အခန်း ၅၉၀
Vol. 59 Ch. 590
အခန်း (၅၉၀)
" ဧကရာဇ်မင်းမြတ် မြေကြီးအင်မော်တယ်ဘုံမှာလည်း ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အင်မော်တယ်ဂိုဏ်းရဲ့ တပည့်ပေါင်းများစွာက ထူးဆန်းတဲ့ ကပ်ရောဂါတစ်ခု ကူးစက်ခံနေရပါတယ်။ ကူးစက်ရောဂါ အားနည်းရင် ကျင့်စဉ်ဖောက်ပြန်ပြီး အဆင့်တစ်ဆင့် ကျသွားပါတယ်။ အားပြင်းရင်တော့ အင်မော်တယ်စွမ်းအားကို ရှုပ်ထွေးပြီး ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးသွားပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ပေးဖို့ ဧကရာဇ်မင်းမြတ်ကို တောင်းဆိုပါတယ်။ " ကျန်းတောက်လင်က လေးနက်စွာ ပြောလိုက်သည်။
" မြေကြီးအင်မော်တယ်ဘုံလည်း ထိခိုက်နေတာလား။ " စီမင်ကြယ်နတ်ဘုရား၏ အမူအရာက ပြောင်းလဲသွားသည်။
" စီမင်ကြယ်နတ်ဘုရားက ဘာကိုဆိုလိုတာလဲ။ " ကျန်းတောက်လင်က အံ့ဩသွားသည်။
" ကောင်းကင်ဆရာ ကောင်းကင်ဘုံက အင်မော်တယ်အရာရှိတွေလည်း အလားတူခံစားနေရပါတယ်။ အဲ့ဒါက ဝိညာဉ်အနှစ်သာရနဲ့ ဆက်စပ်နေပုံရပါတယ်။ " စီမင်ကြယ်နတ်ဘုရားက ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး အရင်ကတည်းက ပြောခဲ့ပါတယ်။ ဝိညာဉ်အနှစ်သာရကို စုပ်ယူပြီး သက်ရှိတွေရဲ့ သွေးနဲ့အသားကို စားတာက မကောင်းတဲ့ လုပ်ရပ်ပဲ။ ဒါက ကောင်းကင်တာအိုရဲ့ ကပ်ဘေးတစ်ခုဖြစ်ရမယ်။ " ကျန်းတောက်လင်က ပြောလိုက်သည်။
ကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်သွားသော်လည်း ဂရုမစိုက်ဘဲ မေးလိုက်သည်။ " မြေကြီးအင်မော်တယ်ဘုံရဲ့ ဘယ်တိုက်ကြီးက အင်မော်တယ်ဂိုဏ်းတွေ ဖရိုဖရဲဖြစ်နေတာလဲ။ "
" တောင်ဘက်တိုက်ကြီးက အင်မော်တယ်ဂိုဏ်းအားလုံးနီးပါး ဒီကပ်ရောဂါကို ခံစားနေရပါတယ်။ ရောဂါဖြစ်ပွားတဲ့ အကြောင်းရင်းကို မစုံစမ်းရသေးပေမယ့် စီမင်ကြယ်နတ်ဘုရားပြောတာကို ကြားရတော့ ဝိညာဉ်အနှစ်သာရနဲ့ ဆက်စပ်နေမှာ သေချာတယ်။ " ကျန်းတောက်လင်က ချက်ချင်း ပြောလိုက်သည်။
" ငါ့အတွက် စုံစမ်းလိုက်။ ကျင့်စဉ်ဖောက်ပြန်တဲ့ အင်မော်တယ်တွေကို ကုသဖို့ အစွမ်းကုန် ကြိုးစားပါ။ " ကောင်းကင်ဧကရာဇ်က ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင်...
" ဧကရာဇ်မင်းမြတ် မကောင်းတော့ဘူး။ ရာထူးတာဝန်နန်းတော်၊ သက်ရှည်နန်းတော်၊ တောင်ဘက်နက္ခတ်နန်းတော်ခြောက်ခု၊ မြောက်ဘက်နက္ခတ်နန်းတော် ခုနှစ်ခုက အင်မော်တယ်တွေမှာ ကျင့်စဉ်ဖောက်ပြန်တဲ့ လက္ခဏာတွေ တွေ့နေရပါ။ အဲ့ဒါက ကပ်ရောဂါတစ်ခုလို ကူးစပ်နေပါတယ်။ " တိုက်ပိုင်ကျင်းရှင်းက အလျင်အမြန် ဝင်လာပြီး ပြောလိုက်သည်။
" စီမင် မင်းက ဝိညာဉ်အနှစ်သာရကို ဒိလောက်မြန်မြန် ဖြန့်ဝေလိုက်တာလား။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်များက ဝိညာဉ်အနှစ်သာရကို ကံကြမ္မာနန်းတော်၊ ကောင်းကင်စစ်သည်တွေနဲ့ ကောင်းကင်ရေကန်အထိပဲ ဖြန့်ဝေထားတာပါ။ အခြားနေရာတွေကို မဖြန့်ဝေရသေးပါဘူး။ " စီမင်ကြယ်နတ်ဘုရားက အလျင်အမြန် ပြောလိုက်သည်။
" ဝိညာဉ်အနှစ်သာရကြောင့် မဟုတ်ဘူးလား။ " ကောင်းကင်ဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားသည်။
" ဧကရာဇ်မင်းမြတ် အခြေအနေက ကပ်ရောဂါနဲ့ ပိုတူလာပြီ။ " ကျန်းတောက်လင်က လေးနက်စွာ ပြောလိုက်သည်။
" ငါ့ရဲ့ ကောင်းကင်ဘုံကို ကပ်ရောဂါဝင်လာတာလား။ " ကောင်းကင်ဧကရီ၏ အမူအရာက လေးနက်သွားသည်။
ထိုကိစ္စက အမှန်တကယ် ထူးဆန်းနေသည်။ ဘယ်ကပ်ရောဂါက ကောင်းကင်ဘုံမှ အင်မော်တယ်များကို ဖျက်ဆီးနိုင်မှာလဲ။
" ဗုဒ္ဓဂိုဏ်းကို လူတစ်ယောက် မြန်မြန်လွှတ်ပြီး သူတို့ဆီမှာ ဒီလိုဖြစ်နေလား ကြည့်ခိုင်းလိုက်။ " ကောင်းကင်ဧကရာဇ်က ခဏစဉ်းစားပြီးနောက် တိုက်ပိုင်ကျင်းရှင်းကို ပြောလိုက်သည်။
ထိုအခြေအနေက ကောင်းကင်ဘုံတွင်ဖြစ်နေလျှင် ဗုဒ္ဓနယ်မြေတွင်လည်း သေချာပေါက် ဖြစ်နေပေလိမ့်မည်။ မြေကြီးအင်မော်တယ်ဘုံမှ ဝိညာဉ်အနှစ်သာရများကို ထုတ်ယူခြင်းနှင့် အသွေးအသားများကို စားသုံးခြင်းမှာ ကောင်းကင်ဘုံနှင့် ဗုဒ္ဓဂိုဏ်းတို့ အဓိက လုပ်ဆောင်နေခြင်းဖြစ်သည်။ အကယ်၍ ၎င်းက ဝိညာဉ်အနှစ်သာရနှင့် ဆက်စပ်နေလျှင် ဗုဒ္ဓဂိုဏ်းလည်း လွတ်မည်မဟုတ်ပေ။
အင်မော်တယ်လူသားအဆိပ်က ပေါက်ကွဲလာပြီဖြစ်သည်။ ထိုအခြေအနေကို ကျောက်ဖုန်းကတော့ ဘာမှမသိသေးပေ။
အရှေ့တိုက်ကြီး၊ ခွန်လွန်ဂိုဏ်း။
ထိုနေရာက ခွန်လွန်ဟုခေါ်သော်လည်း ခွန်လွန်တောင်မဟုတ်ပေ။ ထိုအချိန်တွင် အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်တစ်သိန်းက လေထဲတွင် ပျံသန်းနေကြီး ခွန်လွန်ဂိုဏ်းကို ဝန်းရံထားသည်။ သူတို့က ကျောက်ဖုန်း၏ ရွှမ်ကျားစစ်တပ်ဖြစ်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းထားသည်။
" ငါတို့ ခွန်လွန်က ကောင်းကင်ဘုံက ကောင်းကင်တံဆိပ်ကို ရရှိပြီး ကောင်းကင်ဘုံအတွက် အလုပ်လုပ်ပေးနေတာ။ မင်းတို့က ဘယ်သူတွေမလို့ ခွန်လွန်ကို စစ်တပ်နဲ့ ဝန်းရံရဲတာလဲ။ ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူ ကွမ်ချန်ဇီက အတိတ်က သူတော်စင်တစ်ပါးရဲ့ တပည့်ပဲ။ မင်းတို့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို သိရဲ့လား။ "
ခွန်လွန်ဂိုဏ်း၏ ဂိတ်တံခါးတွင် တပည့်ပေါင်းများစွာ စုဝေးနေကြပြီး စစ်တပ်ကို ရင်ဆိုင်ထားသည်။
သတ်ဖြတ်လိုစိတ်အပြည့်နှင့် စစ်တပ်ကြီး၏ ရှေ့ဆုံးတွင် ကျောက်ဖုန်းက ရပ်နေသည်။
" ရွှမ်ကျားစစ်တပ် "
" ဟေ့ ဟေ့ ဟေ့ " ရွှမ်ကျားစစ်သည်တစ်သိန်းက ဟိန်းဟောက်လိုက်ကြသည်။
ယနေ့ ရွှမ်ကျားစစ်တပ်၏ ပထမဆုံး တိုက်ပွဲဖြစ်သည်။ ကမ္ဘာငယ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ရွှမ်ကျားစစ်တပ်က ကျောက်ဖုန်း အင်မော်တယ်ဘုံသို့ ရောက်ကာစကလို မဟုတ်တော့ပေ။ သူတို့အားလုံးက သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်ကို ရောက်နေပြီဖြစ်သည်။ အဆင့်အားဖြင့် သူတို့က ကောင်းကင်စစ်သည်အဆင့်သို့ ရောက်နေပြီး တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်စစ်သည်များကို အနိုင်ယူနိုင်စွမ်းရှိသည်။
" ဒီအင်မော်တယ်ဂိုဏ်းထဲက ဘယ်သူ့ကိုမှ အရှင်မထားနဲ့။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး လက်ဝှေ့ရမ်းလိုက်သည်။ " အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်။ "
ဓားလေးလက်က ခွန်လွန်ဂိုဏ်းသို့ ပျံသန်းသွားပြီး ကျောက်ဖုန်း၏ ထိန်းချုပ်မှုအောက်တွင် ရှေ့ဆုံးမှ တပည့်တစ်သောင်းကို ဝန်းရံသွားသည်။ အကြောင်းမှာ သူတို့က ခွန်လွန်အင်မော်တယ်ဂိုဏ်းတွင် အစွမ်းထက်ဆုံး တပည့်များ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့ထဲတွင် အသန်မာဆုံးက မဟာရွှေအင်မော်တယ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူတို့က တစ်ယောက်တည်းမဟုတ်ဘဲ ရှစ်ယောက်ရှိသည်။ တလျိုအင်မော်တယ်အဆင့်အောက်တွင် မဟာရွှေအင်မော်တယ်အဆင့်က အသန်မာဆုံးဖြစ်သည်။
မဟာရွှေအင်မော်တယ်ရှစ်ယောက်က ခွန်လွန်ဂိုဏ်း၏ အင်အားကို ပြသနေသည်။ သူတို့အပြင် ရွှေအင်မော်တယ်တစ်ထောင်ကျော်နှင့် ကောင်းကင်အင်မော်တယ် ခြောက်ထောင်ကျော်ရှိသည်။ သူတို့အားလုံးကို အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က လွှမ်းခြုံထားသည်။
" ရွှမ်ကျားစစ်တပ် သတ်ကြ။ တစ်ယောက်မှ အရှင်မထားနဲ့။ " မုန်ထျန်းက မိုဓားကို မြှောက်ပြီး အော်ဟစ်လိုက်သည်။ " စစ်ဝိညာဉ်အစီအရင် "
" စစ်ဝိညာဉ်အစီအရင် စတင်။ " ရွှမ်ကျားစစ်သည်တစ်သိန်းက အော်ဟစ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှ သွေးချီများက မုန်ထျန်းဆီသို့ စုစည်းသွားကြသည်။ သူတို့က အင်မော်တယ်အဆင့်နှင့် ယှဉ်နိုင်ပြီဖြစ်သောကြောင့် သူတို့၏ သွေးချီများကလည်း ပို၍ ကြောက်စရာကောင်းလာသည်။
သွေးချီများက မုန်းထျန်းဆီသို့ စုစည်းသွားပြီး ရွှမ်ကျားစစ်သည်တစ်သိန်း၏ သွေးချီက မဟာရွှေအင်မော်တယ်အဆင့် အထွတ်အထိပ်နီးပါးသို့ ရောက်ရှိသွားသည်။ ၎င်းက ကောင်းကင်စစ်သည်များမယှဉ်နိုင်သော ရွှမ်ကျားစစ်တပ်၏ စွမ်းအားဖြစ်သည်။
" ခုတ်..." မုန့်ထျန်းက မိုဓားကို လက်နှစ်ဖက်နှင့်ကိုင်ပြီး အောက်မှ ခွန်လွန်တပည့်များဆီသို့ ခုတ်ပိုင်းလိုက်သည်။
ပေတစ်သောင်းရှည်လျားသော သွေးရောင်ဓားအလင်းတန်းက အောက်သို့ ဆင်းသက်လာပြီး ကောင်းကင်တစ်ခုလုံးကို သွေးနီရောင်လွှမ်းသွားစေသည်။ ခဏအတွင်း ခွန်လွန်တပည့် သောင်းချီက သေဆုံးသွားကြသည်။
" သတ်ကြ။ " မုန့်ထျန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
" သတ်..." ရွှမ်ကျားစစ်တပ်က စစ်သည်တစ်ထောင်အုပ်စုခွဲကာ ခွန်လွန်တပည့်များဆီသို့ ချီတက်သွားကြသည်။
ကျောက်ဖုန်းက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို အသက်သွင်းလိုက်သည်။ ဓားအစီအရင်အတွင်း ဓားလေးလက်မှ ဓားချီများကို ထုတ်လွှတ်ပြီး ခွန်လွန်တပည့်များကို ခုတ်ပိုင်းလိုက်သည်။ ကြောက်စရာကောင်းသော ဓားချီများအောက်တွင် နာကျင်စွာ အော်ဟစ်သံများက လေထဲတွင် ပြည့်နှက်သွားသည်။
ခွန်လွန်ဂိုဏ်း၏ အင်မော်တယ်များက ကျင့်ကြံခြင်းတိုးတက်ရန်နှင့် အသက်ရှည်ရန်အတွက် လူသားများ၏ ဝိညာဉ်အနှစ်သာရနှင့် အသွေးအသားများကို စားသုံးခဲ့ကြသည်။ ကျောက်ဖုန်းက သူတို့ကို မျှတစွာ တရားစီရင်ပေးလိုက်ခြင်းဖြစ်သည်။
" အင်မော်တယ်အဆင့်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ "
" မြေကြီးအင်မော်တယ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၂၀၀ မှတ် ရရှိပါတယ်။ "
" ကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ "
" ရွှေအင်မော်တယ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀၀၀ မှတ် ရရှိပါတယ်။ " စနစ်မှ အသိပေးချက်များက ဆက်တိုက်ထွက်ပေါ်နေသည်။
" အစီအရင်ကို အစွမ်းကုန် ဖျက်ဆီးကြ။ ဒါက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ပဲ။ ဓားလေးလက်ကို ဖယ်ရှားနိုင်ရင် အစီအရင်လည်း ပျက်စီးသွားလိမ့်မယ်။ လူစုခွဲပြီး အစီအရင်ကို ဖျက်ဆီးကြ။ " ခွန်လွန်ဂိုဏ်းချုပ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူက အင်မော်တယ်စွမ်းအားကို ထုတ်ဖော်ပြီး မှော်ရတနာများ ဝန်းရံကာ ဓားချီများကို ကာကွယ်ထားသည်။
" အစီအရင်ကို ဖျက်ဆီးကြ။ " အင်မော်တယ်များက သူတို့၏ စွမ်းအားများကို ထုတ်ဖော်ပြီး အစီအရင်၏ မတူညီသော နေရာများသို့ တိုက်ခိုက်လိုက်ကြသည်။ အစီအရင်က လေးဖက်ရှိပြီး တစ်ဖက်စီတွင် ဓားတစ်လက်စီ ရှိနေသည်။
" ဒီမြေကြီးအင်မော်တယ်ဘုံက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို သိနေတဲ့ပုံပဲ။ ဒါပေမယ့် မင်းတို့ ငါ့ကို အထင်သေးနေတာပဲ။ " ကျောက်ဖုန်းက စိုးရိမ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြုံးလိုက်သည်။