← Chapters

အခန်း ၁၃၂

Vol. 12 Ch. 132

အခန်း ၁၃၂

Vol. 12 Ch. 132

အပိုင်း (၁၃၂) ပြိုင်ဆိုင်မှုသာ အဓိက။

"ဘယ်သူ့ရဲ့ သက်ညှာမှုကိုမှ မလိုဘူး။" ရွှီကျင်းက ဒေါသတကြီး ဆိုသည်။

ချန်ယုက သူတို့နှစ်ဦး ယှဉ်ပြိုင်မည့်ကိစ္စအား တားဆီးနေသည်ကို မြင်သောအခါ ဟုန်ရှောင်ပေါင်ကို ဘက်လိုက် ကာကွယ်ပေးနေသည် ဟုသာ ထင်မှတ်သွားပြီး ယုံကြည်မှုများ ပိုမို တိုးပွားလာခဲ့သည်။ "ဒီဟင်းချက်ပြုတ်ရေး ဌာနမှာ ယှဉ်ပြိုင်ရမှာက သဘာဝကျကျပဲ အချက်အပြုတ်ပညာ ဖြစ်တယ်။ တခြားသူတွေရဲ့ လေးစားမှုကို ရချင်တယ် ဆိုရင် ထိုက်တန်တဲ့ စွမ်းရည် ရှိရမယ်။ တစ်ယောက်ယောက်နဲ့ ရှိတဲ့ ပတ်သက်မှုကို အားကိုးပြီး ဒီနေရာမှာ လာပြီး ဗိုလ်ကျနေတာမျိုး မဖြစ်စေရဘူး။"

"အစ်ကိုကြီး။" ဝူကော်အာ စိုးရိမ်တကြီး ဖြစ်သွား၏။ သူ၏ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲလိုက်သော်လည်း ဒေါသ ထွက်ပေါ်နေသည့် ရွှီကျင်းက ဖြတ်ခနဲ ခါချပစ်လိုက်၏။

"ကောင်းပြီ... ကောင်းတယ်။" ချန်ယု၏ မျက်နှာကြီး သံမဏိရောင် သန်းသွားခဲ့၏။ သာမန်အချိန်များတွင် ရွှီကျင်းသည် သူ့အပေါ် အတော်လေး လေးစားမှု ရှိခဲ့သည်။ သို့ပေမည့် ယနေ့တွင် သူ၏ စကားများက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ချေပြီ။ သူသာ ရွှီကျင်းကို ဆက်ပြီး ကာကွယ်ပေးနေဦးမည် ဆိုလျှင် ဟုန်ရှောင်ပေါင်ကို ဘက်လိုက်သည် ဆိုသည့် ကိစ္စက အမှန်တကယ် အတည်ဖြစ်သွားပေလိမ့်မည်။

ဟုန်ရှောင်ပေါင်သည် ချန်ယုက ဤကိစ္စကို ဖြေရှင်းမည့် အချိန်ကို တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့၏။ သို့သော်ငြား အခြေအနေက ယခုကဲ့သို့ ဖြစ်လာသည်ကို မြင်သောအခါ ရွှီကျင်းကို သတိပေး ရိုက်နှက်မှု အနည်းငယ် လုပ်ရတော့မည်ကို သိရှိသွားခဲ့သည်။ ထိုစကားစုကဲ့သို့ပင်... ကိစ္စမရှိလျှင် ပြဿနာ မရှာနှင့်၊ ကိစ္စရှိလာလျှင်လည်း မကြောက်နှင့်။

ဤဆူးခက်လေးကို သူက ပြဿနာ မရှာချင်သော်လည်း တစ်ဖက်မှ သူ့ကို လာရောက် ရစ်သီနေသည် မဟုတ်ပါလား။ ထို့ကြောင့် တည်ငြိမ်စွာ ပြောလိုက်၏။ "ဘယ်လို လုပ်ချင်လဲ ... ကျုပ်လက်ခံတယ်။"

"ဘယ်လို လုပ်ရမလဲ ဟုတ်လား။"

ရွှီကျင်းက အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်၏။ "ဟင်းချက်ပြုတ်ရေးဌာနမှာ ယှဉ်ပြိုင်ရမှာက သဘာဝကျကျပဲ အချက်အပြုတ် ပညာ ဖြစ်တယ်။ မင်းနဲ့ ငါ ဟင်းတစ်ပွဲစီ ချက်ကြမယ်။ ရှုံးတဲ့သူက နောင်တစ်ချိန် နောက်တစ်ယောက် ကို တွေ့တာနဲ့ ရိုရိုသေသေ ဦးညွှတ်ပြီး အစ်ကိုကြီး လို့ ခေါ်ရမယ်။ ဘယ်လိုလဲ။"

"အာ... ခင်ဗျားလို ညီလေး တစ်ယောက် ထပ်တိုးမလာချင်တာတော့ အမှန်ပဲ။"

ဟုန်ရှောင်ပေါင်က ခေါင်းခါလိုက်၏။ "ဒီလို လုပ်ကြမယ်... ခင်ဗျား နိုင်ရင် ခင်ဗျား ပြောတဲ့အတိုင်း လုပ်မယ်။ ကျုပ်နိုင်ရင် ခင်ဗျား ကျုပ်ရဲ့ မြင်ကွင်းထဲမှာ ပေါ်မလာနဲ့တော့။ ကျုပ်ကိုမြင်တာနဲ့ မီတာ ငါးဆယ်... ပေ တစ်ရာခွဲလောက် အဝေးကို ဆုတ်သွားလိုက်။"

ထို ‘ခင်ဗျားလို ညီလေး တစ်ယောက် ထပ်တိုးမလာချင်ဘူးး ဆိုသည့် စကားက ရွှီကျင်းကို ပို၍ပင် အေးစက်စွာ လှောင်ပြုံး ပြုံးစေခဲ့၏။ သေချာပေါက်ပင်... သူ၏ အမြင်တွင်တော့ သူ လုံးဝ ရှုံးနိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူက ဘာစည်းကမ်းချက်တွေ တောင်းဆိုတောင်းဆို ဂရုစိုက်စရာ မလိုချေ။ ချက်ချင်း ပြောလိုက်သည်။ "စကားတစ်ခွန်း ကတိ၊ ထာဝရ တည်စေရမယ်။"

ဟုန်ရှောင်ပေါင်က လုံးဝ ဂရုမစိုက်သည့် ဟန်ဖြင့် ပုခုံးတွန့်လိုက်၏။ မူလက ချန်ယုကို မျက်နှာသာ အနည်းငယ် ပေးချင်သေးသော်လည်း ယခု ကြည့်ရသည်မှာ မလိုအပ်တော့ချေ။ စောစောက အောက်ထပ်ဆီသို့ ဆင်းလာစဉ်က ဟုန်ရှောင်ပေါင် မေးမြန်းခဲ့ပြီး ဖြစ်သည်။ နှင်းမုန်တိုင်းငွေမှို ဆိုသည့် ပစ္စည်းမှာ သိမ်းဆည်းရန် အတော်လေး ခက်ခဲလှရာ ဟင်းချက်ပြုတ်ရေးဌာနတွင် မရှိချေ။ ကြည့်ရသည်မှာ လေယင်မြို့တော်သို့ သွားရောက် ရှာဖွေရဦးမည် ထင်သည်။

ချိုင်ရှောင်က မနက်ဖြန်တွင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာတော့မည် ဖြစ်ရာ ဤအချိုပွဲကို လုပ်ပြီး ချိုင်ရှောင်ကို ကျွေးလိုက်ရုံသာ ရှိတော့၏။

"ရွေးချယ်တဲ့နေ့က တိုက်ဆိုင်တဲ့နေ့လောက် မကောင်းဘူးဆိုတော့ ဒီနေ့ပဲ စလိုက်ကြတာပေါ့။"

ဟုန်ရှောင်ပေါင်က တိတ်တဆိတ် လက်ခံလိုက်သည်ကို မြင်သောအခါ ရွှီကျင်းမှာ ချက်ချင်း ပို၍ အလေးအနက် ထားလာခဲ့၏။ "အစ်ကိုကြီး... ခင်ဗျား အသိသက်သေ လုပ်ပေးပါ။ ကျုပ်နဲ့ ..."

"နေဦး... နေဦး... နေပါဦး။" ဟုန်ရှောင်ပေါင်က ခေါင်း အဆက်မပြတ် ခါယမ်းရင်း ပြောလိုက်၏။ သူက အချိန်မပြောရသေးပေ။ ယခု နှင်းမုန်တိုင်းငွေမှိုလည်း လိုအပ်နေသေးသည်။ "မနက်ဖြန်မှ ရမယ်။ ကျုပ်မှာ အရေးကြီးတဲ့ ကုန်ကြမ်းပစ္စည်း အနည်းငယ် မစုံသေးဘူး။"

"အို..."

ရွှီကျင်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ဟုန်ရှောင်ပေါင်က အချိန်ဆွဲနေသည်ဟုသာ ထင်မှတ်လိုက်ပြီး ချက်ချင်း အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ "ကုန်ကြမ်း ပြင်ဆင်တယ် ဆိုတာက အတု၊ ဒီပြိုင်ပွဲကနေ ရှောင်ပုန်းချင်တာက အစစ် ဖြစ်လောက်တယ်။"

မင်းက အဲဒီလောက်တောင် ရှုံးချင်နေတာလား။

"ခင်ဗျား တကယ် ယုံကြည်မှု ရှိတာပဲ။"

ဟုန်ရှောင်ပေါင် ဆွံ့အသွားခဲ့၏။ ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ "စိတ်ချပါ... ကျုပ်သေချာပေါက် ပြန်လာခဲ့မယ်။"

"ဒါက မင်း တစ်ဖက်သတ် ပြောနေတဲ့ စကားပဲ ရှိသေးတာ။" ရွှီကျင်း တစ်စုံတစ်ခု ထပ်ပြောမည် ပြုစဉ်တွင်ပင် ချန်ယုက ဝင်ရောက် ပြောဆိုလိုက်၏။

"စိတ်ချပါ... ငါ အာမခံတယ်။ ညီလေးဟုန် သေချာပေါက် ပြန်လာခဲ့လိမ့်မယ်။" ချန်ယု သက်ပြင်းချလိုက်သည်။

ရွှီကျင်းတွင် နောက်ခံ အနည်းငယ် ရှိပြီး၊ အချက်အပြုတ် ပညာမှာလည်း ပထမနှစ် အတန်းတွင် အမြင့်ဆုံး စာရင်းဝင် ဖြစ်သောကြောင့် အမြဲတမ်း မာနကြီးလေ့ ရှိသည်။ သူ့ကို တစ်ကြိမ်လောက် ရှုံးနိမ့်စေလိုက်ခြင်း ကလည်း အနည်းငယ် ထိန်းသိမ်းတတ်သွားစေရန်အတွက် အကျိုးပြုပေလိမ့်မည်။

ထို့ကြောင့် ပြောလိုက်၏။ "ညီလေးဟုန်... သွားကြစို့။ ငါ မင်းကို ကုန်ကြမ်းပစ္စည်း ဌာနဆီ ခေါ်သွားပြီး ပစ္စည်း အနည်းငယ် ရှာဖွေပေးမယ်။"

ရွှီကျင်း စိတ်ထဲတွင် မသင့်တော်ဘူးဟု ခံစားရသော်လည်း ချန်ယုက ဤသို့ ပြောလာမှတော့ သူ သဘောတူရုံသာ ရှိတော့၏။ သို့နှင့် ချက်ချင်း ပြောလိုက်သည်။ "ကျုပ်လည်း သွားပြီး ကုန်ကြမ်းပစ္စည်း အနည်းငယ် ရှာရအုံးမယ်။"

ထိုသို့ ပြောရင်း သူတို့နှစ်ဦး၏ နောက်သို့ လျင်မြန်စွာ လိုက်ပါလာခဲ့တော့သည်။

သူတို့ သုံးဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝူကော်အာမှာ စိုးရိမ်တကြီး ခြေဆောင့်နေမိ၏။ သူမ၏ အမြင်တွင်တော့ တခြားအရာများကို ယှဉ်ပြိုင်လျှင် ပြောရန် ခက်ခဲသော်လည်း၊ အချက်အပြုတ် ပညာကို ယှဉ်ပြိုင်မည် ဆိုပါက ရွှီကျင်းက အနိုင်ရရှိရန် ပြဿနာ ကြီးကြီးမားမား မရှိလောက်ချေ။

သို့ပေမည့် ဤသို့ ပြုလုပ်ခြင်းက ဤအသစ် ရောက်လာသည့် မောင်လေးကို သေသည်အထိ ရန်သူ ဖွဲ့လိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူမ၏ စိတ်ထဲတွင် ချက်ချင်း စိတ်ကူးပေါင်း များစွာ ပေါ်ပေါက်လာခဲ့သည်။ ပြိုင်ပွဲ ပြီးခါနီးတွင် ရွှီကျင်းကို မီးအရှိန် အနည်းငယ် ပိုများစေရန် သို့မဟုတ် အနည်းငယ် လျော့နည်းစေရန် လုပ်ဆောင်ခိုင်းရမည်ဟု တိတ်တဆိတ် စဉ်းစားလိုက်၏။ အနည်းငယ်မျှသာ အနိုင်ရရှိလျှင် တော်သေးသည်... သရေကျလျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

ဤအချက်ကို တွေးမိသောအခါ သူမသည် စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်သည်။ "သေချာပေါက် အစ်ကိုကြီးရွှီကို သာမန် ဟင်းတစ်ပွဲ ရွေးချယ်ဖို့ ဖြားယောင်း ဖျောင်းဖျရမယ်။ ဟုတ်တယ်... ဒီအတိုင်း လုပ်ကြတာပေါ့။"

ဝူကော်အာ၏ ဘေးတွင် ကျန်းမင်ယွမ် ဟု ခေါ်သည့် နောက်ထပ် တပည့်တစ်ယောက် ရှိနေ၏။ သူ၏ အချက်အပြုတ် ပညာကလည်း မဆိုးလှသလို၊ နောက်ခံကလည်း မဆိုးလှချေ။ သူသည် အနည်းငယ်မျှသာ လူရာသွင်းခံရသည့် အုပ်စုထဲတွင် ပါဝင်သူ ဖြစ်၏။ သူက တိုးညင်းစွာ မေးလိုက်သည်။ "ကော်ကော်... အသစ် ရောက်လာတဲ့ အဲဒီ ညီလေးက ဟုန်ရှောင်ပေါင်လား။ သူက တကယ်ပဲ အဆက်အသွယ်နဲ့ ဝင်လာတာလား။"

"ဟုတ်တယ်။"

ဝူကော်အာ ခေါင်းညိတ်လိုက်၏။ "အို... မဟုတ်ဘူး... မဟုတ်ဘူး။ သူ ဘယ်လို ဝင်လာလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ ရှင် လျှောက်မပြောနဲ့နော်။"

"အို... အို။" ကျန်းမင်ယွမ်က ပြန်လည် ဖြေကြားလိုက်၏။ သို့သော် သူ၏ စိတ်ထဲတွင်တော့ အထင်အမြင် သေးမှု အနည်းငယ် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ သူသည် ဟင်းချက်ပြုတ်ရေးဌာနသို့ ပုံမှန် နည်းလမ်းအတိုင်း ဝင်ရောက်လာသူ ဖြစ်၏။ မည်သည့်နေရာတွင်ဖြစ်ဖြစ် ကိုယ်ပိုင်စွမ်းရည်နှင့် ဝင်လာသူတိုင်းက အဆက်အသွယ်နှင့်ဝင်လာသူတိုင်းကို အထင်အမြင်သေးဖို့ အကြောင်းပြချက်ပေါင်း ထောင်သောင်းချီ ရှာတွေ့နိုင်ကြစမြဲပင်။

ခဏအကြာတွင် ဟုန်ရှောင်ပေါင်နှင့် ချန်ယုတို့ ရောက်ရှိလာခဲ့၏။ သို့သော် ရွှီကျင်းကိုတော့ မမြင်တွေ့ရချေ။

ဝူကော်အာ စိတ်ထဲတွင် ချက်ချင်း မသက်မသာ ဖြစ်ပေါ်လာခဲ့၏။ မိန်းမတွေက သံသယ များတတ်ကြသည်။ သူမ၏ စိတ်ကူးများက စက္ကန့်ပိုင်းအတွင်း ဤလူနှစ်ယောက် ရွှီကျင်းကို တိတ်တဆိတ် သတ်ပစ်လိုက်ပြီလား ဆိုသည့် အတွေးဆီသို့ပင် လွင့်မျောသွားခဲ့၏။ ထို့ကြောင့် စိုးရိမ်တကြီး မေးလိုက်သည်။ "သူရော။"

"ညီလေးရွှီက ငါးမီးခိုးကြပ်တင်ဟင်းပွဲ လုပ်မလို့တဲ့။ ရေကန်ထဲမှာ ငါး သွားဖမ်းနေတယ်။" ချန်ယုက တည်ငြိမ်စွာ ပြောလိုက်၏။

"ငါးမီးခိုးကြပ်တင်ဟင်းပွဲ လား။" ကျန်းမင်ယွမ်၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။ ဟင်းချက်ပြုတ်ရေးဌာနတွင် လူတိုင်း၌ ကိုယ်ပိုင် လက်စွမ်းပြ ဟင်းတစ်ပွဲ၊ နှစ်ပွဲခန့် ရှိတတ်ကြသည်။ ရွှီကျင်း၏ ငါးမီးခိုးကြပ်တင်ဟင်းပွဲမှာ ပထမနှစ်အတန်း၏ ပြိုင်ဘက်ကင်း ဟင်းပွဲ တစ်ခု ဖြစ်သည်။

"မကောင်းတော့ဘူး။" ဝူကော်အာ၏ စိတ်ထဲတွင်တော့ တိတ်တဆိတ် စိုးရိမ် ပူပန်နေမိသည်။ ရွှီကျင်း အကျွမ်းကျင်ဆုံး ဟင်းပွဲမှာ ငါးမီးခိုးကြပ်တင်ဟင်းပွဲပင် ဖြစ်၏။ အကယ်၍ ဟင်းချက်ပြုတ်ရေးဌာန၏ ပထမနှစ် အတန်းရှိ ဟင်းပွဲကောင်းများကို အစဉ်လိုက် စီစဉ်ရမည် ဆိုပါက ရွှီကျင်း၏ ငါးမီးခိုးကြပ်တင်ဟင်းပွဲမှာလည်း ထိပ်ဆုံး သုံးခုစာရင်းတွင် ပါဝင်ပေလိမ့်မည်။

ဝူကော်အာ စိုးရိမ်နေသည်မှာလည်း ဤအချက်ကြောင့်ပင် ဖြစ်၏။ အကြောင်းမှာ... ရွှီကျင်းက ဤဟင်းပွဲကို ထုတ်သုံးလာမှတော့ အလျှော့ပေးရန် အစီအစဉ် မရှိဘူး ဆိုတာ သိသာထင်ရှားနေသည်။ ဤသို့ အပြတ်အသတ် အနိုင်ရရှိသွားမည် ဆိုပါက ချန်ယု၏ မျက်နှာရော၊ ဟုန်ရှောင်ပေါင်၏ မျက်နှာပါ ကြည့်ကောင်းတော့မည် မဟုတ်ချေ။ ထို့ကြောင့် ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားပြီး ဟင်းချက်ခန်းထဲမှ ပြေးထွက်ကာ ရေကန်ရှိရာဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်၏။

ရွှီကျင်း၏ လှုပ်ရှားမှုက အတော်လေး မြန်ဆန်လှသည်။ ဝူကော်အာ ရေကန်ဆီသို့ မရောက်မီမှာပင် လက်ထဲတွင် ခုန်ပေါက်နေဆဲ ဖြစ်သည့် မြက်စားငါး တစ်ကောင်ကို ဖမ်းဆွဲလျက် လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

"အစ်ကို။"

ဝူကော်အာ စိုးရိမ်တကြီး ပြောလိုက်၏။ "သူက အစ်ကိုချန်နဲ့ ရင်းနှီးတဲ့သူ တစ်ယောက်နော်။ ရှင် အရမ်းကြီး အနိုင်မယူပါနဲ့။ တခြား ဟင်းတစ်ပွဲ ပြောင်းချက်လိုက်ပါ။"

"ဘာဖြစ်လို့လဲ။"

ရွှီကျင်းက အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်၏။ လက်ထဲမှ မြက်စားငါးကို မြှောက်ပြလိုက်သည်။ "ဟင်းချက်ပြုတ်ရေး ဌာနမှာ ဘာကို အဓိကထားလဲ ဆိုတာ သူ သိသွားအောင် ဒီနေ့ ငါ ပြပေးမယ်။"

All Chapters