← Chapters

အခန်း ၁၃၀

Vol. 12 Ch. 130

အခန်း ၁၃၀

Vol. 12 Ch. 130

အပိုင်း (၁၃၀) နှင်းဖားဆီအနှစ်။

တခြားတစ်ဖက်တွင်မူ ချန်ယုသည် ဟင်းချက်ပြုတ်ရေးဌာန၏ အတိတ်က ထည်ဝါခဲ့မှုများကို အဆက်မပြတ် ပြောပြနေခဲ့၏။ တစ်ဖန် ဟင်းချက်ပြုတ်ရေးဌာန၏ ယခုကဲ့သို့ ကျဆင်းလာမှုအတွက်လည်း မကြာခဏ သက်ပြင်းချ ညည်းတွားနေခဲ့သည်။

ချန်ယု၏ဖခင်မှာ ဟင်းချက်ပြုတ်ရေးဌာန၏ ဌာနမှုးချုပ်ပင် ဖြစ်၏။ ထို့ကြောင့် ဌာန၏ အတက်အကျနှင့် ပတ်သက်ပြီး သူက အလွန် ဂရုစိုက် ပူပန်နေခြင်း ဖြစ်သည်။ ဟုန်ရှောင်ပေါင်သည် ဤအချက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ နားလည်၏။ ကျောက်တုံး အဆောက်အအုံတန်းကြီးကို ဖြတ်ကျော်သွားချိန်တွင် သူ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ထိုစဉ်က ဤနေရာကို ဟင်းချက်ပြုတ်ရေးဌာန၏ မွေးမြူရေးခြံဖြစ်မည်ဟု သူ ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ယခု မြင်တွေ့ရပုံအရတော့ ဤနေရာမှာ သားရဲယဉ်ပါးရေး စံအိမ်က သားရဲများကို လှောင်ပိတ်ထားသည့် နေရာ ဖြစ်ပေသည်။

တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ကြရာ နှစ်ဦးသား ဟင်းချက်ပြုတ်ရေးဌာနဆီသို့ ရောက်ရှိလာခဲ့ကြ၏။

ဤတစ်ကြိမ်တွင်မူ လမ်းညွှန်ပေးသူ ရှိနေချေပြီ။ ချန်ယုက ပေါင်းပင်များ ဖုံးလွှမ်းနေသည့် မြေကွက်လပ်တစ်ခုကို ဖြတ်ကျော်စဉ်တွင် ပြောလိုက်သည်။

"ဒီသေသေသပ်သပ် စီစဉ်ထားတဲ့ နေရာတွေက ဟင်းချက်ပြုတ်ရေးဌာနရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေပဲ။ အရင်တုန်းက ဟင်းချက်ပြုတ်ရေးဌာန ထည်ဝါခဲ့ချိန်မှာ ဒီပတ်ဝန်းကျင် လေးလီပတ်လည် တစ်ခုလုံးမှာ အမျိုးမျိုးသော ဆေးဘက်ဝင် အပင်တွေကို စိုက်ပျိုးထားခဲ့ကြတယ်။"

ချန်ယုက အနောက်ဘက်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။ လက်ညှိုးထိုးပြသည့် နေရာမှာ ကောင်းကင်ယံအထိ မြင့်မားသည့် သစ်ပင်ကြီးများကြားသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ "လေယင်ရေကန်ကလွဲရင် ဒီနေရာဟာ လေယင်နန်းဆောင်မှာ ဝိညာဉ်ရေးရာ စွမ်းအင် အထူထပ်ဆုံး နေရာပဲ။ ဒါပေမဲ့ အခုတော့ ကျဆင်းသွားခဲ့ပြီ။ အဆင့်မြင့်တဲ့ ဆေးမြစ်တွေကို စိုက်ပျိုးတဲ့နည်းလမ်းတွေက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သလို၊ စိုက်ပျိုးနည်း ရှိရင်တောင် ဆက်ပြီး စိုက်ပျိုးနိုင်စွမ်း မရှိတော့ဘူး... ဟင်း..."

ဟုန်ရှောင်ပေါင်ကလည်း ကြုံသလို ဝင်ရောက် ပြောဆိုနေခဲ့၏။ “ဪ”

ချန်ယုက ဆက်ပြောသည်။ "ဟင်းချက်ပြုတ်ရေးဌာနက တကယ်ပဲ ကျဆင်းနေခဲ့ပါပြီ။ အရင်တုန်းကသာ ပြိုင်ဘက်ကင်း ထည်ဝါခဲ့မှုမျိုး မရှိခဲ့ဘူး ဆိုရင် အခုလောက်ဆို ဌာနကို ဖျက်သိမ်းခံရလောက်ပြီ။ ဒါပေမဲ့ ဌာနက ရသင့်တဲ့ လစဉ်ရငွေတွေကတော့ မလျော့နည်းသွားပါဘူး။ ပြီးတော့ ညီလေးဟုန်ကို ကတိပေးထားတဲ့ စည်းကမ်းချက်တွေကိုလည်း သေချာပေါက် လုပ်ဆောင်ပေးသွားမှာပါ။ သွားကြစို့။ မင်းကို ကုန်ကြမ်းပစ္စည်း ဌာနဆီ ခေါ်သွားပြမယ်။"

စောစောက ဟင်းချက်ပြုတ်ရေးဌာနဆီသို့ လာစဉ်တည်းက ဟုန်ရှောင်ပေါင်သည် လက်ရာမြောက်စွာ ထုဆစ် ရေးဆွဲထားသည့် ဤအဆောက်အအုံကြီးကို သေသေချာချာ ကြည့်ရှုခဲ့ပြီး ဖြစ်၏။ ယခု အနီးကပ် မြင်တွေ့ရချိန်မှာတော့ ပို၍ပင် တုန်လှုပ်သွားခဲ့ရ၏။

ဤအဆောက်အအုံ၏ အပေါ်တွင်လည်း ဝိညာဉ်ရေးရာ စွမ်းအင်များကို သေချာပေါက် အသုံးပြုထား၏။ အလင်းရောင်များက ဖြည်းညင်းစွာ စီးဆင်း လှည့်ပတ်နေသည်။ တစ်ဆောင်လုံးသည် အလင်းရောင် မပြင်းထန်သည့် မီးရောင်စုံ တွေ တပ်ဆင်ထားသည့်အလား ထူးခြား ဆန်းကြယ်လွန်းလှပေသည်။

"လေယင်နန်းဆောင် ဌာနချုပ်မှာ ဆရာမ လျန်ယွင် တည်ဆောက်ခဲ့တဲ့ ဟင်းချက်ပြုတ်ရေးဌာန တစ်ခု ရှိတယ်။ ဒဏ္ဍာရီတွေအရတော့ အဲဒီဌာနမှာ ထူးခြားဆန်းကြယ်တဲ့ အချက်ပေါင်း ကိုးရာကိုးဆယ့်ကိုးခု ရှိတယ်လို့ ဆိုကြတယ်..."

ချန်ယုသည် အဆောက်အအုံကို ကြည့်ရင်း အလွန်အမင်း တောင့်တသည့် အမူအရာ ပေါ်ထွက်လာခဲ့၏။ "ငါတို့ ဌာနရဲ့ ဌာနချုပ်က ဟင်းချက်ပြုတ်ရေးဌာနကို အတုယူပြီး တည်ဆောက်ထားတာ ဖြစ်တယ်။ အခုဆိုရင် နှစ်ပေါင်း ထောင်နဲ့ချီပြီး ကြာမြင့်နေလောက်ပြီ။ ဒါပေမဲ့ အဆောက်အအုံ တည်ဆောက်ပုံက မပျက်စီးဘူး၊ ဒေါက်တိုင်တွေ မဆွေးမြေ့ဘူး၊ ခြင်နဲ့ ပိုးမွှားတွေ မခိုအောင်းဘူးဆိုတော့ အတော်လေး ကောင်းမွန်နေသေးတယ်လို့ ဆိုရမယ်။"

ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။ ဤအဆောက်အအုံ၏ အောက်တွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်။ ထိုခံစားချက်က အနည်းငယ် ဆန်းကြယ်လှ၏။ ဖော်ပြရမည်ဆိုလျှင် စိတ်လက်ပေါ့ပါး လန်းဆန်းစေသည့် ခံစားချက်မျိုးပင် ဖြစ်သည်။

"သုံးလွှာနဲ့ လေးလွှာက ကုန်ကြမ်းပစ္စည်း ဌာနတွေပဲ။ ဒါပေမဲ့ အခု လေးလွှာမှာ ဘာပစ္စည်းမှ မရှိတော့ဘူး။ သုံးလွှာမှာပဲ ကြည့်ပျော်ရှုပျော် ပစ္စည်းလေးတွေ ကျန်တော့တယ်။ အရင်တုန်းက ဟင်းချက်ပြုတ်ရေးဌာန အထွတ်အထိပ် ရောက်ခဲ့ချိန်မှာ လေးလွှာတစ်ခုလုံးမှာ ဆေးဘက်ဝင် အပင်တွေချည်းပဲ ပြည့်နှက်နေခဲ့တာ... ဟင်း..."

တစ်ချိန်က ထည်ဝါခဲ့ဖူးသူ၊ ချမ်းသာခဲ့ဖူးသူတိုင်းသည် ကျဆင်းလာသည့်အချိန်တွင် အတိတ်ကို ပြန်လည် တမ်းတတတ်ကြစမြဲ ဖြစ်၏။ ချန်ယုသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။ အနည်းငယ် စကားများနေပြီး အဆက်မပြတ် တတွတ်တွတ် ပြောဆိုနေခဲ့၏။

ရှောင်ပေါင်က တွေးလိုက်သည်။ “ဒီလူ အနာဂတ်မှာသာဆိုရင် မန်ယူပရိသတ်ဖြစ်လောက်တယ်။”

ဟုန်ရှောင်ပေါင်သည် လှေကားအတိုင်း တစ်လှမ်းချင်း တက်သွားခဲ့သည်။ ဤအဆောက်အအုံမှာ စုစုပေါင်း ငါးထပ် ရှိ၏။ မည်သည့် သစ်သားဖြင့် ပြုလုပ်ထားသည် မသိရသော်လည်း သဲ့သဲ့မျှသာ ရရှိနိုင်သည့် မွှေးရနံ့တစ်ခု ထွက်ပေါ်နေသည်။ ထို့အပြင် သစ်သားမှာ အလွန် သိပ်သည်းကျစ်လျစ်လှရာ သံမဏိထက် မလျော့နည်းလောက်ချေ။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုထက်တိုင် အက်ကွဲကြောင်း တစ်ကြောင်းမျှပင် မရှိခဲ့ချေ။

သူတို့နှစ်ဦး စကားပြောရင်း လျှောက်လှမ်းလာခဲ့ကြရာ သုံးလွှာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြ၏။

ချန်ယုက တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်။

ဟုန်ရှောင်ပေါင်ကို အံ့အားသင့်စေခဲ့သလို၊ ယုတ္တိတန်သည်ဟုလည်း ခံစားလိုက်ရသည့် အချက်မှာ တံခါးပေါ်တွင် အချို့သော အစီအရင် တားဆီးမှုများ သေချာပေါက် ရှိနေခြင်းပင် ဖြစ်၏။ အံ့အားသင့်ရခြင်းမှာ ဟင်းချက်ပြုတ်ရေး ဌာနက ဤမျှလောက် ကျဆင်းနေသည့်တိုင် အစီအရင် တားဆီးမှုများ ရှိနေသေးသောကြောင့် ဖြစ်ပြီး၊ ယုတ္တိတန်သည်ဟု ခံစားရခြင်းမှာ ဟင်းချက်ပြုတ်ရေးဌာန ကျဆင်းနေသည် ဆိုသော်ငြား ဂုဏ်သရေကတော့ လုံးဝ ကျဆင်းမသွားသေးသောကြောင့် ဖြစ်၏။

"ဒီနေရာက ကုန်ကြမ်းပစ္စည်း ဌာနပဲ။ သာမန် လောကအမြင်နဲ့ ဆိုရင်တော့ အကောင်းဆုံး ပစ္စည်းတွေလို့ ဆိုရမယ်။ ဒါပေမဲ့ ဆေးဘက်ဝင် အပင်တွေကတော့ အရမ်း နည်းပါးလွန်းတယ်။ တစ်ခါတလေ တစ်ပင်၊ နှစ်ပင်လောက် ရှိတတ်ပေမဲ့ အားလုံးက အညံ့ဆုံး အဆင့်အတန်းတွေချည်းပဲ။ ညီလေးဟုန်ကို ရယ်စရာ ဖြစ်သွားစေပြီ။" ချန်ယုက ရှက်ရွံ့စွာ ပြောလိုက်သည်။

သူသည် ဟုန်ရှောင်ပေါင်၏ နောက်ခံအကြောင်းကို သေချာ မသိသော်လည်း အလွန်အမင်း တုန်လှုပ်စရာ ကောင်းလိမ့်မည်ကိုတော့ သိရှိထားသည်။ ထိုသို့မဟုတ်လျှင် တန်ဖိုး ဝိညာဉ်ကျောက်တုံး သုံးထောင် တန်ကြေးရှိသည့် ရှန်သံ ဒယ်အိုးကြီးကို သာမန်လူ တစ်ယောက်က မည်သို့မျှ မဖန်တီးနိုင်ချေ။ ထိုဒယ်အိုးနှင့် ပတ်သက်ပြီး ချန်ယုမှာ အလွန်အမင်း မနာလို အားကျနေခဲ့၏။

"အို..." ဟုန်ရှောင်ပေါင် တစ်လှမ်းချင်း လျှောက်ဝင်သွားခဲ့သည်။

ဤနေရာ၏ ပြင်ဆင် ထားရှိမှုများမှာ စူပါမားကတ် တစ်ခုနှင့် အနည်းငယ် တူညီနေသည်။ လူတစ်ရပ်စာ မြင့်မားသည့် စင်တန်းများကို အစဉ်လိုက် ချထား၏။ စင်တန်းများပေါ်တွင် လေးထောင့် သေတ္တာငယ်များ ရှိနေပြီး၊ ထိုအပေါ်တွင် အမျိုးမျိုးသော စားသောက်ကုန် ကုန်ကြမ်းများကို ထည့်သွင်းထား၏။

တစ်လျှောက်လုံး ကြည့်ရှုပြီးနောက် ဟုန်ရှောင်ပေါင် သက်ပြင်းချလိုက်မိ၏။ တကယ်ပဲ ချန်ယု ပြောသကဲ့သို့ပင် ဖြစ်သည်။ စားသောက်ကုန် ကုန်ကြမ်းများက အလွန် များပြားပြီး အများစုမှာ သာမန်လောကတွင် မြင်တွေ့ရန် အလွန် ခက်ခဲသည့် အကောင်းဆုံး စားသောက်ကုန်များ ဖြစ်ကြ၏။ သို့ပေမည့် ဝိညာဉ်ရေးရာ စွမ်းအင်များ ပါဝင်သည့် အရာများမှာမူ အလွန် ရှားပါးလွန်းလှသည်။ တစ်ခါတရံ တစ်ခု၊ နှစ်ခုလောက် တွေ့ရသော်လည်း နွားမြီးမြက်၊ လျှပ်စီးသခွားသီးတို့နှင့် အဆင့်တူ ပစ္စည်းများသာ ဖြစ်ကြသည်။

"ဟားဟား... ဒါတွေက ဧကရာဇ်တွေတောင် မြင်တွေ့ရခဲတဲ့ ပစ္စည်းကောင်းတွေချည်းပဲ။" ဟုန်ရှောင်ပေါင်က ယဉ်ကျေးစွာ ပြောဆိုလျက် တစ်ခုပြီးတစ်ခု လိုက်လံ ကြည့်ရှုနေခဲ့၏။

ရုတ်တရက်ဆိုသလို ယင်းကျိုယို၏ အသံက ဟုန်ရှောင်ပေါင်ကို လှမ်းခေါ်လိုက်သည်။ "ငါ့ကောင်... ဆယ့်တစ်တန်းမြောက် စင်ဆီကို သွားစမ်း။"

"လာပြီ … လာပြီ။"

ဟုန်ရှောင်ပေါင် စိတ်ထဲတွင် အလွန် ဝမ်းသာသွားခဲ့၏။ အဘိုးက ပစ္စည်းကောင်းတစ်ခုကို ထပ်ပြီး ရှာတွေ့ပြန်ပြီပေါ့။ ယခုအခိုက်အတန့်တွင် အလျင်စလိုမလုပ်ဘဲ ဟိုကြည့်၊ ဒီကြည့် ပုံစံဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။ ထိုအခါမှသာ အဘိုးအို ပြောသည့် အရာကို မြင်တွေ့လိုက်ရ၏။

ဒါက … ဒါက ဘာကြီးလဲ။

ဟုန်ရှောင်ပေါင်သည် ဤအရာက ဘာကြီးလဲ ဆိုသည်ကို တကယ် ပြောမပြတတ်အောင် ဖြစ်နေခဲ့၏။ ပလတ်စတစ် အရည်ပျော်ပြီးနောက် ဘာပုံသဏ္ဌာန်မှ မရှိဘဲ ကျပန်း စုစည်းသွားသည့် ပုံစံမျိုးနှင့်လည်း တူသည်။ လေတိုက်ခံရပြီး ခြောက်သွေ့သွားသည့် အဆီခဲတစ်ခုနှင့်လည်း တူနေ၏။ အပေါ်တွင် ဖုန်မှုန့်များစွာ ဖုံးလွှမ်းနေပြီး အချို့သော ဖုန်မှုန့်များမှာ အတွင်းပိုင်းအထိ စိမ့်ဝင်နေသောကြောင့် အလွန် ညစ်ပတ်နေသည့် ပုံ ပေါ်နေသည်။

"အနည်းဆုံး သမိုင်းကြောင်း နှစ်ထောင် ကြာမြင့်နေပြီ ဖြစ်တဲ့ နှင်းဖားဆီအနှစ်ပဲ။"

ယင်းကျိုယိုက တဟားဟား ရယ်မော၍ ပြောလိုက်၏။ "မင်း ကံကောင်းသွားပြီ ငါ့ကောင်။"

"နှင်းဖားလား။" ဟုန်ရှောင်ပေါင် အံ့အားသင့်သွားခဲ့၏။ ဤကမ္ဘာတွင် လူလုပ် မွေးမြူရေး မရှိသေးချေ။ ထို့ကြောင့် အလွန် ရှားပါးသည့် ပစ္စည်းတစ်ခုဟု ဆိုရမည်။ သို့ပေမည့် ၎င်းမှာ သာမန်လောကတွင်သာ ဖြစ်၏။

အဘိုးအိုက ပြောလာမှတော့ ထူးခြားသည့် အသုံးဝင်မှု ရှိနေပေလိမ့်မည်။ ဝိညာဉ်ရေးရာ စွမ်းအင်ဖြင့် တစ်ချက် စမ်းသပ်ကြည့်သော်လည်း ထူးခြားချက် တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ချေ။

"ဒါက အရမ်း သာမန်ဖြစ်တဲ့ ပစ္စည်းတစ်ခု မဟုတ်ဘူးလား။"

"ကမ္ဘာလောကမှာရှိတဲ့ အရာအားလုံးမှာ သူ့နေရာနဲ့သူ ထူးခြားတဲ့ အသုံးဝင်မှုတွေ ရှိကြတယ်။ နွားမြီးမြက်လိုမျိုးပေါ့။ အဲဒါက အခြေခံ ဒဏ်ရာပျောက်ဆေး အတွက် အလွန် ကောင်းမွန်တဲ့ ကုန်ကြမ်း တစ်ခုပဲ။" ယင်းကျိုယိုက ထိုနှင်းဖားဆီအနှစ်ကို အဆက်မပြတ် ကြည့်ရှုနေရင်း ပြောလိုက်၏။ "ဒါဟာ ခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ် ရဲ့ အဓိက ကုန်ကြမ်းတွေထဲက တစ်ခုပဲ။"

"ခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ် လား။" ဟုန်ရှောင်ပေါင် အနည်းငယ် မှင်တက်သွားခဲ့၏။

"မှန်တယ်။ နာမည်အတိုင်းပဲ... ဒီအဆီအနှစ်က ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အတွက် အသုံးပြုတာ ဖြစ်တယ်။ ဘယ်အဆင့်မှာ ရှိတဲ့ ကျင့်ကြံသူပဲ ဖြစ်ပါစေ... သူတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ ပျံ့နှံ့ တည်ရှိမှုက မညီမျှကြဘူး။ ဒီလို မညီမျှမှုက နောင်တစ်ချိန် ကျင့်ကြံခြင်း လမ်းကြောင်းအတွက် အန္တရာယ် သဲလွန်စ အများကြီးကို မြှုပ်နှံထားသလို ဖြစ်စေလိမ့်မယ်။

ဒီအခြေအနေက အဆင့်နိမ့် ကျင့်ကြံသူတွေမှာ ပိုပြီး သိသာထင်ရှားတယ်။ အထူးသဖြင့် အဆင့်သစ်ကို အောင်မြင်ခါစ လူတွေမှာပေါ့။ များပြားတဲ့ ဝိညာဉ်ရေးရာ စွမ်းအင်တွေက သွေးကြောဆုံမှတ်တွေဆီမှာ စုပုံနေတတ်တယ်။ များသောအားဖြင့် ဒီစွမ်းအင်တွေ အကုန် ပျံ့နှံ့ ကုန်ခမ်းသွားဖို့ တစ်နှစ် ဒါမှမဟုတ် အဲဒီထက် ပိုကြာတဲ့ အချိန်ကို လိုအပ်တတ်တယ်။ သေချာပေါက် ... မင်းရဲ့ တန်လန် ခန္ဓာကိုယ်နဲ့ ဆိုရင်တော့ ဘယ်လောက်ပဲ များပြားတဲ့ ဝိညာဉ်ရေးရာ စွမ်းအင်တွေ စုပုံနေပါစေ... သူ့ဘာသာ ဖြည်းဖြည်းချင်း ပျော်ဝင်သွားလိမ့်မယ်။ ဒါက ပန်းကလေးအပေါ် ပိုးထည် အုပ်ပေးသလို ပိုပြီး ကောင်းမွန်သွားစေရုံလောက်ပဲ။"

"ဟား... ပန်းကလေးက ဘယ်လောက်ပဲ သေးငယ်နေပါစေ... ပန်းကတော့ ပန်းပဲလေ။"

ဟုန်ရှောင်ပေါင် အလွန်အမင်း ဝမ်းသာသွားခဲ့၏။ ချက်ချင်း ပြောလိုက်သည်။ "ဒီမင်းသားလေး ဆုံးဖြတ်လိုက်ပြီ။ ဒီနှင်းဖားဆီအနှစ်က ဒီမင်းသားလေးရဲ့ အပိုင်ပဲ။"

All Chapters