← Chapters

အခန်း ၅၈၄

Vol. 59 Ch. 584

အခန်း ၅၈၄

Vol. 59 Ch. 584

အခန်း (၅၈၄)

" တကယ် အင်မော်တယ်ပဲ။ ကျွန်တော်တို့ အင်မော်တယ်ကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်း ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ အောက်လိုင်ဘုရင်နှင့် အရာရှိများက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ ရှေးခေတ်တုန်းက လူသားမျိုးနွယ်က အင်မော်တယ်များ၊ ​နတ်ဘုရားများနှင့် တန်းတူရပ်တည်ခဲ့သည်။ သို့သော် ယခု အရှေ့တိုက်ကြီးမှ လူသားမျိုးနွယ်တစ်ခုလုံးမှာ အင်မော်တယ်များနှင့် နတ်ဘုရားများ၏ ထိန်းချုပ်မှုကို ခံနေရပြီး အင်မော်တယ်များအပေါ် ကြောက်ရွံ့စိတ်က အရိုးထဲထိ စွဲနေသည်။ ကိုယ်တိုင်ရပ်တည်နိုင်စွမ်းက ပျောက်ဆုံးသွားပြီဖြစ်သည်။

" ဒီလိုလူသားမျိုးနွယ်နဲ့ဆို အင်မော်တယ်ဂိုဏ်းက သူတို့ရဲ့ ကံကြမ္မာစွမ်းအားကို သိမ်းယူပြီး အင်မော်တယ်နဲ့ နတ်ဘုရားတွေက သူတို့ကို ထိန်းချုပ်ထားတာ မထူးဆန်းတော့ဘူး။ နှစ်ပေါင်းများစွာ မွေးမြူပြီး ကျွန်ပြုခံထားရတော့ သူတို့ရဲ့ တိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးသွားပြီး အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို အရိုးထဲထိ ကြောက်ရွံ့​သွားကြတယ်။ ပြောလဲဖို့ဆိုရင် သိုင်းတာအိုလမ်းစဉ်ကို ဖြန့်​ဝေပြီး သူတို့ရှေ့မှာ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို သတ်ပြဖို့ပဲ လိုတယ်။ သူတို့ ကြောက်ရွံ့နေတဲ့ အင်မော်တယ်တွေကို သတ်ပြလိုက်မှ လူသားမျိုးနွယ်ရဲ့ တိုက်ခိုက်လိုစိတ်ကို နှိုးဆွနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

" အားလုံးထကြပါ။ " ကျောက်ဖုန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " အောက်လိုင်ဘုရင်က ရိုသေစွာ ထရပ်လိုက်သည်။

" ဒီနေကစပြီး အောက်လိုင်နိုင်ငံဆိုတာ မရှိတော့ဘူး။ ဝူနိုင်ငံလို့ ပြောင်းလဲလိုက်ပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သိုရွှိုက်နန်းတော်။

" အရှင်လောင်ဇီ သူတော်စင်တွေ ပျောက်ကွယ်သွားပြီးတဲ့​နောက်မှာ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က ရှေးဦးမူလခေတ်မှာ ကျန်နေခဲ့သေးလား။ " ကောင်းကင်ဧကရာဇ်က အရှင်လောင်ဇီကို ကြည့်ပြီး မေးလိုက်သည်။

" မင်းဘာကိုဆိုလိုတာလဲ။ " အရှင်လောင်ဇီက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" အရှင်လောင်ဇီရဲ့ စွမ်းအားနဲ့ဆို ကျုပ်ရဲ့ ကောင်းကင်ဘုံက မဟာရွှေအင်မော်တယ်တစ်ယောက်နဲ့ စစ်သည်တစ်သိန်းက အောက်ဘုံကို ဆင်းသွားပြီး အားလုံးသတ်ခံခဲ့ရတာကို သိမှာပါ။ " ကောင်းကင်ဧကရာဇ်က စိတ်ပျက်စွာ ပြောလိုက်သည်။

" အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က ဒီကမ္ဘာမှာ တကယ်ရှိနေတုန်းပဲ။ အဲ့ဒါက ချန်ဂိုဏ်းက တပည့်တွေရဲ့ လက်ထဲမှာ ရှိနေတာ။ အဲ့ဒါက လူသားဘုံကို ရောက်သွားဖို့ မဖြစ်နိုင်ဘူး။ " အရှင်လောင်ဇီက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဝမ်လင်းကွမ်းရဲ့ ပြောပြချက်အရ နတ်ဆိုးဓားလေးလက်နဲ့ ဓားအစီအရင်က ထွက်ပေါ်လာပြီး ကျုပ်ရဲ့ စစ်သည်တစ်သိန်းကို သတ်ဖြတ်ခြင်းအရှိန်အဝါတွေနဲ့ ဝန်းရံခဲ့တယ်။ ဒါက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ရဲ့ စွမ်းရည်ပဲ။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။

အရှင်လောင်ဇီက ခေါင်းခါလိုက်သည်။ " အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်သာဖြစ်ခဲ့ရင် ဝမ်လင်းကွမ်းရဲ့ ဝိညာဉ်က ပြန်လာနိုင်မှာမဟုတ်သလို နတ်ဘုရားခန့်အပ်ခြင်းနဲ့လည်း ပြန်လည်ရှင်သန်နိုင်မှာမဟုတ်ဘူး။ "

" ထုန်ထျန်းသူတော်စင်က လူသားဘုံမှာ အမွေအနှစ်တစ်ခုခုများ ချန်ခဲ့တာများလား။ " ကောင်းကင်ဧကရာဇ်က လက်မလျှော့ဘဲ မေးလိုက်သည်။

" အဲ့ဒါတော့ ငါလည်း မသိဘူး။ " အရှင်လောင်ဇီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

" အရှင်လောင်ဇီ ကောင်းကင်နဲ့မြေကြီးကြားက အတားအဆီးကို ဖျက်ဆီးပြီး လူသားဘုံကို အင်မော်တယ်ဘုံထဲ ပြန်ပေါင်းစည်းဖို့ ကူညီပေးပါ။ " ကောင်းကင်ဧကရာဇ်က မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။

သူ၏ ရှေ့မှ ပုဂ္ဂိုလ်က ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်သည်။ အရှင်လောင်ဇီက ယခင်သူတော်စင်များထဲတွင် အသန်မာဆုံးဖြစ်သော ထိုက်ချင်းသူတော်စင်၏ ကိုယ်ပွားဖြစ်သည်ဟု ဆိုကြသည်။

" ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ငါ့မှာ အဲ့လိုစွမ်းအားမရှိဘူး။ " အရှင်လောင်ဇီက ဖြည်းညင်းစွာ ပြောလိုက်သည်။

၎င်းကို မြင်သောအခါ ကောင်းကင်ဧကရာဇ်၏ မျက်လုံးများထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ထိန်းချုပ်လိုက်သည်။

" တထာဂတဆီပဲ သွားရတော့မယ်။ " ကောင်းကင်ဧကရာဇ်က တွေးပြီး ထွက်ခွာသွားသည်။

ကောင်းကင်ဧကရာဇ်ထွက်သွားပြီးနောက် အရှင်လောင်ဇီက လက်မြှောက်ပြီး ဟင်းလင်းပြင်ကို ခွဲကာ နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။

" ကျင်းကန်းလက်ကောက် လေထဲမှာ ပျောက်သွားတာ လူသားဘုံနဲ့ တစ်ခုခုပက်သက်နေတာလား။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင် ထုန်ထျန်းသူတော်စင်က တကယ်ပဲ တစ်ခုခုချန်ခဲ့တာများလား။ " အရှင်လောင်ဇီက တွေးလိုက်သည်။

​ဗုဒ္ဓနယ်မြေ၊ လင်းရှန်းတောင်။

ကောင်းကင်ဧကရာဇ်နှင့် တထာဂတတို့က မျက်နှာချင်းဆိုင်ရပ်နေကြသည်။

" တထာဂတ ငါ စကားအများကြီးမပြောတော့ဘူး။ မင်းနဲ့ငါ ပူးပေါင်းပြီး လူသားဘုံကို အင်မော်တယ်ဘုံထဲ ပြန်ပေါင်းစည်းကြမယ်။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားနဲ့ အခွင့်အလမ်းတွေကိုတော့ ကိုယ့်စွမ်းအားနဲ့ကိုယ် ရယူကြမယ်။ " ကောင်းကင်ဧကရာဇ်က အချိန်မဖြုန်းဘဲ တိုက်ရိုက်ပြောလိုက်သည်။

" မလုံလောက်ဘူး။ " တထာဂတက ခေါင်းခါလိုက်သည်။

" မင်း ဘာပြောလိုက်တာလဲ။ " ကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။

" လူသားဘုံမှာ ငါတို့ ​ဗုဒ္ဓဂိုဏ်းကို မဖြန့်ကျက်ရသေးဘူး။ ပြီးတော့ လူသားဘုံ အင်မော်တယ်ဘုံထဲ ပြန်ရောက်ဖို့ ငါတို့ ​ဗုဒ္ဓဂိုဏ်းက အလျင်မလိုဘူး။ ပြီးတော့ နောက်ဆုံးမှာ ရှန်းကျိုးက အင်မော်တယ်ဘုံကို ပြန်ပေါင်းစည်းသွားမှာပဲ။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကလည်း ကိုယ်စွမ်းရည်နဲ့ကိုယ် ရယူရမှာလဲ။ " တထာဂတက ပြန်ပြောလိုက်သည်။

" ပြောပါ။ ဘာတောင်းဆိုချက်တွေရှိလဲ။ " ကောင်းကင်ဧကရာဇ်က တထာဂတ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။

တထာဂတက ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်သည်။ " ​ဗုဒ္ဓတရားတော်တွေကို အရှေ့ဘက်ကို ဖြန့်ကျက်မယ်။ "

" မဖြစ်နိုင်ဘူး။ " ကောင်းကင်ဧကရာဇ်က ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

" အရင်တုန်းက သူတော်စင်တွေ ရှိနေချိန်နဲ့ ကောင်းကင်တာအိုရှင်းလင်းနေချိန်မှာ ငါတို့ အနောက်ဘက်​နယ်မြေ တိုးတက်ဖိုနဲ့ ​ဗုဒ္ဓတရားတော်တွေ အရှေ့ဘက်ကို ပျံ့နှံ့ဖို့က မလွဲမသွေဖြစ်လာမှာပဲ။ " တထာဂတက ပြန်ပြောလိုက်သည်။

" အဲ့ဒါ သူတော်စင်တွေ ရှိနေတုန်းက ကိစ္စပဲ။ အခုသူတော်စင်တွေလည်း မရှိတော့သလို ကောင်းကင်တာအိုကလည်း ရှုပ်ထွေးနေပြီ။ မင်းပြောတဲ့ ဗုဒ္ဓတရားတော် အရှေ့ဘက်ကို ပျံ့နှံ့ရေးနဲ့ အနောက်ဘက်နယ်မြေတိုးတက်ရေးဆိုတာ အိပ်မက်သက်သက် ဖြစ်သွားပြီ။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြန်ပြောလိုက်သည်။

" ဒါဆိုရင်တော့ ဆက်ပြောစရာမလိုတော့ဘူး။ လူသားဘုံက ကိစ္စတွေကို ငါတို့ ​ဗုဒ္ဓဂိုဏ်းက ဝင်မပါတော့ဘူး။ " တထာဂတက တည်ငြိမ်စွာဖြင့် ပြောပြီး ထွက်သွားရန် ပြင်လိုက်သည်။

တထာဂတကို ကြည့်ပြီး ကောင်းကင်ဧကရာဇ်က ခဏတုန့်ဆိုင်းသွားကာ ခေါ်လိုက်သည်။ " နေဦး။ "

" ကောင်းကင်ဧကရာဇ် သဘောတူပြီလား။ " တထာဂတက စိတ်ထဲမှ ဝမ်းသာသွားပြီး မေးလိုက်သည်။

" ​ဗုဒ္ဓတရားတော်တွေကို အရှေ့ဘက်ကို ပျံ့နှံ့ခွင့်ပေးမယ်။ ဒါပေမယ့် တောင်ဘက်တိုက်ကြီးနဲ့ အရှေ့တိုက်ကြီး အနီးတစ်ဝိုက်မှာပဲရမယ်။ " ကောင်းကင်ဧကရာဇ်က လိုက်လျောလိုက်သည်။

ယခုအချိန်တွင် သူက လိုက်လျောရုံသာ တတ်နိုင်သည်။ အရှင်လောင်ဇီ​ကလည်း ဝင်ပါရန် ဆန္ဒမရှိပေ။ အင်မော်တယ်ဘုံမှ မဟာတန်ခိုးရှင်များကလည်း သူနှင့် ပူးပေါင်းမည်မဟုတ်ပေ။ အကြောင်းမှာ မကြာသေးမီ နှစ်များအတွင်း ကောင်းကင်ဘုံက ဝိညာည်အနှစ်သာရများကို သိမ်းယူခဲ့သောကြောင့် မဟာတန်ခိုးရှင်များက မကျေမနပ်ဖြစ်နေကြသည်။

" ကောင်းပြီ။ " တထာဂတက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ သူက ​ဗုဒ္ဓတရားတော်များ အရှေ့ဘက်ကို ပျံ့နှံ့ရန် အမြဲတမ်း ကြံစည်နေခဲ့သည်။ သို့သော် ကောင်းကင်ဘုံနှင့် တာအိုဂိုဏ်းက အမြဲတမ်း တားဆီးထားခဲ့သည်။ သူတို့က အရှေ့ဘက်ကို ခြေချနိုင်လျှင် နောက်ပိုင်းကိစ္စများက ပိုမိုလွယ်ကူသွားပေလိမ့်မည်။

" ဘယ်တော့စမှာလဲ။ " ကောင်းကင်ဧကရာဇ်က တိုက်ရိုက်မေးလိုက်သည်။

" ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက သန်မာပြီး သူတော်စင်အဆင့်အတွက် နောက်ဆုံးအခွင့်အရေးရှိသေးတယ်ဆိုတာ မင်းနဲ့ငါ နှစ်ယောက်လုံးသိပါတယ်။ မင်းနဲ့ ငါ ပူးပေါင်းရင်တောင် ရှန်းကျိုးကို တိုက်ရိုက်ဆွဲယူဖို့က ခက်ခဲတယ်။ ပြင်ဆင်ဖို့ အချိန်လိုအပ်တယ်။ လူသားဘုံနဲ့ အင်မော်တယ်ဘုံ အနီးဆုံး ဖြစ်မယ့်နေ့နဲ့ အာကာသအတားအဆီးတွေ အားအနည်းဆုံးဖြစ်မယ့်နေ့ကို စောင့်ပြီး တစ်ခါတည်း ဆွဲယူရမယ်။ " တထာဂတက အနည်းငယ် ပြုံးလိုက်သည်။

" ဘယ်အချိန်လဲ။ " ကောင်းကင်ဧကရာဇ်က တထာဂတကို ကြည့်လိုက်သည်။

" အချိန်ကျရင်ပေါ့။ ငါ ကောင်းကင်ဧကရာဇ်ကို အကြောင်းကြားလိုက်ပါမယ်။ သိပ်မကြာပါဘူး။ တစ်နှစ်နှစ်နှစ်လောက်ပါပဲ။ " တထာဂတက ပြုံး၍ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကောင်းကင်ဧကရာဇ်က တထာဂတကို စိုက်ကြည့်လိုက်သည်။

" မင်းက လူသားဘုံကို အင်မော်တယ်ဘုံထဲ ဆွဲယူဖို့ ကြံစည်နေတာကြာပြီပေါ့။ " ကောင်းကင်ဧကရာဇ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

" ငါ တစ်ချိန်က ဘယ်ဂိုဏ်းမှာ နေခဲ့လဲဆိုတာ ကောင်းကင်ဧကရာဇ် မမေ့ပါနဲ့။ ကောင်းကင်တာအိုက ရှုပ်ထွေးပြီး ကောင်းကင်လျို့ဝှက်ချက်တွေ မရှင်းလင်းတော့ပေမယ့် ကောင်းကင်လျို့ဝှက်ချက်တွေကို ဖမ်းဆုပ်နိုင်တာ ငါ့ရဲ့ အားသာချက်ပဲ။ ကောင်းကင်ဧကရာဇ် ကောင်းကင်ဘုံကို ပြန်ရောက်ရင် ​ဗုဒ္ဓတရားတော် အရှေ့ဘက်ကို ဖြန့်ကျက်ခွင့်ပေးတဲ့အကြောင်း အမိန့်တော်ကို ကြားချင်ပါတယ်။ အဲ့ဒီကျမှပဲ ကောင်းကင်ဘုံနဲ့ ​ဗုဒ္ဓဂိုဏ်းတို့ ပူးပေါင်းနိုင်လိမ့်မယ်။ " ​တထာဂတက ပြုံး၍ ပြောလိုက်သည်။

ကောင်းကင်တာအိုက မပြည့်စုံတော့ပေ။ ကောင်းကင်ဧကရာဇ်ကို အမိန့်တော် ကြေညာခိုင်းခြင်းက သူ၏ ကတိကို ဖျက်ဆီးမည့်လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

" ကောင်းပြီ။ " ကောင်းကင်ဧကရာဇ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ခွာသွားသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters