← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) လေကို ကျောက်စရစ်ခဲများသဖွယ် အသုံးပြုခြင်း။

“မင်းအနေနဲ့ သူမအကြောင်းကို မင်းထင်ထားသလို နားမလည်သေးဘူးဆိုတာ ထင်ရှား နေတာပဲ” အကြီးအကဲ ဓားဧကရာဇ်က ရယ်မောရင်း ပြောသည်။

ကျူးမင်လန်မှာ အသိစိတ်ပြန်မဝင်သေးဘဲ အတိတ်က အသေးစိတ်အချက်အလက် အချို့ ကို ပြန်လည်တွေးတောနေမိကာ အကြောင်းရင်းများကို နားမလည်နိုင် ဖြစ်နေသည်။

“မင်း စွန့်ပစ်ဓားတောကို သွားပြီးရင် အိမ်ကို စောစောပြန်သင့်တယ်။ ဒီနှစ်တွေအတွင်းမှာ ကျူးမျိုးနွယ်စုမှာ အပြောင်းအလဲတွေ တော်တော်လေးများများ ဖြစ်ခဲ့တယ်” အကြီးအကဲ ဓားဧကရာဇ်က ဆိုသည်။

"ဟုတ်ကဲ့ အဘိုး။ ကျွန်တော် ဓားဂိုဏ်းကို လာရောက်တဲ့အကြောင်းကိုတော့ တခြား လူတွေကို မပြောပြပါနဲ့ဦး။ စီနီယာ ကျောင်းသားတွေနဲ့ ဂျူနီယာညီတွေက ကျွန်တော့်ကို ယှဉ်ပြိုင် တိုက်ခိုက်ပြိုင်ဖို့ စိန်ခေါ်လာမှာ စိုးရိမ်လို့ပါ" ကျူးမင်လန်က ပြောလိုက်သည်။

"ငါသိပါတယ်၊ ငါသိပါတယ်။ မင်းက နဂါးတွေကို အုပ်ချုပ်နိုင်တဲ့လူ ဖြစ်လာပြီဆိုတော့ မင်းရဲ့အနာဂတ်က အတိတ်ကထက် ပိုပြီး တောက်ပလာမှာပါ။ ငါ မင်းကို အမြဲတမ်း ယုံကြည်ခဲ့ပါတယ်" အကြီးအကဲ ဓားဧကရာဇ်က ပြုံးရွှင်စွာဖြင့် ပြောသည်။

သက်တော်ရနေပြီဖြစ်သော သူ့အဘိုးဖြစ်သူကို ကြည့်ရင်း ကျူးမင်လန် တစ်ယောက် စိတ်လှုပ်ရှားမှုများစွာ ခံစားလိုက်ရ၏။ ပြောချင်သည့် စကားများစွာ ရှိနေသော်လည်း စကားလုံးများ မလိုဘဲ အရာအားလုံးကို နားလည်သဘောပေါက်နေကြသည့်နှယ် ခံစားလိုက်ရသည်။

"ဒါဆိုရင် အဘိုးလဲ နောက်ပိုင်းမှာ အနားယူပြီး ကျန်းမာရေးကို ဂရုစိုက်ပါ" ကျူးမင်လန်က ပြောလိုက်သည်။

အကြီးအကဲ ဓားဧကရာဇ်က ကျူးမင်လန်ကို အလျင်အမြန် ထွက်သွားရန် လက်ခါပြ လိုက်သည်။

ကျူးမင်လန် အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာပြီး စံအိမ်၏ အဓိကခန်းမအပြင်ဘက် သို့ အသာလေး လှည့်ထွက်လိုက်ချိန်တွင် အနီးအနား၌ စောင့်ဆိုင်းနေသော အမျိုးသမီး တပည့်တစ်ဦးကို အကြီးအကဲ ဓားဧကရာဇ်က တိုးတိုးလေး ပြောလိုက်သည်ကို ကြားလိုက် ရသည်။ "အဲဒီကောင်လေးကတော့..."

"ဆရာကြီး၊ တစ်ခုခု မှာစရာရှိလို့လားရှင့်"

"ကလေးမလေး... ဝိညာဉ်ပူဇော်ရာအဆောင်ကို သွားပြီး 'ကျူးမင်လန်' လို့ ရေးထိုးထားတဲ့ ဝိညာဉ်အထိမ်းအမှတ်ပြားကို ဖြုတ်ချခဲ့လိုက်။ လစဉ် ပူဇော်ပသနေတာတွေကိုလည်း ရပ်လိုက်တော့။ နံ့သာဆီဖိုးလေး ဘာလေး သက်သာတာပေါ့" အကြီးအကဲ ဓားဧကရာဇ် က ပြောလိုက်သည်။

အပြင်ဘက်တွင် ကျူးမင်လန်မှာ လှေကားထစ်ပေါ်၌ ခြေချော်သွားပြီး ခေါင်းနဲ့ခြေထောက် ရောထွေးကုန်မတတ် နီးပါး လဲကျမလို ဖြစ်သွားရသည်။

ကိုယ်ခန္ဓာကို ပြန်လည်ထိန်းလိုက်သော်လည်း ကျူးမင်လန်မှာ မျက်ရည်များပင် ကျလာ တော့သည်။

အဘိုးရယ်... ကျွန်တော့်ကို ယုံကြည်တာက ဒီလောက်တောင်ပဲလားဗျာ။

သူသည် အနီးအနားရှိ တောင်ထိပ်တစ်ခုသို့ ဦးတည်သွားပြီး နန်လင်ရှာနှင့် ဖန်နန်နန်တို့ သူ့ကို စောင့်ဆိုင်းနေကြသည့် စံအိမ်ထဲတွင် ဝင်ရောက်နားနေလိုက်သည်။ သူမတို့နှင့်အတူ မျက်ခုံးမွှေးရှည်နှင့် တပည့်တစ်ဦးမှာလည်း အလွန်သပ်ရပ်သည့် ကိုယ်ဟန်အနေအထား ဖြင့် မတ်တပ်ရပ်နေသည်။

ကျူးမင်လန် ထိုင်လိုက်ပြီးနောက် ရိုးရှင်းလှသော ဟင်းလျာများကို တစ်ချက် ငေးကြည့် လိုက်သည်။

ဓားဂိုဏ်း၏ အစားအသောက်များသည် အမြဲတစေ ရိုးရှင်းပြီး အသီးအရွက်သက်သက်သာ ဖြစ်သည်။ အသက် (၁၆) နှစ်တွင် ဤနေရာမှ ထွက်ခွာရမည့် ကျူးမင်လန်မှာ ဤအချက် ကြောင့်ပင် တစ်နှစ်စောပြီး ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

အစာမကောင်းသည့်အပြင် လွမ်းဆွတ်စရာလည်း ဘာမှမရှိ။

ဤဝါးမျှစ်များနှင့် တောင်တန်းဒေသမှ ထွက်ရှိသည့် စားဖွယ်များသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များဖြင့် ပျိုးထောင်ထားသည်ဟု ဆိုကြသည်။ အသားဟင်း မပါသော်လည်း အသားဟင်းများထက် ပိုမိုအာဟာရဖြစ်သည်ဟု ဆိုကြသေးသည်။

ယောင်ရှန်းဓားဂိုဏ်းတွင် ဓားပညာကျင့်ကြံခြင်းသည် အဓိကအားဖြင့် ဓားနှလုံးသား၊ ဓားစွမ်းအင်နှင့် ဓားဆန္ဒတို့ကို အလေးပေးသည်။ အသားစားနည်းပြီး ဤကဲ့သို့သော ထူးခြားသည့် ဟင်းသီးဟင်းရွက်များကို များများစားခြင်းက လူတစ်ယောက်၏ ကျင့်ကြံ ခြင်းကို တည်ငြိမ်စေပြီး ဓားပညာဖြင့် ကျော်ကြားလာစေရန် အထောက်အကူပြုသည်။

ထို့ကြောင့်ပင် ကျူးမင်လန်သည် ဓားကျင့်ကြံသူတစ်ယောက်အဖြစ်ကို စွန့်လွှတ်လိုက်ပြီး ဝက်သား၊ တောမှိုဟင်းချို၊ အသားစစ်စစ်ကြော် စသည်တို့ကိုသာ ရွေးချယ်ခဲ့တော့သည်...

လာမည့်ရက်အနည်းငယ်အတွင်း ဤအသီးအရွက်များကိုသာ စားသောက်ရတော့မည်ဟု တွေးလိုက်မိချိန်တွင် ကျူးမင်လန် တစ်ယောက် သွားမည်းကြီးကို လွှတ်ပေးလိုက်ပြီး 'တောင်စောင့်ဝိညာဉ်များကို ရှင်းလင်းရေး' ဟူသော အကြောင်းပြချက်ဖြင့် ပြဿနာရှာ နေသည့် တောဝက်များကို လိုက်လံအမဲလိုက်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ ညဘက်ရောက် လျှင်လည်း တောမီးဖိုဘေးတွင် တောဝက်ကင် အသားတုံးအရသာကို ခံစားရင်း ဤနေရာ မှ ဝိုင်အရက်တစ်ခွက်ကို အေးဆေးသောက်သုံးနိုင်သည်။ ဤသည်မှာပင် စိတ်အေး လက်အေး ဓားကျင့်ကြံသူတစ်ယောက်၏ ဘဝဖြစ်သင့်သည်။

“ဖန်နန်နန်၊ နောက်ပိုင်းကျရင် သွားမည်းကြီးကို ခေါ်ပြီး ဟိုဘက်တောင်တန်းဆီ သွားလိုက် ပါ” ကျူးမင်လန်က ပြတင်းပေါက်ပြင်ပကို လက်ညှိုးညွှန်ပြရင်း ဖန်နန်နန်ကို တိုးတိုးလေး ပြောလိုက်သည်။

“ကောင်းပြီ” ဖန်နန်နန်အနေဖြင့် စားသောက်ရမည့် ကိစ္စဆိုလျှင် မည်သည့်အရာကိုမျှ ငြင်းပယ်မည် မဟုတ်သည့်အပြင် ကျူးမင်လန်၏ အသားကင်လက်ရာမှာလည်း အလွန်ပင် ထူးခြားကောင်းမွန်လှသည်။

“သခင်မလေး လင်းရှာ၊ ဒီအနီးအနားမှာ လျှောက်လည်ပြီး အနားယူလိုက်ပါ။ ခရီးဝေးကြီး လာခဲ့ရတာဆိုတော့ ပင်ပန်းနေရှာမှာပေါ့” ကျူးမင်လန်က ပြောလိုက်သည်။

“အင်း” နန်လင်းရှာက ပြန်ဖြေသည်။ သူမ၏ စိတ်အခြေအနေ ပြောင်းလဲသွား၍ ဖြစ်မည် လား၊ သို့မဟုတ် စားသောက်နေစဉ် စကားပြောရသည်ကို မနှစ်သက်၍ ဖြစ်မည်လား မသိ၊ သူမ၏ ကျင့်စဉ်အခြေခံမှာ အရှင်အဆင့် ဝန်းကျင်တွင် အတက်အကျ ဖြစ်နေသည်။

နဂါးထိန်းတစ်ဦး ဖြစ်နေဆဲပင်။

ကျူးမင်လန်သည် နန်လင်းရှာကို တစ်ချက်ငေးကြည့်လိုက်မိပြီး ထိုမိန်းမပျိုမှာ ပိုမိုနက်နဲ လျှို့ဝှက်လာသည်ဟု ခံစားလိုက်ရသည်။

ထားပါတော့၊ နောက်ပိုင်း သူမအကြောင်းကို နားလည်သဘောပေါက်ဖို့ အချိန်တွေ အများ ကြီး ရှိပါသေးတယ်။

ကျူးမင်လန်သည် ထိုကိစ္စကို ဆက်၍တွေးတောမနေတော့ပေ။ သူသည် ညနေခင်း အတွက် အကောင်းဆုံး အစားအစာများကို စားသုံးနိုင်ရန်အတွက် အနည်းငယ်မျှသာ စားသောက်လိုက်သည်။

“အစ်ကိုကြီး” ဇီမြောင်ကျူးက တံခါးဝ၌ ပေါ်လာပြီး သူမ၏ မျက်ဝန်းတို့မှာ မထိန်းနိုင် အောင်ပင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“ဂျူနီယာညီမလေး၊ မင်း အလုပ်တွေ ပင်ပန်းခဲ့မှာပဲ” ကျူးမင်လန်က ဆိုလိုက်သည်။

“ဂူတန်၊ သိုင်းဦးလေးက သဘောတူလိုက်ပြီ။ ရှေးဟောင်းနဂါးမြို့တော်ကို လုံခြုံရေး အတွက် စိုးရိမ်စရာ မလိုတော့ဘူး” ဇီမြောင်ကျူးက ပြောသည်။

“ကောင်းပြီ၊ ကောင်းပြီ။ ဒါဆိုရင်တော့ စိတ်အေးရတော့မယ်” ကျူးမင်လန်က သက်ပြင်း ချကာ စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်သည်။

ဓားဂိုဏ်းမှ အစွမ်းထက် အဖွဲ့ဝင်တစ်ဦးက ကြိုတင်၍ ကိစ္စအရပ်အရပ်ကို ဖြေရှင်းပေးထား သဖြင့် နယ်မြေအတွက် သစ္စာခံရန် ဧကရာဇ်မြို့တော်သို့ အလျင်စလို သွားရောက်ရန် မလို တော့ပေ။

“အစ်ကိုကြီး၊ အစ်ကိုကြီး ထွက်သွားပြီးတဲ့နောက်မှာ စွန့်ပစ်ဓားတောကြီးက ဆိတ်သုဉ်းပြီး လူသူကင်းမဲ့နေခဲ့တာ။ တပည့်တွေရဲ့ ဓားတွေ ကျိုးသွားတာ ဒါမှမဟုတ် သံချေးတက်သွား မှပဲ အဲဒီတောထဲကို ပစ်သွင်းကြတော့တယ်” ဇီမြောင်ကျူးက ပြောသည်။

“ဓားဂိုဏ်းရဲ့ ဆရာသခင်တွေတောင် မဖြေရှင်းနိုင်လောက်အောင် ဘာများ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပျက်နေလို့လဲ” ကျူးမင်လန်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

“သူတို့ပြောတာတော့ တစ္ဆေတွေရှိတယ်တဲ့၊ ပြီးတော့ သူတို့က ဝိညာဉ်အသိဉာဏ်လည်း ပိုင်ဆိုင်ကြတယ်တဲ့။ တပည့်တွေက ဓားတွေကို သွားပစ်တိုင်း သူတို့က ပေါ်လာတတ် တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆရာသခင်တွေက သူတို့ကို ရှင်းလင်းဖို့ သွားတဲ့အခါကျရင် တော့ သူတို့က ပုန်းနေတတ်ကြတယ်။ အစ်ကိုကြီးနဲ့ နှင်းခြေရာဆရာသခင် နှစ်ယောက်ပဲ စွန့်ပစ်ဓားတောရဲ့ အတွင်းပိုင်းကို ကောင်းကောင်း သိကြတာလေ၊ ဒါပေမဲ့ နှင်းခြေရာဆရာ သခင်က ဒီလိုကိစ္စမျိုးတွေကို ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး” ဇီမြောင်ကျူးက ပြောပြ သည်။

“အဆင့်မြင့် ကျင့်ကြံသူ ဝါရင့်ပုဂ္ဂိုလ်တွေဆီက ကြားရတာတော့ ဓားတွေကို ဘယ်သူမှ ဂရုမစိုက်ဘဲ စွန့်ပစ်ထားမိလို့ သူတို့ဆီမှာ မကျေနပ်ချက်တွေ စုပုံနေတာ ဖြစ်နိုင်တယ်တဲ့။ ဒီမကျေနပ်ချက်တွေက နတ်ဆိုးတစ်ကောင်လို ဖြစ်လာပြီး ကျွန်တော်တို့ ဓားကျင့်ကြံသူ တပည့်တွေကို ပြန်လည်လက်စားချေဖို့ ကြိုးစားနေတာတဲ့” မျက်ခုံးမွှေးရှည်နှင့် တပည့်က ပြောသည်။

“ပုံမှန်ဆို သူတို့က ဘယ်အချိန်မှာ ပေါ်လာတတ်လဲ” ကျူးမင်လန်က မေးလိုက်သည်။

“နေဝင်ချိန်၊ နေ့နဲ့ည ဆုံစည်းတဲ့အချိန်လောက်မှာပါ”

“ကောင်းပြီ၊ ငါ တစ်ချက်သွားကြည့်လိုက်မယ်”

“အစ်ကိုကြီး၊ ညီမလည်း လိုက်ခဲ့ပါရစေ” ဇီမြောင်ကျူးက ပြောလိုက်သည်။

“မလိုပါဘူး။ မင်း နန်လင်းရှာကို ခေါ်ပြီး အပြင်မှာ လျှောက်လည်ပေးလိုက်ပါ” ကျူးမင်လန် က ပြောသည်။

“ကောင်းပါပြီ” ဇီမြောင်ကျူးက ပြန်ဖြေသည်။ ဒီတစ်ခါတော့ သူမက အလွန် မြန်မြန် ဆန်ဆန်ပင် သဘောတူလိုက်ပြီး သူမ၏ မျက်ဝန်းတို့မှာ တစ်စုံတစ်ရာ လျှို့ဝှက်အကြံ အစည်များဖြင့် ပြည့်နှက်နေသယောင် တောက်ပနေလေသည်။

ဓားဆိုသည်မှာ ဓားဂိုဏ်းအတွက် အသုံးအများဆုံး ပစ္စည်းများပင် ဖြစ်သည်။

သူ အစပိုင်းတွင် လေ့ကျင့်ခဲ့သည့် သစ်သားဓားဖြစ်စေ၊ တပည့်ဖြစ်လာပြီးနောက် လက်ခံ ရရှိခဲ့သည့် သံဓားဖြစ်စေ၊ အမျိုးမျိုးသော အဖိုးတန်သတ္တုများဖြင့် သွန်းလုပ်ထားသည့် ထိုကောင်းမွန်သော ဓားများဖြစ်စေ၊ မည်သည့်ဓားမဆို ဤအတိုင်းပင် ဖြစ်သည်။

ကျူးမျိုးနွယ်စုသည် ဓားဂိုဏ်း၏ အကြီးမားဆုံး ပစ္စည်းပေးသွင်းသူဟု ဆိုနိုင်ပေသည်။ ကျူးမျိုးနွယ်စုကို အဓိက အဖွဲ့နှစ်ဖွဲ့ ခွဲခြားထားရာ တစ်ဖွဲ့မှာ သံချပ်ကာ သွန်းလုပ်ခြင်းတွင် အထူးကျွမ်းကျင်ပြီး အခြားတစ်ဖွဲ့မှာမူ ဓားသွန်းလုပ်ခြင်းတွင် အထူးကျွမ်းကျင်ကြသည်။ အမှန်စင်စစ် ကျူးမျိုးနွယ်စုသည် အခြားသော လက်နက်အမျိုးမျိုးကိုလည်း သွန်းလုပ်ရာ တွင် ပါဝင်ပတ်သက်နေသည်။

သို့သော်လည်း ကျူးမင်လန်သည် အသက် ၁၅ နှစ်မတိုင်မီက ယောင်ရှန်းဓားဂိုဏ်းတွင် သာ အချိန်အများစုကို ကုန်ဆုံးခဲ့ပြီး ပန်းပဲပညာအပေါ် စိတ်ဝင်စားမှု များစွာမရှိခဲ့ပေ။

ဓားများသည် အလွန်လျင်မြန်စွာပင် ယိုယွင်းပျက်စီးလွယ်သည်။ ဓားကျင့်ကြံသူတိုင်းသည် မိမိတို့၏ ဓားပညာကို အချိန်ကြာမြင့်စွာ လေ့ကျင့်ကြရသည်။ အရိပ်ဓားကွက်များဖြင့် လေ့ကျင့်သည်ဖြစ်စေ၊ သစ်သားတိုင်များကို ထိုးခုတ်လေ့ကျင့်သည် ဖြစ်စေ၊ ကျောက်ရုပ် တုများကိုပင် ထိုးခုတ်လေ့ကျင့်သည် ဖြစ်စေ ထိုအရာအားလုံးသည် ဓားကို အလွယ်တကူ ပျက်စီးစေနိုင်သည်။

မီးအိမ်တစ်လုံးမျှ မရှိသည့် မှိန်ဖျော့ပြီး ရှည်လျားသော လမ်းကြောင်းအတိုင်း လျှောက် လှမ်းလာရင်း၊ သူသည် ဖြောင့်စင်းပြီး မြင့်မားစွာ ရပ်တည်နေသည့် ထင်းရှူးပင်ကြီးများနှင့် ဝါးရုံပင်များကို ဖြတ်ကျော်သွားခဲ့သည်။

သူသည် နေဝင်ဆည်းဆာအချိန်အထိ တမင်စောင့်ဆိုင်းပြီးမှ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ကျူးမင်လန်သည် တစ်စထက်တစ်စ ပိုမိုထူထပ်လာသည့် ထင်းရှူးရိပ်နှင့် ဝါးရိပ်များကို ကြည့်ရှုလိုက်ရာ သူ၏စိတ်ထဲတွင် ပုံရိပ်များက စာအုပ်တစ်အုပ်၏ စာမျက် နှာများကို လှန်လှောနေသကဲ့သို့ တစ်ခုပြီးတစ်ခု ပေါ်လာနေသည်။

ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားရာတွင် မြေပြင်ပေါ်၌ အစုတ်အပြတ် ဖြစ်နေသည့် သစ်သားဓားများ ဖရိုဖရဲ ပြန့်ကျဲနေသည်ကို တွေ့ရပြီး ၎င်းတို့မှာလည်း ရေညှိစိမ်းများ ဖုံးလွှမ်းနေကြသည်။

လမ်းကြောင်းအတိုင်း ပိုမိုနက်ရှိုင်းစွာ တိုးဝင်သွားသောအခါ လမ်းမှာ ရွှံ့နွံများဖြင့် တိုက်စား ခံထားရပြီး ပေါင်းပင်များ ဖုံးလွှမ်းနေ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် မြေကြီးထဲတွင် ဒေါင်လိုက်စိုက်ဝင်နေသည့် သံဓားများနှင့် ကြေးဓားများကို တွေ့ရပြီး ၎င်းတို့မှာ ထင်းရှူးပင်များ၊ ဝါးရုံပင်များနည်းတူပင် မတ်မတ်ရပ်တည်နေကြ၏။

စွန့်ပစ်ထားသည့် ဓားများမှာ ပို၍ပင် များပြားလာပြီး အမြင်အာရုံထဲတွင် ရာနှင့်ချီ၍ ရှိနေသည်။

သူ အလွန်ငယ်ရွယ်စဉ်အခါက အကြီးအကဲ ဓားဧကရာဇ်က ဤနေရာရှိ စွန့်ပစ်ထားသော ဓားတိုင်းသည် ဓားတစ်လက်စီအတွက် ဂူသင်္ချိုင်းအမှတ်အသားများ ဖြစ်ပြီး၊ ထိုဓားများ “အသက်ရှင်” နေစဉ်က တစ်လက်စီတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ပုံပြင်များ ရှိခဲ့ကြကြောင်း သူ့ကို ပြောပြဖူးသည်။

အချို့သော ဓားများသည် သွန်းလုပ်သည့် အချိန်ကတည်းက ချို့ယွင်းချက်ပါလာသဖြင့် မည်သူမျှ အသုံးမပြုဘဲ ဤနေရာသို့ စွန့်ပစ်ခြင်း ခံခဲ့ရသည်။

အချို့သော ဓားများမှာမူ ၎င်းတို့ကို ကိုင်ဆောင်သူများထက်ပင် ကျော်ကြားပြီး လူတိုင်း လိုချင်တပ်မက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျော်ကြားသော တိုက်ပွဲတစ်ခုခု၌ ကျဆုံးသွားခဲ့ကာ ဤနေရာတွင် ထာဝရ တိတ်ဆိတ်စွာ အပ်နှံခံထားရသည်။

အချို့သော ဓားများမှာ သာမန်လူသားများနည်းတူပင် ရိုးရှင်းသော ဘဝကို ဖြတ်သန်းခဲ့ကြ ရပြီး အချိန်တန်သည့်အခါ မြေကြီးထဲတွင် မြှုပ်နှံခြင်း ခံလိုက်ရသည်။

ပိုမိုနက်ရှိုင်းသောနေရာသို့ ရောက်လေလေ၊ ဓားများမှာ ပိုမိုများပြားလာပြီး ထင်းရှူးပင် များနှင့် ဝါးရုံပင်များထက်ပင် ပိုမိုထူထပ်စွာ စုပုံနေလေသည်။ ဓားများမှာ အလျားနှင့် ပုံစံ အမျိုးမျိုး ရှိကြပြီး အများစုမှာ ဂူသင်္ချိုင်းကျောက်တိုင်များကဲ့သို့ မြေကြီးထဲတွင် ခေါင်းစိုက် လျက် စိုက်ဝင်နေကြ၏။ ၎င်းတို့မှာ များပြားလွန်းသဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် မည်မျှရှိမှန်း ရေတွက်ရန်ပင် မဖြစ်နိုင်တော့ပေ။

နေဝင်ရီတရော အချိန်တွင်၊ နေဝင်ဆည်းဆာ၏ အရောင်အဝါ အောက်၌ ထင်းရှူးပင်နှင့် ဝါးရုံပင်တို့၏ အရိပ်များသည် စွန့်ပစ်ထားသော ဓားများ၏ များပြားလှသည့် အရိပ်များနှင့် ရောယှက်နေသည်။ ထင်းရှူးနှင့် ဝါးတို့မှာ စိမ်းလန်းစိုပြည်နေပြီး ဓားကိုယ်ထည်တို့မှာမူ မည်းနက်နေကာ အရိပ်တို့နှင့် လုံးဝ ရောနှောသွားကြသည်။ ကောင်းကင်ယံကို ထိုးဖောက် နေသည့် ဧရာမဓားကြီးများသဖွယ်၊ လက်တဖက်ဖြင့် ကိုင်ဆုပ်နိုင်သည့် သွယ်လျသော ဓားများတစ်ဖုံ ပုံဖော်လျက် ဤဆည်းဆာချိန်၏ စွန့်ပစ်ဓားတောမှာ လွန်စွာပင် တိတ်ဆိတ် ငြိမ်သက်နေသည်။

နေရောင်ခြည်က ဓားများပေါ်သို့ ကျရောက်လာသောအခါ စွန့်ပစ်ဓား ထောင်ပေါင်းများစွာ ပေါ်ရှိ သံချေးအစွန်းအထင်းတို့မှာ ထူးခြားစွာပင် တောက်ပသွားသည်။

ကြေးရောင်သံချေး၊ သံချေး၊ အစိမ်းရောင်သံချေး၊ အနီရောင်သံချေး...

"နေရောင်ခြည်နဲ့ ကုန်ဆုံးသွားတဲ့ နှစ်ကာလတွေဆိုတာရော သံချေးမတက်ဘူးလို့ ပြောနိုင် ပါ့မလား။"

မဟုတ်ပါက ညနေဆည်းဆာဟူ၍ ရှိလာလိမ့်မည် မဟုတ်ပေ။

“အဒေါ် ရွှဲ့ဟန်၊ သားလက်တွေ ထုံကျင်နေပြီ” ညဉ့်ဦးယံအချိန် ရောက်လုနီးတွင် ချွေးတွေ ပြန်နေသည့် ကောင်လေးတစ်ယောက်က ပြောလိုက်သည်။

“ဆက်လုပ်။”

“သားလက်ဖဝါးက သွေးတွေထွက်နေပြီ။”

စွန့်ပစ်ဓားတောကြီးမှာ တောက်ပနေသော နေရောင်ခြည်အောက်တွင် အလွန်ပင် ပူပြင်း ခြောက်သွေ့ပြီး နီရဲနေ၏။

“ဆက်လုပ်။”

“အဒေါ် ရွှဲ့ဟန်၊ သား အဒေါ်တို့လို အစွမ်းထက်လာဖို့ ဘယ်လောက်ကြာကြာ လေ့ကျင့်ရ ဦးမှာလဲ”

နုနယ်သေးသည့် အရိပ်အယောင်များ ထင်ဟပ်နေသော ကောင်လေးတစ်ယောက်က နှင်းထဲတွင် ရပ်လျက် မေးလိုက်သည်။

“ဓားတစ်လက်ကို ထက်အောင် သွေးဖို့ ဘာတွေ လိုအပ်လဲ”

“မာကျောပြီး ချောမွေ့တဲ့ ကျောက်စရစ်ခဲတွေ လိုအပ်ပါတယ်” ထိုနုနယ်သော ကောင်လေးက ပြန်ဖြေသည်။

“ဒီနေ့ကစပြီး ဒီတောအုပ်ထဲမှာရှိတဲ့ ဓားအားလုံးကို ဆွဲထုတ်ရမယ်။ ကောင်းကင်ကို ချိန်ရွယ်ပြီး ဓားကို ဝှေ့ယမ်းရမယ်။ လေကိုပဲ မင်းရဲ့ဓားသွေးကျောက်အဖြစ် သုံးရမယ်။ စွန့်ပစ်ဓားတစ်လက်ချင်းစီမှာ ကပ်နေတဲ့ သံချေးတွေ အကုန်ပျောက်သွားတဲ့အထိ ပွတ်တိုက်ပြီးပြီဆိုမှ မင်း ဒီနေရာကနေ ထွက်သွားခွင့် ရှိမယ်။”

လေကို ဓားသွေးကျောက်အဖြစ် အသုံးပြုခြင်း။

ဤနေရာရှိ ဓားတစ်လက်ချင်းစီတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အမာရွတ်များကို ပွတ်တိုက် ဖြတ်သန်းခဲ့ကြရပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်သွေးများကိုလည်း စွန့်ထုတ်ခဲ့ကြရပြီး ဖြစ်သည်။

သို့သော် ဤအကြောင်းရင်းကြောင့်ပင် သူတို့သည် သူတို့၏ ထက်ရှသည့် ဓားသွားတွေကို ပြန်လည်ရရှိခဲ့ကြခြင်း ဖြစ်သည်။

နှစ်လများစွာ ကုန်လွန်သွားခဲ့ပြီးနောက် စွန့်ပစ်ဓားတောထဲရှိ ဓားဟောင်းများမှာ မြေပြင် တွင် ဆက်လက် မတ်မတ်ရပ်တည်နေဆဲပင်။ သူတို့၏ ထက်ရှသန့်ရှင်းသော ကိုယ်ထည် များမှာလည်း သံချေးများဖြင့် တစ်ဖန်ပြန်၍ ဖုံးလွှမ်းသွားခဲ့ပြန်သည်။ ကျူးမင်လန်သည် ဓားအုပ်စုများနည်းတူပင် ညနေဆည်းဆာကို ကျောပိုးထားရင်း၊ စိတ်ထဲတွင် ရောက်လာ သည့် ပုံရိပ်များကြောင့် အသက်ရှူပင် ကြပ်လာရသည်။ လည်ချောင်းထဲတွင် တစ်စုံတစ်ခု စူးဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။

နောင်တ ရသလား….။

ကျူးမင်လန်တွင် မည်သည့်အခါကမျှ နောင်တရခြင်းမျိုး မရှိခဲ့ပေ။

သူသည် ဝမ်းနည်းမှု အနည်းငယ်နှင့် မတတ်နိုင်သည့် ခံစားချက်ကိုသာ ရရှိလိုက်သည်။

မည်မျှပင် ထူးချွန်ထက်မြက်သည့် ဓားကောင်းတစ်လက် ဖြစ်စေကာမူ၊ တစ်နေ့နေ့တွင် သံချေးအစွန်းအထင်းများဖြင့် ပြည့်နှက်သွားမည်သာ ဖြစ်သည်။

ကုန်ဆုံးသွားသော နှစ်ကာလများအတွင်း၊ မိမိ၏နှလုံးသားက တစ်နေရာရာ၌ တည်ငြိမ် နေမည်ဆိုပါက နောင်တဟူ၍ ရှိလာမည် မဟုတ်ပေ။

“ဟွမ်......”

ရုတ်တရက်ပင် ငြိမ်သက်နေသော တောအုပ်တစ်ခုလုံး၌ ဓားများ အားလုံး တပြိုင်နက် တည်း တုန်ခါသွားသံများ ထွက်ပေါ်လာသည်။ ထိုအသံမှာ ကျူးမင်လန်ကို ဝိုင်းရံထားသော ဇီသာ ထောင်ပေါင်းများစွာ တီးခတ်နေသကဲ့သို့ပင်။ ဂီတသံစဉ်မှာ လွန်စွာပင် ထိုးဖောက် အားကောင်းလှသဖြင့် ဝိညာဉ်အထိပင် အေးစက်တုန်ယင်သွားစေသည်။

ကျူးမင်လန် သတိပြန်ဝင်လာပြီး တောင်ကုန်းသစ်တောနှင့်အတူ လှိုင်းထန်နေသော ဓား ပင်လယ်ပြင်ကို မြင်လိုက်ရ၏။ ၎င်းတို့မှာ ရှေးဟောင်းဆင့်ခေါ်သံ တစ်ခုခုကို တုံ့ပြန်နေ သည့်အလား မြေကြီးထဲမှ ထမြောက်လာကြသဖြင့် သူ၏မျက်နှာမှာ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားရသည်။

ဓားအရိပ်များ လှုပ်ခါယိမ်းနွဲ့နေပြီး ထင်းရှူးတောအုပ်ကြီးမှာ မှောင်မိုက်လာကာ ညနေ ဆည်းဆာ၏ အလင်းရောင်မှာ တောင်တန်းများကြားတွင် လုံး ဝပျောက်ကွယ်သွားလေ သည်။ တောအုပ်တစ်ခုလုံးမှာ အမှောင်ထုထဲသို့ နစ်မွန်းလုနီးပါး ဖြစ်နေသော်လည်း ဓား အရိပ်တို့မှာမူ အသက်ဝင်လာကြသကဲ့သို့ ကောင်းကင်၊ မြေပြင်နှင့် တောအုပ်အတွင်းသို့ ရူးသွပ်စွာဖြင့် ပျံသန်းပြေးလွှားနေကြသည်။

သို့သော် အစစ်မှန် စွန့်ပစ်ဓားများမှာမူ မြေကြီးထဲတွင် ခေါင်းစိုက်လျက် မတ်မတ် ရပ်တည် နေဆဲပင်။ ဂူသင်္ချိုင်း ကျောက်တိုင်များမှ ထွက်ပေါ်လာသည့် တစ္ဆေများနှယ် ဓားအရိပ်တို့ မှာ လေထုထဲသို့ ပျံတက်သွားကြပြီး၊ ဓားများ၏ စူးရှသော အော်ဟစ်သံများနှင့်အတူ တစ္ဆေ သရဲတို့၏ ပြင်းထန်သော အော်ဟစ်သံများက ဓားများ၏ တူရိယာတေးသွားကို "သရဲတစ္ဆေ တစ်ရာ၏ စူးရှသော ငိုညည်းသံ" အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

All Chapters