အခန်း ၅၈၁
Vol. 59 Ch. 581
အခန်း (၅၈၁)
ကမ္ဘာငယ်၏ ကျင့်ကြံခြင်းနယ်မြေ။
ထိုနေရာတွင် ကျင့်ကြံခြင်း၊ ဆေားဖော်စပ်ခြင်း၊ ရတနာသန့်စင်ခြင်းနှင့် အစီအရင်အတွက် အဆောက်အဦးများစွာဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်တွင် စစ်တပ်က ရွေးချယ်ထားသော စစ်သည်တစ်သိန်းက ထိုနေရာတွင် စုဝေးနေကြသည်။
" ဒီနေ့ ငါမင်းတို့ကို ဝိညာဉ်အနှစ်သာရဆေးလုံးတွေပေးမယ်။ ဆေးလုံးတွေရဲ့ စွမ်းအားကို အပြည့်အဝ စုပ်ယူပြီး ကျင့်ကြံကြ။ မင်းတို့ကို စိတ်ဝိညာဉ်စွမ်းအားနဲ့လည်း ကူညီပေးမယ်။ ဝိညာဉ်အနှစ်သာရဆေးလုံးနဲ့ ကျင့်ကြံပြီးရင် မင်းတို့က ငါဦးဆောင်တဲ့ စစ်တပ်ဖြစ်လာလိမ့်မယ်။ ချင်ရဲ့ ရွှမ်ကျားစစ်တပ်က ကောင်းကင်စစ်သည်တွေကို ရင်ဆိုင်နိုင်တဲ့ ပထမဆုံးစစ်တပ်လည်း ဖြစ်လိမ့်မယ်။ စစ်တပ်ကို စုစည်းပြီးရင် ငါ မင်းတို့ကို ခေါ်ပြီး အင်မော်တယ်ဘုံကို တိုက်ခိုက်မယ်။ " ကျောက်ဖုန်း၏ အသံက စစ်သည်တိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
" ကျွန်တော်မျိုးတို့က ချင်ကို သေတဲ့အထိ သစ္စာရှိပါမယ်။ အရှင်မင်းသားနောက်ကို သေတဲ့အထိ လိုက်ဖို့ ကျိန်ဆိုပါတယ်။ " စစ်သည်အားလုံးက ဒူးထောက်ပြီး တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
ထိုအချိန်တွင် ကျင့်ကြံခြင်းနယ်မြေ၌ စစ်သည်တစ်သိန်းသာမက အခြားစစ်သည်များနှင့် ကျင့်ကြံသူများစွာ ရှိနေကြသည်။ ကျောက်ဖုန်းက အင်မော်တယ်ဘုံသို့ သွားရန် တပ်ဖွဲ့ ဖွဲ့စည်းနေသည်ဟု ကြားသောအခါ အားလုံးက မနာလိုဖြစ်သွားကြသည်။
" ငါ့ရဲ့ ကျင့်ကြံမှုက ဆရာသခင်အဆင့်ထက် မရောက်တာ နှမြောစရာပဲ။ မဟုတ်ရင် ရွှမ်ကျားစစ်တပ်ထဲကို ပါနိုင်လိမ့်မယ်။ "
" အရှင်မင်းသားနဲ့ အင်မော်တယ်ဘုံကို လိုက်ရရင် ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်မလဲ။ "
" ဟူး... ငါ့ရဲ့ ကျင့်ကြံမှုက မလုံလောက်ဘူး။ "
ရွှမ်ကျားစစ်တပ်ထဲတွင် ပါဝင်ရခြင်းက စစ်သည်တိုင်းအတွက် ဂုဏ်ယူစရာဖြစ်သည်။ သူတို့က အင်မော်တယ်ဘုံကို သွားမည့် ရှေ့ပြေးတပ်ဖွဲ့ဖြစ်ပြီး အင်မော်တယ်ဘုံတွင် သေရလျှင်တောင် ဂုဏ်ယူစရာကောင်းလှသည်။
ထို့နောက် တောက်ပသော ဝိညာဉ်အနှစ်သာရဆေးလုံးတစ်သိန်းက စစ်သည်များရှေ့သို့ ရောက်လာသည်။
" ရှန်းထုံအဆင့်အထက်က ဝိညာဉ်အနှစ်သာရဆေးလုံး စားထားပြီးသားသူတွေကို နောက်ထပ်တစ်လုံး ထပ်ပေးမယ်။ သိုင်းတာအိုနတ်အသွင်အဆင့်ကို အရင်ဆုံးရောက်တဲ့သူက ပိုအစွမ်းထက်တဲ့ ဝိညာဉ်အနှစ်သာရဆေးလုံးကို ရမယ်။ " ကျောက်ဖုန်းက စစ်သည်များကို ပြောလိုက်သည်။
ကောင်းကင်စစ်သည်တစ်သိန်း၏ ဝိညာဉ်ဆေးလုံးတစ်သိန်းအပြင် ကောင်းကင်အင်မော်တယ် တစ်ထောင်၊ ရွှေအင်မော်တယ်တစ်ရာနှင့် မဟာရွှေအင်မော်တယ်တစ်ယောက်၏ ဝိညာဉ်အနှစ်သာရဆေးလုံးများလည်း ရှိသည်။ သို့သော် မဟာရွှေအင်မော်တယ်၏ ဝိညာဉ်အနှစ်သာရဆေးလုံးကို ကျောက်ဖုန်းက ကွေ့ကူကျိကို ပေးလိုက်ပြီဖြစ်သည်။
ညွှန်ကြားချက်များ ပေးပြီးနောက် ကျောက်ဖုန်းက ကမ္ဘာငယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများကကို စုစည်းလိုက်သည်။ အဆင့်မြင့်စိတ်ဝိညာဉ်သွေးကြောကြောင့် ထိုစွမ်းအားက ရှန်းကျိုးထက် ဆယ်ဆ ပိုများသည်။ ထို့နောက် ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်ထဲမှ ပြန်ထွက်လာသည်။
" အများဆုံး နှစ်ငါးဆယ်အတွင်းမှာ စစ်သည်တစ်သိန်းက ဝိညာဉ်အနှစ်သာရဆေးလုံးကို စုပ်ယူပြီး သိုင်းတာအိုနတ်အသွင်အဆင့်ကို ရောက်နိုင်လိမ့်မယ်။ ဝိညာဉ်အနှစ်သာရ။ အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေ ဒီလောက်ရူးသွပ်နေတာ မထူးဆန်းပါဘူး။ ဒါက တကယ့် ကျင့်ကြံခြင်းရတနာပဲ။ ဒီလုပ်ရပ်က သဘာဝတရားကို ထိခိုက်စေပြီး ကိုယ်ကျင့်တရားကို ဖောက်ဖျက်တာပဲ။ ဒါပေမယ့် ကျူးကျော်လာတဲ့ စစ်သည်တွေကို သတ်တာကတော့ ဘာအပြစ်မှ မရှိပါဘူး။ "
" ချင်က အင်မော်တယ်ဘုံကို တိုက်ခိုက်တဲ့အခါ အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။ ပြီးတော့ အင်မော်တယ်လူသားအဆိပ်ဘည်း ပေါက်ကွဲတော့မယ်။ အဲ့ဒါက အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေကို သတ်နိုင်တဲ့ ရှန်ထျန်းအဆင့် အဆိပ်ပဲ။ ဘယ်လောက်စွမ်းအားကြီးကြီး မဖျက်ဆီးနိုင်ဘူး။ ဒါက သူတို့အများကြီး ဆုံးရှုံးဖို့ လုံလောက်တယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်။
" ရတနာသေတ္တာတွေကို ရယူမယ်။ "
" သခင်ရဲ့ စွမ်းရည်အားလုံး ၁၀ သန်းကျော် တိုးတက်သွားပြီး အဆင့်ခြောက်ရတနာသေတ္တာ ၁၃လုံးကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" အားလုံးကို ဖွင့်လိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "
" အဆင့်မြင့် ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာ ကိုးဆင့်ရွှေရောင်ကြာပန်းကို ရရှိပါတယ်။ "
" အဆင့်နိမ့် ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ မိုးကြိုးအမိန့်ကို ရရှိပါတယ်။ "
" နတ်စွမ်းရည် ငါးရောင်နတ်အလင်းကို ရရှိပါတယ်။ "
" အဆင့်နိမ့် ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ ပါကျောင်းယပ်တောင်ကို ရရှိပါတယ်။ "
" ရှန်ထျန်းအဆင့် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ဉာဏ်အလင်းပွင့်ခြင်းလက်ဖက်ကို ရရှိပါတယ်။ "
" အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောကို ရရှိပါတယ်။ "
" အဆင့်မြင့် ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာ ကိုးဆင့်အဖြူရောင်ကြာပန်းကို ရရှိပါတယ်။ "
" အဆင့်မြင့် ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာ နတ်ဆိုးဓားကို ရရှိပါတယ်။ "
" ရှန်ထျန်းအဆင့် နတ်စွမ်းရည် ယီချီဆန်ချင်းကို ရရှိပါတယ်။ "
" အဆင့်မြင့် ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာ ကိုးဆင့်အနီရောင်ကြာပန်းကို ရရှိပါတယ်။ "
" ဟောက်ထျန်းအဆင့် ဆေးဖော်စပ်သူအမွေအနှစ်ကို ရရှိပါတယ်။ "
" ဟောက်ထျန်းအဆင့် ရတနာသန့်စင်သူအမွေအနှစ်ကို ရရှိပါတယ်။ "
" ပြန်လည်မွေးဖွားခြင်းနိယာမမျိုးစေ့ကို ရရှိပါတယ်။ "
ရတနာသေတ္တာ၁၃လုံး ပွင့်သွားပြီး ဆုလာဘ်များ ထွက်ပေါ်လာသည်။
" ရွှေရောင်ကြာပန်း၊ အဖြူရောင်ကြာပန်း၊ အနီရောင်ကြာပန်း ငါဆီက အနက်ရောင်ကြာပန်းနဲ့ အစိမ်းရောင်ကြာပန်းကို ပေါင်းလိုက်ရင် အားလုံးစုံသွားပြီ။ ဒါပေမယ့် ၁၂ ဆင့်ကိုတော့ မရောက်သေးဘူး။ ပြီးတော့ ဉာဏ်အလင်းပွင့်ခြင်းလက်ဖက်က တာအိုနဲ့ နိယာမတွေကို နားလည်ရာမှာ ကူညီပေးနိုင်တယ်။ အဆင့်မြင့်စိတ်ဝိညာဉ်သွေးကြောက ကမ္ဘာငယ်ထဲက ကျင့်ကြံခြင်းနယ်မြေမှာ ဆက်ပြီး သုံးလို့ရတယ်။ ဟောက်ထျန်းအဆင့် နတ်ဆိုးဓား၊ ဟောက်ထျန်းအဆင့်ဆိုပေမယ့် ရှန်ထျန်းအဆင့်အောက်မကျဘူး။ "
" ဆေးဖော်စပ်ခြင်းနဲ့ လက်နက်သန့်စင်ခြင်း အမွေအနှစ်။ အခုတော့ အင်မော်တယ်ဆေးလုံးတွေနဲ့ အင်မော်တယ်ရတနာတွေကို ဖန်တီးနိုင်ပြီ။ ဒီအမွေအနှစ်တွေကို သင်ကြားပေးလိုက်ရင် ချင်ရဲ့ ဆေးဖော်စပ်သူတွေနဲ့ ရတနာသန့်စင်သူတွေက ပိုအဆင့်မြင့်လာလိမ့်မယ်။ "
" ငါးရောင်နတ်အလင်း၊ ဓာတ်ငါးမျိုးရဲ့ စွမ်းအားက မှော်ရတနာအများကြီးကို နိုင်တယ်။ ဒါက ခုံရွှမ်ရဲ့ မွေးရာပါနတ်စွမ်းရည်ပဲ။ ဒါကို ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
" ယီချီဆန်ချင်း ဒါက ပြောစရာတောင်မလိုဘူး။ ဒါက ထိုက်ချင်းသူတော်စင်ရဲ့ နတ်စွမ်းရည်ပဲ။ ကိုယ်ပွားနည်းစနစ်တွေက လုံးဝမယှဉ်နိုင်ဘူး။ ပြန်လည်မွေးဖွားခြင်းနိယာမမျိုးစေ့၊ ကမ္ဘာငယ်ကတော့ ကြီးကြီးမားမား ပြောင်းလဲတော့မယ်။ ပြန်လည်မွေးဖွားခြင်းက ကမ္ဘာတစ်ခုရဲ့ အဓိကအနှစ်သာရပဲ။ ပြန်လည်မွေးဖွားခြင်းရှိရင် ကမ္ဘာငယ်ထဲက ဝိညာဉ်တိုင်းက ပြန်လည်မွေးဖွားနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။
သူက အချိန်ဆွဲမနေတော့ဘဲ နတ်ဘုရားအာရုံကို ကမ္ဘာငယ်ဆီသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် ကမ္ဘာသစ်ပင်ရှိသောနေရာတွင် တွင်းတစ်ခုတူးပြီး ဉာဏ်အလင်းပွင့်ခြင်းလက်ဖက်ကို စိုက်လိုက်သည်။ ကမ္ဘာသစ်ပင်ပေါ်တွင် အိပ်နေသော နဂါးနက်က တစ်ချက်ငှဲ့ကြည့်ပြီး ပြန်အိပ်သွားသည်။ ကမ္ဘာသစ်ပင်ပေါ်တွင် နေထိုင်ကတည်းက ကမ္ဘာနိယာမစွမ်းအားများကို အမြဲထိတွေ့နေရသောကြောင့် နဂါးနက်က ရက်စက်သော သဘာဝများ ပျောက်ကွယ်သွားပြီး အသိဉာဏ်များ ရလာခဲ့သည်။
" ပြန်လည်မွေးဖွားခြင်းနိယာမမျိုးစေ့ " ကျောက်ဖုန်းက နိယာမများစေ့ကို ကမ္ဘာသစ်ပင်ဆီသို့ ပို့လွှတ်လိုက်ပြီး ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်။
" ပြန်လည်မွေးဖွားခြင်းနိယာမမျိုးစေ့က ကမ္ဘာနဲ့ အပြည့်အဝ ပေါင်းစပ်သွားရင် ကမ္ဘာက ပြန်လည်မွေးဖွားခြင်း ရှိလာလိမ့်မယ်။ ကမ္ဘာက အဆင့်မြင့်လာမယ့်အပြင် သေဆုံးသွားတဲ့ ချင်စစ်သည်တွေရဲ့ ဝိညာဉ်တွေကိုလည်း ဒီနေရာကို ယူလာလို့ရတယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။
" အချိန်တော့ ပိုလိုမယ်ထင်တယ်။ ဒီအချိန်ကို သုံးပြီး ငါ့ရဲ့ စွမ်းအားကို မြှင့်တင်ရမယ်။ စစ်သည်တစ်သိန်းက ဝိညာဉ်အနှစ်သာရဆေးလုံးတွေကို စုပ်ယူပြီးတာနဲ့ အင်မော်တယ်ဘုံကို တိုက်ရမယ်။ "
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကောင်းကင်တွင် တစ်ရက်က လူသားဘုံတွင် တစ်နှစ်ဖြစ်သည်။ ကောင်းကင်ဘုံက စစ်သည်တစ်သိန်းကို ဆုံးရှုံးပြီး ဝမ်လင်းကွမ်းက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်အကြောင်း ပြောပြပြီးနောက် ကောင်းကင်ဘုံက လူသားဘုံကို စစ်သည်များ မစေလွှတ်တော့ပေ။
ကမ္ဘာငယ်ထဲရှိ ကျင့်ကြံခြင်းနယ်မြေတွင် နှစ်ငါးဆယ်ကြာပြီးတော့ လူတိုင်းက အဆင့်ကြီးနှစ်ဆင့်လောက် တိုးတက်လာသည်။ ဝိညာဉ်အနှစ်သာရဆေးလုံးကို သောက်သုံးလိုက်သော စစ်သည်တစ်သိန်းကတော့ များစွာ တိုးတက်လာခဲ့သည်။
ယနေ့ စစ်သည်တစ်သိန်းက စုဝေးနေကြသည်။ ကောင်းကင်တွင် ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ပေါ်လာသည်။
" အရှင်မင်းသားကို ဂါရဝပြုပါတယ်။ " စစ်သည်တစ်သိန်းနှင့် တပ်မှူးများက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။ သူတို့၏ အော်ရာများက အလွန်ပြင်းထန်နေပြီး လွန်ခဲ့သော နှစ်ငါးဆယ်နှင့်ယှဉ်လျှင် သူတို့၏ စွမ်းအားများက များစွာ တိုးတက်လာခဲ့သည်။
" ထကြပါ။ " ကျောက်ဖုန်းက အားလုံးကို စစ်ဆေးလိုက်သည်။ " မဆိုးဘူး။ နှစ်ငါးဆယ်ကျင့်ကြံပြီးတဲ့နောက်မှာ အားလုံးက သိုင်းတာအိုနတ်အသွင်အဆင့်သုံးအထက်ကို ရောက်သွားကြပြီ။ တစ်ထောင်လောက်က သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်ကို ရောက်သွားပြီ။ မင်းတို့အားလုံး ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်။
" အရှင်မင်းသားရဲ့ ကျေးဇူးကြောင့်ပါ။ ကျွန်တော်မျိုးတို့ အသက်ကို ချင်အတွက် ပေးအပ်ပါတယ်။ " စစ်သည်အားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
" အခု မင်းတို့က ငါ့ရဲ့ ရွှမ်ကျားစစ်တပ်ဖြစ်ဖို့ အရည်အချင်းပြည့်မီသွားပြီ။ ငါနဲ့ အင်မော်တယ်ဘုံကို လိုက်ခဲ့လို့ရပြီ။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး သူ၏ နတ်ဘုရားအာရုံက လှုပ်ရှားသွားသည်။
ဟင်းလင်းပြင်ထဲတွင် အနက်ရောင်ချပ်ဝတ်တစ်သိန်းနှင့် ခမောက်များ ပေါ်လာသည်။ ကောင်းကင်ဘုံ၏ ပုံစံမဟုတ်ဘဲ ကျားပုံစံခမောက်ဖြစ်သွားသည်။ ၎င်းတို့ကို ဝတ်ဆင်လိုက်သည်နှင့် မျက်စိနေရာသာပါပြီး တစ်ကိုယ်လုံးကို ကာကွယ်ပေးနိုင်သည်။ ချပ်ဝတ်များအပြင် မိုဓားများကလည်း အေးစက်သော အလင်းများ တောက်ပနေသည်။ စစ်သည်များက ချပ်ဝတ်များနှင့် မိုဓားများကို အသုံးပြုလိုက်သည်နှင့် သူတို့၏ စွမ်းအားများက ထပ်မံမြင့်တက်သွားပေလိမ့်မည်။ စစ်သည်များအပြင် တပ်မမှူးများနှင့် တပ်မှူးများအတွက်လည်း ချပ်ဝတ်များ ပါဝင်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့