← Chapters

အခန်း ၅၈၃

Vol. 39 Ch. 583

အခန်း ၅၈၃

Vol. 39 Ch. 583

အခန်း (၅၈၃) - သတိပြန်လည်လာခြင်း

စိတ်စွမ်းအားပြန်ဖြည့် ဆေးရည် ဖော်စပ်ရန်အတွက် အပြာ

ရောင်အဆင့် လိမ္မော်သီး ဆယ်လုံး နှင့် အထွေထွေ အဂ္ဂိရတ်

ပစ္စည်း တစ်ခု လိုအပ်လေသည်။

ရွှီရှင်းက သူ၏ ကျောပိုးအိတ်ကို ဖွင့်စစ်ကြည့်လိုက်၏။

"ဟမ်..."

ပစ္စည်းတွေ မလောက်တော့ဘူး။အပြာရောင်အဆင့် သံတုံးနဲ့ အနက်ရောင်ရွှေတုံးတွေ အကုန်ကုန်သွားပြီ။

ရွေးချယ်စရာမရှိတော့သဖြင့် သူသည် လီဝမ်ရှီးထံ ဖုန်းခေါ်လိုက်၏။

"ဘာကိစ္စလဲ"

လီဝမ်ရှီး၏ အသံ ထွက်လာသည်။

"မင်း အလုပ်ပြီးပြီလား"

"မပြီးသေးဘူး။ အခုမှ ငါ့ဆီရောက်လာတဲ့ လူလေးယောက်က တယ်လီပို့ရဲ့ ဘေးထွက်ဆိုးကျိုး ပျောက်သွားပြီး သစ်ပင်အိမ် စိုက်ပြီးတာပဲရှိသေးတယ်။"

"နောက်မှ အစ်မဝမ်ကွေ့ရှင်းဆီ သွားဦးမယ်။ လူနည်းနည်းလောက် ပြန်ခေါ်လာပြီး ငါ့အတွက် အလုပ်လုပ်ခိုင်းရမယ်။"

"မဆိုးဘူး။ တဖြည်းဖြည်း သတ္တုတွင်းခေါင်းဆောင်ကြီး ဖြစ်လာပြီပေါ့။ ဒီနေ့ ရလဒ်ရော ဘယ်လိုလဲ"

"သတ္တုရှာဖွေရေးသမားပါနော်"

လီဝမ်ရှီးက ရယ်လိုက်၏။

"ဒီနေ့ တစ်နေ့လုံး တူးထားတာ ပစ္စည်းတွေ အများကြီးရတယ်။ ဒါပေမဲ့ အဲဒီသတ္တုတွင်းက ငါတူးလို့ ကုန်ခါနီးပြီ။ နောက်တစ်ခု ထပ်ရှာရတော့မယ်..."

သူမက ခဏရပ်ပြီး "နားလည်ပြီ...ရှင် ပစ္စည်းထပ်လိုနေပြန်တာလား"

"ဟုတ်တယ်။ လုဖေးအာကို ကုသဖို့ စိတ်စွမ်းအားပြန်ဖြည့် ဆေးရည် ဖော်စပ်ရမှာ။ အပြာရောင်အဆင့် သံတုံးနဲ့ စတီးတုံးတွေ မလုံလောက်တော့ဘူး။"

"အပြာရောင်အဆင့်ပဲလား ငါ အခုပဲ ပို့ပေးလိုက်မယ်။"

လီဝမ်ရှီးက ချက်ချင်းပင် ကုန်သွယ်မှုတစ်ခု စတင်လိုက်၏။

"ဒါနဲ့..."

"ဒီနေ့ ရိတ်သိမ်းမှု အရမ်းကောင်းတယ်။ ခရမ်းရောင်အဆင့် လက်နက်အစုံ လုပ်ဖို့ ပစ္စည်းတော့ လုံလောက်သွားပြီ"

"ဒါပေမဲ့ သတ္တုမကျိုရသေးဘူး။ ညကျရင် ပစ္စည်းပြည့်သွားတဲ့အချိန် ရှင့်ဆီ လာခဲ့မယ်။"

နှစ်ယောက်သား ခဏစကားပြောပြီးနောက် ဖုန်းချလိုက်ကြ၏။

ရွှီရှင်းက အောက်ထပ်ရှိ အဂ္ဂိရတ်ခန်း သို့ ဆင်းသွားပြီး စိတ်စွမ်းအားပြန်ဖြည့် ဆေးရည် နှစ်ပုလင်းကို ချက်ချင်း ဖော်စပ်လိုက်သည်။

"ဟင် ဒါက..."

အပေါ်ထပ်သို့ ပြန်တက်မည့်အချိန်တွင် အဂ္ဂိရတ်စာရင်းထဲ၌ ဖော်စပ်နည်းအသစ် တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

[အမြင်အာရုံမြှင့်တင်ဆေးရည် (ခရမ်းရောင်အဆင့်):

အမြင်အာရုံကို အလွန်တိုးတက်စေပြီး အမြဲတမ်းအကျိုးသက်ရောက်မှု ရရှိစေသည်။ ထို့အပြင် ဖောက်ထွင်းမြင်နိုင်သော

မျက်စိစွမ်းရည် ကို အမြဲတမ်းရရှိနိုင်ရန် အခွင့်အရေးတစ်ခု ရှိသည်။]

[လိုအပ်သောပစ္စည်းများ - အနီရောင်ဘယ်ရီသီးအကြီး

(ခရမ်းရောင်အဆင့်) ×၁၀။ အထွေထွေ အဂ္ဂိရတ်ပစ္စည်း (ခရမ်းရောင်အဆင့်) ×၁]

ခရမ်းရောင်အဆင့် အဂ္ဂိရတ်ဆေးရည်.....

မထင်ထားဘဲ ခရမ်းရောင်အဆင့် ဆေးရည်တစ်မျိုး ပေါ်လာလေသည်။ခရမ်းရောင်အသီး ရိတ်သိမ်းပြီးမှ ဖော်စပ်နည်းအသစ် ပွင့်လာတာ ဖြစ်နိုင်ပေသည်။

ဒီဆေးရည်က အမြင်အာရုံကို အလွန်တိုးတက်စေရုံသာမက ဖောက်ထွင်းမြင်နိုင်သော မျက်စိစွမ်းရည် ကိုပါ အမြဲတမ်း ရရှိနိုင်သည့် အခွင့်အရေး ရှိချေသည်။

တကယ့်ကို အားကောင်းလွန်း၏။သို့သော် လိုအပ်သည့် ပစ္စည်းထဲတွင် သူ လက်ရှိ မလုပ်နိုင်သေးသည့် အရာတစ်ခု ရှိနေသည်။

ခရမ်းရောင်အဆင့် အထွေထွေ အဂ္ဂိရတ်ပစ္စည်းပင်။

အပြာရောင်အဆင့် အထွေထွေ အဂ္ဂိရတ်ပစ္စည်း ဖော်စပ်ရန်

ဗီဇပြောင်းအပင်ရည်၊အပြာရောင်သံမှုန့်၊အပြာရောင် ငွေမှုန့်၊ ရွှေမှုန့် သို့မဟုတ် အနက်ရောင်ရွှေမှုန့်တို့ လိုအပ်ပေသည်။

ခရမ်းရောင်အဆင့် ဖော်စပ်ဖို့ဆိုရင် အဲဒီပစ္စည်းတွေလည်း အဆင့်မြင့် တော့ပေမည်။

"ထားလိုက်တော့..."

အခုတော့ မလိုသေးပါဘူး။ဖောက်ထွင်းမြင်နိုင်တဲ့ မျက်စိ

စွမ်းရည် ကို အမြဲတမ်းရဖို့လည်း မလိုအပ်သေးဘူး။

သေချာပေါက် ရမှာလည်း မဟုတ်ဘဲ ဖြစ်နိုင်ခြေတစ်ခုသာ ရှိတာ ဖြစ်သည်။

နောင် ပစ္စည်းများလာသည့်အချိန်မှပဲ စဉ်းစားတော့ပေမည်။

ထို့အပြင် သူ့လက်ထဲတွင် ခရမ်းရောင်အဆင့်အနီရောင်ဘယ်ရီသီးအကြီး ဆယ့်ခြောက်လုံးတောင် ကျန်နေသေးသည်။

ဒီအသီးတွေက တန်ဖိုးမဖြတ်နိုင်သော ရတနာများပင်။

စိတ်စွမ်းအားပြန်ဖြည့် ဆေးရည် နှစ်ပုလင်းကို ကိုင်ကာ ရွှီရှင်းသည် တတိယထပ်ရှိ ဧည့်ခန်းအိပ်ခန်းသို့ ပြန်လာခဲ့၏။

သူက လုဖေးအာကို ဖြည်းညင်းစွာ ထိုင်စေကာ ပါးနှစ်ဖက်ကို အသာညှစ်ပြီး ပါးစပ်ဖွင့်စေလိုက်သည်။

ထို့နောက် စိတ်စွမ်းအားပြန်ဖြည့် ဆေးရည်တစ်ပုလင်းကို ပါးစပ်ထဲ လောင်းထည့်လိုက်တော့သည်။

သတိမေ့နေသော လုဖေးအာ၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားပြီး မသိစိတ်ဖြင့် လိမ္မော်အရသာရှိသော ဆေးရည်တစ်

ပုလင်းလုံးကို မျိုချလိုက်လေသည်။

"အွန်း..."

ချက်ချင်းပင် သူမ၏ လည်ချောင်းထဲမှ ညည်းသံတိုးတိုး ထွက်ပေါ်လာသည်။

ထို့နောက်...

သူမ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာ၏။

အစပိုင်းတွင် မျက်လုံးထဲ၌ ရှုပ်ထွေးမှုသာ ရှိနေသော်လည်း မကြာမီမှာပင် မျက်လုံးများ ပြူးကျယ်လာပြီး မျက်ဝန်းများ ကျုံ့သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

သူမက ရုတ်တရက် ထထိုင်ရန် ကြိုးစားလိုက်သော်လည်း ယခုအချိန်တွင်မူ သူမက အားနည်းနေသည့် အခြေအနေ ဖြစ်နေ

သဖြင့် ခန္ဓာကိုယ်က မကြွနိုင်ဘဲ ရှေ့သို့ ယိုင်ကျသွားပြီး အိပ်ရာပေါ်သို့ ပြန်လဲကျသွားပေသည်။

"အွတ်..."

လုဖေးအာက လက်ဖြင့် ခန္ဓာကိုယ်ကို ထောက်ထားရင်း ရွှီရှင်းကို ငေးကြည့်နေမိသည်။

ထို့နောက် သူမ၏ မျက်လုံးများက တဖြည်းဖြည်း ကြည်လင်လာကာ "ဟင် ဒါ... သစ်ပင်အိမ်ထဲမှာလား။ ငါ... ငါ..."

"အခု ဘယ်လိုခံစားရလဲ"

ရွှီရှင်းက မေးလိုက်၏။

"အခု..."

လုဖေးအာ ရုတ်တရက် တစ်ခုခု သတိရသွားလေသည်။

"ဟုတ်သားပဲ ငါ စွမ်းအားပေါက်ကွဲတဲ့အခြေအနေထဲ ဝင်သွားခဲ့တာ"

သူမ၏ မျက်လုံးများ တုန်ခါသွားလေသည်။သူမက ရွှီရှင်း ရှိနေတာကို ဂရုမစိုက်ဘဲ အဝတ်ကော်လာကို ဖြဲကာ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။

"သွားပြီ... သွေးကြောအမှတ်အသားတွေ ပိုထူလာပြီ..."

"ဟီး... ငါ တကယ် ဘီလူးဖြစ်တော့မှာပဲ..."

ရွှီရှင်းလည်း မြင်လိုက်ပေသည်။သူမ၏ ရင်ဘတ်ပေါ်ရှိ သွေးကြောအမှတ်အသားများ က အရင်ကထက် သိသိသာသာ ပိုထူလာလေသည်။

ယခင်က သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများမှာ ခပ်ကျဲကျဲသာ ရှိသေးပြီး အဆင့်နိမ့် သတ္တဝါများလောက်တောင် မထူသေးပေ။

သို့သော် ယခုတွင်...

သွေးကြောသိပ်သည်းဆအရ ဆိုလျှင် အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများနှင့် တန်းတူနီးပါး ဖြစ်လာချေပြီ။

"ဒါဆို... အခု ဘယ်လိုခံစားရလဲ"

ရွှီရှင်းက ထပ်မေးလိုက်၏။

"ခံစားရတာတော့..."

လုဖေးအာ လက်မောင်းကို မြှောက်လိုက်ပြီး "ပြီးခဲ့တဲ့တစ်ခေါက် တုန်းကထက် အများကြီး ကောင်းတယ်။"

"အဲဒီတုန်းက လက်တောင် မမြှောက်နိုင်ဘူး။ အခုဆို အောက်ဆင်းပြီး လမ်းလျှောက်နိုင်လောက်တယ်။"

မာဟုန်ဝေ၏ ဒုတိယအကြိမ် ဗီဇပြောင်းပြီးနောက် အခြေအနေနှင့် အတော်တူနေသည်။

အားနည်းနေသည့် ကာလက တဖြည်းဖြည်း ပိုမိုသက်သာလာပုံရသည်။

"ဟုတ်သား"

လုဖေးအာက ရုတ်တရက် အော်လိုက်ပြီး ရွှီရှင်း၏ လက်မောင်းကို အမြန်ဆွဲကိုင်လိုက်သည်။

"ငါ... ငါ... ငါ..."

"ငါ အမွေးတွေဖုံးနေတဲ့ဘီလူးတစ်ကောင်ကို ထိုးလိုက်တယ်"

"ပြီးတော့... အရမ်းအရပ်ရှည်တဲ့ကောင်"

"နှစ်မီတာကျော်တောင် ရှိတဲ့ အမွေးတွေဖုံးနေတဲ့ဘီလူး"

ထို့နောက် သူမကြုံတွေ့ခဲ့သမျှကို ရွှီရှင်းအား စတင်ပြောပြလေတော့သည်။

အခန်း ၅၈၃ ပြီး။

All Chapters