အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) ဓားဝိညာဉ်နဂါး။
ဤမြင်ကွင်းသည် ယောင်ရှန်းဓားဂိုဏ်း မည်သည့်တပည့်၏ ဝိညာဉ်ကိုမဆို ခန္ဓာကိုယ်ထဲမှ ထွက်ပြေးသွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှ၏။ အကြောင်းမှာ အချို့ သော ဓားရှည်များမှာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် သွေးများ စိမ့်ထွက်နေပြီး မကောင်းဆိုး ဝါးဆန်ဆန် အနီရောင် တောက်ပနေသောကြောင့်တည်း။
ကျူးမင်လန်သည် ချက်ချင်း ထွက်ပြေးခြင်းမပြုဘဲ သူ၏ဘေးပတ်လည်တွင် ဓားအရိပ်များ လှည့်ပတ်ပျံသန်းနေသည်ကိုသာ ငြိမ်သက်စွာ ခွင့်ပြုထားလိုက်သည်။
သူကမူ မျက်လုံးများကိုမှိတ်၍ စွန့်ပစ်ဓားတော အတွင်းရှိ စစ်မှန်သော “သရဲတစ္ဆေ” များကို ရှာဖွေရန် သူ၏ဝိညာဉ်အာရုံကို အသုံးပြုလိုက်သည်။ ကျူးမင်လန် သိလိုသည်မှာ ဤဓား များ အဘယ်ကြောင့် ဤမျှထိ လှုပ်ရှားရုန်းကန်နေရသလဲဆိုသည့် အကြောင်းရင်းပင်။ ဤနေရာတွင် စွန့်ပစ်ခံထားရပြီး လျစ်လျူရှုခြင်း ခံခဲ့ရသဖြင့် သူတို့သည် အမှန်တကယ်ပင် အငြိုးအတေးများ ကြီးထွားလာခဲ့ကြခြင်းလော။
ဤနေရာရှိ စွန့်ပစ်ဓားတစ်လက်စီတိုင်းမှာ တစ်ချိန်က သူနှင့်အတူ ခရီးနှင်ခဲ့ဖူးသော ဓားများ ဖြစ်ကြသည်။ ကျူးမင်လန်သည် ဓားကိုယ်ထည်ပေါ်ရှိ ရေးထိုးထားသော အမှတ် အသားအချို့ကိုပင် ယခုတိုင် မှတ်မိနေသေးသည်။ အကယ်၍သာ ၎င်းတို့သည် အငြိုး အတေးကြီးမားသည့် ဓားများအဖြစ် ပြောင်းလဲသွားခဲ့လျှင်တောင် သူတို့၏ အငြိုးတေးများ ကို ပြေလျော့စေနိုင်လိမ့်မည်ဟု ကျူးမင်လန် ယုံကြည်ထားသည်။
“ချွင်... ချွင်... ချွင်... ချွင်... ချွင်... ချွင်……”
နောက်ဆုံးတွင်မူ တောအုပ်အတွင်းရှိ ဓားများ စတင်လှုပ်ရှားလာကြသည်။ ၎င်းတို့သည် မြေကြီးထဲမှ အလိုအလျောက် ဆွဲထုတ်လိုက်ကြပြီး လေထဲတွင် ဓားချင်းယှဉ်၍ တိုက်ခိုက် လာကြသည်။ ထောင်ပေါင်းများစွာသော စွန့်ပစ်ဓားများမှာ ဓားသခင်အများအပြား ကိုင်စွဲ ထားသကဲ့သို့ပင် ထိုနေရာ၌ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဓားချင်းယှဉ် တိုက်ပွဲများကို ဆင်နွှဲနေကြသည်။
“ဒင်... ဒင်... ဒင်... ဒင်... ဒင်... ဒင်….”
ဓားများ ထပ်ခါတလဲလဲ တောက်ပလိုက်ကြသဖြင့် မရေမတွက်နိုင်သော မီးပွားများ လွင့်စင် လာသည်။ ကျူးမင်လန်သည် ရှေးခေတ်ကာလက ဓားကျင့်ကြံသူများ၏ စစ်မြေပြင် အလယ်တွင် ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းတို့ကို လူသားသာမန်မျက်စိဖြင့် မမြင်ရသော်လည်း၊ မရပ်မနား ပြန်လည်၍ အသက်ဝင်နေဆဲဖြစ်သော ဓားချင်းတိုက်ခိုက် သံများက သူတို့၏ တည်ရှိနေခြင်းကို သက်သေပြနေကြသည်။
စွန့်ပစ်ဓားတော၏ အထက်ကောင်းကင်ပြင်ကို မိုးခြိမ်းသံတစ်ခုက ဖြိုခွင်းလိုက်ပြီး၊ တောက်ပလွန်းသော အဖြူရောင်အလင်းတန်းကြောင့် ကျူးမင်လန်မှာ မျက်စိကို လက်ဖြင့် ကွယ်လိုက်ရ၏။
ထိုလျှပ်စီးကြောင်းက မှောင်မိုက်နေသော တောအုပ်အတွင်းရှိ အရာအားလုံးကို ထွန်းလင်း ပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ၊ ပြင်းထန်လှသော အလင်းရောင်ဖြင့် အရာအားလုံးကို ဝါးမြို ပစ်လိုက်သကဲ့သို့ပင်။
သာမန်လူတစ်ယောက်သာဆိုလျှင် ဤမျှထူးဆန်းသော မြင်ကွင်းကို ရင်ဆိုင်ရပါက သတိလစ် မေ့မြောသွားပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ကျူးမင်လန်သည် ထိုနေရာမှ ထွက်မသွားခဲ့ပေ။
သူသည် ဤဓားများတွင် ဝိညာဉ်ရှိခဲ့ပါက သူ့ကို အန္တရာယ်ပြုလိမ့်မည် မဟုတ်ဟု ယုံကြည် ထားသည်။
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်ပြီး ရာစုနှစ်များစွာ သက်တမ်းရှိ ပြီဖြစ်သော စွန့်ပစ်ဓားတောကို တစ်ဖန်ပြန်၍ ကြည့်လိုက်သောအခါ၊ မှောင်မိုက်နေသော တောအုပ် ကြီးမှာ အလွတ်သဘော ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ မြေပြင်တွင် စိုက်ထားသည့် စွန့်ပစ်ဓားများမှာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပျောက်ကွယ်သွားခဲ့ကြပြီ။
ဝါးတောအတွင်း၌ မည်သည့်ဓားကိုမျှ မမြင်တွေ့ရတော့ပေ။ ၎င်းတို့သည် အခြားသော လေဟာနယ် တစ်ခုအတွင်းသို့ ထွက်ပြေးသွားကြပြီး သူ့မျက်စိရှေ့မှာပင် လျှို့ဝှက်ဆန်း ကြယ်စွာ ပျောက်ကွယ်သွားကြဟန်ရှိသည်။
လျှပ်စီးကြောင်းတစ်ခုက မှောင်မိုက်နေသော ညဉ့်ဦးယံကို ဖြိုခွင်းလိုက်ပြီး၊ ကြောက်မက် ဖွယ်ကောင်းသော စွန့်ပစ်ဓားတောကို အလင်းပေးလိုက်သည်။ ရုတ်တရက်ပင် မကောင်း သော အငွေ့အသက်တစ်ခုက သူ့အပေါ်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ကျူးမင်လန် ၏ မျက်စိရှေ့မှောက်သို့ ရောက်လာသည်က တောင်တစ်လုံးကဲ့သို့ မတ်မတ်ရပ်တည်နေ သော ကြောက်မက်ဖွယ် ဓားအရိပ်ကြီးတစ်ခုပင်။
ထိုဓားမှာ သံချေးတက်နေသည့်အလား အနီရောင်သန်းနေပြီး သွေးတို့ဖြင့် စိုရွဲနေ၏။ နှစ်ပေါင်းများစွာကြာအောင် သွေးနီရောင် ချောက်ကမ်းပါးကြီး တစ်ခုထဲတွင် နှစ်မြှုပ် ခံခဲ့ရ သည့်အလား ဓားပေါ်ရှိ မှော်စာလုံး အမှတ်အသားအားလုံးမှာလည်း ထိုသွေးနီရောင်ဖြင့် စွန်းထင်းနေတော့သည်။
ကျူးမင်လန်ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်မှာ ဓားဦးဖျားက ရုတ်တရက် ပေါ်လာခြင်းကြောင့် မဟုတ်ဘဲ၊ ထိုမိစ္ဆာဓားက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားချက်ကို ရရှိလိုက်ခြင်းကြောင့်ပင်။
ဤမိစ္ဆာဓားမှာ တန်ခိုးကြီးသည့် မှော်ပစ္စည်းတစ်ခုနှင့် မတူဘဲ၊ အသက်ရှိနေသော သတ္တဝါ တစ်ကောင်နှင့် ပိုမိုတူနေသည်။ ဓားနှင့် အလွန်နီးကပ်နေသဖြင့် ကျူးမင်လန်သည် ထိုဓား ၏ အသက်စွမ်းအင်ကိုပင် ခံစားမိနေသည်။
“လက်နက်မိစ္ဆာလား…….” (Tool Demon- ကို လက်နက်ဝိညာဉ်လားဆိုရင် ပိုကောင်း မယ်ထင်ပါတယ်)။
ကျူးမင်လန်သည် သူ့မျက်စိကိုပင် မယုံကြည်နိုင်ဖြစ်သွားရသည်။
သူသည် တစ်ချိန်က ဆရာငိုက်ထံမှ ဤကဲ့သို့သော သတ္တဝါမျိုးကို 'လက်နက်မိစ္ဆာ' ဟု ခေါ်ဆိုကြကြောင်း ကြားဖူးခဲ့သည်။
ဤလက်နက်မိစ္ဆာဟုခေါ်သော အရာများသည် ကောင်းကင်နှင့်မြေကြီး၊ နေနှင့်လတို့၏ စွမ်းအင်အနှစ်တို့ကို စုပ်ယူထားသည့် အစွမ်းထက် မှော်ပစ္စည်းများ ဖြစ်ကြပြီး၊ မိစ္ဆာများ အဖြစ် ပြောင်းလဲကာ၊ နတ်ဆိုးများအဖြစ် ကျင့်ကြံ၍ သူတော်စင်အဆင့်သို့ပင် တက်လှမ်း နိုင်ကြသည်။
သို့သော်လည်း ဤမိစ္ဆာဓားကို 'မိစ္ဆာ' ဟု ခေါ်ဆိုခြင်းမှာ မသင့်တော်သလို ခံစားနေရ၏။
စွန့်ပစ်ဓားတော အတွင်းရှိ ဓားအများစုသည် နှစ်တစ်ထောင်ကျော် သက်တမ်းရှိကြပြီး၊ ဤမိစ္ဆာဓားမှာလည်း ဤနေရာရှိ စွန့်ပစ်ဓားအားလုံး၏ ဝိညာဉ် ဖြစ်နေသည်မှာ ထင်ရှား သည်။
၎င်းသည် 'လက်နက်မိစ္ဆာ' တစ်ကောင် ဖြစ်သည်။
ဖြစ်နိုင်ခြေရှိသည်မှာ ၎င်းသည် ‘လက်နက်သူတော်စင်’ပင် ဖြစ်နိုင်သေးသည်။
ကျင့်ကြံမှုသက်တမ်း နှစ်သောင်းကျော်ရှိသည့် 'သူတော်စင်ဝိညာဉ်' တစ်ပါးပင်။
“မဟုတ်သေးဘူး၊ ဒါ မဟုတ်သေးဘူး။ သူထုတ်လွှတ်နေတဲ့ အငွေ့အသက်က မိစ္ဆာ တစ်ကောင်ရဲ့ အငွေ့အသက်မျိုး လုံးဝ မဟုတ်ဘူး...” ကျူးမင်လန်က ခေါင်းကို အကြိမ်ကြိမ် ခါလိုက်မိသည်။
ထိုမိစ္ဆာဓားမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ အလွန်ပင် ထူးခြားဆန်းပြား လွန်းနေ သည်။ အကယ်၍ သူသည် ၎င်းကို အသက်ရှိသော သတ္တဝါတစ်ကောင်နှင့် နှိုင်းယှဉ်ရမည် ဆိုလျှင်... ကျူးမင်လန်မှာ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
ထိုအချိန်မှာပင် မိစ္ဆာဓားင သူရှိရာသို့ ချဉ်းကပ်လာခဲ့သည်။ ဓားသည် ကျူးမင်လန်နှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ တောင်တစ်လုံးကဲ့သို့ ကြီးမားသော အရွယ်အစားမှာ တဖြည်း ဖြည်း သေးငယ်သွားပြီး ၎င်း၏ စစ်မှန်သော ပုံသဏ္ဍာန်ကို ထုတ်ဖော် ပြသလိုက်တော့ သည်။
နောက်ဆုံးတွင်မူ ထိုမိစ္ဆာဓားသည် ကျူးမင်လန်၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပြီ။
၎င်း၏ ပုံသဏ္ဍာန်မှာ ဓားတစ်လက်နှင့် ပုံစံတူပင် ဖြစ်သော်လည်း အကြောင်းတစ်ခုခု ကြောင့် ကျူးမင်လန်သည် သူ့ရှေ့တွင် ရပ်တည်နေသော အရာမှာ အသက်ရှိသော သတ္တဝါ တစ်ကောင် ဖြစ်နေသည်ဟု ခံစားမိနေသည်။
၎င်း၏ အငွေ့အသက်မှာ...
နဂါး……
ထိုအငွေ့အသက်မှာ မှားယွင်းစရာမရှိပေ။ နဂါးတစ်ကောင်၏ အငွေ့အသက်ပင်။
ကျူးမင်လန်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
ဤဓားသည် ရှေးဦးစွာ မိစ္ဆာကျင့်ကြံသူ တစ်ယောက်အဖြစ် အောင်မြင်ခဲ့ပြီးနောက် 'ဓားဝိညာဉ်' အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပေလော...
ထို့နောက်တွင် ဤ ဓားဝိညာဉ်သည် 'နဂါးတံခါး' ကိုပင် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
'ဓားဝိညာဉ်နဂါး' ……
ဤလောကရှိ အရာအားလုံးသည် နဂါးများအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိကြ၏...
'လက်နက်ဝိညာဉ်' ဆိုသည်မှာပင် အလွန်တရာ ရှားပါးလှသည့် တည်ရှိမှုတစ်ခု ဖြစ်လင့် ကစား၊ ထိုလက်နက်ဝိညာဉ်က နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းမှာမူ ပို၍ပင် ယုံတမ်းစကားဆန်လှသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေသည်။
“ဝုန်း...”
ကြောက်မက်ဖွယ်ကောင်းလှသော ဓားဝိညာဉ်နဂါးသည် ကျူးမင်လန် အနီးသို့ တိုးကပ်လာ ပြီး တစ်စုံတစ်ခုကို သေချာစွာ စူးစမ်းနေသကဲ့သို့ သူ့အား ယဉ်ကျေးစွာ ပတ်ပျံနေသည်။
ကျူးမင်လန်ထံမှ ရင်းနှီးသော အရှိန်အဝါကို ခံစားမိလိုက်သည့်အလား၊ ဤလောကတွင် ရှားပါးလှသော ဓားဝိညာဉ်နဂါးသည် ကလေးငယ်တစ်ယောက်ကဲ့သို့ပင် သတိကြီးစွာဖြင့် သူ့ထံသို့ ချဉ်းကပ်လာသည်။
ရုတ်တရက်ပင် ဓားဝိညာဉ်နဂါးသည် ကျူးမင်လန်၏ လက်ဖဝါးပေါ်သို့ လျင်မြန်စွာ ပျံသန်း ဖြတ်သန်းသွားပြီး သူ၏လက်ဖဝါးကို ဓားချက်ဖြင့် ခုတ်ဖြတ်လိုက်ရာ သွေးများ စီးကျလာ သည်။
ဒဏ်ရာမှ စီးကျလာသော လတ်ဆတ်သည့် သွေးစက်များကို ဓားဝိညာဉ်နဂါးက ၎င်း၏ ဓားသွားကဲ့သို့ ထက်မြက်သော လျှာဖြင့် ချက်ချင်းပင် နီးကပ်စွာ လျက်ယူလိုက်ပြီး အနီရောင်ဓားသွားထဲသို့ တစ်စက်ချင်း စုပ်ယူလိုက်လေသည်။
သွေးစက် အနည်းငယ်မျှဖြင့်ပင် ဓားကိုယ်ထည်ပေါ်ရှိ သံချေးတက်နေသကဲ့သို့ အညစ် အကြေးများသည် လေထဲတွင် ဖုန်မှုန့်များအလား လွင့်စင် ပျောက်ကွယ်သွားတော့သည်။ ထူထဲသော သံချေးအလွှာများမှာ ဓားကို ချည်နှောင်ထားသည့် ကွင်းဆက်များကဲ့သို့ ဖြစ်နေ ခဲ့ရာ၊ ယခုအခါ ဓားသွားမှာ တောက်ပသော အနီရောင်အဖြစ် ပြန်လည် လင်းလက် လာပြီး ၎င်း၏ ထက်ရှသော ဓားသွားကို ပြသလိုက်သောအခါ၊ ထိုဓားဝိညာဉ်မှာ ထိုခဏ၌ပင် အပြည့်အဝ ပြန်လည် အသက်ဝင်လာတော့သည်။
ကောင်းကင်ပြင်ကို လျှပ်စီးကြောင်းတစ်ခုက ထပ်မံ၍ ဖြိုခွင်းလိုက်ပြန်ရာ စွန့်ပစ်ဓားတော တစ်ခုလုံးကို တစ်ဖန်ပြန်၍ လင်းထိန်သွားစေသည်။
တောအုပ်အတွင်း၌ သွေးများကို တုန်တုန်ရီရီဖြင့် သောက်သုံးနေသော ဓားဝိညာဉ်မှလွဲ၍ မည်သည့်စွန့်ပစ်ဓားမျှ ကျန်ရှိမနေတော့ပေ။ တောအုပ်၏နောက်တွင်မူ ကျယ်ပြောလှ သော တောရိုင်းနယ်မြေကြီး တည်ရှိနေပြီး ၎င်း၏ အရိပ်ကြီးကို ဖြန့်ကြက်ထားသည်။ ထိုအရိပ်ကြီးမှာ ယခုအခါ ဓားတောင်ပံများကို ဖြန့်ကားလိုက်ပြီး ၎င်း၏ ဓားပုံသဏ္ဍာန်ကို ဆန့်ထုတ်ကာ တောင်တစ်လုံးကဲ့သို့ မြင့်မားမတ်ဆောက်ပြီး ခန့်ညားထည်ဝါစွာ ရပ်တည် နေကာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်ဖော်နေတော့သည်။
ကျူးမင်လန် မြင်တွေ့ခဲ့ရသည့်အရာမှာ ဓားဝိညာဉ်၏ အရိပ်ပင် ဖြစ်သည်။
ဓားတွင် ကိုယ်ပိုင်ဝိညာဉ် ရှိနေခဲ့ပြီ။
ဓားသည် နဂါးတစ်ကောင် ဖြစ်ပေသည်။
မရေမတွက်နိုင်သော စွန့်ပစ်ဓားများ၏ စုပေါင်းစိတ်ဆန္ဒဖြင့် ဖန်တီးထားသည့် ဓားဝိညာဉ် နဂါးသည် ဓားဝိညာဉ် ဘဝမှနေ၍ ဓားနဂါးအဖြစ်သို့ မိမိကိုယ်ကို ကျင့်ကြံ ပြုစု ပျိုးထောင် ခဲ့ခြင်း ဖြစ်ပေသည်။
“မင်းကို ဓားဝိညာဉ်အဖြစ် ပြောင်းလဲသွားစေခဲ့တာက ငါ့သွေးတွေကြောင့်လား...” ကျူးမင်လန်သည် စိတ်လှုပ်ရှားမှုကြောင့် မတည်ငြိမ်နိုင်သေးပေ။
၎င်းသည် သူ၏သွေးကို သောက်သုံးလိုက်ပြီးနောက် ၎င်း၏ကိုယ်ခန္ဓာမှ သံချေးအလွှာများ ကို ဖျက်ဆီးပစ်ခဲ့သည်။
၎င်းက သူ့အား အသိအမှတ်ပြုကြောင်း၊ မည်သည့်နေရာမှ ဆင်းသက်လာသည်ကို သိရှိ ကြောင်း သူ့ကို အချက်ပြနေခြင်းပင် ဖြစ်သည်။
“ဟိုဘက်ဒီယိမ်း လျင်မြန်စွာ လှုပ်ရှားနေတဲ့ ဓားအရိပ်က ငါတစ်ချိန်က ကောင်းကင်ယံကို ဖြတ်ပြီး ခုတ်ပိုင်းခဲ့တဲ့ ဓားချက်များလား...”
“အဲဒီတိုက်ပွဲမြေပြင်မှာ ပံ့တင်ထပ် ထွက်ပေါ်နေတဲ့ အသံတွေက ငါနေ့ရောညပါ လေ့ကျင့် ခဲ့တဲ့ ဓားချက်သံတွေပဲ မဟုတ်လား။”
“မင်းက ဒီနေရာမှာ ငါ့ကို စောင့်မျှော်နေခဲ့တာလား၊ ဒါပေမဲ့ မင်းက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တာလား”
ကျူးမင်လန်သည် သူ၏ရှေ့မှ အနီရောင်ဓားကို ကြည့်လိုက်ရင်း သူမြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို ပြန်လည်အောက်မေ့မိကာ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် စိုစွတ်လာ ခဲ့သည်။
စွန့်ပစ်ဓားတော နှင့် ပတ်သက်၍ ထွက်ပေါ်နေသော တစ္ဆေခြောက်သည့် ပုံပြင်များမှာ ဓားဂိုဏ်းအတွင်း၌ နှစ်အနည်းငယ်ကြာအောင်ပင် တည်ရှိနေခဲ့သည်။
သို့သော်လည်း ၎င်းတို့မှာ စွန့်ပစ်ဓားတောရှိ စစ်မှန်သော ဓားဝိညာဉ်များက အပြင်လောက သို့ သတင်းစကား ပေးပို့နေခြင်းသာ ဖြစ်ပြီး၊ နေထွက်ချိန်နှင့် နေဝင်ချိန်တိုင်းတွင် သူ ပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေခြင်းပင် ဖြစ်သည်။
“ငါဟာ အခုဆိုရင် ဓားသခင်တစ်ယောက် မဟုတ်တော့ဘူး။”
“မင်းကလည်း ရိုးရိုးဓားဝိညာဉ် တစ်ခု မဟုတ်တော့ဘူး။”
ကျူးမင်လန်သည် မျက်ဝန်းအိမ်မှ လျှံကျလာတော့မည့် မျက်ရည်စက်များကို သူ၏ လက်ဖြင့် သုတ်လိုက်သည်။
ကံကြမ္မာ၏ ရက်စက်လွန်းသော နောက်ပြောင်မှုပင်။ အကယ်၍ ကျူးမင်လန်သာ ဓားသခင် တစ်ယောက်အနေဖြင့် ပြန်လာခဲ့မည်ဆိုလျှင်၊ ဓားဝိညာဉ်နဂါးသည် နဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် ကျူးမင်လန်၏ လက်ထဲတွင် ဓားတစ်လက်အဖြစ် ပြန်လည် မတည်ရှိနိုင်တော့ပေ။
သို့သော် ကျူးမင်လန်သည် နတ်ဘုရားနွယ်ဝင် လူသားစွမ်းအားတို့ကို ဆုံးရှုံးခဲ့ရပြီး၊ အစစ်မှန် ဓားဆန္ဒကို မသုံးစွဲနိုင်တော့ဘဲ သူသည် နဂါးထိန်းတစ်ဦး ဖြစ်လာခဲ့ရချေပြီ...
ကျူးမင်လန်၏ နှလုံးသားထဲတွင် ဝိညာဉ်ချိတ်ဆက်မှု တစ်ခုက တစ်စက်ချင်းစီ တည်ဆောက်လာခဲ့သည်။ ရေအိုင်တစ်ခုထဲသို့ မိုးရေစက်များ ကျရောက်လာသကဲ့သို့ပင်၊ အစပိုင်းတွင် ဖြစ်ပေါ်လာသော ရေလှိုင်းလေးများမှသည် ယခုအခါတွင်မူ ရေလှိုင်းထက် ပိုကြီးမားသော အိုင်ကြီးတစ်ခုအလား ဖြစ်ပေါ်လာသည်။ ကျူးမင်လန်သည် ဓားဝိညာဉ် နဂါး၏ ခံစားချက်အချို့ကိုပင် အာရုံခံနိုင်နေပြီ ဖြစ်သည်။
ထိုအရာမှာ ခုနက စီးကျခဲ့သော သွေးများကြောင့်ပင် ဖြစ်သည်။
၎င်းက သူတို့နှစ်ဦးကြားတွင် ဝိညာဉ်ရေးရာ ချိတ်ဆက်မှုကို ဖန်တီးပေးလိုက်သည်။
၎င်းက သူ့အား အသိအမှတ်ပြုလိုက်သည့် အချိန်တွင်၊ သူလိုပင် ဝမ်းသာအားရ ဖြစ်နေပြီး မျက်ရည်စက်များ ကျဆင်းလုနီးပါး ဖြစ်နေခဲ့သည်။
အကြောင်းမှာ သူသည် နဂါးထိန်းတစ်ဦး ဖြစ်နေသောကြောင့်ပင်။
၎င်းမှာလည်း ဓားဝိညာဉ်နဂါး တစ်ကောင် ဖြစ်သည်။
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လွဲချော်သွားလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော်လည်း ယခုအချိန်မှစ၍ သူတို့တစ်ဦးနှင့်တစ်ဦး ထပ်မံလွဲချော်ကြတော့မည် မဟုတ်ပေ။
ကျူးမင်လန်က သူ၏လက်ကို တဖြည်းဖြည်းချင်း ဆန့်တန်းလိုက်သည်။ ဤဘဝတွင် ဓားတစ်လက်ကို ထပ်မံကိုင်တွယ်ရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ခဲ့မိသော်လည်း၊ ဤကဲ့သို့သော ပုံစံမျိုးဖြင့် ကိုင်တွယ်ရလိမ့်မည်ဟူ၍ မည်သို့မျှ မမျှော်လင့်ခဲ့ပေ။
သူ၏ လက်မောင်းများ တုန်ရီနေ၏။ သူ၏ လက်ချောင်းများလည်း တုန်ရီနေသည်။ လက်ဖဝါးရော လက်ဖမိုးပါမကျန် တုန်ရီနေကြသော်လည်း၊ ကျူးမင်လန်သည် သူ၏ ကံကြမ္မာနှင့် ထပ်တူကျနေသော ဓားဝိညာဉ်ကို ပြတ်သားစွာပင် ဆုပ်ကိုင်လိုက်တော့ သည်။
ထိုသို့ ပြတ်ပြတ်သားသား ဆုပ်ကိုင်လိုက်သည့် ခဏမှာပင် ကျူးမင်လန်သည် သူ၏ စတုတ္ထ မြောက် ဝိညာဉ်ပဋိညာဉ်ကို ဖွင့်လှစ်လိုက်သည်။ ယခင်က သွေးဖြင့်ပြုလုပ်ခဲ့သော ဝိညာဉ် ချိတ်ဆက်မှုကြောင့် ဓားဝိညာဉ်နဂါး၏ ကျင့်ကြံမှုအဆင့်မှာ ကျူးမင်လန်၏ နဂါးထိန်း အဆင့်ထက် မြင့်မားနေသော်လည်း၊ သူတို့နှစ်ဦးမှာ ဝိညာဉ်ရေးရာ ဆက်သွယ်မှုတစ်ခုကို တဖြည်းဖြည်းချင်း တည်ဆောက်နိုင်ခဲ့ကာ သူတို့၏ စိတ်၊ ဝိညာဉ်နှင့် စွမ်းအင်တို့မှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့သည်။
ထိုဓားဝိညာဉ်နဂါးတွင် နဂါးအမြီးတစ်ခု ပါရှိနေသည်။
ဓားဝိညာဉ်နဂါး၏ အမြီးသည် ဓားမွေးမျှင်ရှည်များကဲ့သို့ပင် ဖြစ်နေသည်။ ကျူးမင်လန်၏ ဝိညာဉ်နှင့် ချိတ်ဆက်မိသွားချိန်တွင်၊ ထိုနဂါးအမြီးသည် နွယ်ပင်များကဲ့သို့ သူ့လက်မောင်း တစ်လျှောက် ရစ်ပတ်တိုးဝင်လာသည်။
ထိုအရာက ဆက်လက်ကြီးထွားလာပြီး ကျူးမင်လန် အောက်သို့ ငုံ့ကြည့်လိုက်မိသောအခါ၊ သူ၏ လက်မောင်းပေါ်တွင် ရှေးဟောင်းစွမ်းအင်တစ်ခုကို သူ၏ သွေးကြောထဲ ထည့်သွင်း ပေးနေသကဲ့သို့ တောက်ပနေသည့် မှော်စာလုံးပုံစံ သင်္ကေတ ထွက်ပေါ်လာသည်ကို သတိ ပြုမိလိုက်သည်။ မှော်စာလုံးသင်္ကေတများသည် သူ၏ လက်မောင်းတစ်ခုလုံးကို ပြည့်နှက် သွားအောင် ဖုံးအုပ်ထားတော့သည်။
ကျူးမင်လန်သည် သူ၏သွေးများ ရုတ်တရက် တရွရွနှင့် ပွက်ပွက်ဆူလာသည်ကို ခံစား လိုက်ရ၏။ မီးတောက်များ အုံ့ဆိုင်းလောင်ကျွမ်းနေသကဲ့သို့ သူ၏သွေးသားတို့မှာ အရှိန် ပြင်းစွာဖြင့် တောက်လောင်လာတော့သည်။
မီးဖိုတစ်ခုထဲတွင် ရောက်ရှိနေသကဲ့သို့ပင်၊ ထိုမီးဖိုထဲမှ အဆုံးမရှိသော ခွန်အားများ ထွက်ပေါ်လာနေပြီး၊ သူ၏လက်ထဲမှ ဓားကို တစ်ချက် ယမ်းလိုက်ရုံမျှဖြင့် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ရှိရှိသမျှအရာအားလုံးကို ဖြတ်ပိုင်းနိုင်သည်ဟု သူ ခံစားမိလိုက်သည်။
“စူး... စူး... စူး......”
သတ္တုများကို မီးဖြင့် အပူပေးကာ ပုံသွင်းနေသကဲ့သို့ပင် ထိုမှော်စာလုံးပုံစံများမှာ ပိုမို တောက်ပလာသည်။ ဓားဝိညာဉ်၏ မှော်စာလုံးပုံစံများမှာ ကျူးမင်လန်၏ လက်မောင်းနှင့် ရင်ဘတ်ဆီသို့ တရွေ့ရွေ့ တက်လှမ်းလာသည်နှင့်အမျှ၊ ဓားဝိညာဉ်နဂါးသည် တစ်စုံတစ်ခု ကို အရေးတကြီး ခံစားမိလိုက်သည့်အလား ၎င်း၏ ဓားပုံသဏ္ဍာန်ကို အလျင်အမြန် လှုပ်ခါ လိုက်ပြီး ကျူးမင်လန်၏ လက်မောင်းမှနေ၍ အလျင်အမြန်ပင် ဆွဲထုတ်လိုက်တော့သည်။
ထိုသို့ ဆွဲထုတ်လိုက်သည်နှင့် ကျူးမင်လန်၏ လက်မောင်းပေါ်ရှိ မှော်စာလုံးပုံစံများမှာ ချက်ချင်းပင် မှေးမှိန်သွားသည်။ မီးဖိုတစ်ခုထဲမှ ပြန်ထွက်လာသကဲ့သို့ အပူငွေ့များ တလူလူတက်နေသည့် ကျူးမင်လန်မှာ ချွေးများဖြင့် ရွှဲစိုနေပြီး သူ၏ အရေပြားမှာလည်း နီရဲနေ၏။
“လက်ရှိအချိန်မှာ ဒီလက်မောင်းတစ်ဖက်ပဲ အဲဒီ 'ဓားဝိညာဉ်' မှော်စာလုံးတွေရဲ့ အားကို ခံနိုင်ရည်ရှိသေးတာကိုး။”
“မင်းကို ဓားဝိညာဉ်ဖြစ်လာအောင် ဖန်တီးပေးခဲ့တာက ငါ့ရဲ့သွေးတွေ ဖြစ်ပေမယ့်၊ ငါတို့ နှစ်ယောက်ကြားမှာ ပိုပြီး အသားကျဖို့အတွက် အချိန်နည်းနည်းတော့ လိုဦးမယ့်ပုံပဲ...” ကျူးမင်လန်က အသက်ကို မနည်းရှူသွင်းရင်း ဓားဝိညာဉ်နဂါးကို ပြောလိုက်သည်။
ဓားဝိညာဉ်နဂါး၏ အနီရောင်တောက်ပြီး မတ်မတ်ရပ်နေသော ဓားပုံသဏ္ဍာန်မှာ ကျူးမင်လန်၏ ဘေးတွင် ဝဲပျံနေပြီး ၎င်း၏အမြီးကဲ့သို့သော ဓားမွေးမျှင်များမှာလည်း ပေါ့ပါးစွာ လွင့်မျောနေတော့သည်။
ပေါင်းစပ်ခြင်းက အချိန်အခါတစ်ခုသာ လိုအပ်ခြင်း ဖြစ်သည်။ ဓားဝိညာဉ် ဖြစ်လာအောင် ပြောင်းလဲပေးခဲ့သူကို စောင့်မျှော်နေပြီး တွေ့ဆုံးခဲ့ရသဖြင့် ၎င်းမှာ အလွန်ပင် ပျော်ရွှင်နေပြီ ဖြစ်သည်။
ထို့အပြင် ကျူးမင်လန်နှင့် ဝိညာဉ်ပဋိညာဉ်ကို ချုပ်ဆိုလိုက်ခြင်းဖြင့် ၎င်းသည် စွန့်ပစ်ဓား တောမှ ထွက်ခွာနိုင်တော့မည် ဖြစ်ပြီး ၎င်း၏ ထက်ရှသော ဓားသွားအစွန်းကို တစ်ဖန် ပြန်၍ ပြသနိုင်တော့မည် ဖြစ်သည်။
၎င်းမှာ စွန့်ပစ်ခံထားရသော ဓားအားလုံးမှ ဝိညာဉ်အသွင်ပြောင်းလာခြင်း ဖြစ်သည်။ အကယ်၍ ဓားတစ်လက်တွင် ဝိညာဉ်ရှိနိုင်မည်ဆိုပါက၊ ထိုဓားသည် နှစ်ကာလများ၏ တိုက်စားမှုဖြင့် တောအုပ်ထဲတွင် သံချေးတက်ကာ ဖြည်းဖြည်းချင်း ယိုယွင်း ပျက်စီးသွား မည်ကို မည်သည့်အခါမျှ လိုလားမည်မဟုတ်ချေ။
“ဝှီး…”
“ဝှီး…..”
ဓားဝိညာဉ်နဂါးသည် ကျူးမင်လန်၏ ပတ်ပတ်လည်တွင် မရပ်မနား လျင်မြန်စွာ လူးလာ ပျံသန်းနေသည်။ တောင်ပံများ မရှိသော်လည်း ၎င်း၏ ကိုယ်ထည်မှာ ပေါ့ပါး သွက်လက် သည့်အတွက် သတ္တုဖြင့် ပြုလုပ်ထားသော ပျံသန်းနိုင်သည့် နဂါးတစ်ကောင်နှင့်ပင် တူနေသည်။
သို့သော် ၎င်း၏အမြန်နှုန်းမှာ အလွန်ပင် လျင်မြန်လှသဖြင့် အခြားသူများ၏ မျက်စိတွင်မူ တစ်နေရာမှ တစ်နေရာသို့ ချက်ချင်းခုန်ကူးသွားသည့် အတိုင်းပင် မြင်ရလောက်ပေသည်။
“ငါမှတ်မိသေးတယ်၊ ငါ့အနားမှာ အကြာဆုံးရှိခဲ့တဲ့ ဓားနာမည်က မိုယဲ့လို့ ခေါ်တယ်။”
“ဓားဝိညာဉ်နဂါး... ငါမင်းကို မိုယဲ့လို့ပဲ ခေါ်တော့မယ်။”
ဓားဝိညာဉ်နဂါးသည် ရုတ်တရက် ရပ်တန့်သွားပြီး ကျူးမင်လန်၏ ရှေ့တည့်တည့်တွင် လွင့်မျောနေ၏။ ၎င်း၏ အနီရောင်တောက်နေသော ဓားသွားပေါ်တွင် ကျူးမင်လန်၏ မျက်နှာပြင်က ထင်ဟပ်နေ၏။
“ဝှီး……”
၎င်းက တစ်ခဏချင်းပင် ပျောက်ကွယ်သွားသည်။
ဓားဝိညာဉ်နဂါးက ကျူးမင်လန်၏ ဝိညာဉ်နယ်မြေထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
ဓားဝိညာဉ်နဂါးသည် ထိုအမည်ကို အလွန်ပင် နှစ်သက်သဘောကျသွားခဲ့ပုံရသည်။