← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) အရှုံးကို ဝန်ခံခြင်း။

တောင်ထိပ်စံအိမ်တော်သို့ ရောက်ရှိလာသောအခါ ကျူးမင်လန်သည် ယောင်ရှန်းဓားဂိုဏ်း မှ တပည့်များ စုရုံးကာ တစ်စုံတစ်ခုကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်ကို တွေ့လိုက်ရ သည်။

ပျော်စရာကောင်းသည့် အရာမှန်သမျှကို အမြဲတမ်း ပါဝင်ဆင်နွှဲလေ့ရှိသည့် ကျူးမင်လန် သည်လည်း အလျင်အမြန်ပင် ထိုနေရာသို့ လျှောက်သွားလိုက်သည်။ သူသည် ဓားသခင် အချင်းချင်း အချစ်ရေးကိစ္စဖြင့် အငြင်းပွားကာ ရန်ဖြစ်နေကြခြင်းများ ဖြစ်မည်လောဟု တွေးတောမိသည်။

ယောင်ရှန်းဓားဂိုဏ်းသည် ဂိုဏ်းဝင်တပည့်များ၏ အချစ်ရေးနှင့် ပတ်သက်၍ အတော်ပင် အားပေးလေ့ရှိသဖြင့် ဂိုဏ်းအတွင်းရှိ ဆွဲဆောင်မှုရှိသော စီနီယာအစ်မများ (သို့မဟုတ်) ရိုးသားဖြူစင်သော ဂျူနီယာညီမလေးများအတွက် အချင်းချင်း ရန်ဖြစ်ကြသည့် မြင်ကွင်း မျိုးမှာ ထူးဆန်းသော အရာတော့ မဟုတ်ပေ။

လူအုပ်ကြီးကို ဖယ်ခွာရင်း အနီးနားက တပည့်တစ်ယောက်ဆီက ဖရဲစေ့လှော်လေး တောင်းစားတော့မည့် အချိန်မှာပင် ပတ်ကွားစင်မြင့်ပေါ်၌ ရပ်နေသည့် အမျိုးသမီးကို မြင်လိုက်ရသဖြင့် ကျူးမင်လန်၏ မျက်လုံးများ အလိုလို ပြူးကျယ်သွားရသည်။

ဇီမြောင်ကျူးက နန်လင်းရှာကို ယောင်ရှန်းဓားဂိုဏ်း စံအိမ်တော် ပတ်ပတ်လည်ကို ဒီပုံ စံမျိုးနဲ့ လိုက်ပြပေးလိုက်လား။

သူမအသွင်အပြင်မှာ မိမိ၏ဇနီးသည်နှင့် တစ်ထပ်တည်း ဆင်တူနေသော်လည်း၊ သူမတို့ နှစ်ဦးမှာ လုံးဝ မတူညီသည့်လူများ ဖြစ်ကြကြောင်း၊ နန်လင်းရှာသည် သူနှင့် မည်သည့် ပတ်သက်မှုမျှ မရှိကြောင်း သူမအား ပြောပြထားပြီးသား မဟုတ်ပါလော…..။

“ဟူး– ဟူး–”

ဓားဂိုဏ်း၏ အမျိုးသမီးခေါင်းဆောင် ဇီမြောင်ကျူးမှာ အသက်ကို ပြင်းပြင်းရှူနေရပြီး သူမ ရင်ဘတ်မှာလည်း အတက်အကျ မြန်ဆန်နေသည်။ သူမ၏ မျက်ဝန်းများတွင် မကျေနပ်မှု အရိပ်အယောင်တို့ ထင်ဟပ်နေကာ ဓားကိုင်ထားသော သူမလက်မှာပင် တုန်ရီလာပြီး လက်ချောင်းများမှာ ထုံကျဉ်ကာ သတိလစ်လုနီးပါး ဖြစ်နေတော့သည်။

သူမတို့ နှစ်ဦးမှာ အရွယ်တူပင် ဖြစ်ကြသည်။

သူမဇီမြောင်ကျူးသည် ဓားဂိုဏ်း၏ အမျိုးသမီးတပည့်ခေါင်းဆောင် တစ်ယောက်ပင် ဖြစ်ပါလျက်၊ အမည်မသိ မိန်းမပျိုတစ်ဦးကို မည်သို့လျှင် အရှုံးပေးနိုင်ပါမည်နည်း။

နန်လင်းရှာဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမသည် ပတ်ကွားစင်မြင့်၏ အခြား တစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့ရ၏။ သူမသည် အစကတည်းက ယခု အချိန်အထိ ထိုနေရာမှ ရွေ့လျားခြင်းရှိပုံမရဘဲ သူမ ပါးပြင်ပေါ်တွင် ချွေးစက်တစ်စက်မျှ ပင် မရှိပေ။ ဤသည်မှာ သူမသည် သူမစွမ်းအား အပြည့်ကိုပင် ထုတ်သုံးထားခြင်း မရှိသေး ကြောင်း ပြသနေသည်။

ဇီမြောင်ကျူးသည် ဤအချက်ကို လက်ခံရန် အလွန်ပင် ခက်ခဲနေသည်။

“မင်း မျက်နှာဖုံးကို ငါ့ကို လှန်ကြည့်ခွင့်ပြုမလား၊ ငါ ဘယ်သူ့ကို ရှုံးနိမ့်သွားတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ချင်လို့ပါ” ဇီမြောင်ကျူးက ဆိုသည်။

ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။ သူမဆရာက သူမအား မိမိ၏ အားနည်းချက်များနှင့် အရှုံးကို ရင်ဆိုင်နိုင်ဖို့ သင်ကြားပေးထားသည် ဖြစ်ရာ၊ စိတ်ထဲတွင် မကျေနပ်မှုများ ဖြစ်နေ ခြင်းမှာ အဓိပ္ပာယ်မရှိပေ။

နန်လင်းရှာက ခဏတာ တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်လေသည်။

ဤပြိုင်ပွဲသည် ရင်းနှီးဖော်ရွေသော ယှဉ်ပြိုင်မှုတစ်ခုသာ ဖြစ်ပြီး ဇီမြောင်ကျူး၏ အစဦး ပိုင်း တိုက်ခိုက်မှုများတွင် သူမက တမင်တကာ ထိန်းချုပ်ထားခဲ့ကြောင်း နန်လင်းရှာလည်း သတိပြုမိသည်။

မှန်ပါသည်။ နန်လင်းရှာကိုယ်တိုင်လည်း ဇီမြောင်ကျူး၏ စွမ်းရည်အပေါ် အတော်ပင် ကျေနပ်အားရနေမိသည်။ ဘိုးဘေးနဂါးမြို့တော်အတွင်း ဇီမြောင်ကျူးနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်မည့်လူကို ရှာဖွေရန်ပင် အလွန် ခက်ခဲလိမ့်မည်။

ဇီမြောင်ကျူးသည် နန်လင်းရှာကို စိုက်ကြည့်နေမိစဉ် ခဏတာ အာရုံလွင့်သွားသလို ဖြစ်သွားရသည်…

သူမသည် စိတ်ကူးထားသည်ထက်ပင် ပိုမိုလှပနေသည်။

ဓားဂိုဏ်းက တပည့်များအားလုံးမှာလည်း အံ့အားသင့်ကာ စကားမပြောနိုင်အောင်ပင် ဖြစ်သွားကြရသည်။

သူမ၏ အလှတရားမှာ မျက်လုံးအမြင်ကောင်းသူ မည်သူ့ကိုမဆို စွဲဆောင်နိုင်သည့် နူးညံ့ သိမ်မွေ့သော မျက်နှာသွင်ပြင်တင်မကဘဲ၊ သူမ၏ စွမ်းအားဖြင့် လူတိုင်းကို ကြိုတင်၍ပင် အံ့အားသင့်စေခဲ့သည့် သဘာဝကျသော အလှတရားမျိုး ဖြစ်နေပေသည်။

“ပန်းချီဆရာ နန်လင်းရှာပါ” နန်လင်းရှာက သူမ၏ စုတ်တံကို ဖြည်းညင်းစွာ ချလိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ အရိုအသေပြုလိုက်သည်။

“ဓားသခင် ဇီမြောင်ကျူးပါ၊ ကျွန်မ အရှုံးကို ဝန်ခံပါတယ်” ဇီမြောင်ကျူးက သူမ၏ ဓားကို ဓားအိမ်ထဲပြန်သွင်းလိုက်ပြီး ပြန်လည်၍ အရိုအသေပြုလိုက်သည်။

ဇီမြောင်ကျူး၏ ပြန်လည် အရိုအသေပြုခြင်းမှာ ပို၍ပင် နက်နဲလေးစားမှုတို့ ပါဝင်နေ၏။ သူမ ခေါင်းပြန်မော့လာကာ မျက်လုံးချင်းဆုံမိစဉ် ဆက်ပြောလိုက်သည်။ “ဒီအချိန်ကစပြီး တော့ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲကို အစ်ကိုအရင်းတစ်ယောက်လိုပဲ သဘောထားတော့မှာပါ။ တခြား ဘယ်လိုအတွေးမျိုးမှ ရှိတော့မှာမဟုတ်ပါဘူး။”

“ဘာ…” မြူခိုးတွေကတော့ ပြယ်လွင့်သွားပြီဟု ထင်ရသော်လည်း ကျူးမင်လန်၏ စိတ်ထဲ မှာမူ ယခင်ကထက်ပင် ပိုမိုရှုပ်ထွေး ဝေဝါးနေရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီဂ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး” နန်လင်းရှာက အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

ထိုစကားတခွန်း ပြောဆိုလိုက်ပြီးနောက် ဇီမြောင်ကျူး နားလည်သည်ဖြစ်စေ၊ မနားလည် သည်ဖြစ်စေ နန်လင်းရှာသည် ပတ်ကွားစင်မြင့်၏ အစွန်းဘက်သို့ လျှောက်သွားလိုက် သည်။ သူမက ယောင်ရှန်းဓားဂိုဏ်း၏ ကြည်လင်နေသော ညဉ့်ကောင်းကင်ယံကို ငေးမော ကြည့်ရှုနေပြီး တောင်တန်း၏ ရှုခင်းများကို စိတ်ထဲတွင် မှတ်တမ်းတင်နေသည့်နှယ် ပြုမူနေလေသည်။

“ဒါပေမဲ့ အစောပိုင်းက မင်းတို့နှစ်ယောက်ချက်ချင်း စိတ်ချင်းဆက်သွယ်မိပြီး တစ်ယောက် ကို တစ်ယောက် မြင်မြင်ချင်း သဘောကျသွားတယ်လို့ မပြောခဲ့ဘူးလား” ဇီမြောင်ကျူးက အံ့ဩတကြီးဖြင့် အလျင်အမြန် မေးလိုက်သည်။

မျက်မှောင်ကြုတ်လျက် နောက်သို့လှည့်ကြည့်လိုက်သော နန်လင်းရှာသည် လူအုပ်ထဲတွင် ဖရဲစေ့ကို ခွဲစားနေသော ကျူးမင်လန်ကို တွေ့လိုက်ရ၏။

“အဲဒါ လီယွင်ဇီပါ၊ အသေးစိတ်ကို သူနဲ့ပဲ သွားမေးလိုက်ပါ” နန်လင်းရှာက ကျူးမင်လန် ရှိရာသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ ထို့နောက် ထိုကိစ္စကို အမှုမထားတော့ဘဲ ယောင်ရှန်းဂိုဏ်း၏ ရှုခင်းများကိုသာ စိတ်ထဲတွင် ဆက်လက် မှတ်တမ်းတင်နေပြန်သည်။

လီယွင်ဇီ…. ဟုတ်လား…..။

ဒါဆို လီယွင်ဇီဆိုတာ ဘယ်သူလဲ…..

ဇီမြောင်ကျူးသည် ကျူးမင်လန်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။

အဲ... သူ ဘယ်ရောက်သွားတာလဲ…..။

အခုလေးတင်ပဲ သူ့အစ်ကိုဝမ်းကွဲက လူအုပ်ကြားထဲမှာ သေချာပေါက် ရှိနေခဲ့တာ မဟုတ် ဘူးလား၊ သူမစကားပြောလိုက်တဲ့ အချိန်လေးအတွင်းမှာပဲ ဘယ်လိုလုပ်ပြီး ပျောက်ကွယ် သွားရတာပါလိမ့်……။

အိမ်နီးချင်းတောင်ထိပ်သို့ ရောက်ရှိသွားပြီးနောက် ကျူးမင်လန်က ဖန်နန်နန်ကို ခေါ် ဆောင်ကာ တောနက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထိုနေရာတွင် သူတို့သည် မိစ္ဆာဝိညာဉ် အဆင့်ရှိသည့် တောဝက်တစ်ကောင်ကို အမဲလိုက်ခဲ့ကြသည်။ ကျူးမင်လန်လည်း တောင် ချောင်းဘေးရှိ စံအိမ်နားတွင် မီးပုံဖိုလိုက်လေသည်။

အစားသောက် မက်မောတတ်သည့် ဝက်ငယ်လေး နှစ်ကောင်ကို အစာကျွေးပြီးနောက် ကျူးမင်လန်သည် စံအိမ်ရှိ သူ၏နေထိုင်ရာနေရာသို့ ပြန်သွားလိုက်သည်။

ထိုအချိန်တွင် နန်လင်းရှာက ပြန်ရောက်နှင့်နေပြီ ဖြစ်သည်။ သူမသည် သစ်သားစားပွဲခုံ၌ ယောင်ရှန်းတောင်၏ ညဉ့်ရှုခင်းကို အကြိမ်ကြိမ် ပြန်လည်ရေးဆွဲနေပြီး၊ အသုံးမပြုတော့ သည့် စက္ကူရွက်များကိုလည်း ဘေးတစ်ဖက်တွင် သပ်ရပ်စွာ ပုံထားသည်။

မီးအိမ်အောက်၌ သူမသည် ကဗျာဉာဏ်ရည်ထက်မြက်သည့် ဂုဏ်သရေရှိ မိသားစုမှ အမျိုးသမီး အလှကညာတစ်ပါးကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြင့် အာရုံစိုက် ရေးဆွဲနေ သည်။

ကျူးမင်လန်သည် သူမအား အနှောင့်အယှက် မပေးခဲ့ပေ။ ဖန်နန်နန်ကလည်း အစပိုင်းတွင် သူမထံသို့ တိုးကပ်သွားရန် စိတ်အားထက်သန်နေခဲ့သော်လည်း၊ ခဏတာ တွန့်ဆုတ် စဉ်းစားပြီးနောက်တွင်မူ လက်လျှော့လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဤအချိန်တွင် နန်လင်းရှာသည် ရေပြင်ကဲ့သို့ နူးညံ့သိမ်မွေ့နေသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ လူတိုင်းနှင့် အကွာအဝေးတစ်ခုကို ထိန်းထားလျက်ရှိသည်။

“အစ်မ လင်းရှာက ရံဖန်ရံခါ မှတ်ဉာဏ်ဆုံးရှုံးတတ်တဲ့ ရောဂါမျိုးများ ရှိနေတာလား” ဖန်နန်နန်က တိုးတိုးလေး မေးလိုက်သည်။

“သူမအကြောင်းကိုတော့ ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ မှတ်ဉာဏ်ဆုံးရှုံးနေတဲ့လူ တစ်ယောက်ကိုတော့ ငါသိထားတယ်” ကျူးမင်လန်က ပြန်ဖြေလိုက်သည်။

“ဘယ်သူလဲ”

“ငါတို့ ကျူးမျိုးနွယ်စုကို ရောက်ရင် မင်း သိလာပါလိမ့်မယ်။”

နောက်တစ်နေ့တွင် ပန်းချီဆရာ နန်လင်းရှာ၏ နာမည်သည် ယောင်ရှန်းဓားဂိုဏ်းတစ်ခု လုံးသို့ ပျံ့နှံ့သွားလေသည်။ မည်သည့်ဂိုဏ်းမဆို ဂုဏ်သတင်းကို အလေးအနက်ဆုံး ထားလေ့ ရှိကြပြီး၊ ထိုသို့သော ယှဉ်ပြိုင်စိန်ခေါ်မှုများမှာ အရေးပါသည့်အတွက် လူတို့၏ မှတ်ဉာဏ်ထဲတွင် အလွယ်တကူ စွဲကျန်နေတတ်သည်။

ဓားဂိုဏ်း၏ အမျိုးသမီး တပည့်ကြီးတစ်ဦးအနေဖြင့် နတ်ဘုရားမျိုးနွယ်ဝင်လူသား နယ်ပယ်မှ ပြင်ပလူတစ်ဦးကို ရှုံးနိမ့်သွားခြင်းမှာ အမှန်တကယ်ပင် ကြီးမားသော သတင်း တစ်ခု ဖြစ်လာခဲ့သည်။

ကျူးမင်လန်လည်း အတော်ပင် ရှက်ရွံ့မိသလို ခံစားရသည်။ သူသည် ရှန်ကုန်းတရားစီရင် ရေး တိုက်ကြီးရှိ ဂိုဏ်းများသို့ ပြန်လည် ရောက်ရှိလာချိန်တွင် နာမည်ကျော်ကြားအောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်း၊ နန်လင်းရှာ၏ နာမည်မှာမူ ဂိုဏ်းများအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့နေပြီ ဖြစ်သည်။

ဂိုဏ်းဝင်တပည့်များမှာမူ အမြဲတမ်း လူအများ၏ အာရုံစိုက်မှုကို အမြဲလိုလို ရရှိနေတတ်ကြ သည်။

အဆုံးမဲ့ အလားအလာများကို ပိုင်ဆိုင်ထားသည့် လူငယ်တပည့်များကို အလွန်အမင်း တန်ဖိုးထားကြသဖြင့် ဂိုဏ်းကြီးလေးခုသည် နှစ်နှစ်လျှင် တစ်ကြိမ် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ရှိသည်။ ထိုပြိုင်ပွဲမှာ အနှစ်သာရအားဖြင့် ရှန်ကုန်းအင်ပါယာ မြို့တော်တွင် ဦးရီးတော်များ သို့မဟုတ် ဆရာသခင်အဆင့်ရှိ ပုဂ္ဂိုလ်များက မိမိတို့၏ ထူးချွန်သော တပည့်များကို လူအများရှေ့မှောက်တွင် ယှဉ်ပြိုင်ခိုင်းပြီး ဂုဏ်ယူစွာ ပြသကြ ခြင်း ဖြစ်သည်။

ထိုပြိုင်ပွဲ၌ ထူးချွန်ပြောင်မြောက်စွာဖြင့် ထင်ရှားလာသူများသည် ရှန်ကုန်းတိုက်ကြီး တစ်ခွင်ရှိ နိုင်ငံများနှင့် မြို့တော်များတွင် ချက်ချင်းဆိုသလိုပင် နာမည်ကျော်ကြားလာ ကြလိမ့်မည်။

“စီနီယာအစ်ကို...”

တံခါးအပြင်ဘက်မှ ဇီမြောင်ကျူး၏ ခေါ်သံ ထွက်ပေါ်လာသည်။

ကျူးမင်လန်သည် ရှောင်လွှဲ၍မရနိုင်သည့် ကိစ္စများ ရှိနေကြောင်း သိလိုက်ရသဖြင့် တည်ငြိမ်သော အမူအရာဖြင့် အပြင်ဘက် ဝင်းခြံထဲသို့ လျှောက်သွားလိုက်သည်။

ဇီမြောင်ကျူးသည် ညဉ့်လေပြေအောက်တွင် ကြည်လင်စွာ မြည်ဟီးနေသည့် ငွေလောင်း သံများအနီး၊ ဖီးနစ်ထိုင်ခုံရှိရာ ထင်းရှူးပင်အောက်တွင် ရပ်နေလေသည်။ သူမ၏ ပုံရိပ်မှာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိပြီး လှပသည့် မြင်ကွင်းတစ်ခုအဖြစ် ရှိနေသည်။

“ဂျူနီယာညီမလေး” ကျူးမင်လန်က အနားသို့ တိုးကပ်သွားရင်း သူ့၏ အဘိုးဖြစ်သူ ဓား ပညာရှင်ကြီး မှာကြားထားခဲ့သည့် စကားများကို ပြန်လည် အမှတ်ရလိုက်သည်။

“ဒီနှစ်ကျင်းပမယ့် ဂိုဏ်းကြီးလေးခုနှင့် မျိုးနွယ်စုပြိုင်ပွဲကို ကျွန်မ တကယ်ကို မျှော်လင့် ထားတာပါ။ နာမည်ဂုဏ်သတင်း ကျော်ကြားလာဖို့လည်း ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ တိုက်ပွဲအပြီးမှာတော့ ကျွန်မ တိုးတက်ဖို့ အများကြီး ကျန်နေသေးတယ်ဆိုတာကို သိလိုက်ရတယ်... ဒါကြောင့် ကျွန်မ ခရီးထွက်ပြီး ပိုမိုကျယ်ပြန့်တဲ့ လောကကြီးကို ကြည့်ရှု လေ့လာချင်တယ်” ဇီမြောင်ကျူးက ပြောကြားလိုက်သည်။

“ဒါဆိုရင်တော့ ခရီးလမ်းမှာ ဂရုစိုက်သွားပါ၊” ကျူးမင်လန်က ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်မ အဒေါ်ရွှဲ့ဟန်နဲ့အတူ လိုက်သွားမှာပါ၊” ဇီမြောင်ကျူးက ပြန်လည် ဖြေကြားသည်။ “ဒါဆိုရင်တော့ ကောင်းတာပေါ့။ အဒေါ်ဆီကနေ သင်ယူစရာတွေ အများ ကြီး ရလိမ့်မယ်၊” ကျူးမင်လန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းကြီးလေးခုနဲ့ မျိုးနွယ်စု ပြိုင်ပွဲဆိုတာ ကျွန်မတို့လို တပည့်တွေအတွက်တော့ အမြင့် ဆုံး ဂုဏ်အသရေပါပဲ။ ဒါကြောင့်လဲ နေ့ရောညပါ အသည်းအသန် ကြိုးစား ပြင်ဆင်ခဲ့ကြ တာပါ။ ဒါပေမဲ့ စီနီယာအစ်ကို တောင်ပေါ်က ဆင်းသွားပြီးတဲ့ နောက်ပိုင်းမှာ ဘယ်ပြိုင်ပွဲ မှာမှ ဝင်မပြိုင်တော့တာကို တွေ့ရတယ်။ အဲဒီအချိန်ကတည်းက စီနီယာ အစ်ကိုဟာ ကျွန်မတို့တပည့်တွေရဲ့အဆင့်ကို ကျော်လွန်သွားခဲ့ပြီ မဟုတ်လား” ဇီမြောင်ကျူးက မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ တကယ်လို့ သိုင်းဦးလေးတွေ ဒါမှမဟုတ် ဆရာသခင်တွေအတွက် ပြိုင်ပွဲမျိုး ရှိရင်တော့ ငါလည်း ပါဝင်ကောင်းပါဝင်မှာပါ။ ဒါပေမဲ့ လူကြီးပိုင်းတွေက ဂုဏ်သိက္ခာကို အရမ်းအလေးထားကြတော့ ရှုံးသွားမှာ ထက်စာရင် မယှဉ်ပြိုင်ဘဲနေကြတာကို ပိုသဘော ကျကြတယ်လေ၊” ကျူးမင်လန်က ခေါင်းညိတ်ရင်း ပြောသည်။

ဂိုဏ်းကြီးလေးခု၊ မျိုးနွယ်စုပြိုင်ပွဲ အကြောင်းနှင့် ပတ်သက်၍မူ သူတောင်ပေါ်က ဆင်းလာ ပြီးနောက်ပိုင်း ထိုအကြောင်းကို တစ်ခါမျှပင် မကြားဖူးခဲ့ပေ။

ကျူးရွှဲ့ဟန်သည် ကျူးမင်လန်ကို အဆိုပါ ကလေးကလားဆန်သော တိုက်ခိုက်မှုမျိုးတွင် ပါဝင်ခွင့် တစ်ခါမျှ မပေးခဲ့ပေ။ ထိုအချိန်က သူသည် အရွယ်မရောက်သေးသူ ဖြစ်သော် လည်း တားမြစ်ချက်မှာ တင်းကျပ်ခဲ့သည်။

“ဒါဆိုရင် စီနီယာအစ်ကို နဂါးထိန်းဖြစ်လာတာ ဘယ်နှနှစ်လောက် ရှိပြီလဲ” ဇီမြောင်ကျူး က မေးမြန်းလိုက်သည်။

“တကယ်တမ်း တရားဝင်ရေတွက်ရမယ်ဆိုရင် တစ်နှစ်တောင် မပြည့်သေးပါဘူး၊” ကျူးမင်လန်က ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် ဒီတစ်ခါ စီနီယာအစ်ကို ဝင်ပြိုင်လို့ ရတာပေါ့။ ဓားပညာရှင်တစ်ယောက် အနေနဲ့ ဆိုရင်တော့ အစ်ကိုက သခင်အဆင့်မှာ ရှိနေပြီ။ ဒါပေမဲ့ နဂါးထိန်း အနေနဲ့ဆိုရင်တော့ အခု မှ စတင်တာမို့ တပည့်အဆင့်အနေနဲ့ သတ်မှတ်လို့ရတာပေါ့... နှစ်စဉ်ကျင်းပတဲ့ ဒီပြိုင်ပွဲရဲ့ ဆုကြေးတွေက အရမ်းများတယ်နော်။ နဂါးထိန်းတွေအတွက် အရင်းအမြစ်တွေက အလို အပ်ဆုံးပဲ မဟုတ်လား၊” ဇီမြောင်ကျူးက ဆိုသည်။

“ငါ စဉ်းစားကြည့်ပါဦးမယ်၊” ကျူးမင်လန်က အတွေးဖြင့် အချိန်ကို တွက်ချက်လိုက်သည်။ ပြိုင်ပွဲကလည်း ဝေးတော့သည် မဟုတ်ပေ။ နွေရာသီကုန်တွင် ကျင်းပရန် သတ်မှတ်ထား ခြင်း ဖြစ်သည်။

နဂါးထိန်းများသည် များပြားလှသော အရင်းအမြစ်များကို လိုအပ်သည်။ အရင်းအမြစ်များ ပိုမိုပေါကြွယ်ဝလေ၊ အင်အား ပိုမိုကြီးမားလေပင်။ အကယ်၍ နဂါးတစ်ကောင်ချင်းစီကို နတ်ဘုရားနွယ်ဝင် လူသားတို့၏ စွမ်းအားဖြင့် စွမ်းဆောင်ချက်အဖြစ် ရှုမြင်မည်ဆိုပါက၊ တစ်ဦးတည်း ကျင့်ကြံနေသူ ကျူးမင်လန်အနေဖြင့် နတ်ဘုရားနွယ်ဝင် လူသားစွမ်းအား လေးမျိုးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဤအချက်ကြောင့်ပင် နဂါးထိန်းများသည် တိုးတက်လာသည်နှင့်အမျှ ပိုမိုအားကောင်း လာခြင်း ဖြစ်သည်။ နတ်ဘုရားနွယ်ဝင်လူသားများမှာမူ တစ်မျိုးတည်းကိုသာ ကျင့်ကြံကြ ပြီး၊ ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရ အစိတ်အပိုင်း အများစုမှာ သူတို့နှင့် မကိုက်ညီ သည့်အတွက် ကောင်းမွန်သော ပစ္စည်းများမှာလည်း အသုံးမဝင်ဘဲ ဖြစ်သွားတတ်ကြ သည်။

နဂါးအကောင်ရေများစွာ ပိုင်ဆိုင်ထားသည့် နဂါးထိန်း တစ်ဦးအနေဖြင့် နဂါးတစ်ကောင် ချင်းစီကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ပေးထားပြီး၊ ထူးချွန်ထက်မြက်အောင် ပြုစုပျိုး ထောင်ထားနိုင်မည်ဆိုပါက၊ နတ်ဘုရားနွယ်ဝင် လူသားအုပ်စုများကို ရင်ဆိုင်ရာတွင် မည်သို့မျှ ကြောက်ရွံ့စရာ မလိုတော့ပေ။

ထို့ကြောင့် အရင်းအမြစ်များ ပိုမိုကောင်းမွန်လေ၊ အလားအလာ ပိုမိုမြင့်မားလေပင် ဖြစ်သည်။

ရရှိနိုင်သမျှသော အရင်းအမြစ်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ရယူထားသင့်သည်။ လိုအပ်သည် ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ အသုံးမဝင်ဟု မထင်မှတ်ဘဲ ငွေကြေးအတွက် အမြန်ဆုံး ရောင်းချပစ်သင့်ပေသည်။

ယခင်က ဓားတစ်လက်ဖြင့် လောကကြီးကို ရင်ဆိုင်ခဲ့သည့် ကျူးမင်လန်မှာ တစ်ကိုယ် တည်းဖြစ်ခဲ့ပြီး အရာရာကို လျစ်လျူရှုသူ ဖြစ်သောကြောင့် သူအတွက် ငွေကြေးဆိုသည် မှာ မြေမှုန်မြေမွှားမျှသာ အဖိုးတန်သည်။

ယခုမူ နဂါးများကို အကောင်ရေများစွာ မွေးမြူထားရသဖြင့် တစ်လစာ နဂါးအစာဖိုး သက်သက်ဖြင့်ပင် ကျူးမင်လန်ကို ဒေဝါလီခံရမည့် အခြေအနေသို့ ရောက်ရှိစေနိုင်သည်...

အနာဂတ်တွင် နဂါးအဖော်တိရစ္ဆာန်များမှာ ပို၍ပင် များပြားလာဦးမည် ဖြစ်သည်။ ထို့အပြင် သူသည် ကိုယ်ပိုင် နဂါးထိန်းအဖွဲ့များကိုလည်း တည်ထောင်ရဦးမည် ဖြစ်သည်။

အနာဂတ်တွင် နန်လင်းရှာက နတ်ဘုရားနွယ်ဝင်လူသား တစ်ဦးအနေဖြင့် သူထံမှ ကုန်ကျ စရိတ်များ တောင်းဆိုလာမည်ဆိုပါက၊ သူမအတွက် လိုအပ်မည့် အဖိုးတန် နဂါးသွေးနှင့် သွေးနဂါးစက္ကူတို့၏ ကုန်ကျစရိတ်မှာလည်း သူ့အပေါ်သို့သာ ကျရောက်လာမည် ဖြစ်ရာ၊ တွေးကြည့်ရုံနှင့်ပင် စိတ်မကူးနိုင်လောက်အောင် များပြားလှသည့် ကုန်ကျစရိတ် ဖြစ်လာ ပေလိမ့်မည်။

ဇီမြောင်ကျူး၏ စကားများသည် သူ့အတွက် အသိပေးနှိုးဆော်လိုက်သကဲ့သို့ ရှိသည်။

ရယူသင့်သည့် အရင်းအမြစ်များကို အချိန်မီ လက်ဦးမှုရယူပြီး သိမ်းပိုက်ထားသင့်သည်။ ဂိုဏ်းကြီးလေးခုနှင့် မျိုးနွယ်စုပြိုင်ပွဲများသည် အင်အားကြီးမားသည့် အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေခြင်း ဖြစ်ရာ၊ ထိုပြိုင်ပွဲမှ ပေးအပ်မည့် ဆုလာဘ်များသည် လည်း လောကတစ်ခွင် အရင်းမြစ် အနှစ်သာရများကို ရည်ရွယ်ချက်မရှိဘဲ လိုက်လံ ရှာဖွေနေခြင်းထက် များစွာ ပိုမိုကောင်းမွန်သည်မှာ အသေအချာပင် ဖြစ်သည်။

“စီနီယာအစ်ကို... စီနီယာအစ်ကို” ဇီမြောင်ကျူးသည် ကျူးမင်လန် တစ်ယောက် အတွေး ကမ္ဘာထဲ ရောက်နေသည်ကို မြင်သဖြင့် နှစ်ခါခေါ်လိုက်သည်။

“အာ... ဘာဖြစ်လို့လဲ” ကျူးမင်လန်က ပြန်မေးသည်။

“ဒေါ်လေးရွှဲ့ဟန်က လီချွမ်းတိုက်ကြီးရဲ့ တရားစီရင်သူ တစ်ယောက်လေ။ ကျွန်မ သူမ နောက်ကို လိုက်သွားမယ်ဆိုရင် အစ်ကိုတို့ ဆုံးရှုံးခဲ့ရတဲ့ အဲဒီမြေပြင်ကို ခြေချမိမှာပဲ။ အခွင့် အရေး ရမယ်ဆိုရင်တော့ လီယွင်ဇီနဲ့ တွေ့ဆုံနိုင်ဖို့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားကြည့် ပါ့မယ်၊” ဇီမြောင်ကျူးက ပြောလိုက်သည်။

“တကယ်တော့...”

“စီနီယာ အစ်ကိုဝမ်းကွဲ၊ ကျွန်မကို စိတ်သက်သာရာရအောင် ပြောနေစရာ မလိုပါဘူး။ စီနီယာ အစ်ကိုရဲ့ အတွေးတွေကို ကျွန်မဂျူနီယာညီမဖြစ်သူက ဘယ်လိုလုပ်ပြီး နားမလည် ဘဲ ရှိပါ့မလဲ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင် ဖြစ်မိတယ်။ တကယ်လို့များ လီယွင်ဇီက နန်လင်းရှာထက် ပိုပြီး ထူးချွန်ထက်မြက်နေမယ်ဆိုရင် စီနီယာ အစ်ကိုအတွက် ကျွန်မ ပျော်ပေးနိုင်မှာပါ၊” ဇီမြောင်ကျူးက အပြုံးဖြင့် ပြောလိုက် သည်။ သူမ၏အသံမှာ တည်ငြိမ်အေးချမ်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

“ဂျူနီယာ ညီမလေး၊ အခုလို တွေးပေးတာကို ကြားရတော့ အစ်ကို စိတ်သက်သာရာရ သွားပါပြီ။ ဘာပဲဖြစ်ဖြစ် အစ်ကို့မျက်လုံးထဲမှာတော့ ညီမလေးဟာ အမြဲတမ်း ကိုယ့်ညီမ အရင်းလေးလိုပါပဲ။ ကျူးမိသားစုထဲမှာ အစ်ကို့မှာ သွေးသားရင်းချာတွေ အများကြီးရှိပေမဲ့၊ အစ်ကို တောက်ပနေတဲ့ နတ်ဘုရားနွယ်ဝင်လူသားရဲ့ စွမ်းအားတွေ ဆုံးရှုံးသွားပြီဆိုတာ သိသွားရင် သူတို့တွေက အစ်ကို့ကို မြေမှုန်မြေမွှားလိုပဲ ဆက်ဆံကြလိမ့်မယ်ဆိုတာ အစ်ကို ကောင်းကောင်းသိပါတယ်။ ညီမလေးကတော့ အစ်ကို အစွမ်းထက်နေသူ ဖြစ်စေ၊ အားနည်းတဲ့ ရိုးရိုးသာမန်လူ ဖြစ်စေ အမြဲတမ်း အစ်ကို့အပေါ် တစ်သမတ်တည်း ဆက်ဆံ ပေးခဲ့တာလေ၊” ကျူးမင်လန်က ရိုးသားပွင့်လင်းစွာဖြင့် ပြန်လည်ပြောကြားလိုက်သည်။

နှစ်များစွာ ကုန်လွန်ခဲ့သော်လည်း ဇီမြောင်ကျူးသည် ထိုရိုသေလေးစားမှုမျိုးကို ယနေ့တိုင် ဆက်လက်ထားရှိဆဲပင်။

သူ နဂါးထိန်း ဖြစ်လာပြီးနောက်ပိုင်း သူ၏စွမ်းအားများ သိသိသာသာ လျော့ကျသွားသည် ကိုလည်း သူမ ကောင်းကောင်းကြီး သိရှိထားသည်။

သို့သော်လည်း သူမသည် သူ့ကို ရိုသေလေးစားဆဲဖြစ်ပြီး ရိုးသားပွင့်လင်းစွာဖြင့် ဆက်ဆံ နေဆဲပင်။

ယောက်ျားလေးနှင့် မိန်းကလေးအကြားရှိ အချစ်ရေးမျိုး မရှိလျှင်ပင်၊ ဤအစ်ကိုနှင့် ညီမ အကြားရှိ ဆက်ဆံရေးမှာ ကျူးမင်လန်အတွက် အလွန်ပင် တန်ဖိုးရှိလှသည်။

ကျူးမိသားစုအတွင်းရှိ သွေးသားရင်းချာများထဲတွင် ဤဂျူနီယာညီမလေးနှင့် နှိုင်းယှဉ်နိုင် မည့်သူ ဘယ်နှစ်ယောက်လောက် ရှိမည်လဲဟု သူ တွေးတောမိသည်။

ဖြစ်နိုင်သည်မှာ... မိသားစုဝင်အများစုသည် သူ၏ကျရှုံးမှုကို မြင်လျှင် ပျော်ရွှင်နေကြမည် ဖြစ်ပြီး၊ ဒဏ်ရာရနေသူကို ထပ်မံ၍ နာကျင်စေရန် အခွင့်ကောင်းယူကြမည့် လူများသာ ဖြစ်ပေလိမ့်မည်။

All Chapters