အခန်း ၅၈၂
Vol. 59 Ch. 582
အခန်း (၅၈၂)
" ချပ်ဝတ်တွေကို သန့်စင်ပြီး ဝတ်ဆင်လိုက်ကြ။ ဒါဆို စစ်သည်တိုင်းက ရွှမ်ကျားစစ်တပ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာလိမ့်မယ်။ "ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" အရှင်မင်းသားရဲ့ အမိန့်ကို နာခံပါတယ်။ " စစ်သည်အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြပြီး ချပ်ဝတ်များပေါ်သို့ သွေးတစ်စက် ချကာ သန့်စင်လိုက်ကြသည်။ ချပ်ဝတ်များကို သန့်စင်ပြီးသည်နှင့် ၎င်းတို့က ဝိညာဉ်ရှိသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ အလိုအလျောက် ဝတ်ဆင်လိုက်ကြသည်။ ခဏအတွင်း စစ်သည်များက အနက်ရောင်ချပ်ဝတ်ကို ဝတ်ပြီး မိုဓားကို ကိုင်ဆောင်လိုက်ကြသည်။
" အရှင်မင်းသား ဒီအင်မော်တယ်ရတနာတွေက တကယ်ထူးခြားတာပဲ။ ကာကွယ်ရေးတင်မကဘဲ စိတ်ဝိညာဉ်စွမ်းအားကို အလိုအလျောက် သန့်စင်ပေးပြီး ယွမ်စွမ်းအားကို ပြန်ဖြည့်ပေးတယ်။ " မုန့်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူက ထိုစစ်တပ်ထဲတွင် အသန်မာဆုံးများထဲမှ တစ်ယောက်ဖြစ်ပြီး သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
" ချပ်ဝတ်တွေနဲ့ ရင်းနှီးအောင်လုပ်ထား။ မကြာခင် ငါ မင်းတို့ကို ခေါ်ပြီး အင်မော်တယ်ဘုံကို တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောပြီး သူ၏ နတ်ဘုရားအာရုံကို ရုပ်သိမ်းလိုက်သည်။
ကျန်းထိုင်နန်းဆောင်ထဲတွင် ကျောက်ဖုန်း၏ မိသားစုတစ်ခုလုံး စုဝေးနေကြသည်။ ရင်ကျန့်၊ ရှန်တုန်အာ၊ ဝမ်ယန်နှင့် သူ၏ ဇနီးများ၊ ကလေးများအားလုံး ရောက်နေကြသည်။
" ခမည်းတော်၊ မယ်တော် ဒီနေ့တော့ ကျွန်တော်ရဲ့ နှုတ်ဆက်ပွဲလို့ သဘောထားလိုက်ပါ။ အပိုစကားတွေ မပြောတော့ဘူး။ ဒီနေ့ အဝသောက်ကြတာပေါ့။ " ကျောက်ဖုန်းက ထရပ်ပြီး ရင်ကျန့်နှင့် သူ၏ မိခင်အပါအဝင် ဝမ်ကျန့်နှင့် သူ၏ ဇနီးတို့ကိုလည်း ပြောလိုက်သည်။
" ဖုန်းအာ..." ရှတုန်က ကျောက်ဖုန်းကို ကြည့်ပြီး စကားပြောရန် တွန့်ဆုတ်နေသည်။
" တုန်အာ ဖုန်းအညမှာ သူ့အစီအစဉ်နဲ့သူ ရှိပါတယ်။ ဘာမှစိတ်ပူစရာမလိုပါဘူး။ " ရင်ကျန့်က ရှတုန်အာကို ပြုံး၍ ပြောလိုက်သည်။
" ဖုန်းအာ အမေက မိန်းမသားဆိုတော့ ဘာမှမကူညီပေးနိုင်ဘူး။ အရာရာကို ဂရုစိုက်ပါ။ " ရှတုန်အာက စိုးရိမ်စွာ ပြောလိုက်သည်။
" မယ်တော် စိတ်ချပါ။ ချင်ရှိနေသရွေ့ သားတော် ဘာမှမဖြစ်ပါဘူး။ ခမည်းတော် လူသားဘုံကို ကောင်းကောင်းစောင့်ရှောက်ပေးပါ။ သားတော်ပြန်လာတဲ့ပခါ ချင်ရဲ့ စွမ်းအားက အများကြီး တိုးတက်လာဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒီကိစ္စကို စိတ်ချပါ။ အင်ပါယာတစ်ခုလုံး တိုးတက်အောင် ငါလုပ်ပေးမယ်။ " ရင်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ချီအာ၊ လင်းအာ၊ ဝူအာ ပြီးတော့ မင်းတို့အားလုံး ကျောက်ဖုန်းက သူ၏ ကလေးများကို ကြည့်လိုက်သည်။ အားလုံး အရွယ်ရောက်နေသည်ကို မြင်ရသောအခါ သူ၏ မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။
နောက်တစ်နေ့ နေ့လည် အင်ပါယာရင်ပြင်တွင် အရာရှိများက စုဝေးနေကြသည်။ ထိုအချိန်တွင် ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသားဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိဘဲ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
" ခမည်းတော် ကျင့်ကြံခြင်းနယ်မြေက ချင်ရဲ့ အခြေခံပဲ။ ကောင်းကောင်းအသုံးချပါ။ တစ်ခုခုဖြစ်ရင် ထျန်းရွှမ်ကြေးမုံကနေ ဆက်သွယ်လို့ရပါတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး ပြောလိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က ကျောက်ဖုန်းကို လေးနက်စွာ ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။
ကျောက်ဖုန်းက ဘာမှမပြောတော့ဘဲ အာကာသကြေးမုံကို ထုတ်လိုက်သည်။ သူက ဟင်းလင်းပြင်ကို ဖွင့်ပြီး အာကာသလမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ဟင်းလင်းပြင်က ပြန်ပိတ်သွားသည်။
" အရှင်မင်းသားက ဒီလိုပဲ ထွက်သွားပြီပေါ့။ " ဟန်ဖေးက စိတ်မကောင်းဖြစ်မိသွားသည်။
" အင်မော်တယ်ဘုံမှာ ဖုန်းအာက ချင်ကို ကိုယ်စားပြုတယ်။ ဖုန်းအာရှိတဲ့ နေရာတိုင်းက ချင်နယ်မြေပဲ။ ဝန်ကြီးတို့ စွမ်းအားကို အမြန်ဆုံး မြှင့်တင်ကြပါ။ မကြာခင် ချင်က အင်မော်တယ်ဘုံကို ဝင်ရောက်မယ်။ ချင်က လူသားဘုံကို စုစည်းပြီးပြီ။ အနာဂတ်မှာ ချင်က အင်မော်တယ်ဘုံကို စုစည်းပြီး ကောင်းကင်ဘုံကို အစားထိုးမယ်။ " ရင်ကျန့်က အရာရှိများကို ကြည့်ပြီး ကြေညာလိုက်သည်။
" ကျွန်တော်မျိုးတို့ ချင်နဲ့အတူ သေတဲ့အထိ လိုက်ပါမယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
အင်မော်တယ်ဘုံ၊ အရှေ့တိုက်ကြီး။
ကျယ်ပြောလှသော ပင်လယ်ပြင်အထက်တွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်လာသည်။ ကျောက်ဖုန်းက ဖြည်းညင်းစွာ ထွက်လာပြီး ပြုံးလိုက်သည်။
" ဒါဆို ဒါက အင်မော်တယ်ဘုံပေါ့။ ဟင်းလင်းပြင်က ပိုတည်ငြိမ်တယ်။ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားက လူသားဘုံထက် အဆပေါင်းများစွာ သာလွန်တယ်။ " ကျောက်ဖုန်းက ခံစားချက်များဖြင့် တွေးလိုက်သည်။
" အခု ငါက တိုက်ကြီးလေးခုထဲက ဘယ်နေရာမှာလဲ။ " ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို မိုင်ဆယ်သန်းအထိ ဖြန့်ကျက်လိုက်သည်။ သူ၏ နတ်ဘုရားအာရုံက မဟာရွှေအင်မော်တယ်အဆင့်ထက် ပိုသန်မာသည်။
" ဒီနေရာက စိတ်ဝိညာဉ်စွမ်းအားက အခြားနေရာတွေထက် ပိုထူးထပ်တယ်။ ပြီးတော့ မိုင်တစ်သောင်းအကွာမှာ အောက်လိုင်နိုင်ငံလို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းရှိတယ်။ " ကျောက်ဖုန်းက တစ်စုံတစ်ခုကို တွေးမိသွားပြီး ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ကျွန်းကြီးတစ်ကျွန်း၏ အမြင်ဆုံး တောင်ထပ်သို့ ရောက်သွားသည်။
" မျောက်တွေ ဒီကျွန်းကို ဗဟိုပြုပြီး ပတ်ဝန်းကျင်မှာ ကျွန်းတွေ အများကြီးရှိတယ်။ ကျွန်းတိုင်းမှာ သက်ရှိတွေရှိတယ်။ လူခန္ဓာကိုယ်နဲ့ တိရစ္ဆာန်ခေါင်းတွေ အပြည့်အဝ မပြောင်းလဲသေးတဲ့ နတ်ဆိုးတွေပဲ။ လူသားဘုံမှာ နတ်ဆိုးတွေမရှိဘူး။ ဒီမှာ နတ်ဆိုးတွေနဲ့ သားရဲတွေ ပြည့်နှက်နေတယ်။ ဒီနေရာက ငါအရင်ဘဝက သိခဲ့တဲ့ ဟွာဂူတောင်ဖြစ်ရမယ်။ တောင်ထိပ်ပေါ်က ကျောက်တုံးကတော့..." ကျောက်ဖုန်းက တွေးပြီး တောင်ထိပ်သို့ ကြည့်လိုက်သည်။
တောင်ထိပ်တွင် ကျောက်တုံးတစ်တုံးရှိနေသည်။ ၎င်းက စိတ်ဝိညာဉ်သွေးကြောပေါ်တွင် တည်ရှိနေကာ စိန်ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေသည်။
" စွန်းဝူခုန်း သူဖြစ်တည်နေပြီ။ စိတ်ဝင်စားစရာပဲ။ ပြီးတော့ ပတ်ဝန်းကျင်မှာ ကန့်သတ်ချက်တွေရှိနေတယ်။ တစ်ချက်ထိလိုက်တာနဲ့ သူသိသွားလိမ့်မယ်။ စွန်းဝူခုန်း သူက နယ်ရုပ်လေးတစ်ရုပ်ပါပဲ။ " ကျောက်ဖုန်းက ခံစားချက်များနှင့် ကျောက်တုံးကို ကြည့်လိုက်သည်။
စွန်းဝူခုန်းက အလွန်အင်အားကြီးပုံပေါက်သော်လည်း အမှန်တကယ်တော့ သနားစရာကောင်းလှသည်။ အထူးသဖြင့် ရွှေခေါင်းကွင်းကို ဝတ်လိုက်ရပြီးနောက် မဟာပညာရှိက မဟာပညာရှိမဟုတ်တော့ပေ။
" စွန်းဝူခုန်းကို ချင်ထဲ ခေါ်လိုက်ရမလား။ သိုင်းတာအိုကို ကျင့်ကြံခိုင်းရင် အနာဂတ်မှာ သူက ချင်အတွက် စစ်နတ်ဘုရား ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ရုတ်တရက် တွေးလိုက်သည်။
စွန်းဝူခုန်းက နယ်ရုပ်တစ်ရုပ်ဖြစ်သော်လည်း သူက အရည်အချင်းများစွာ ရှိသည်။ သူသာ ချင်သို့ ဝင်လာလျှင် ချင်အတွက် များစွာအကျိုးရှိပေလိမ့်မည်။ ထို့အပြင် နောက်ကွယ်မှလူများ၏ အကြံအစည်များကိုလည်း ဖျက်ဆီးရာရောက်ပေသည်။
ထိုသို့တွေးပြီး ကျောက်ဖုန်းက ခြေတစ်လှမ်းလှမ်းက စွန်းဝူခုန်းကို မွေးဖွားပေးနေသော စိတ်ဝိညာဉ်ကျောက်တုံးရှေ့သို့ ရောက်သွားသည်။ သူ၏ ရှေ့မှ ကန့်သတ်ချက်များကို ကြည့်ပြီး အတွေးတစ်ချက်နှင့် အပေါက်တစ်ပေါက် ဖောက်လိုက်သည်။ သူ၏ အစီအရင်ပညာနှင့် မူလစိတ်ဝိညာဉ်ကြောင့် ၎င်းက သူ့အတွက် လွယ်ကူလှသည်။
" စွန်းဝူခုန်းမှာ အသိဉာဏ်ရှိပေမယ့် စကားမပြောနိုင်သေးဘူး။ ဒါပေမယ့် ချင်ရဲ့ သိုင်းတာအိုကျင့်စဉ်နဲ့ ထျန်းရွှမ်ကြေးမုံငယ်ကို သူ့ကို ပေးထားလို့ရတယ်။ " ကျောက်ဖုန်းက သိုင်းတာအိုနတ်အသွင်အဆင့်ထိ ကျင့်ကြံနိုင်သော နဂါးဆင်ကျမ်းကို စွန်းဝူခုန်း၏ စိတ်အသိထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ထျန်းရွှမ်ကြေးမုံငယ်တစ်ခုကို သူ၏ စိတ်အသိပင်လယ်ထဲတွင် ဝှက်ထားလိုက်သည်။ အားလုံး ပြုလုပ်ပြီးနောက် ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
" စွန်းဝူခုန်း အနာဂတ်မှာ ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက ကျောက်တုံးကို တစ်ချက်ကြည့်ပြီးနောက် အဝေးသို့ ကြည့်လိုက်သည်။
" အောက်လိုင်နိုင်ငံ ဒီနိုင်ငံကို အရင်သိမ်းပိုက်ပြီး ဒီနယ်မြေမှာ ခြေကုပ်ယူရမယ်။ ပြီးရင် အရှေ့တိုက်ကြီးကို သိမ်းပိုက်ရမယ်။ ကောင်းကင်ဘုံ..." ကျောက်ဖုန်းက ခြေတစ်လှမ်း လှမ်းလိုက်ပြီး အရှေ့ပင်လယ်၏ ကမ်းခြေကို ရောက်သွားသည်။
" ယင်ပုပြောသလိုပဲ။ ဒီကလူတွေက ရှန်းနဲ့ ကျိုးခေတ်က ဝတ်စားဆင်ယင်ပုံနဲ့ ဆင်တူတယ်။ အောက်လိုင်နိုင်ငံကလည်း အတူတူပဲ။ အားလုံးက ဟွာရှလူမျိုးတွေ။ လူသားဘုံက အရှေ့တိုက်ကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တဲ့ပုံပဲ။ " ကျောက်ဖုန်းက ကမ်ခြေမြို့၏ ဟင်းလင်းပြင်အထက်တွင် ရပ်နေပြီး အရာအားလုံးကို လေ့လာနေသည်။ ထိုမြို့လေးသာမက အောက်လိုင်နိုင်ငံတစ်ခုလုံးက သူ၏ နတ်ဘုရားအာရုံအောက်တွင် ရှိနေသည်။
အောက်လိုင်နိုင်ငံ၏ လူဦးရေက ၁၀ သန်းမှ သန်း၂၀ လောက်သာရှိပြီး သိပ်မများပေမယ်။ လူသားဘုံတွင် ထိုအရေအတွက်က များသော်လည်း အင်မော်တယ်ဘုံတွင် သေးငယ်သော နိုင်ငံတစ်ခုသာ ဖြစ်သည်။ အင်မော်တယ်ဘုံမှ တိုက်ကြီးလေးခုက ရှေးဦးမူလကမ္ဘာမှဖြစ်ပေါ်လာခြင်းဖြစ်သည်။ တလျိုရွှေအင်မော်တယ်တစ်ယောက်ပင် မူလနယ်မြေ၏ အဆုံးကို မမြင်နိုင်ပေ။
" ကျင့်ကြံခြင်းလမ်းစဉ်ကို လက်ဆင့်မကမ်းထားဘူး။ အခြေခံအသက်ရှုနည်းစနစ်လေးတွေပဲ ရှိတယ်။ စိတ်ဝိညာဉ်အမြစ်မရှိသူတွေ အဆင့်တက်လို့မရဘူး။ ရှိတဲ့သူတွေပဲ အဆင့်တက်လို့ရတယ်။ မြေကြီးအင်မော်တယ်ဘုံက လူတွေက သာမန်လူတွေပဲ။ ဒါက အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေရဲ့ အကြံအစည်တွေဖြစ်ရမယ်။ သာမန်လူတွေကို တိုးတက်ခွင့်မပေးဘဲ အမြဲတမ်း သူတို့လက်အောက်မှာပဲ ထားထားတယ်။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ဤကမ္ဘာမှသာမန်လူများ၏ အခြေအနေကို နားလည်သွားသည်။
" အင်မော်တယ်ဘုံကို ပြောင်းလဲဖို့ ပထမဆုံးခြေလှမ်းကို အောက်လိုင်နိုင်ငံက စမယ်။ ဒါပေမယ့် လူသားနိုင်ငံကို သိမ်းဖို့အတွက်တော့ ရွှမ်ကျားစစ်တပ်ကို မလိုအပ်ဘူး။ သူတို့ကို ကမ္ဘာငယ်ထဲမှာပဲ ဆက်ကျင့်ကြံခိုင်းထားလိုက်မယ်။ အခုလောလောဆယ်တော့ ချင်ရဲ့ သာမန်စစ်သည်တွေပဲ လိုအပ်တယ်။ " ကျောက်ဖုန်းက ကမ်းခြေမြို့၏ အပြင်ဘက်သို့ ဆင်းသက်လာပြီး လက်ဝှေ့ရမ်းလိုက်သည်။
သူက နတ်ဘုရားအာရုံကို အသုံးပြုပြီး ကမ္ဘာငယ်ထဲမှ စစ်သည်တစ်သိန်းကို ထုတ်လိုက်သည်။ သူတို့က ရွှမ်ကျားစစ်တပ်မဟုတ်ဘဲ ယခင်ကတည်းက ကမ္ဘာငယ်ထဲတွင် ကျင့်ကြံနေကြသော ဝူအန်းစခန်းမှ စစ်သည်များဖြစ်ပြီး သူတို့၏ စစ်သူကြီးက ဝေချွမ်ဖြစ်သည်။ ကြောက်စရာကောင်းသော သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုက အရှေ့ပင်လယ်ကမ်းခြေတစ်ခုလုံးဖုံးလွှမ်းသွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့