတွေ စီနေကြတယ်။ ကျွန်တော် က ကျန်တဲ့သူတွေကို စောင့်နေတာ။"

အမှန်ပင်၊ ဒီမှာ ညှိနှိုင်းပေးမည့်သူ တစ်ယောက်တော့ လိုနေသေးသည်။

တွက်ချက်ကြည့်လျှင် နောက်ထပ် လူသုံးဆယ် လေးဆယ်ခန့် မရောက်သေးချေ။

ဒီတာဝန်ကို မူလက လုဖေးအာအား ပေးထားသော်လည်း ယခု သူမ သတိလစ်နေသောကြောင့် မာဟုန်ဝေကသာ တာဝန်ယူရတော့သည်။

သို့သော်...

ရွှီရှင်းက မာဟုန်ဝေ၏ သစ်ပင်အိမ်ဘက်သို့ လှမ်းကြည့်လိုက်ရာ

အသစ်စိုက်ထားသော ကပ်ပါးသစ်ပင်အိမ် နှစ်လုံးသည် တစ်မီတာပိုမြင့်နေသည် ကို တွေ့လိုက်ရသဖြင့် မျက်လုံးများ လင်းလက်သွားလေသည်။

မဆိုးဘူး...

ဒါဆို သူတို့ဒေသက ကပ်ပါးသစ်ပင်အိမ်တွေဟာ အခြား

ဒေသတွေထက် အားသာချက် ရှိသွားချေပြီ။

ဒီလိုဆုလာဘ်မျိုးသာ ဆက်ရနေမယ်ဆိုရင် တကယ်ကောင်းမယ်...။

အခြားဒေသက လူတွေရဲ့ သစ်ပင်အိမ် ဒီကို ရွှေ့လာတာနဲ့ ချက်ချင်း မီတာအနည်းငယ် ပိုမြင့်သွားမယ်ဆိုရင်...

ဒီအားသာချက်ကြောင့်တောင် နယ်မြေ ၁၈၈ ကို ခိုလှုံလာမယ့်သူ အများကြီး ရှိလာနိုင်သည်။

"ကောင်းပြီ... ဒီဘက်ကိုတော့ မင်းတာဝန်ယူလိုက်။"

"ပြဿနာမရှိဘူး... အစ်ကိုရွှီရှင်း။"

မာဟုန်ဝေက အနည်းငယ် ဂုဏ်ယူသည့် အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ သုတေသနပစ္စည်းအသစ်က မနက်ဖြန်ဆို အဆင်သင့်ဖြစ်ပြီ။"

"ဟင် ဘာပစ္စည်းလဲ"

ရွှီရှင်း၏ မျက်လုံးများ လင်းလက်သွား၏။

"မနက်ဖြန်မှ မြင်ရမှာပါ အစ်ကိုရွှီရှင်း။ အချောထည်ကို တိုက်

ရိုက်ပြပေးမယ်။"

မာဟုန်ဝေက ပဟေဠိပြုံးလိုက်၏။

"မင်းကတော့ တကယ်လျှို့ဝှက်တတ်တာပဲ..."

ရွှီရှင်းက ခေါင်းခါကာ ထပ်မမေးတော့ဘဲ "ကောင်းပြီ၊ ဒါဆို မနက်ဖြန် မင်းရဲ့ သတင်းကောင်းကို စောင့်နေမယ်။"

သစ်ပင်အိမ်ထဲသို့ ပြန်ရောက်ပြီးနောက် အိပ်ပျော်နေသော ခဲခဲကို သက်သောင့်သက်သာ နေရာချထားပေးကာ ဧည့်ခန်းထဲသို့ ဝင်ပြီး လက်ကောက်ကို အသက်သွင်းလိုက်ရာသတိလစ်နေသော လုဖေးအာက ကုတင်ပေါ်တွင် ပေါ်လာခဲ့သည်။

သူမ၏ မျက်နှာပေါ်ရှိ သွေးရောင်အမှတ်အသားများ ပျောက်

ကွယ်သွားကာ မျက်နှာအရောင် အနည်းငယ် ဖျော့တော့နေပြီး အားနည်းနေသည့် အခြေအနေ သို့ ရောက်ရှိနေပေသည်။

အခုတော့ စိတ်စွမ်းအားပြန်ဖြည့် ဆေးရည်က လုဖေးအာကို နိုးထစေနိုင်မလားဆိုတာ စမ်းသပ်ရမည့်အချိန် ရောက်လာပြီဖြစ်၏။

အခန်း ၅၈၂ ပြီး။

All Chapters