အခန်း ၅၈၅
Vol. 59 Ch. 585
အခန်း (၅၈၅)
" သူတော်စင်တွေ မရှိတော့ဘူး။ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာစွမ်းအားအများစုက ကောင်းကင်ဘုံနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ လက်ထဲမှာပဲ ရှိတယ်။ မင်းက လူသားဘုံမှာ သူတော်စင်ဖြစ်ဖို့ အိပ်မက်မက်နေတယ်။ ငါ့စိတ်ထဲမှာ ရှိတာက အရှေ့တိုက်ကြီးရဲ့ ကံကြမ္မာစွမ်းအားပဲ။ အရှေ့တိုက်ကြီးရဲ့ ကံကြမ္မာစွမ်းအားအကုန်လုံးကိုသာ သိမ်းပိုက်နိုင်ရင် ငါ အဲ့ဒီအဆင့်ကို ရောက်ဖို့ လုံလောက်မယ်ထင်တယ်။ အင်း သူတော်စင်ဆိုတာ တကယ်ထူးခြားပြီး ကြောက်စရာကောင်းတဲ့ အဆင့်ပဲ။ " တထာဂတ၏ မျက်လုံးများထဲတွင် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။
သူတော်စင်၏ ကြီးမားသော စွမ်းအားကို မြင်ဖူးသူတစ်ယောက်အနေဖြင့် ထိုစွမ်းအားကို မလိုချင်ဘဲ နေမည်မဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပြီး ကမ္ဘာသစ်တစ်ခုကိုပင် ဖန်တီးနိုင်သည်။ သူတော်စင်များ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ဧကရာဇ်ဖြစ်စေ၊ တထာဂတဖြစ်စေ၊ အင်မော်တယ်ဘုံမှ မဟာတန်ခိုးရှင်များဖြစ်စေ အားလုံးက ၎င်းကို လိုချင်ကြသည်။
ကောင်းကင်ဘုံ၊ လင်းရှောင်နန်းတော်တွင် တိုက်ပိုင်ကျင်းရှင်းက အမိန့်တော်ကို ကိုင်ဆောင်ထားသည်။
" ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်တော် ဒီနေ့ ကောင်းကင်ဘုံနဲ့ ဗုဒ္ဓဂိုဏ်းတို့က မဟာမိတ်ကတိကဝတ်ပြုခဲ့ကြတယ်။ လူသားဘုံ အင်မော်တယ်ဘုံကို ပြန်ရောက်တဲ့အခါ ဗုဒ္ဓဂိုဏ်းကို တောင်ဘက်တိုက်ကြီးနဲ့ အရှေ့တိုက်ကြီး အနီတစ်ဝိုက်ဒေသတွေဆီ ဖြန့်ကျက်ခွင့်ပြုလိုက်တယ်။ ကောင်းကင်နဲ့မြေကြီးကို သက်သေပြုပါတယ်။ " တိုက်ပိုင်ကျင်းရှင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။
၎င်းကို ကြားသောအခါ အင်မော်တယ်များနှင့် နတ်ဘုရားများက ဘယ်သူမှမရှိသော ပလ္လင်ကို ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း ဘာမှမလုပ်နိုင်ကြပေ။
သုံးလအတွင်း ကျောက်ဖုန်း၏ စစ်သည်များက နယ်မြေများစွာကို သိမ်းပိုက်ပြီးဖြစ်သည်။ အောက်လိုင်နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများကိုလည်း သိမ်းပိုက်ခဲ့ပြီး သူတို့က အစမှအဆုံး သိပ်အားမထုတ်လိုက်ရပေ။ သူတို့၏ စွမ်းအားများကို ပြလိုက်ရုံနှင့် အင်မော်တယ်များ ဆင်းသက်လာသည်ဟု ထင်ပြီး ဒူးထောက်ကာ အညံ့ခံကြသည်။
ကောင်းကင်ဘုံ၏ အင်မော်တယ်များနှင့် နတ်ဘုရားများက အရှေ့တိုက်ကြီးမှ လူသားများကို အိမ်မွေးတိရစ္ဆာန်များအဖြစ် သဘောထားပြီး အင်မော်တယ်များကို အလွန်ရိုသေအောင် ပြုလုပ်ထားခြင်းက ကျောက်ဖုန်းကို ပို၍ လွယ်ကူသွားစေသည်။
ဝူချန်။
အစက နိုင်ငံငယ်တစ်ခု၏ မြို့တော်ဖြစ်ပြီး ကျောက်ဖုန်းက ဝူချန်ဟု နာမည်ပြောင်းလိုက်ခြင်းဖြစ်သည်။ မြေကြီးအင်မော်နယ်ဘုံတွင် ၎င်းက ချင်၏ ယာယီမြို့တော်လည်း ဖြစ်သည်။ မြို့တော်၏ နန်းတော်ထဲတွင် ကျောက်ဖုန်းက ပလ္လင်ပေါ်၌ ထိုင်နေသည်။ အောက်တွင် တပ်မှူးများနှင့် အရာရှိအချို့ ရှိနေသည်။
" အရှင်မင်းသား သုံးလအတွင်းမှာပဲ နယ်မြေမိုင်သန်းပေါင်းများစွာနဲ့ လူဦးရေသန်းပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အရင်က လူသားဘုံမှာ ချင်ရဲ့ သိမ်းပိုက်မှုထက် ပိုမြန်ပါတယ်။ " ဟန်ဖေးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ကျောက်ဖုန်းက အင်မော်တယ်ဘုံတွင် နယ်မြေတစ်ခု တည်ထောင်ပြီးနောက် ဟန်ဖေးက ထိုနယ်မြေကို အုပ်ချုပ်ခွင့်တောင်းခဲ့ပြီး ကျောက်ဖုန်းကလည်း ခွင့်ပြုပေးခဲ့သည်။
" ဒီမှာ လူသားမျိုးနွယ်ကို အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက အိမ်မွေးတိရစ္ဆာန်တွေလို သဘောထားတာ။ ငါ့ရဲ့ သိုင်းတာအိုစွမ်းအားကို အင်မော်တယ်စွမ်းအားလို့ ထင်နေကြတာ၊ သူတို့ ဘယ်လိုလုပ် ခုခံရဲပါ့မလဲ။ အနည်းဆုံးတော့ လူသားနိုင်ငံတွေကို အလွယ်တကူ သိမ်းပိုက်လို့ရတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းသား ကျွန်တော်မျိုး အရမ်းသိချင်နေတာရှိပါတယ်။ ချင်က နိုင်ငံဆယ်ခုကျော်ကိင သိမ်းပိုက်ပြီး အင်မော်တယ်ဂိုဏ်းတွေရဲ့ တည်ရှိမှုကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူတို့က ဘာမှမဖြစ်သလိုနဲ့ ကျွန်တော်တို့ စစ်တပ်ကို ဘာလို့မတားဆီးတာလဲ။ " ဝေချွမ်က အံ့ဩစွာ မေးလိုက်သည်။
" ဘာလို့လဲဆိုတော့ သူတို့က အရမ်းမြင့်မားတဲ့ နေရာမှာ ရပ်နေကြလို့ပဲ။ သူတို့ရဲ့ အမြင်မှာ လူသားတွေရဲ့ ပဋိပက္ခတွေက စကားများရုံလောက်ပဲရှိတာ။ ဒါကြောင့် ငါက ချင်ရဲ့ နာမည်ကို ခဏဖုံးကွယ်ထားတာပဲ။ ချင်နာမည်သာ ထွက်လာရင် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းသားက အမြော်အမြင်ကြီးမားလှပါတယ်။ အခုဆိုရင် ချင်က လူသန်းပေါင်းများစွာကို သိမ်းပိုက်လိုက်ပါပြီ။ ကျွန်တော်မျိုးတို့သာ ဆက်ပြီးတိုးတက်လာရင် ပိုကြီးမားတဲ့ နယ်မြေနဲ့ ပိုသန်မာတဲ့ ကံကြမ္မာစွမ်းအားကို ရရှိပါလိမ့်မယ်။ " ဟန်ဖေးက ပြောလိုက်သည်။
" အခု အင်မော်တယ်ဂိုဏ်းတွေရဲ့ အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားဆိုတာကို ရောက်လာပြီ။ အင်မော်တယ်တွေနဲ့ ထိပ်တိုက်တွေ့ရတော့မှာပေါ့။ "
ကျောက်ဖုန်း စကားပြောလို့မှမပြီးသေး ဝူချန်းမြို့၏ အထက်ကောင်းကင်တွင် တိမ်တိုက်များပေါ်လာပြီး အင်မော်တယ်အော်ရာတစ်ခု ဆင်းသက်လာသည်။ တိမ်တိုက်များပေါ်တွင် အင်မော်တယ်ဂိုဏ်းများ၏ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ရာကျော် ပေါ်လာသည်။
" အင်မော်တယ်တွေ ရောက်လာပြီ။ အင်မော်တယ်တို့ကို ဂါရဝပြုပါတယ်။ "
ကောင်းကင်မှ အင်မော်တယ်များကို မြင်လိုက်ရသောအခါ မြို့ထဲမှ ပြည်သူများက အလွန်စိတ်လှုပ်ရှားသွားကြသည်။
" အရှင်မင်းသား သူတို့ မြန်မြန် ရောက်လာတာပဲ။ " ဝေချွမ်က ကောင်းကင်ကို မော့ကြည့်ပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
" ကောင်းကင်အင်မော်တယ်တစ်ယောက်၊ အင်မော်တယ်ငါးဆယ်နဲ့ ကျန်တဲ့သူတွေကတော့ ဟင်းလင်းပြင်ပြန်ခြင်းအဆင့်တွေပဲ လူသုံးရာကျော်တယ်။ ဒါက နိုင်ငံတစ်ခုအတွက် ဖြစ်လိမ့်မယ်။ ငါ အင်မော်တယ်ဂိုဏ်းတွေကို အထင်သေးမိတဲ့ပုံပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းသား စစ်သည်တွေက အဆင်သင့်ဖြစ်နေပါပြီ။ အရင်က နိုင်ငံအသီးသီးရဲ့ မြို့တော်တွေမှာလည်း အစီအရင်တွေ တည်ဆောက်ပြီးပါပြီ။ အရှင်မင်းသားပေးထားတဲ့ အစီအရင်နဲ့ သူတို့ကို ချေမှုန်းနိုင်ပါတယ်။ " ဝေချွမ်က ချက်ချင်း ပြောလိုက်သည်။
" လျိုရှီနဲ့ အခြားသူတွေကို အမိန့်ပေးလိုက်။ ဖမ်းနိုင်ရင်ဖမ်း၊ မရရင် သတ်ပစ်။ အပြင်ကို သွားကြည့်ကြတာပေါ့။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး တံခါးပေါက်သို့ ဖြည်းချင်းစွာ လျှောက်သွားသည်။
ကောင်းကင်တွင် ရှေ့ဆုံးမှ ကောင်းကင်အင်မော်တယ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး အမိန့်ပေးလိုက်သည်။ " ရင်နိုင်ငံရဲ့ ဘုရင် ထွက်လာပြီး ဂါရဝပြုစမ်း။ "
" ရင်နိုင်ငံဆိုတာ မရှိတော့ဘူး။ အခု ဝူနိုင်ငံဖြစ်သွားပြီ။ " ကျောက်ဖုန်းက ထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ရင်နိုင်ငံဖြစ်ဖြစ် ဝူနိုင်ငံဖြစ်ဖြစ် ဒီနှစ် အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားအတွက် အခွန်အဆင်သင့်ဖြစ်ပြီလား။ " ကောင်းကင်အင်မော်တယ်က အေးစက်စွာ မေးလိုက်သည်။
" မင်းတို့ မတ်တပ်ရပ်ပြီး ပြောနေတာကို ငါမကြိုက်ဘူး။ ငါ့ရှေ့မှာ ဒူးထောက်စမ်း။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ကောင်းကင်မှ အင်မော်တယ်ဂိုဏ်း၏ တပည့်ရာချီက တုန့်ပြန်ချိန်မရလိုက်ဘဲ ကြောက်စရာကောင်းသော ဖိအားအောက်တွင် တိမ်များပေါ်၌ ဒူးထောက်ကျသွားကြသည်။ ထိုဖိအားအောက်တွင် သူတို့က အသည်းအသန် ရုန်းကန်နေကြသော်လည်း အချည်းနှီးသာဖြစ်သည်။
မြို့ထဲမှ ပြည်သူများက ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားကြသည်။
" ဘာ ဘာဖြစ်တာလဲ။ အင်မော်တယ်တွေက ဘာလို့ဒူးထောက်နေကြတာလဲ။ "
" အင်မော်တယ်တွေက ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ။ " ပြည်သူအားလုံးက အံ့ဩသွားကြသည်။ ထိုမြင်ကွင်းက အင်မော်တယ်များအပေါ် သူတို့၏ နားလည်မှုများကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။
ထိုအချိန်တ်ိင် ကျောက်ဖုန်းက လက်နောက်ပစ်ကာ ဟင်းလင်းပြင်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အင်မော်တယ်များကို မျက်နှာချင်းဆိုင်လိုက်သည်။
" အင်မော်တယ်တွေက အရမ်းသန်မာကြတာလား။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" မင်း မင်းဘယ်သူလဲ။ ခွန်လွန်ကို ဘယ်လိုလုပ်စော်ကားရဲတာလဲ။ " ကောင်းကင်အင်မော်တယ်က ကျောက်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။
" ခွန်လွန်ဟုတ်လား။ အဲ့တော့ ဘာဖြစ်လဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး မြို့ထဲမှ အံ့အားသင့်နေသော ပြည်သူများကို ငုံ့ကြည့်လိုက်သည်။
" ငါ့ရဲ့ ပြည်သူတို့ ငါက မင်းတို့ရဲ့ ဘုရင်ပဲ။ ဒီမှာကြည့်ကြ။ မင်းတို့ ရိုသေနေတဲ့ အင်မော်တယ်တွေက ငါ့ရှေ့မှာ ပုရွက်ဆိတ်တွေလို့ ဒူးထောက်နေကြပြီ။ သူတို့က အရာအားလုံးကို စွမ်းဆောင်နိုင်တဲ့သူတွေမဟုတ်ဘူး။ " ကျောက်ဖုန်း၏ အသံက မြို့တော်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။
ပြည်သူများစွာက ကျောက်ဖုန်း၏ စကားကြောင့် တုန်လှုပ်သွားကြသည်။ သူတို့က ကောင်းကင်တွင် ဒူးထောက်နေကြသော အင်မော်တယ်များကို ကြည့်ပြီး သူတို့၏ စိတ်များက ရုန်းကန်လှုပ်ရှားလာကြသည်။ အင်မော်တယ်များက မရှုံးနိမ့်နိုင်ဟူသော ယုံကြည်ချက်က စတင်ပြိုကွဲလာပြီဖြစ်သည်။
ကျောက်ဖုန်းက လက်မြှောက်လိုက်ပြီး နတ်ဆိုးဓားက သူ၏ လက်ထဲတွင် ပေါ်လာသည်။ ၎င်းကို သန့်စင်ပြီးနောက် ပထမဆုံးအကြိမ် ထုတ်သုံးခြင်းဖြစ်သည်။
" မင်းဘာလုပ်မလို့လဲ။ မင်းငါတို့ကို သတ်ရင် ခွန်လွန်က မင်းကို ခွင့်လွှတ်မှာမဟုတ်သလို ကောင်းကင်ဘုံကလည်း မင်းကို ခွင့်မလွှတ်ဘူး။ ငါတို့က ကောင်းကင်ဘုံရဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်နေကြတာပဲ။ "
သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဓားကို မြှောက်ထားသော ကျောက်ဖုန်းကို ကြည့်ပြီး ကောင်းကင်အင်မော်တယ်က ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
" မြင်လား။ အင်မော်တယ်ဆိုတာလည်း သေမှာကြောက်တယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးပြီး သူ၏ ဓားကို အောက်သို့ ခုတ်ချလိုက်သည်။ နတ်ဆိုးဓားက အောက်သို့ ကျဆင်းလာပြီး ကောင်းကင်အင်မော်တယ်၏ ခေါင်းကို ဖြတ်တောက်သွားသည်။
" ကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ပေါ်လာသည်။
ကောင်းကင်အင်မော်တယ်၏ ခေါင်းက ကောင်းကင်မှ ကျဆင်းလာပြီး သွေးများစွာ ပန်းထွက်လာသည်။
" မြင်လား။ သူတို့ သွေးကလည်း နီတာပဲ။ အင်မော်တယ်တွေဆိုတာ လူပါပဲ။ သူတ်ု့က လူသားဘဝကနေ အင်မော်တယ်ဖြစ်အောင် ကျင့်ကြံလာခဲ့တာ။ " ကျောက်ဖုန်းက သွေးများစီးကျနေသော အလောင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့