အခန်း ၅၈၈
Vol. 59 Ch. 588
အခန်း (၅၈၈)
ရင်ယန်နှင့် ရင်ရွှယ်တို့က ခန်းမထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။ ရင်ရွှယ်၏ မျက်နှာတွင် ဒေါသများရှိနေပြီး သူမက ရောက်လာသည်နှင့် မကျေမနပ် ပြောလိုက်သည်။
" ဘိုးဘိုးကြီး အစ်ကိုက သမီးကို အနိုင်ကျင့်တယ်။ "
" သူက မင်းကို အနိုင်ကျင့်ရဲတာလား။ " ရင်ကျန့်က ဒေါသနှင့် ကြည့်လိုက်သည်။
" ဟုတ်တယ်။ " ရင်ရွှယ်က ခေါင်းညိမ့်လိုက်သည်။
ရင်ယန်ကတော့ ဘာမှမပြောဘဲ ခေါင်းငုံ့နေသည်။
" သူက မင်းကို ဘယ်လိုအနိုင်ကျင့်တာလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" အစောက ပြိုင်ပွဲမှာ သမီးကို အနိုင်မပေးဘူး။ " ရင်ရွှယ်က နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်နှင့် ကျောက်ချီတို့က မရယ်ဘဲ မနေနိုင်ကြတော့ပေ။ " ဟားဟားဟား...."
" ဘိုးဘိုးကြီး၊ ခမည်းတေည် ဘာလို့ရယ်နေတာလဲ။ " ရင်ရွှယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
" ရွှယ်အာ အမှန်အတိုင်း ပြောရရင် ခုနက ပြိုင်ပွဲမှာ ငါမင်းကို အခွင့်အရေးမပေးခဲ့ရင် မင်း ဒီနေရာမှာ ရပ်နေနိုင်ပါ့မလား။ " ရင်ယန်က မနေနိုင်တော့ဘဲ ပြောလိုက်သည်။
" ကြည့်ဦး။ အခုတောင် သမီးကို အနိုင်ကျင့်နေပြန်ပြီ။ " ရင်ရွှယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
" ချီအာ ဒီနှစ်ယောက်က အားနေကြတဲ့ပုံပဲ။ " ရင်ကျန့်က ပြုံးပြီး ပြောလိုက်သည်။
" ဟုတ်တယ်။ နည်းနည်းတော့ အားနေကြတယ်။ " ကျောက်ချီက ခေါင်းညိမ့်လိုက်သည်။
" အခု ချင်တစ်ခုလုံးမှာ နတ်ဆိုးသားရဲတွေ အများကြီး ပေါ်လာတယ်။ အဲ့ဒီထဲမှာ ချင်ဥပဒေကို လိုက်နာတဲ့သူတွေရှိသလို လူတွေကို သတ်ဖြတ်စားသောက်နေတဲ့သူတွေလည်း ရှိတယ်။ မင်းတို့နှစ်ယောက် အားနေမှတော့ ကမ္ဘာပတ်ပြီး အဲ့ဒီနတ်ဆိုးသားရဲတွေကို ဖြေရှင်းလိုက်ကြ။ " ရင်ကျန့်က ပြောလိုက်သည်။ သူတို့က သိုင်းတာအိုနတ်အသွင်ရှိနေသောကြောင့် သူတို့ကို စိတ်ပူစရာမလိုပေ။
" ဟုတ်ကဲ့။ " ရင်ယန်နှင့် ရင်ရွှယ်တို့၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း ခေါင်းညိမ့်လိုက်ကြသည်။
ကောင်းကင်ဘုံနှင့် ဗုဒ္ဓဂိုဏ်းတို့၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီးနောက် လူသားများက ကျင့်ကြံမှုလမ်းကြောင်းပေါ် လျှောက်လှမ်းရုံသာမက တိရစ္ဆာန်များကလည်း အသွင်ပြောင်းလဲကာ နတ်ဆိုးသားရဲများဖြစ်ပြီး အချို့က အသိဉာဏ်ပင် ရလာကြသည်။ အတိတ်တွင် နတ်ဆိုးမျိုးနွယ်တွင် သွေးမျိုးဆက်အမွေအနှစ်များ ရှိခဲ့သည်။ သူတို့ အသွင်ပြောင်းလဲပြီးနောက် အသိဉာဏ်ရလာသောအခါ ကျင့်ကြံမှုနည်းလမ်းများကိုလည်း ရရှိခဲ့ကြသည်။
အသွင်ပြောင်းလဲလာသော နတ်ဆိုးသားရဲများက ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ နတ်ဆိုးသားရဲများက အားမနည်းပေ။ သို့သော် ချင်၏ အကြွင်းမဲ့ စွမ်းအားအောက်တွင် သူတို့ကို ဖိနှိပ်နိုင်ခဲ့သည်။ နတ်ဆိုးသားရဲများကို ကိုင်တွယ်ပြီးနောက် ရင်ကျန့်က ကျောက်ဖုန်းပြောခဲ့သည်ကို ပြန်သတိရသွားခဲ့သည်။
အနာဂတ်တွင် ချင်က မျိုးနွယ်စုပေါင်းများစွာ စုစည်းရာဖြစ်လာပြီး သူတို့အားလုံးက ချင်အတွက် အကူအညီဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် နတ်ဆိုးသားရဲများအတွက် ချင်က ရွေးချယ်စရာတစ်ခု ပေးခဲ့သည်။ သူတို့က ချင်နယ်မြေထဲတွင် နေချင်လျှင် ချင်တွင် မှတ်ပုံတင်ပြီး ထျန်းရွှမ်ကြေးမုံကို ရယူရမည်။ တောတောင်များထဲတွင် နေထိုင်ပြီး လူမသတ်ရပေ။ ချင်အတွက် အကျိုးပြုလျှင် စွမ်းဆောင်မှုရမှတ်များ ချီးမြှင့်ခံရမည်ဖြစ်သည်။ ၎င်းက နတ်ဆိုးသားရဲအများစုအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာသည်။
ထို့အပြင် လူသားစားသော နတ်ဆိုးသားရဲများလည်း ရှိသေးသည်။ ချင်က သူတို့ကို သနားညှာတာမှုမရှိဘဲ အစွမ်းထက်သူများ စေလွှတ်ပြီး သတ်ဖြတ်ပစ်ခဲ့သည်။
" ခမည်းတော် အဘိုးက ဘယ်တော့ပြန်လာမှာလဲ။ " ရင်ယန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
သူတို့က ကျောက်ဖုန်း အင်မော်တယ်ဘုံသို့ သွားပြီး နှစ်လေးဆယ်ကြာမှ မွေးဖွားလာခြင်းဖြစ်သည်။ လူတစ်ယောက်၏ စွမ်းအားက တိုးတက်လာလေ ကလေးမွေးဖွားရန် ခက်ခဲလာလေဖြစ်သည်။ ကျောက်ချီက မုန့်မိသားစုမှ မိန်းကလေးနှင့် လက်ထပ်ပြီး ကလေးများ မွေးဖွားလာခြင်းဖြစ်သည်။ သူတို့က မွေးလာကတည်းက ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။
" အခုလောလောဆယ်တော့ ပြန်မလာနိုင်သေးဘူး။ မင်းတို့ အဘိုးက အင်မော်တယ်ဘုံမှာ ချင်နယ်မြေကို တိုးချဲ့နေတာ။ ဒါပေမယ့် အနာဂတ်မှာ ငါတို့လည်း အင်မော်တယ်ဘုံကို သွားရမှာပဲ။ " ကျောက်ချီက ပြောလိုက်သည်။
" အဘိုးက ဘယ်လောက်တောင် သန်မာတာလဲ။ " ရင်ရွှယ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" မင်းရဲ့ အဘိုးက ချင်ရဲ့ နံပါတ်တစ်ပဲ။ ကောင်းကင်က အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေတောင် သူ့ကိက မယှဉ်နိုင်ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ နှစ်ပေါင်းများစွာကြာပြီး သူ၏ သားကို သတိမရဘူးဟု ပြောလျှင် လိမ်ညာရာကျပေလိမ့်မည်။
ထိုအချိန်တွင် ရင်ကျန့်က တစ်စုံတစ်ခုကို ခံစားမိပြီး လက်ဝှေ့ရမ်းလိုက်သောအခါ ထျန်းရွှမ်ကြေးမုံပေါ်လာသည်။ ချက်ချင်းပင် ကျောက်ဖုန်း၏ ပုံရိပ်က ခန်းမထဲတွင် ပေါ်လာသည်။
" ခမည်းတော်ကို ဂါရဝပြုပါတယ်။ " ကျောက်ချီက ကျောက်ဖုန်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။
ရင်ကျန့်ကလည်း ကျောက်ဖုန်းကို နူးညံ့စွာ ကြည့်လိုက်သည်။
" ခမည်းတော်၊ ချီအာ " ကျောက်ဖုန်းက ပြုံးပြီး ရင်ကျန့်နှင့် ကျောက်ချီကို ကြည့်လိုက်သည်။ ထို့နောက် သူက ရင်ယန်နှင့် ရင်ရွှယ်တို့ကို သတိထားမိလိုက်သည်။
" သူတို့က ဘယ်သူတွေလဲ။ " သူတို့က ကျောက်ချီနှင့် ရုပ်ချင်းဆင်သောကြောင့် ကျောက်ဖုန်းက တစ်စုံတစ်ခုကို ခန့်မှန်းမိပြီးသားဖြစ်သည်။
" ခမည်းတော် သူတို့က သားတော်ရဲ့ သားနဲ့သမီးပါ။ သားကြီးက ရင်ယန်လို့ခေါ်ပြီး သမီးက ရင်ရွှယ်လို့ ခေါ်ပါတယ်။ မင်းတို့နှစ်ယောက် အဘိုးကို ဂါရဝပြုလိုက်ကြ။ " ကျောက်ချီက သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်ကြသည်။
" မြေးတို့ အဘိိုးကို ဂါရဝပြုပါတယ်။ " ရင်ယန်နှင့် ရင်ရွှယ်တို့က ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
" ဟားဟား... မဆိုးဘူး။ ငါ အင်မော်တယ်ဘုံမှာ သုံးလပဲရှိသေးတာကို မြေးတွေတောင် ရနေပြီပေါ့။ မင်းတို့က အရွယ်ရောက်ပြီး သိုင်းတာအိုနတ်အသွင်အဆင့်တောင် ရောက်နေပြီပဲ။ " ကျောက်ဖုန်းက ဝမ်းသာအားရ ရယ်မောလိုက်သည်။
" အကုန်လုံးက ကမ္ဘာငယ်ရဲ့ ကျင့်ကြံခြင်းနယ်မြေနဲ့ ချင်ရဲ့ အရင်းအမြစ်တွေကြောင့်ပါ။ " ကျောက်ချီက ချက်ချင်း ပြန်ဖြေလိုက်သည်။
" ဒါက သူတို့ရဲ့ အရည်အချင်းကြောင့်လည်း ပါပါတယ်။ " ကျောက်ဖုန်းက သူ၏ မြေးနှစ်ယောက်ကို နူးညံ့စွာ ကြည့်လိုက်သည်။
" ဖုန်းအာ အင်မော်တယ်ဘုံမှာ အခြေအနေဘယ်လိုရှိလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အင်မော်တယ်ဘုံက သားတော်ထင်ထားတာထက် ပိုကြမ်းတမ်းနေတယ်။ အဲ့ဒါက လူသားတွေအတွက်ပဲ။ အင်မော်တယ်ဘုံက လူသားတွေက မကျင့်ကြံနိုင်ကြဘူး။ အင်မော်တယ်ဘုံက ရွေးချယ်တဲ့သူတွေပဲ ကျင့်ကြံခွင့်ရတယ်။ ဒါပေမယ့် အဲ့ဒီ ရွေးချယ်မှုဆိုတာကလည်း စိတ်ဝိညာဉ်အမြစ်ရှိတဲ့သူတွေရဲ့ ဝိညာဉ်အနှစ်သာရကို ထုတ်ယူပြီး သူတို့ရဲ့ အသွေးအသားတွေကို သန့်စင်တာပဲ။ ဒါက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေအတွက် မွေးမြူရေးခြံတစ်ခုပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ သူတို့က စွမ်းအားရှိပေမယ့် အမှန်တရားမရှိဘူး။ " ရင်ကျန့်က ဒေါသနှင့် ပြောလိုက်သည်။
" ဒါပေမယ့် အဲ့ဒီအခြေအနေကလည်း သားတော်တို့အတွက် အကျိုးရှိသွားတယ်။ ချင်စစ်တပ်က နယ်မြေများစွာကို သိမ်းပိုက်ပြီး လူသန်းပေါင်းများစွာကို စုစည်းခဲ့တယ်။ ပြီးတော့ သားတော် သိုင်းတာအိုကို စတင်သင်ကြားပေးနေပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒါဆို အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက မင်းဝင်လာတာကို မသိကြသေးဘူးပေါ့။ " ရင်ကျန့်က ပြောလိုက်သည်။
" ကောင်းကင်တာအိုက မပြည့်စုံတော့တဲ့အပြင် ကောင်းကင်လျို့ဝှက်ချက်တွေကလည်း မရှင်းလင်းဘူး။ ဒါကြောင့် သားတော်ရောက်လာတာကို သူတို့မသိကြဘူး။ ပြီးတော့ သားတော်က အင်မော်တယ်ဘုံမှာ ချင်နာမည်ကို မသုံးထားဘူး။ သူတို့က လူသားနိုင်ငံတွေကို သိပ်ဂရုမစိုက်ကြဘူး။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" သူတို့က အစကတည်းက လူသားတွေကို ထည့်မတွက်တာ နေလိမ့်မယ်။ ဒါက ငါတို့ချင်အတွက် အကျိုးရှိသွားတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒါနဲ့ လူသားဘုံမှာ အခြေအနေ ဘယ်လိုရှိလဲ။ အခု လူသားဘုံမှာ နှစ်ကိုးဆယ်ရှိသွားပြီ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ဒိနှစ်ကိုးဆယ်အတွင်းမှာ ငါတို့ချင်က အများကြီး ပြောင်းလဲသွားခဲ့တယ်။ လက်ရှိမှာ သိုင်းတာအိုနတ်အသွင်အဆင့်ကို ရေုက်နေတဲ့သူ သုံးသောင်းကျော်ရှိတယ်။ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်က ငါးထောင်၊ သိုင်းတာအိုနိယာမပေါင်းစည်းခြင်းအဆင့်က ငါးရာ၊ သိုင်းတာအိုနိယာမနယ်ပယ်အဆင့်က သုံးဆယ်ရှိနေပြီ။ ပြီးတော့ အင်မော်တယ်လမ်းစဉ်နဲ့ ဗုဒ္ဓလမ်းစဉ်မှာတော့ စုစုပေါင်း ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ငါးထောင်ကျော်၊ အင်မော်တယ်အဆင့် တစ်ထောင်ကျော်၊ မြေကြီးအင်မော်တယ်အဆင့် သုံးရာကျော်၊ ကောင်းကင်အင်မော်တယ်အဆင့် သုံးဆယ်နဲ့ ရွှေအင်မော်တယ်အဆင့် သုံးယောက် ရှိတယ်။ အင်ပါယာဆရာက မဟာရွှေအင်မော်တယ်အဆင့်ကို ရောက်သွားပြီ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" တကယ်ကို အံ့ဩစရာပဲ။ တိုးတက်မှုက တကယ်ကြီးမားတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
" ဒါက အဓိကလမ်းစဉ်သုံးခုအတွက်ပဲ။ အခြားအထောက်အကူပြုလမ်းစဉ်တွေလည်းရှိတယ်။ ငါတို့ချင်ရဲ့ အင်အားက မင်းကို ကူညီဖို့ လုံလောက်နေပြီ။ ကောင်းကင်ဘုံက သိသွားရင်တောင် ငါတို့ချင်က တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိနေပြီ။ မင်းတစ်ယောက်တည်း မဟုတ်တော့ဘူး။ " ရင်ကျန့်က ရယ်မောလိုက်သည်။
ချင်အတွက် ကျောက်ဖုန်းတစ်ယောက်တည်း တိုက်ခိုက်နေရသည်ကို ရင်ကျန့်က မကြည့်ရက်ပေ။ ဖခင်တစ်ယောက်အနေဖြင့် သူက သူ့သားအပါအဝင် ချင်တစ်ခုလုံးကို ကာကွယ်ပေးချင်သည်။
" ခမည်းတော် ပင်ပန်းသွားပြီ။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။
" မင်းနဲ့ယှဉ်ရင် ခမည်းတော်လုပ်ခဲ့တာ ဘာမှမဟုတ်ပါဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒါနဲ့ မင်းရဲ့ မယ်တော်နဲ့ အခြားသူတွေ မင်းကို မတွေ့ရတာကြာပြီ။ ချီအာ သူတို့ကို ခေါ်လိုက်ပါ။ " ရင်ကျန့်က ကျောက်ချီကို ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကျောက်ချီက ခေါင်းညိမ့်ပြီး ထွက်ခွာသွားသည်။
" ကောင်းကင်ဘုံက အရင်တစ်ခေါက် ရှုံးနိမ့်ပြီးကတည်းက သူတို့ ဘာမှမလုပ်ကြဘူး။ သူတို့ဘာတွေစီစဉ်နေလဲမသိဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" သူတို့မှာ အစီအစဉ်တွေရှိမှာ သေချာတယ်။ ဒါပေမယ့် အဲ့ဒီလောက်ဆုံးရှုံးမှုတွေ ကြုံတွေ့ပြီးတဲ့နောက်မှာ သူတို့က ချင်ကမ္ဘာကို အင်မော်တယ်ဘုံထဲ ဆွဲခေါ်ဖို့ ကြိုးစားကြလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့