← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄) ဓားသခင်နှင့် ပန်းချီဆရာ။

တိမ်တိုက်တို့နှင့် နီးကပ်လုနီးပါး မြင့်မားသော နတ်ဆေးတောင်၏ တောင်ထိပ်ပေါ်တွင်၊ ဆံပင်ကို စည်းနှောင်ထားပြီး တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေ၏။ ထိုနေရာမှနေ၍ ယောင်ရှန်းဓားဂိုဏ်း တစ်ခုလုံးကို အပေါ်စီးမှ အထင်အရှား မြင်နိုင်ပေသည်။

နေ့အချိန်မှ ညအချိန်သို့ ကူးပြောင်းလာသောအခါ အောက်ဘက်ရှိ တောင်တန်းများ၊ အိမ်တော်များ၊ မြင့်မားသည့် တဲအိမ်များနှင့် ထင်းရှူးပင်တန်းများမှာ ညနေခင်းမြူနှင်းများ ကြားတွင် တဖြည်းဖြည်းချင်း အုပ်ဆိုင်းသွားသည်။ တောင်ကြားစီးဆင်းနေသည့် စမ်း ချောင်းများနှင့် ချိုင့်ဝှမ်းတို့သည် ညဉ့်၏ စိုစွတ်သော အနှစ်သာရကို မွေးမြူပေးနေ၏။ ညဉ့်မြူများက ကြီးကျယ်ခမ်းနားလှသော တောင်တန်းကြီးများကို ဖုံးအုပ်ရန် ပြင်ဆင် နေချိန်၌၊ ရုတ်တရက်ပင် တောအုပ်တစ်ခုခုမှ ထွက်ပေါ်လာသော မမြင်နိုင်သည့် စွမ်းအား တစ်ခုက တစ်ဟုန်ထိုး တိုးဝင်ဖြတ်သန်းသွားတော့သည်…

တောင်တန်းများကို ဖုံးအုပ်ထားသည့် တိမ်တိုက်များနှင့် မြူနှင်းတို့မှာ ချက်ချင်းပင် လွင့်စင် ပျောက်ကွယ်သွားသည်။ အမြင့်ဆုံး တောင်ထွဋ်ပေါ်မှနေ၍ တိမ်လွှာထုအတွင်း၌ ဧရာမ လေဟာနယ် ဝဲဂယက်ကြီးတစ်ခု ဦးစွာပေါ်ပေါက်လာပြီး၊ နတ်ဆေးတောင်ရှိ မြူခိုးအားလုံး ကို ထိုဝဲဂယက်ကြီးထဲသို့ စုပ်ယူသွားတော့သည်။

တောင်တန်းများ၊ ကျောက်ဆောင်များနှင့် တောင်ထွဋ်များမှာ အလွန်ပင် ကြည်လင် ပြတ်သားသွားပြီး ညဉ့်ကောင်းကင်ယံအထိပင် သန့်စင်သွားခဲ့သည်။

ကျူးရွှဲ့ဟန်သည် ဤစွမ်းအားနောက်ကွယ်တွင် မည်သူရှိသည်ကို သိရှိရန် ထိုတောအုပ် ဆီသို့ ပျံသန်းသွားရန် ကြံရွယ်ခဲ့သော်လည်း၊ နောက်ဆုံးတွင် တောင်ထွဋ်ပေါ်ရှိ တဲအိမ် သို့သာ ပြန်လှည့်လာခဲ့သည်။ မြက်ခင်းပြင်ပေါ်တွင် တစ်ကိုယ်တည်း ထိုင်ရင်း သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

“ဒါက ဘယ်သူလဲဆိုတာ သိတော့ရော ဘာအဓိပ္ပာယ် ရှိမှာလဲ။”

“မြေမှုန်တစ်စလို တခဏတာ ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နဲ့ သန်မာတဲ့လူတွေ ကလည်း များလွန်းလှပါတယ်။”

အိမ်တော်ရှေ့ရှိ ပြန့်ပြူးသော တောင်ကုန်းလွင်ပြင်၌ ……

ဓားဂိုဏ်းမှ တပည့်အုပ်စုတစ်စုက လွင်ပြင်၏ အစွန်းတွင် ရပ်နေကြသည်။ သူတို့တစ်ဦးစီ ၏ မျက်နှာများတွင် မျှော်လင့်တကြီးဖြင့် ပြည့်နှက်နေပြီး၊ သူတို့၏ အကြည့်တို့မှာ အမျိုးသမီးနှစ်ဦးကြားတွင် အပြန်အလှန် ရွေ့လျားနေကြသည်။

“သူမတို့ တိုက်ခိုက်တော့မယ်၊ သူမတို့ တိုက်ခိုက်တော့မယ်”

“အကြီးဆုံးတပည့်ကြီးက တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်တော့မယ်ဟေ့…..”

“ယောက်ျားလေးတစ်ယောက်ကြောင့်လို့ ကြားတယ်၊ ငါတို့ရဲ့ စီနီယာ အစ်ကိုတော် ရှုများ ဖြစ်နေမလား။”

လွင်ပြင်မှ ဆက်သွယ်ထားသော ပတ်ကွား ကျောက်ပြားကြီး ပေါ်တွင် ဇီမြောင်ကျူးနှင့် နန်လင်းရှာတို့သည် ယင်-ယန် ပိုင်းခြားမျဉ်း၏ တစ်ဖက်တစ်ချက်စီတွင် ရပ်တည်နေကြ သည်။ ညနေခင်း ကုန်ဆုံးသွားပြီးနောက် ကျောက်ပြားကြီး၏ ပတ်ပတ်လည်တွင် မီးပုံးများ ကို ထွန်းညှိထားကြပြီ ဖြစ်သည်။

မီးပုံးများအတွင်းမှ တောက်လောင်နေသော မီးတောက်များမှာ တဖျတ်ဖျတ် လူးလွန့်နေပြီး ထိုအလင်းရောင်များက အမျိုးသမီးနှစ်ဦး၏ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်များကို ထင်ဟပ် နေသဖြင့် ကြည့်ရှုနေကြသည့် တပည့်များမှာ ပိုမို၍ပင် စိတ်လှုပ်ရှားလာကြသည်။

“အရင်ဆုံး မင်းရဲ့မျက်နှာဖုံးကို ချွတ်လိုက်၊ မင်းရဲ့ အစစ်အမှန် မျက်နှာကို ငါမြင်ပါရစေဦး၊” ဓားဂိုဏ်း၏ တပည့်ကြီး ဇီမြောင်ကျူးက ပြောလိုက်သည်။

“မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ” နန်လင်းရှာက ပြန်မေးသည်။

“မင်း…” ဇီမြောင်ကျူးမှာ ဤမေးခွန်းကြောင့် ဒေါသအလွန်ထွက်သွားကာ တစ်ကိုယ်လုံး တုန်ရီလာပြီး စကားပင် မပြောနိုင်တော့ပေ။

သူမကို အစကတည်းက လုံးဝအမှုမထားခဲ့ဘူးဟု တွေးမိလိုက်သောအခါ...!

ဇီမြောင်ကျူးသည် ကျူးမင်လန် ပြောသည့် စကားများကို တစ်ခါမျှ မယုံကြည်ခဲ့ပေ။ ဤအမျိုးသမီးနှင့် သူ့ကြားရှိ ဆက်ဆံရေးမှာ သေချာပေါက် ရိုးရှင်းနေမည် မဟုတ်ပေ။

ဇီမြောင်ကျူးသည် မိမိ၏အချစ်က တဖက်သတ်သာ ဖြစ်နေရသည်ကို သိထားသော်လည်း၊ သူမသည် အဘယ်နေရာ၌ အတိအကျ ရှုံးနိမ့်သွားခဲ့ရသည်ကိုမူ သိရှိလိုလှသည်။

ဤအမျိုးသမီးက မည်သည့်အရည်အချင်းမျိုးဖြင့်…

လေပြင်းတိုက်ခတ်လာပြီး သူမ၏မျက်နှာဖုံးကို လွင့်ခါသွားစေသည်။ ထိုခဏတွင်ပင် ဇီမြောင်ကျူးသည် သူမ၏ ဘေးတစောင်း ပုံရိပ်ကို အနည်းငယ် လှမ်းမြင်လိုက်ရသည်။

“လှလိုက်တာ။”

“မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် လှပနိုင်ရတာလဲ။”

“အာ ဖူး…..”

“မြေခွေးနတ်ဆိုးမ”

“နတ်ဆိုးမရဲ့ ပြန်လည်ဝင်စားသူပဲ”

ဒီအမျိုးသမီးက သူမရဲ့အလှတရား… အမှန်တော့ တုနှိုင်းမဲ့ အလှတရားကို အသုံးပြုပြီး စီနီယာအစ်ကိုကို ယစ်မူးသွားအောင် လုပ်လိုက်တာကိုး….။

ဒါပေမဲ့ စီနီယာအစ်ကိုရဲ့ ဘေးမှာ ရပ်တည်နိုင်ဖို့ဆိုတာ အလှအပသက်သက်နဲ့ မလုံလောက်ဘူး။

ပြိုင်ဘက်ကင်း ပါရမီနဲ့ ထက်မြက်တဲ့ ဉာဏ်ပညာမရှိရင် သူမက စီနီယာအစ်ကိုနဲ့ မထိုက် တန်ဘူး။ ဘာပဲပြောပြော စီနီယာအစ်ကိုဆိုတာ သူတော်စင်ဝိညာဉ်တစ်ခုရဲ့ ပြန်လည် ဝင်စားသူ ဖြစ်ပြီး ဓားလမ်းစဉ်ကို အဆုံးစွန်အထိ ကျင့်ကြံထားသူပဲ။ သူက အမြင့်ဆုံး အထွက်အထိပ်ကို ရောက်ရှိပြီးမှ အလွန်ရိုးရှင်းစွာနဲ့ အဆင့်ပြန်ကျသွားပေမယ့် သူက ပြိုင်ဘက်ကင်းနေပြီ။

“စီနီယာအစ်ကိုက မင်းကို သူ့ရဲ့အဖွဲ့ထဲက နတ်ဘုရားနွယ်ဝင် လူသားလို့ ပြောခဲ့တယ်။ မင်းမှာ ဘာတွေရှိသလဲ ပြသပါဦး၊ မင်းက တကယ်ပဲ သူ့ဘေးမှာ ရပ်တည်ဖို့ ထိုက်တန် လားဆိုတာ ငါတို့ ကြည့်ရအောင်၊” ဓားဂိုဏ်း၏ တပည့်ကြီး ဇီမြောင်ကျူးက စိန်ခေါ် လိုက်သည်။

နန်လင်းရှာသည် ထိုအရူးမ ပြောနေသည့်စကားများကို နားမလည်ပေ။ သူမတွင် တိုက်ခိုက်လိုစိတ် လုံးဝမရှိဘဲ၊ သူမအကြည့်တို့က ယောင်ရှန်းအိမ်တော်၏ ညဉ့်ရှုခင်း ဆီသို့သာ စူးစိုက်နေသည်။

သို့သော် ရုတ်တရက်ပင် သူမ၏ ဘေးနားမှ အေးစိမ့်သော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ဓားတစ်လက်သာ သူမဆီသို့ ဦးတည်ပျံသန်းလာသော် လည်း၊ ထိုဓားမှာ မြင့်မားသော ကောင်းကင်ဘုံမှ ဧရာမ ရေခဲတောင်ကြီးတစ်ခု ပြိုကျလာ သကဲ့သို့ ခံစားရစေသည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သော အငွေ့ အသက်ကြောင့် ပွဲကြည့်ရန် ရောက်နေကြသည့် တပည့်များမှာ ကြောက်ရွံ့ပြီး လေးဖက် လေးတန်သို့ ပျံသန်းထွက်ပြေးကြရသည်။

ပြင်းထန်သော ရန်လိုမှုမျိုးကို ခံစားလိုက်ရသည့် နန်လင်းရှာသည် သူမလက်ထဲရှိ စုတ်တံကို ကိုင်ဆောင်ကာ လေထဲတွင် ထိုင်ကျိမှန်ချပ် တစ်ချပ်ကို လျင်မြန်သွက်လက်စွာ ရေးဆွဲလိုက်သည်။

မှင်ရည်စုတ်ချက်ဖြင့် ရေးဆွဲထားသည့် ထိုက်ကျိပုံရိပ်သည် တစ်ချက်တည်းဖြင့် ဖြန့်ကျက် သွားကာ ခြေအောက်ရှိ ပတ်ကွားကျောက်စင်မြင့်ကြီးနှင့် အရွယ်အစား တူညီသည်အထိ ကြီးမားသွားသည်။ တစ်စုံတစ်ယောက်က ထိုကျောက်စင်မြင့်ကြီးကို မတ်မတ်ထောင်ထား လိုက်သကဲ့သို့ပင်။

ဖြန့်ကျက်သွားသည့် မှင်ရည်များသည် ထိုက်ကျိမှင်ရည် အကာအရံ၏ အခြားတစ်ဖက် တွင် ရေခဲတောင်ကြီးပမာ ဓားကို ဟန့်တားထားနိုင်သည့် မမြင်နိုင်သော ကြံ့ခိုင်မှုမျိုးကို ဆောင်ကြဉ်းထားသည်။

တပည့်ဖြစ်သူများမှာ နန်လင်ရှာ သူမရှေ့တွင် ရေးဆွဲလိုက်သည့် ထိုက်ကျိ စင်မြင့်ကြီးကို မြင်လိုက်ရသည့်အခါ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြပြီး၊ စီနီယာအစ်မ၏ အားပါသော တိုက်ခိုက်မှုကို ဤမျှလွယ်ကူစွာဖြင့် ဟန့်တားထားနိုင်သည်ကို လုံးဝ မယုံနိုင် ဖြစ်နေကြသည်။

ဇီမြောင်ကျူးမှာလည်း အံ့အားသင့်ရလေသည်။

သူမသည် ပြိုင်ဘက်အား အသက်ဆုံးရှုံးမှု မဖြစ်စေရန်အတွက် သူမ၏ တိုက်ခိုက်ရေး စွမ်းအားကို အနည်းငယ် လျှော့ချလိုက်ရန် ကြံရွယ်ခဲ့သော်လည်း၊ သူမ၏ ရေခဲတောင်ဓား သည် ပြိုင်ဘက်၏ အဝတ်စတစ်ခု သို့မဟုတ် ဆံပင်တစ်စကိုပင် မထိခိုက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုသို့သော နတ်ဘုရားနွယ်ဝင်နှင့် လူသား စွမ်းအားအပေါ် ပိုင်နိုင်မှုကား... သူမသည် ခုနက ပန်းချီစုတ်တံတစ်ချောင်းကိုသာ ကိုင်တွယ်နေခဲ့ခြင်းပင်လော။

“ဓားသခင်လား” နန်လင်ရှာသည် ဇီမြောင်ကျူးကို မော့ကြည့်လိုက်မှသာ သူမ၏ မျက်ဝန်း အစုံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

“ဟုတ်တယ်၊ ငါက ယောင်ရှန်းဓားဂိုဏ်းရဲ့ ထိပ်သီးအကြီးအကဲ တပည့်တွေထဲမှာ တစ်ယောက် အပါအဝင်ပဲ” ဇီမြောင်ကျူးက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကြွေးကြော်လိုက်သည်။

“ငါ့ရဲ့မှင်ရည်ဓားကို မင်း ခုခံနိုင်မလား ကြည့်ကြတာပေါ့” နန်လင်ရှာက ပြောလိုက်ပြီး သည်နှင့် သူမစုတ်တံကို လေထုထဲတွင် အားပါးတရ ခပ်ပြင်းပြင်း လွှဲယမ်းလိုက်သည်။

မှင်ရည်တို့သည် ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားသွားများကဲ့သို့ ထက်ရှလာကာ နန်လင်ရှား၏ ဘေးတွင် မှေးမှိန်နေသော ဓားရှည်တစ်လက်ကို ပုံဖော်လိုက်သည်။

သူမက စုတ်တံကို အခြားတစ်ဖက်သို့ ခပ်ပြင်းပြင်း လွှဲယမ်းလိုက်သည်နှင့် တပြိုင်နက်၊ အလားတူပင် ခမ်းနားထည်ဝါလှသော စုတ်ချက်တစ်ခုက လေထုထဲတွင် ဒုတိယမြောက် မှင်ရည်အရိပ်ဓားရှည် တစ်လက်ကို ဖန်တီးလိုက်ပြန်သည်။

ရုတ်တရက်ပင် နန်လင်ရှာသည် သူမ၏ စုတ်တံကို ညဉ့်ယံကောင်းကင်ယံသို့ ပစ်လွှတ် လိုက်သည်။ ယခင်စုတ်ချက် နှစ်ခုနည်းတူပင် စုတ်တံသည် လေထုထဲတွင် ရိုင်းစိုင်းစွာဖြင့် ကခုန်နေပြီး၊ လွတ်လပ်စွာပင် မိမိ၏ သရုပ်သကန်ကို ဖော်ကျူးနေလေတော့သည်။

နန်လင်ရှာ၏ အထက်ကောင်းကင်ရှိ မှင်ရည်အရိပ်ဓားရှည်များမှာ တစ်လက်ပြီးတစ်လက် လေဟာနယ်ထဲမှ ပေါ်ထွက်လာကြ၏။ ထိုဓားများအားလုံးကို ထူထဲသော မှင်ရည် အမည်း ရောင်ဖြင့်သာ ပုံဖော်ထားသော်လည်း၊ ပန်းချီဖြင့် ရေးဆွဲထားသည့် ထိုဓားတို့မှာ အသက် ဝင်လှပနေပြီး အေးစက်စက် တောက်ပသော အရှိန်အဝါတို့ လွှမ်းခြုံထားလေသည်။

ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် နန်လင်ရှာသည် မှင်ရည်ပတ်ကွား ရှေ့တွင် တည်ငြိမ်စွာ ရပ်တည်နေပြီး သူမ၏ ပတ်ပတ်လည်တွင် မှင်ရည်အရိပ်ဓားများက သိပ်သည်းစွာဖြင့် စီရီ နေသည်။ သူမ၏ မျက်နှာဖုံးမှာ လေထဲတွင် လွင့်ခါနေပြီး ဆံကေသာတို့မှာလည်း လေနှင့် အတူ ကခုန်နေကြသည်။ ဤလောကီကိစ္စတို့နှင့် ကင်းရှင်းသည့် သူမ၏ အရှိန်အဝါမှာ ပန်းချီဖြင့် ဖန်တီးထားသည့် အရိပ်များ၏ အရှိတရားနှင့် ပေါင်းစပ်သွားသကဲ့သို့ ရှိနေကာ အလွန်ပင် လှပပြီး အသက်ရှူမှားလောက်အောင် စွမ်းအားကြီးမားနေသည်။

ဇီမြောင်ကျူးသည် ဓားကိုလက်တွင် ကိုင်ထားရင်း သူမရှေ့မှ မြင်ကွင်းကို ကြည့်ရှုလိုက်ရာ အလွန်အမင်း အံ့အားသင့်သွားရလေသည်။

အားလုံးမှာ ပန်းချီကားချပ်များမျှသာ ဖြစ်သော်လည်း၊ ၎င်းတို့မှာ တကယ့်ဓားသွားထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူမသည် ပြိုင်ဘက်၏ အရှိန်အဝါကြောင့် အရေးနိမ့်သွားခြင်း မရှိစေရဟု ခိုင်မာစွာ ဆုံးဖြတ်လိုက်ပြီး သွားများကို တင်းတင်းကြိတ်လိုက်၏။ ထိုမိန်းမပျိုသည် အစွမ်းထက် သည့် နတ်ဘုရားနွယ်ဝင် လူသားတစ်ဦး ဖြစ်ကြောင်း သူမ ဝန်ခံသော်လည်း၊ သူမကိုယ် တိုင်ကလည်း အားနည်းသူ မဟုတ်ပါချေ။

အလင်းရောင်များ မှိန်ဖျော့သွားသည်နှင့်အမျှ ကျူးမင်လန်သည် ဤမှောင်မိုက်နေသည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာခဲ့သည်။ စွန့်ပစ်ဓားတောတွင် ယခုအခါ စွန့်ပစ်ဓား များ မရှိသလောက် ဖြစ်သွားပြီဖြစ်ရာ၊ တောအုပ်သည် အရင်ကကဲ့သို့ ခမ်းနားထည်ဝါသော အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ဘယ်နှစ်နှစ်ကြာဦးမည်ကို မည်သူမှ မသိနိုင်ပေ။

ဓားဝိညာဉ်နဂါးမှာမူ ဝိညာဉ်နယ်မြေအတွင်း၌ ရှိနေပြီး ပတ်ဝန်းကျင်အသစ်နှင့် အသားကျ အောင် ကြိုးစားနေသည်။

၎င်း၏ အနီရောင်ဓားသွားသည် အိပ်ငိုက်နေသည့် သွားမည်းကြီး၏ ခေါင်းပေါ်ကို ဖြတ်သန်းသွားခဲ့သည်။ ခြင်ဟုထင်မှတ်မှားကာ စိတ်အနှောင့်အယှက် ဖြစ်သွားသော သွားမည်းကြီးသည် ခေါင်းကို အကြိမ်အနည်းငယ် ခါယမ်းလိုက်ပြီးနောက် မျက်လုံးများကို ဖွင့်လိုက်လေတော့သည်…

မော့ကြည့်လိုက်သောအခါ သွားမည်းကြီး၏ အနည်းငယ် မှေးစင်းနေသည့် မျက်ဝန်း အစုံမှာ ရုတ်တရက် ပွင့်အာသွားပြီး အံ့ဩတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်သွားသည်။

ခုနက ဖြတ်ပျံသွားတာ ဓားတစ်လက်မှ ဟုတ်ပါရဲ့လား…..။

“ဝှီး…..”

ဓားဝိညာဉ်နဂါးသည် ဝိညာဉ်နယ်မြေ၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ပျံသန်းသွားရင်း ရုတ်တရက်ပင် ခမ်းနားထည်ဝါသော ဖီးနစ်ငှက်ကဲ့သို့ အတောင်ပံတို့ကို ဖြန့်ကျက်ထား သည့် မြင့်မြတ်သော အဖြူရောင် အရိပ်တစ်ခုကို မြင်လိုက်ရသည်။ နှင်းပွင့်ကဲ့သို့ နူးညံ့ ဖြူစင်သော အမွှေးအတောင်တို့မှာ ပုံဆောင်ခဲများကဲ့သို့ တောက်ပနေပြီး မြင့်မြတ်ပြီး လှပနေသည်။

“ဝှီး... ဝှီး……”

ဓားဝိညာဉ်နဂါးသည် ထိုအဖြူရောင်နဂါး၏ ရှေ့တွင် ရပ်တန့်လိုက်၏။ ၎င်း၏ပုံစံက မိတ်ဆွေဟောင်းတစ်ဦးကို တွေ့လိုက်ရသည့်အလားပင်။

အဖြူလေးသည်လည်း သူ၏ မှေးမှိန်နေသော မျက်လုံးများကို ဖွင့်လိုက်ပြီး၊ ဦးစွာ ပထမ တွင် အနီရောင် ဓားဝိညာဉ်ကို မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။ ထို့နောက် ၎င်း၏ ကိုယ်ပေါ်ရှိ ဓားပုံစံမှော်သင်္ကေတများကို ကြည့်၍ တစ်စုံတစ်ရာကို မှတ်မိသွားပုံရသည်။ အဖြူလေးသည် ကြောင်တစ်ကောင်ကဲ့သို့ အဆော့သန်စွာဖြင့် ဓားဝိညာဉ်နဂါးဆီသို့ လူးလိမ့်သွားပြီး အော်ဟစ်လိုက်သည်။

“ဝှီး…..”

အဖြူလေးသည် ဓားဝိညာဉ်နဂါးကို သဘာဝအတိုင်းပင် မှတ်မိနေသည်။ ကျူးမင်လန် သည် စွန့်ပစ်ဓားတောတွင် ဓားပညာကို လေ့ကျင့်နေစဉ်က၊ အဖြူလေးသည် သူ့အလိုလို ရွေ့လျားနိုင်သော ဓားတစ်လက်ကို တွေ့ရှိခဲ့ဖူးသည်။ ပျင်းရိသည့်အချိန်တိုင်းတွင် အဖြူလေးသည် ထိုဓားကို လိုက်လံဖမ်းဆီးရင်း တောတစ်ခုလုံးအနှံ့ ပြေးလွှား ကစားလေ့ ရှိသည်။

အဖြူလေးသည် အချိန်အတန်ကြာ အိပ်ပျော်နေခဲ့ခြင်းဖြစ်ရာ၊ တစ်ချိန်က လက်နက်မိစ္ဆာ ဖြစ်ခဲ့သူသည် ယခုအခါ ဓားဝိညာဉ် ဖြစ်လာကာ ဓားဝိညာဉ်နဂါး အသွင်ပြောင်းလဲ၍ ဤဝိညာဉ် နယ်မြေထဲသို့ ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အရွယ်တူ ငယ်သူငယ်ချင်းများ ပြန်လည်ဆုံစည်းရသကဲ့သို့ပင် အဖြူလေးမှာ အလွန်ပင် ပျော်ရွှင်နေပြီး၊ ဝိညာဉ်နယ်မြေတစ်ခုလုံးအနှံ့ ဓားဝိညာဉ်နဂါးကို လိုက်လံဖမ်းရင်း ကစား နေတော့သည်။

ဓားဝိညာဉ်နဂါး၏ ပျံသန်းမှုမှာ အလွန်ပင် လျင်မြန်လှသည်။ နဂါးမျိုးနွယ်စုတွင် အလျင် မြန်ဆုံးထဲ၌ ပါဝင်သည့် အဖြူလေးပင်လျှင် ဓားဝိညာဉ်နဂါး၏ မျက်စိတစ်မှိတ်အတွင်း ပျံသန်းနိုင်သည့် အမြန်နှုန်းကို လိုက်မမီနိုင်အောင် ဖြစ်နေရသည်။

ဓားဝိညာဉ်နဂါးသည် သူ၏အသိစိတ်ဖြင့် အရှိန်ကို တမင်တကာ လျှော့ချပေးလိုက်ပြီး သူ့ကစားဖော်ငယ်လေးနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးလိုက်သည်… “ဒါဆို ရင် မင်းတို့နှစ်ကောင်က တစ်ယောက်ကိုတစ်ယောက် အရင်ကတည်းက သိနေကြတာ ပေါ့”

ကျူးမင်လန်၏ မျက်နှာပေါ်တွင် အားနာခြင်း အရိပ်အယောင်များ ထင်ဟပ်နေသည်။

သူသည် ဓားပညာလေ့ကျင့်မှု၌သာ အာရုံစိုက်လွန်းနေခဲ့သဖြင့် ဓားဝိညာဉ် တစ်ဖြည်းဖြည်း ပုံဖော်ဖြစ်ပေါ်လာသည်ကိုပင် သတိမထားမိခဲ့ပေ။ ထိုစဉ်ကတည်းက နဂါးဖြူ ဖြစ်ခဲ့သည့် အဖြူလေးကမူ ၎င်း၏ တည်ရှိမှုကို ကြိုတင်သိရှိနေခဲ့ပြီး ဖြစ်သည်…

ဝါးစိမ်းလေးနှင့် သွားမည်းကြီးတို့ နှစ်ကောင်စလုံး အနားသို့ ချဉ်းကပ်လာကြပြီး ဓားဝိညာဉ် နဂါးကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်နေကြသည်။

ဓားဝိညာဉ်နဂါးသည် သူတို့အတွက် ဓားအရိပ်ဆိုင်ရာ လှည့်ကွက်အချို့ကို ပြသပေးသည်။ တစ်လက်မှ နှစ်လက်၊ နှစ်လက်မှ လေးလက်၊ လေးလက်မှ ရှစ်လက်အဖြစ် အဆင့်ဆင့် ပွားများသွားလေသည်…

ခဏအကြာတွင် ဓားဝိညာဉ်များဖြင့် ကျူးမင်လန်၏ ဝိညာဉ်နယ်မြေမှာ ပြည့်နှက်သွား တော့သည်။

ဓားဝိညာဉ်များမှာ စည်းချက်ကျကျ ရွေ့လျား ကခုန်နေကြသဖြင့် နဂါးသုံးကောင်စလုံးမှာ အံ့အားသင့်သွားကြသည်။ သူတို့သည် ပထမဆုံးအကြိမ် ဖျော်ဖြေပွဲတစ်ခုကို ကြည့်ရှုနေ ရသည့် ကလေးငယ်များပမာ သူတို့၏ တုတ်တုတ်အိအိ ခြေဖဝါးလေးများကို ဆန့်ထုတ် ကာ လက်ခုပ်တီးနေကြသည်။

ကျူးမင်လန်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးပျော်မိသည်။ သူ၏ ဝိညာဉ်နယ်မြေလေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားလာနေသယောင် ရှိပေသည်။

စတုတ္ထမြောက် ဝိညာဉ်ပဋိညာဉ်မှာလည်း ပိုင်ရှင်ရှိနှင့်ပြီး ဖြစ်သည်။ အနာဂတ်တွင် မည်သို့ သော ထူးခြားသည့် နဂါးမျိုးများနှင့် ထပ်မံဆုံတွေ့ရမည်၊ သူတို့ကိုခေါ်ဆောင်ကာ မည်သို့ သော စွန့်စားခန်းများဖြင့် ပျော်ရွှင်စွာ လျှောက်လှမ်းရမည်ကို သူ တွေးတောမိနေသည်။

ကျူးမင်လန်၏ စိတ်နေစိတ်ထားမှာ ပျော်ရွှင်ရုံထက်ပင် ပိုမိုမြင့်မားနေပြီး၊ ရှည်လျားလှ သော လှေကားထစ်များအတိုင်း လျှောက်လှမ်းနေစဉ်တွင် သူ၏ ခြေလှမ်းတိုင်း၌ ပေါ့ပါး ရွှင်လန်းကာ ကျေနပ်အားရနေသည့် ခံစားချက်တို့ ကိန်းအောင်းနေလေသည်။

ဓားဝိညာဉ်သည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော မှင်ရည်အရိပ်ဓားရှည်၊ ထိုက်ကျိ မှန်၊ ပတ်ကွားစင်မြင့်စသည့် နာမည်ကျော်ဓားများစွာ၏ စုစည်းမှုဖြင့် ပြုစုပျိုးထောင်ခြင်း ခံထားရသည်။ ဓားဝိညာဉ်သည် နိုးထလာသည်မှာ ကြာမြင့်လှပြီ မဟုတ်သော်လည်း၊ ၎င်း၏ကျင့်ကြံခြင်းအဆင့်မှာ သူတော်စင်ဝိညာဉ်အဆင့်နှင့် နီးကပ်နေပေလိမ့်မည်။

ထို့ကြောင့် ဓားဝိညာဉ်နဂါး၏ စွမ်းရည်မှာ ဓားဂိုဏ်းအတွင်းရှိ တပည့်ကြီးအချို့ထက်ပင် မနိမ့်ကျသည့်အပြင်၊ ပို၍ပင် အစွမ်းထက်နိုင်ခြေရှိသည်။

ဓားဝိညာဉ်နဂါး၏ စွမ်းအားအရင်းအမြစ်မှာ ဓားဝိညာဉ်မှော်စာလုံးများ ဖြစ်ကြောင်း ကျူးမင်လန် သတိပြုမိလိုက်သည်။ ဤမှော်စာလုံးများမှာ စွန့်ပစ်ဓားတစ်လက်ချင်းစီ၏ အနှစ်သာရများပင် ဖြစ်ကြသည်။

ဓားဝိညာဉ်မှော်စာလုံး အများစုမှာ မှိန်ဖျော့နေကြပြီး၊ ၎င်းတို့မှာ ရှေးခေတ်နာမည်ကျော် ဓားအချို့မှာ ယခုတိုင် နိုးထခြင်း မရှိသေးကြောင်းကို ပြသနေပေသည်။

စွန့်ပစ်ဓားတောရှိ နာမည်ကျော်ဓားအားလုံးသာ ဝိညာဉ်မှော်စာလုံးများအဖြစ် ပြောင်းလဲ သွားပြီး ဓားဝိညာဉ်နဂါး၏ ကိုယ်ပေါ်တွင် တောက်ပနေမည်ဆိုပါက၊ ဓားဝိညာဉ်နဂါးသည် သူတော်စင်ဝိညာဉ်အဆင့်ရှိ သတ္တဝါများစွာကို သေချာပေါက် ကျော်ဖြတ်နိုင်စွမ်း ရှိမည်မှာ မလွဲဧကန်ပင်။

ကံကောင်းထောက်မစွာဖြင့် စွန့်ပစ်ဓားတောမှ စွန့်ပစ်ဓားအားလုံးသည် ယခုအခါ ဓား ဝိညာဉ်နဂါးနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

ဓားဝိညာဉ်နဂါးက နဂါးငယ်သုံးကောင်အတွက် ဖျော်ဖြေပြသနေစဉ်အတွင်း၊ အိပ်စက်နေ ကြသည့် နာမည်ကျော်ဓားများစွာ ပေါ်ထွက်လာသည်ကို ကျူးမင်လန် မြင်လိုက်ရ၏။

သူသည် ၎င်းတို့အားလုံးကို တစ်ခါတည်း သိမ်းယူလိုက်သည်။

ဓားများ၏သံချေးများကို ဖြည်းဖြည်းချင်း ဖယ်ရှားသန့်စင်ပေးပြီး တောက်ပြောင်လှပသော ဓားဝိညာဉ်များကို နိုးထစေရန်မူ အချိန်များစွာ ယူရဦးသည်။

ထိုအချိန်သို့ ရောက်ရှိလာသည့်အခါတွင် သူ့အား မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ် ပေ။

ဤမျှ ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်းဖြင့် ကျေနပ်အားရနေသည့် ကျူးမင်လန် တစ်ယောက် သီချင်းအေးအေးလေး တစ်ပုဒ်ကို ညည်းဆိုနေမိသည်မှာ မဆန်းတော့ပေ။

ဓားဝိညာဉ်နဂါးကို ဘေးတွင် ခေါ်ဆောင်ထားနိုင်ပြီ ဖြစ်ရာ ယခုအချိန် ကျူးမျိုးနွယ်စုသို့ ပြန်သွားမည်ဆိုလျှင်ပင် သူတွင် အပြည့်အဝ ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။

ထို့အပြင် ကျူးမျိုးနွယ်စုသည် လက်နက်ကိရိယာများ ထုဆစ်ပုံဖော်ရာတွင် နာမည်ကြီး သည့် နေရာတစ်ခုဖြစ်သဖြင့်၊ ဓားဝိညာဉ်နဂါး၏ မဖွင့်လှစ်ရသေးသည့် မှော်စာလုံးများကို ပိုမိုထိရောက်သော နည်းလမ်းများဖြင့် ဖွင့်လှစ်နိုင်မည်မှာ သေချာသည်။

လက်ရှိအချိန်မှာပင် အစွမ်းထက်မြက်နေပြီ ဖြစ်သော်လည်း၊ ပိုမိုတိုးတက်လာနိုင်မည့် အခွင့်အလမ်းများစွာ ရှိနေသေးသည်။

ရှန်ကုန်း အင်ပါယာမြို့တော်သို့ ပြန်သွားရမည့် ခံစားချက်မှာ သူ တောင်တန်းများမှ စတင် ထွက်ခွာလာစဉ်ကကဲ့သို့ပင် ပေါ့ပါးလွတ်လပ်၍ ပျော်ရွှင်ဖွယ်ကောင်းပေတော့မည်…

All Chapters