အခန်း ၅၈၃
Vol. 59 Ch. 583
အခန်း (၅၈၃)
မြို့ပြင်မှ အောက်လိုင်နိုင်ငံ၏ စစ်သည်များက ရုတ်တရက် အံ့ဩသွားကြသည်။
" ဘာဖြစ်တာလဲ။ ဒီစစ်တပ်က ဘယ်က ရောက်လာတာလဲ။ "
ရုတ်တရက်ပေါ်လာသော အနက်ရောင်ချပ်ဝတ်များနှင့် စစ်တပ်ကြောင့် ကမ်းခြေမြို့မှ စစ်သည်များက တုန်လှုပ်သွားပြီးနောက် ထိတ်လန့်သွားကြသည်။
" ဒီနေ့ အင်မော်တယ်ဘုံကို ဝင်လာပြီး တိုက်ခိုက်တာဆိုတော့ စစ်သည်အားလုံး ဝူနာမည်ကို သုံးရမယ်။ ချင်နာမည်ကို မသုံးကြနဲ့။ " ကျောက်ဖုန်းက စစ်သည်များကို နတ်ဘုရားအာရုံဖြင့် သတိပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " စစ်သည်အားလုံးက ပြန်ပြောလိုက်ကြသည်။
" ဒီနိုင်ငံကို ဖျက်ဆီးလိုက်၊ အညံ့ခံတဲ့သူတွေကို မသတ်နဲ့။ " ကျောက်ဖုန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။
" အမိန့်ကို နာခံပါတယ်။ " ဝေချွမ်က ပြန်ပြောလိုက်ပြီး သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ " ဝူနိုင်ငံရဲ့ စစ်သည်တို့ တိုက်ကြ။ "
အမိန့်ရသည်နှင့် ရှန်းထုံအဆင့် အနိမ့်ဆုံးရှိသော ချင်စစ်သည်များက ကမ်းခြေမြို့ဆီသို့ ပြေးဝင်သွားကြသည်။
" ကျွန်တော်တို့ လက်နက်ချပါတယ်။ "
" ကျွန်တော်တို့ကို မသတ်ပါနဲ့။ "
ချင်စစ်သည်များ မြို့နားရောက်လာသည်နှင့် အောက်လိုင်စစ်သည်များက ချက်ချင်း ဒူးထောက်ပြီး အညံ့ခံလိုက်ကြသည်။ ပြည်သူများကလည်း အတူတူသာ ဖြစ်သည်။
" အရှင်မင်းသား အင်မော်တယ်ဘုံက နိုင်ငံတွေက ဘာလို့ဒီလောက်အားနည်းနေတာလဲ။ တိုက်တောင်မတိုက်ရသေးဘူး။ အညံ့ခံလိုက်ကြတယ်။ " စစ်တပ်က မြို့ကို ထိန်းချုပ်ပြီးနောက် ဝေချွမ်က ကျောက်ဖုန်းကို အံ့ဩစွာ ပြောလိုက်သည်။
သူက တိုက်ပွဲကြီးကြီးမားမား ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ရလဒ်ကတော့ တိုက်တောင်မတိုက်ရဘဲ အညံ့ခံသွားခဲ့သည်။ ၎င်းက ဝေချွမ်၏ မျှော်လင့်ချက်များကို ပြောင်းလဲသွားစေသည်။
" အင်မော်တယ်ဘုံမှာ အင်မော်တယ်တွေနဲ့ ပြည့်နေတယ်လို့ မထင်တဲ့။ အင်မော်တယ်ဘုံက လူသားနိုင်ငံတွေကို အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ထိန်းချုပ်ထားတာပဲ။ ကျင့်ကြံသူတွေလည်း အတူတူပဲ။ အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေက သာမန်လူတွေ ခုခံနိုင်မယ့် လမ်းကြောင်းကို ဖြတ်တောက်ထားတယ်။ " ကျောက်ဖိုန်းက ပြုံး၍ ပြောလိုက်သည်။
လူဦးရေသန်းချီရှိသော နိုင်ငံတွင် ကျင့်ကြံသူတစ်ယောက်မှ မရှိခြင်းမှာ အင်မော်တယ်များနှင့် ဗုဒ္ဓများက ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။
" ချင်က အင်မော်တယ်ဘုံက လူသားနိုင်ငံတွေကို သိမ်းပိုက်ဖို့ လွယ်သွားတာပေါ့။ " ဝေချွမ်းက မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။
" ငါမင်းကို စစ်သည်တစ်သိန်းပေးမယ်။ အောက်လိုင်နိုင်ငံကို မြန်မြန်သိမ်းလိုက်ပါ။ ချင်ရဲ့ စစ်ဥပဒေအတိုင်းလုပ်ပါ။ အညံ့ခံတဲ့သူတွေကို မသတ်နဲ့ အရပ်သားတွေကို ထိခိုက်အောင်မလုပ်နဲ့။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းသား စိတ်ချပါ။ ကျွန်တော်မျိုး နားလည်ပါတယ်။ " ဝေချွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
" သွားပြီး လုပ်တော့။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အောက်လိုင်နိုင်ငံကို အရင်သိမ်းပြီးမှ ပတ်ဝန်းကျင်က နိုင်ငံတွေကို တဖြည်းဖြည်း သိမ်းယူပြီး ခြေကုပ်ယူရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
" အရှင်မင်းသား ဒါက ဒီမြို့ရဲ့ မြို့စောင့်တပ်မှူးဖြစ်ပြီး လီတောက်လို့ခေါ်ပါတယ်။ " ကျန်းမင်က ကိုယ်ရံတော်များနှင့်အတူ လူတစ်ယောက်ကို ခေါ်လာသည်။
" ကျွန် ကျွန်တော်မျိုးက အရှင်ကို ဂါရဝပြုပါတယ်။ " လီတောက်က ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။
" ငါမေးမယ်၊ မင်းဖြေ။ မဟုတ်ရင် မင်းသေမယ်။ " ကျောက်ဖုန်းက လီတောက်ကို ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုး အားလုံးကို ပြောပြပါမယ်။ " လီတောက်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အောက်လိုင်နိုင်ငံမှာ အင်မော်တယ်တွေ ဘာလို့မရှိတာလဲ။ " ကျောက်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။
" အရှင် အောက်လိုင်နိုင်ငံမှာ အင်မော်တယ်တွေ မရှိတာ မှန်ပါတယ်။ အင်မော်တယ်ဂိုဏ်းတွေရဲ့ နေရာတွေက အခြားနိုင်ငံတွေမှာ ရှိပါတယ်။ ကျွန်တော်မျိုးတို့ အောက်လိုင်နိုင်ငံက သေးငယ်ပြီး စိတ်ဝိညာဉ်စွမ်းအားကလည်း ကုန်ခမ်းနေတော့ အင်မော်တယ်တွေ မနေကြပါဘူး။ ဒါပေမယ့် နှစ်တိုင်း အင်မော်တယ်တွေက တပည့်လက်ခံဖို့ လာကြပါတယ်။ နှစ်တိုင်း အောက်လိုင်နိုင်ငံက လူပေါင်းထောင်ချီက အင်မော်တယ်ဂိုဏ်းထဲ ဝင်ခွင့်ရပြီး အင်မော်တယ်တွေ ဖြစ်လာကြပါတယ်။ " လီတောက်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" သူတို့ နှစ်တိုင်းလာကြလား။ ဒီနှစ်ရော လာပြီးပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားက သုံးလလိုပါသေးတယ်။ " လီတောက်က ချက်ချင်းပြန်ဖြေလိုက်သည်။
" ဘယ်မှာလုပ်မှာလဲ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" မြို့တော်မှ လုပ်မှာပါ။ အဲ့ဒီအချိန်ကျရင် အောက်လိုင်နိုင်ငံက အသက် ၁၅ နှစ်အောက် လူအားလုံး သူတို့ရဲ့ စိတ်ဝိညာဉ်အမြစ်ကို စမ်းသပ်ခွင့်ရပါလိမ့်မယ်။ " လီတောက်က ထိတ်လန့်စွာဖြင့် အကုန်ပြောပြနေသည်။
" မင်းက မဆိုးဘူးပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
" ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " လီတောက်က ပြန်ပြောလိုက်သည်။
" အရှင်မင်းသား ဒီနှုန်းအတိုင်းဆို အောက်လိုင်နိုင်ငံကို လဝက်အတွင်း သိမ်းပိုက်နိုင်ပါလိမ့်မယ်။ ပြီးရင် အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားကို ကြည့်ပြီး အဲ့ဒီအင်မော်တယ်တွေကို သတ်ပစ်ရမယ်။ " ကျန်းမင်က ရယ်မောပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ လီတောက်က ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူတို့လိုလူသားများက အင်မော်တယ်များကို ကြောက်ရွံ့ရိုသေရသည်။ သို့သော် ဤစစ်တပ်ကတော့ အင်မော်တယ်များကို သတ်ဖြတ်ရန် ရည်ရွယ်ထားသည်။
" ဒီနိုင်ငံကို အရင်ရှင်ကြတာပေါ့။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" အရှင် ဒီနိုင်ငံရဲ့ နာမည်ကို ဘယ်လိုခေါ်ရမလဲ။ " ကျန်းမင်က ရိုသေစွာ မေးလိုက်သည်။
" သူတို့က ဟွာရှလူမျိုးတွေနဲ့ မခြားတာ မမြင်ဘူးလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရှင် အင်မော်တယ်ဘုံက လူသားမျိုးနွယ်တစ်ခုလုံးက ကျွန်တော်တို့ ဟွာရှနဲ့ အတူတူပဲလား။ " ကျန်းမင်က အံ့အားသင့်စွာ မေးလိုက်သည်။
" ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအင်မော်တယ်ဘုံက လူသားတွေမှာလည်း မျိုးနွယ်ကွဲတွေ ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် အရှေ့တိုက်ကြီးက လူသားတွေကို ငါတို့နဲ့ မျိုးနွယ်တူတွေလိုပဲ ဆက်ဆံပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျွန်တော်တို့ နားလည်ပါပြီ။ " ကျန်းမင်က ထွက်သွားရန် ပြင်လိုက်ပြီး လီတောက်၏ မျက်နှာအမူအရာကို မြင်သောအခါ ရယ်မောလိုက်သည်။ " ဘာလဲ။ ကြောက်လို့လား။ စိတ်မပူပါနဲ့။ မင်းတို့ အညံ့ခံပြီးပြီဆိုတော့ ငါတို့စစ်သည်တွေက မင်းတို့ကို ဘာမှမလုပ်ပါဘူး။ အခုကစပြီး ပြည်သူတွေ အေးအေးချမ်းချမ်း နေလို့ရပြီ။ "
" တပ် တပ်မှူး ကျွန်တော်ကို မသတ်ဘူးဆိုတာ သိပါတယ်။ ဒါ ဒါပေမယ့် တပ်မှူးတို့ ပြောတဲ့ စကားတွေက အင်မော်တယ်တွေကို စော်ကားသလို ဖြစ်နေတယ်။ တပ်မှူးတို့ မကြောက်ဘူးလား။ "
" အင်မော်တယ်တွေကို စော်ကားတာလား။ " ကျန်းမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " အင်မော်တယ်တွေဆိုတာ ပိုသန်မာတဲ့ ကျင့်ကြံသူတွေပါပဲ။ သူတို့လာရဲရင် ငါ့လက်ထဲက ဓားချက်မိသွားလိမ့်မယ်။ "
" တပ် တပ်မှူးတို့က အင်မော်တယ်တွေလား။ ဒါ ဒါပေမယ့် အင်မော်တယ်တွေမှာ ဘယ်လိုလုပ်စစ်တပ်ရှိနေမှာလဲ။ ပြီးတော့ကျွန်တော်တို့ လူသားနိုင်ငံကို ဘာလို့တိုက်ခိုက်ရတာလဲ။ " လီတောက်က နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
" ဘာလို့လဲဆိုတော့ ငါတို့က မင်းပြောတဲ့ အင်မော်တယ်တွေ မဟုတ်လို့ပဲ။ " ကျန်းမင်က ပြုံးပြီး ဆက်မပြောတော့ပေ။
" စစ်သည်တွေကို တိုက်ခိုက်မှုကို တိုးမြှင့်ခိုင်းလိုက်။ အင်မော်တယ်ဘုံက လူသားတွေက အင်မော်တယ်တွေကို ဒီလောက်ကြောက်နေမှတော့ ငါတို့စစ်တပ်က သိုင်းတာအိုစွမ်းအားကို ပြလိုက်ရင် သူတို့က မတိုက်ခိုက်ဘဲ အညံ့ခံလာလိမ့်မယ်။ " ကျောက်ဖုန်းက လီတောက်၏ အခြေအနေကို ကြည့်ပြီး နည်းဗျူဟာကို ပြောင်းလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းမင်က အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရက်အနည်းငယ် ကြာသွားခဲ့သည်။
အောက်လိုင်နိုင်ငံ၏ မြို့တော်တွင် မြို့တံခါးများက ပွင့်နေသည်။ အောက်လိုင်ဘုရင်က အရာရှိများကို ဦးဆောင်ပြီး မြို့ပြင်သို့ ထွက်ကာ ဒူးထောက်နေသည်။
ဝေချွမ်က ဖြည်းညင်းစွာ လျှောက်လာပြီး သူ၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာ ပေါ်လွင်နေသည်။ သူ၏ နောက်မှ စစ်သည်များကလည်း အတူတူပင်ဖြစ်သည်။ အစတွင် သူတို့က အင်မော်တယ်ဘုံသို့ ရောက်လာပြီးနောက် တိုက်ပွဲ ကြီးကြီးမားမားဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ကျောက်ဖုန်း၏ အမိန့်အရ သူတို့၏ သိုင်းတာအိုစွမ်းအားများကို ထုတ်ပြလိုက်သောအခါ သူတို့ ရောက်သွားသော နေရာတိုင်း ဘာမှလုပ်စရာမလိုဘဲ မြို့တံခါးများကို ဖွင့်ပြီး အညံ့ခံကြသည်။ ယခု ခုနှစ်ရက်ကြာပြီးနောက် မြို့တော်သို့ တိုက်ရိုက် ရောက်လာခဲ့သည်။
" အင်မော်တယ်တို့ ကျွန်တော်မျိုး အောက်လိုင်ဘုရင် ချန်တောက်က အရာရှိတွေကို ဦးဆောင်ပြီး အင်မော်တယ်တွေကို ဂါရဝပြုပါတယ်။ " အောက်လိုင်ဘုရင်က ဒူးထောက်ပြီး ကြောက်ရွံ့စွာ ပြောလိုက်သည်။
" ဒီလိုပဲ အညံ့ခံလိုက်တာလား။ " ဝေချွမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" အင်မော်တယ်တွေ ဆင်းသက်လာတော့ ကျွန်တော်မျိုးတို့ အောက်လိုင်နိုင်ငံက အညံ့ခံရုံပဲ တတ်နိုင်ပါတယ်။ အင်မော်တယ်တွေရဲ့ စောင့်ရှောက်မှုနဲ့ အောက်လိုင်နိုင်ငံက ပိုပြီး တိုးတက်လာမှာ သေချာပါတယ်။ " အောက်လိုင်ဘုရင်က ရိုသေစွာ ပြောလိုက်သည်။
" မြို့ထဲဝင်ပြီး နေရာယူကြ။ " ဝေချွမ်က ဘာမှမပြောတော့ဘဲ စစ်သည်များကို အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ " စစ်သည်များက ပြန်ဖြေပြီး မြို့ထဲသို့ ဝင်ရောက်သွားကြသည်။ လမ်းတစ်လျှောက်တွင် အောက်လိုင်စစ်သည်မထားက ရိုသေစွာဖြင့် ဒူးထောက်နေကြသည်။ သူတို့က ချင်စစ်သည်များကို ကောင်းကင်စစ်သည်များကဲ့သို့ ရိုသေစွာ ကြည့်နေကြသည်။
" ဒီမြို့ကို စောင့်ကြပ်ဖို့ စစ်သည်တစ်ထောင်ချန်ခဲ့။ ကျန်တဲ့ စစ်သည်တွေက ပတ်ဝန်းကျင်က နိုင်ငံတွေကို ဆက်တိုက်ကြ။ အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားမရောက်ခင် တတ်နိုင်သလောက် သိမ်းပိုက်ထားရမယ်။ " ကျောက်ဖုန်း၏ ပုံရိပ်က ဝေချွမ်၏ ဘေးတွင် ပေါ်လာသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့