← Chapters

အခန်း ၅၈၇

Vol. 59 Ch. 587

အခန်း ၅၈၇

Vol. 59 Ch. 587

အခန်း (၅၈၇)

" ဒီတိုက်ပွဲမှာ မင်းသားယန်က ပိုသန်မာတာလား။ ဒါမှမဟုတ် မင်းသမီးရွှယ်လား။ "

" မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒါက သိုင်းတာအိုနတ်အသွင်အဆင့် အင်မော်တွေနဲ့ တိုက်ခိုက်နိုင်တဲ့ အဆင့်ပဲ။ ဒီတိုက်ပွဲကို ကြည့်ရတာ ငါတို့အတွက် ဂုဏ်ယူစရာပဲ။ "

" အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဆိုတော့ ပြောစရာတောင်မလိုဘူး။ အရည်အချင်းအများကြီးကို ပိုင်ဆိုင်ထားတယ်။ "

" ဟုတ်တယ် နှစ်ယောက်လုံးက အသက်ငါးဆယ်အောက်မှာ သိုင်းတာအိုနတ်အသွင်အဆင့်ကို ရောက်နေပြီ။ "

" ကြည့်လိုက်။ သူတို့ လှုပ်ရှားတော့မယ်။ "

လူပေါင်းသောင်းချီက အင်ပါယာမိသားစုနှင့် ကျောက်ဖုန်းအပေါ် လေးစားမှုအပြည့်ဖြင့် ဆွေးနွေးနေကြသည်။ ချင်တွင် ကျောက်ဖုန်းက အင်မော်တယ်ဘုံသို့ ဝင်ရောက်သွာစသည့်အကြောင်းကို မကြေညာသေးဘဲ တံခါးပိတ်ကျင့်ကြံနေသည်ဟုသာ သတင်းထုတ်ပြန်ထားသည်။ နှစ်ကိုးဆယ်အတွင်း ချင်က မျိုးဆက်များစွာ ပြောင်းလဲသွားခဲ့သည်။ သို့သော် ရင်ကျန့်နှင့် ကျောက်ဖုန်း၏ နာမည်ကတော့ လူတိုင်း၏ စိတ်ထဲတွင် စွဲထင်နေသည်။

ရင်ကျန့်က ကမ္ဘာကို စုစည်းခဲ့သော ချင်ရှီဟွမ်ဖြစ်သည်။ ကျောက်ဖုန်းက သိုင်းတာအိုကို ဖြန့်ဝေခဲ့သော သိုင်းဘိုးဘေးဖြစ်သည်။ ချင်လူမျိုးတို့၏ မျိုးဆက်တိုင်းက လက်ဆင့်ကမ်းခဲ့ကြပြီး ချင်ရှီဟွမ်နှင့် အိမ်ရှေ့စံမင်းသားတို့အပေါ် အကြွင်းမဲ့ သစ္စာရှိကြသည်။

ယနေ့ သိုင်းပြိုင်ကွင်းထဲတွင် ရပ်နေသူများမှာ ကျောက်ဖုန်း၏ မြေးများဖြစ်သော ရင်ယန်နှင့် ရင်ရွှယ်တို့ဖြစ်ကြသည်။ သူတို့က ကျောက်ချီ၏ သားနှင့်သမီးများ ဖြစ်ကြသည်။ သူတို့က ကျင့်ကြံခြင်းဖြန့်ဝေပြီး ၄၆ နှစ်မြောက်တွင် မွေးဖွားခဲ့ကြပြီး ယခုအခါ အသက်ငါးဆယ်ပင်မပြည့်သေးပေ။ ချင်က သာမန်လူသားအင်ပါယာတစ်ခုဖြစ်လျှင် အသက်ငါးဆယ်က သက်တမ်းတစ်ဝက်ကျော် ကုန်သွားပြီဟု ဆိုနိုင်သည်။

သို့သော် ယခု ချင်က ကျင့်ကြံခြင်းခေတ်တွင် ရှိနေပြီး အသက်ငါးဆယ်က အရွယ်ရောက်သည်ဟုသာ ပြောနိုင်သည်။ နှစ်ကိုးဆယ်အတွင်း ချင်၏ ပြောင်းလဲမှုများက အလွန်ကြီးမားသည်။ ယနေ့ခေတ် သာမန်လူများကြားမှာပင် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များစွာ ပျံ့နှံ့နေပြီဖြစ်သည်။ ရှန်းထုံအဆင့်နှင့် ကောင်းကင်ဖြစ်စဉ်အဆင့်များကလည်း မရေတွက်နိုင်အောင် ပေါများလှသည်။ ဟင်းလင်းချိုးဖျက်ခြင်းအဆင့်သို့ ဝင်ရောက်ပြီး အရေးကြီးသော တာဝန်များ ပေးအပ်ခံထားရသူများကလည်း မနည်းလှပေ။

သိုင်းတာအိုနတ်အသွင်အဆင့်များကလည်း ချင်တွင် တစ်သောင်းကျော်သွားပြီးဖြစ်သည်။ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်များကလည်း တစ်ထောင်ကျော်သွားပြီဖြစ်သည်။ ထိုအထက်မှ အဆင့်များက ချင်၏ ထိပ်တန်းလျို့ဝှက်ချက်များသာဖြစ်ပြီး ချင်ရှီဟွမ်တစ်ယောက်သာ သိသည်။ ၎င်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသော သိုင်းတာအိုလမ်းစဉ်၏ ပြယုဂ်ဖြစ်သည်။

ထို့အပြင် အင်မော်တယ်လမ်းစဉ်နှင့် ​ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းနေသော ကျင့်ကြံသူများစွာ ရှိကြသည်။ အင်မော်တယ်လမ်းစဉ်တွင် ဟင်းလင်းပြင်ပြန်ခြင်းအဆင့်သို့ ဝင်ရောက်သွားသူများမှာ သုံးထောင်ကျော်သွားပြီဖြစ်သည်။ ထိုအဆင့်အောက်မှ ကျင့်ကြံသူများကတော့ ချင်တွင် မရေတွက်နိုင်အောင် ရှိနေသည်။

​ဗုဒ္ဓလမ်းစဉ်က ကျောက်ဖုန်းနှင့် ကွေ့ကူကျိတို့ လမ်းညွှန်ပေးခဲ့သော လမ်းစဉ်နှစ်ခုနှင့်ယှဉ်လျှင် ၎င်း၏ ခရီးက ပိုခက်ခဲသည်။ သို့သော် ချင်၏ လူဦးရေက တစ်ဘီလီယံနီးပါးရှိနေပြီဖြစ်သောကြောင့် ဉာဏ်ပညာအမြစ်ပိုင်ဆိုင်သူများကလည်း မနည်းလှပေ။ ယခုအခါ ချင်တွင် ဟင်းလင်းပြင်ပြန်ခြင်းအဆင့်သို့ ရောက်နေသော ​​ဗုဒ္ဓကျင့်ကြံသူ သုံးရာကျော်နေပြီဖြစ်သည်။ အင်မော်တယ်အဆင့်သို့ ရောက်ရှိနေသော ​ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ပင် ရှိပြီး ​ဗုဒ္ဓအမြုတေကို စုစည်းကာ ​ဗုဒ္ဓတရားတော်များကို နားလည်နေသူဖြစ်သည်။

သိုင်းတာအို၊ အင်မော်တယ်လမ်းစဉ်တို့နှင့်ယှဉ်လျှင် အလွန်နည်းပါးသော်လည်း ကောင်းမွန်သော အစပျိုးမှုတစ်ခုသာ ဖြစ်သည်။ ချင်က ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သိုင်းပြိုင်ကွင်းတွင်။

" နဂါးနိုင်လက်ဝါး " ရင်ယန်နှင့် ရင်ရွှယ်တို့နှစ်ယောက်လုံးက ဟိန်းဟောက်လိုက်ကြပြီး ယွမ်စွမ်းအားများ ထုတ်ဖော်ကာ လက်ဝါးနှင့်ရိုက်လိုက်ကြသည်။ ရွှေရောင်နဂါးနှစ်ကောင် ထွက်ပေါ်လာပြီး ပြင်းထန်သော စွမ်းအားများနှင့် ရင်ဆိုင်မိသွားကြသည်။

ဝုန်း ဝုန်း...

ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အကာအကွယ်တစ်ခုလုံး တုန်ခါသွားသည်။ အကာအကွယ်အစီအရင်သာ မရှိလျှင် ရှန်းယန်မြို့တစ်ခုလုံး ထိုတိုက်ခိုက်မှုကြောင့် ပြိုကျသွားနိုင်သည်။ ၎င်းက သိုင်းတာအို၏ စွမ်းအား​ပင်ဖြစ်သည်။

တစ်ကြိမ်တိုက်ခိုက်ပြီးနောက် ရင်ရွှယ်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး ရင်ယန်ကတော့ မလှုပ်မယှက် ရပ်နေသည်။ အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။

" ညီမလေး မင်းရဲ့ တိုက်ခိုက်မှုက မဆိုးဘူး။ ဒါပေမယ့် နဂါးနိုင်လက်ဝါးရဲ့ ပြင်းထန်မှုကို မယှဉ်နိုင်ပါဘူး။ " ရင်ယန်က ဂုဏ်ယူစွာ ပြောလိုက်သည်။

" ဟွန့် ငါ ဘိုးဘိုးကြီးနဲ့ သွားတွေ့ပြီး နင်ငါ့ကို အနိုင်ကျင့်တယ်လို့ တိုင်ပြောမယ်။ " ရင်ရွှယ်၏ လှပသော မျက်နှာလေးပေါ်တွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာပြီး နန်းတော်ဆီသို့ ပျံသန်းသွားသည်။

" ဟေ့ဟေ့ ငါ အရှုံးပေးပါတယ်။ ငါမင်းကို ကြောက်ပါတယ်။ " ရင်ယန်က ထိတ်လန့်သွားပြီး သူမနောက်သို့ လိုက်သွားသည်။

ရင်ရွှယ်က ရင်ကျန့်၏ အသည်းနှလုံးဖြစ်ပြီး သူမကို အလွန်ချစ်မြတ်နိုးကြောင်း မသိသူမရှိပေ။ ထိုမြင်ကွင်းကို ကြည့်ပြီး ပရိတ်သတ်များကလည်း ရယ်မောလိုက်ကြသည်။

ရင်ယန်နှင့် ရင်ရွှယ်တို့၏ ပြိုင်ပွဲပြီးနောက် အင်ပါယာကျောင်းတော်အလှည့်သို့ ရောက်ရှိသွားသည်။ အင်ပါယာကံကြမ္မာစွမ်းအားများ ဝန်းရံထားသည့် ပညာရှိတစ်ယောက်က လေထဲတွင် ဖြည်းညင်းစွာ လျှောက်လာသည်။ သူ၏ ပတ်လည်တွင် သိုင်းတာအိုယွမ်စွမ်းအားနှင့် အင်မော်တယ်လမ်းစဉ်၏ စိတ်ဝိညာဉ်စွမ်းအားများ မရှိသော်လည်း သူထုတ်လွှတ်နေသော အင်ပါယာကံကြမ္မာစွမ်းအားက သိုင်းတာအိုနတ်အသွင်အဆင့်များပင် အထင်မသေးရဲသောအရာဖြစ်သည်။ သူက အင်ပါယာကျောင်းတော်၏ မဟာအကြီးအကဲ ရွှင်ဇီပင်ဖြစ်သည်။ သူက ချင်ရှီဟွမ်၏ ယုံကြည်မှုကို ရရှိထားပြီး ကမ္ဘာတစ်ဝန်းမှ ကျောင်းတော်များ၏ ကိစ္စများနှင့် စာမေးပွဲများကို စီမံခန့်ခွဲသူဖြစ်သည်။

သူ၏ ဘေးတွင် အင်ပါယာကျောင်းတော်မှ အခြားဆရာကြီးများလည်း ရှိနေသည်။ အင်မော်တယ်လမ်းစဉ်၏ မဟာဆရာ ကျန်းယိ၊ ဗုဒ္ဓလမ်းစဉ်၏ မဟာဆရာ မင်ကျိတို့ဖြစ်သည်။ ၎င်းက ချင်၏ ​ဗုဒ္ဓဘွဲ့တစ်ခုဖြစ်ပြီး မင်က ​ဗုဒ္ဓစိတ်နှလုံးကို ဖန်တီးပြီး ​ဗုဒ္ဓတရားတော်များကို သတ်မှတ်ခြင်းဖြစ်သည်။ ချင်၏ ​ဗုဒ္ဓလမ်းစဉ်က နှလုံးသားထဲတွင် ​ဗုဒ္ဓရှိသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့အပြင် ဆေးဖော်စပ်ခြင်း၊ ရတနာသန့်စင်ခြင်း၊ အစီအရင် စသည့် လမ်းစဉ်များလည်းရှိသည်။

လမ်းစဉ်တိုင်းတွင် ကျွမ်းကျင်သော မဟာဆရာတစ်ယောက်စီ​ရှိပြီး သူတို့က ဆရာများကို ခန့်အပ်ရသည်။ ကျောင်းသားအားလုံးက မဟာအကြီးအကဲနှင့် မဟာဆရာများကို လေးစားစွာ ကြည့်နေကြသည်။

" မဟာအကြီးအကဲနဲ့ မဟာဆရာတို့ကို ဂါရဝပြုပါတယ်။ " ကျောင်းသားများအပါအဝင် ကျင့်ကြံသူများအားလုံးက ဟင်းလင်းပြင်မှ လူအားလုံးကို ဦးညွှတ်လိုက်ကြသည်။

ချင်တွင် ကျင့်ကြံခြင်းလမ်းစဉ် ပျံ့နှံ့ခဲ့သည်မှာ ၉၆ နှစ်ရှိပြီဖြစ်သည်။ သူတို့က ချင်၏ အင်အားကို မြှင့်တင်ရာတွင် ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ချင်ရှီဟွမ်၏ တန်ဖိုးထားခြင်းကို ခံရသူများဖြစ်သည်။ သူတို့၏ ဂုဏ်ကျေးဇူးများကြောင့် ကမ္ဘာတစ်ဝန်းမှ ကျောင်းသားများ၏ လေးစားမှုကို ရရှိထားသည်။

" ကျောင်းသားတွေနဲ့ ကျင့်ကြံသူတို့ ဒီနေ့ အင်ပါယာကျောင်းတော်ရဲ့ ၉၆ကြိမ်မြောက် စာမေးပွဲဖြစ်ပါတယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ ကျေးဇူးကြောင့် အင်ပါယာစာမေး​ပွဲအောင်မြင်သူတိုင်းက ကျင့်စဉ်တွေ၊ စွမ်းဆောင်မှုရမှတ်တွေ၊ ဆေးလုံးတွေ၊ နတ်လက်နက်တွေနဲ့ မှော်ရတနာတွေကို ရရှိမယ်။ "

" သိုင်းပြိုင်ကွင်းမှာ စိတ်နှလုံးသန့်စင်ခြင်းအစီအရင်တစ်ရာရှိတယ်။ စိတ်နှလုံးသန့်စင်ခြင်းအစီအရင်ကို ဖြတ်ကျော်နိုင်သူတွေက ပထမဆုံးအကဲဖြတ်မှုကို ခံယူရမယ်။ အဲ့ဒီအကဲဖြတ်မှုကို အောင်မြင်ရင် ဒုတိယအဆင့် ကျင့်ကြံမှုပြိုင်ပွဲနဲ့ အထောက်အကူပြုလမ်းစဉ်ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ရမယ်။ အဲ့ဒီပြိုင်ပွဲရဲ့ ထိပ်ဆုံးအယောက်တစ်ထောင်က တတိယအဆင့် တစ်ယောက်ချင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရမယ်။ " ရွှင်ဇီက ကျယ်လောင်စွာ ပြောလိုက်သည်။

စာမေးပွဲတွင် ပါဝင်သော ကျောင်းသားတိုင်းက ချင်ကမ္ဘာ၏ ပြည်နယ်အသီးသီးမှ လာရောက်ကြခြင်းဖြစ်သည်။ ဟွာရှနှင့် ကျူလီမျိုးနွယ်များအပြင် အခြားမျိုးနွယ်မှ ကျောင်းသားများလည်း ပါဝင်သည်။

ကျန်းထိုင်နန်းဆောင်အတွင်း။

" အဘိုး ပြိုင်ပွဲစတင်နေပါပြီ။ ဒီနှစ်က အရင်နှစ်တွေထက် ပိုစည်ကားတယ်။ ပါဝင်သူလုနှစ်သောင်းရှိတယ်။ " ကျောက်ချီက ပြုံး၍ ပြောလိုက်သည်။

" နှစ်ပေါင်းကိုးဆယ်။ မင်းရဲ့ ခမည်းတော်က အင်မော်တယ်ဘုံမှာ နယ်မြေတွေ ချဲ့ထွင်နေသလို ငါတို့ကလည်း လူသားဘုံမှာ တစ်ခုခု လုပ်ဖို့ လိုတာပေါ့။ " ရင်ကျန့်က ခံစားချက်များဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်း အင်မော်တယ်ဘုံသို့ ဝင်ရောက်သွားကတည်းက ရင်ကျန့်က ချင်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲတမ်း အာရုံစိုက်နေခဲ့သည်။ ယခုအခါ ချင်က ကျင့်ကြံသူများ ပေါများလာပြီး ကံကြမ္မာကလည်း တိုးတက်လာသည်။

" ခမည်းတော်လည်း အင်မော်တယ်ဘုံမှာ ဘယ်​လိုနေလဲမသိဘူး။ " ကျောက်ချီက လွမ်းဆွတ်မှုများဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်းက အင်မော်တယ်ဘုံတွင် လအနည်းငယ်သာ ရှိသေးသော်လည်း လူသားဘုံတွင် နှစ်ကိုးဆယ်ကုန်သွားပြီဖြစ်သည်။ ကျောက်ဖုန်းသာ လူသားဘုံကို ပြန်လာလျှင် အံ့အားသင့်သွားပေလိမ့်မည်။

" စစ်သည်ငါးသိန်းကျော်က အင်မော်နယ်ဘုံထဲ ဝင်သွားပြီ။ မင်းရဲ့ ခမည်းတော် အခုလောက်ဆို နယ်မြေအတော်များများကို သိမ်းပိုက်ပြီးလောက်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်တယ်။ " ကျောက်ချီက ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင်

" မင်းသားယန်၊ မင်းသမီးရွှယ်။ " နန်းတော်၏ အပြင်ဘက်မှ ရန်ရှောင်၏ အသံက ထွက်ပေါ်လာသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters