← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) မိစ္ဆာများ

ရှုချွမ်းက ဟဲချန်၏ ဇာတ်ညွှန်းကို ကြည့်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

ဤကဲ့သို့ ပါရမီညံ့ဖျင်းသောသူက ရွှေရောင်တစ်လုံးနှင့် ခရမ်းရောင်တစ်လုံး ကံကြမ္မာကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

၎င်းက လောကကြီးသည် ကျယ်ပြောလှပြီး ထူးဆန်းမှု များစွာဖြင့် ပြည့်နှက်နေကြောင်း သက်သေပြနေခဲ့သည်။

“အစ်ကိုရှု... ဘာတွေ တွေးနေတာလဲ” ရှုချွမ်း ငေးငိုင်နေသည်ကို မြင်လျှင် ဟဲချန်က ညင်သာစွာ မေးလိုက်၏။

“ဘာမှမဟုတ်ပါဘူး... သာမန်ကိစ္စလေးတွေပါ” ရှုချွမ်းက ခေါင်းယမ်းလိုက်ပြီး စနစ်က ရှာဖွေတွေ့ရှိထားသော အချက်အလက်များကို ဟဲချန်အား မပြောပြခဲ့ပေ။

ထိုအရာများကို ပြောပြလည်း အသုံးမဝင်သည့်အပြင် ဆိုးကျိုးကိုပင် ဖြစ်ပေါ်စေနိုင်သည်။

မည်သူမဆို မိမိကိုယ်တိုင် သေရေးရှင်ရေး အန္တရာယ်နှင့် ကြုံတွေ့ရတော့မည်ကို သိရှိပါက တည်ငြိမ်နေနိုင်လိမ့်မည် မဟုတ်ပေ။

ရှုချွမ်းကိုယ်တိုင်ပင် ထိုအထဲမှ ကင်းလွတ်မည်မဟုတ်။

ရှုချွမ်းက ထပ်မံ၍ မပြောလိုတော့သည်ကို မြင်လျှင် ဟဲချန်လည်း ထပ်မံမမေးတော့ပေ။

ထိုအချိန်တွင် ကုန်သည်အဖွဲ့မှာ စတင်ထွက်ခွာရန် ပြင်ဆင်နေခဲ့ပြီး ကုန်သည်အဖွဲ့ခေါင်းဆောင် က ရှုချွမ်းအား ပစ္စည်းများကို စစ်ဆေးရန် လာရောက်သတိပေးခဲ့သည်။

“ညီလေးဟဲ... ငါနဲ့အတူ ရထားလုံးပေါ် လိုက်ခဲ့ပါလား”

ရှုချွမ်းက ဟဲချန်ကို ဖိတ်ခေါ်လိုက်သည်။

သူတစ်ဦးတည်း ဤဧရာမ ရထားလုံးကြီးပေါ်တွင် နေရသည်မှာ အနည်းငယ် ပျင်းစရာကောင်းလှပေသည်။

ထို့ပြင် ရှုချွမ်းက ဟဲချန်က ထိုမိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာကို မည်သို့ ပြန်လည်တိုက်ခိုက်ဝါးမြိုမည်ကိုလည်း စောင့်ကြည့်ချင်နေခဲ့သည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရှုချွမ်း”

ရှုချွမ်း၏ ဖိတ်ခေါ်မှုကို ကြားလျှင် ဟဲချန်၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ရထားလုံးပေါ်သို့ တက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

ရထားလုံး စီးရမည့်အစား ခြေကျင်လျှောက်နေရန် ဘယ်သူက ရူးသွပ်ပါမည်နည်း။

“ကိစ္စမရှိပါဘူး” ရှုချွမ်းက သာမန်ကာလျှံကာ ပြောလိုက်သည်။

ကုန်သည်အဖွဲ့ဝင် အားလုံး ပြင်ဆင်ပြီးသွားသောအခါ ရှည်လျားလှသော ခရီးသည်တန်းကြီးမှာ စတင်၍ လှုပ်ရှားထွက်ခွာခဲ့တော့သည်။

ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်ပါက ၎င်းမှာ ဧရာမ နဂါးကြီးတစ်ကောင် လှုပ်ရှားနေသည့်အလားပင်။

ဤကဲ့သို့ ထင်ရှားလှသော ပစ်မှတ်ဖြစ်နေသဖြင့် မိစ္ဆာမျိုးနွယ်စု၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ အံ့ဩစရာ မရှိပေ။

မိစ္ဆာမျိုးနွယ်စုက လူသားများ၏ အသွေးအသားကို ဝါးမြို၍ ကျင့်ကြံခြင်းကို အနှစ်သက်ဆုံးဖြစ်ပြီး ကောင်းကင်မိစ္ဆာမျိုးနွယ်စုမှာမူ ထိုထက်ပင် ဆိုးဝါးလှသည်ကို သိထားရမည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စုဝင်များက လူသားများကို ဝါးမြိုပြီးနောက် သူတို့၏ ဝိညာဉ်များကို ခန္ဓာကိုယ်အတွင်းရှိ အထူးနေရာလွတ် တစ်ခုအတွင်း ပိတ်လှောင်ထားတတ်ကြပြီး ချက်ချင်း သန့်စင်လေ့ မရှိပေ။

သူတို့က လူသားဝိညာဉ်များထံမှ အမျိုးမျိုးသော ခံစားချက်များကို ညှစ်ထုတ်ပြီးမှသာ ဝါးမြိုလေ့ရှိကြရာ အလွန်တရာ ကောက်ကျစ်ရက်စက်လှပေသည်။

ရှုချွမ်းက ဤအချက်များကို မြင့်မြတ်နယ်မြေ၏ မှတ်တမ်းများမှ သိရှိခဲ့ရခြင်း ဖြစ်သည်။

စမ်းသပ်မျှော်စင်အတွင်း မိစ္ဆာမျိုးနွယ်စုနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ကတည်းက ရှုချွမ်းက မိစ္ဆာမျိုးနွယ်စုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စုဆောင်းခဲ့သည်။

သူက မိစ္ဆာမျိုးနွယ်စုက တစ်နေ့တွင် သေချာပေါက် ပြန်လည်ပေါ်ထွက်လာလိမ့်မည်ဟု ကြိုတင်အာရုံရနေခဲ့သည်။

ရှုချွမ်းက မိစ္ဆာနယ်မြေ အတွင်း၌ ၎င်းကို မြင်တွေ့ခဲ့ရပြီး ယခုအခါ ဟဲချန်၏ ကိုယ်ပေါ်တွင်ပါ မြင်တွေ့လိုက်ရသဖြင့် သူ၏ ခန့်မှန်းချက်မှာ ပိုမိုခိုင်မာသွားခဲ့ချေပြီ။

...

မျက်တောင်တစ်ခတ်အတွင်း ငါးရက်တာ အချိန် ကုန်လွန်သွားခဲ့သည်။

ဤငါးရက်အတွင်း ကုန်သည်အဖွဲ့က မိုင်ပေါင်းတစ်သောင်းခန့်သာ ခရီးပေါက်ခဲ့သည်။

အကယ်၍ ရှုချွမ်းသာ တစ်ဦးတည်း ခရီးသွားပါက ဤအကွာအဝေးကို သွားရန် နေ့ တစ်ဝက် မျှသာ အချိန်ယူရမည် ဖြစ်သည်။

သို့သော်လည်း ကုန်သည်အဖွဲ့အတွင်း သေမျိုး များ ပါဝင်နေသဖြင့် အလွန်တရာ နှေးကွေးနေခြင်း ဖြစ်သည်။

သို့သော် ကုန်သည်အဖွဲ့ခေါင်ဆောင် ၏ ပြောကြားချက်အရ ဤမျှနှေးကွေးသော်လည်း ခရီးစဉ်၏ ထက်ဝက်ကျော်မှာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

လမ်းခရီးတစ်လျှောက်တွင် ၎င်းတို့က အနည်းဆုံး ဓားပြအဖွဲ့ ၅ ဖွဲ့ခန့်နှင့် ကြုံတွေ့ခဲ့ရပြီး ထို့အပြင် မိစ္ဆာသားရဲများ၏ တိုက်ခိုက်ခြင်းကိုလည်း မကြာခဏ ခံခဲ့ရသည်။

ဤဘေးအန္တရာယ်များကို ကုန်သည်အဖွဲ့ရှိ အစောင့်များက ရှင်းလင်းပေးခဲ့သဖြင့် လူတိုင်းမှာ ဘေးကင်းလုံခြုံစွာဖြင့် ရှေ့သို့ ဆက်လက်ချီတက်နိုင်ခဲ့ကြသည်။

“လင်းရှောင်မြို့ကို သွားရတဲ့ ခရီးစဉ်တိုင်းက တကယ့်ကို အခက်အခဲတွေနဲ့ ပြည့်နှက်နေတာပဲ” ဟဲချန်က မောပန်းစွာ ပြော လိုက်သည်။

သူက နယ်စပ်မှ တောင်ဘက်ဒေသရှိ လင်းရှောင်မြို့သို့ အကြိမ်ပေါင်းများစွာ သွားရောက်ဖူးသော်လည်း တစ်ခေါက်စီတိုင်းတွင် ခရီးသည်တန်းကြီး၏ နောက်ဆုံးဘက်တွင်သာ ရောနှောလိုက်ပါခဲ့ရသဖြင့် အန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ရပြီး အသက်ပျောက်လုနီးပါး အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ရသည်။

သို့သော်လည်း ကံကောင်းစွာဖြင့် နောက်ဆုံးအခိုက်အတန့်တွင် အခွင့်အလမ်းနှင့် တိုက်ဆိုင်မှုများကြောင့် လွတ်မြောက်ခဲ့ရသည်။

ကံမကောင်းသူများသာဆိုလျှင် လမ်းခရီး၌ သေဆုံးသွားခဲ့သည်မှာ ကြာလှပေပြီ။

“မင်းပြောပုံအရဆိုရင် မင်း ဒီလမ်းကို အကြိမ်တော်တော်များများ ဖြတ်သန်းဖူးတာလား” ရှုချွမ်းက လှည့်၍ မေးလိုက်သည်။

“ဟုတ်ပါတယ်” ဟဲချန်က ခေါင်းညိတ်လိုက်ပြီး “ကျွန်တော် အသက် ၁၀ နှစ်အရွယ်ကတည်းက လင်းရှောင်ဂိုဏ်းထဲ ဝင်ချင်ခဲ့တာ၊ ဒါပေမဲ့ တစ်ခေါက်စီတိုင်းမှာ အောင်မြင်မှုမရဘဲ ပြန်လှည့်ခဲ့ရတယ်၊ ဒါက ရှစ်ကြိမ်မြောက် ရှိနေပြီ”

ဤအကြောင်းကို ပြောလျှင် ဟဲချန်မှာ အနည်းငယ် စိတ်ပျက်သွားပုံရသော်လည်း မကြာမီမှာပင် သူ၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။

“ဒီတစ်ကြိမ်တော့ ကျွန်တော် သေချာပေါက် လင်းရှောင်ဂိုဏ်းထဲ ဝင်ခွင့်ရပြီး အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာစေရမယ်”

သာမန်အားဖြင့် ၇ ကြိမ်၊ ၈ ကြိမ်ခန့် ငြင်းပယ်ခံရပါက မည်သူမဆို လက်လျှော့သွားကြမည်ဖြစ်သော်လည်း ဟဲချန်တစ်ဦးတည်းသာ ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောင်းကင်ကြီးကမူ သူ့အား လွယ်လွယ်ကူကူ ဆန္ဒပြည့်ဝခွင့် မပေးလိုသည့်အလားပင်။

ရှုချွမ်းက ဤအခြေအနေအပေါ် မည်သို့ မှတ်ချက်ချရမှန်းမသိသော်လည်း သူ့အား အားပေးစကား ပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ မင်း သေချာပေါက် အောင်မြင်မှာပါလို့ ငါ ယုံကြည်ပါတယ်”

ဤမျှ ခိုင်မာသော စိတ်ဓာတ်ကို မြင်ရသဖြင့် ရှုချွမ်းအနေဖြင့် သူ၏ မျှော်လင့်ချက်ကို မရိုက်ချိုးလိုပေ။

သူတို့နှစ်ဦး စကားစမြည် ပြောနေစဉ် ကုန်သည်အဖွဲ့မှာ ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လက်ရွေ့လျားခဲ့သည်။

သူတို့က တောင်ကြားတစ်ခုအတွင်းသို့ ရောက်ရှိသောအခါ ခေတ္တရပ်နား၍ အစာစားရန် ပြင်ဆင်ကြတော့သည်။

ဟဲချန်သည်လည်း သူနှင့်အတူ ယူဆောင်လာသော ရိက္ခာခြောက်များကို ထုတ်ယူကာ စားသောက်တော့သည်။

ရှုချွမ်းတွင် မည်သည့် အစားအစာမျှ ပါမလာသည်ကို မြင်လျှင် သူ၏ ရိက္ခာခြောက်ထက်ဝက်ကို ရှုချွမ်းအား လှမ်း၍ မျှဝေပေးခဲ့သည်။

“အစ်ကိုရှုချွမ်းမှာ ရိက္ခာခြောက်တွေ ပါမလာတာ ကြည့်ရတာ အလျင်စလို ခရီးထွက်လာပုံရတယ်၊ မရွှံဘူးဆိုရင် ကျွန်တော့်ရဲ့ ရိက္ခာခြောက်ကို စားကြည့်ပါ”

သူက ရှုချွမ်း စားလိမ့်မည်လား မသေချာပေ။

အကြောင်းမူကား ကုန်သည်အဖွဲ့ခေါင်းဆောင် ကို ယွမ်ကျောက်တုံး အမြောက်အမြားပေးကာ ရထားလုံး စီစဉ်ခိုင်းနိုင်သော သခင်လေးတစ်ဦးအနေဖြင့် နေ့စဉ်နှင့်အမျှ အရသာရှိလှသော စားဖွယ်သောက်ဖွယ်များကိုသာ သုံးဆောင်ဖူးလိမ့်မည်ဖြစ်ရာ သူ၏ ရိက္ခာခြောက်ကို မျက်စိထဲ ထည့်လိမ့်မည် မဟုတ်ဟု ထင်နေခြင်း ဖြစ်သည်။

သို့သော်လည်း ရှုချွမ်းက သူ၏ စေတနာကို မငြင်းပယ်ခဲ့ပေ။

သူက ကျင့်ကြံခြင်းနယ်ပယ်အရ အစာမစားဘဲ နေနိုင်စွမ်းရရှိထားသည်မှာ ကြာမြင့်လှပြီဖြစ်၍ အစားအစာ လုံးဝ မလိုအပ်သော်လည်း ပြုံးလျက် ဟဲချန်၏ လက်ထဲမှ ရိက္ခာခြောက်ကို လှမ်းယူလိုက်ပြီး “ကျေးဇူးပဲ... ငါလည်း တော်တော်လေး ဗိုက်ဆာနေတာနဲ့ အတော်ပဲ”ဟု ပြောကာ အားရပါးရ စားလိုက်တော့သည်။

သို့သော်လည်း ကုန်သည်အဖွဲ့ဝင် အားလုံး အစာစားနေကြသည့် အချိန်၌ပင် မူလက သာယာလှပကာ နေရောင်ခြည် တောက်ပနေသော တောင်ကြားအတွင်း၌ ရုတ်တရက် အနက်ရောင် မြူခိုးများ လွှမ်းခြုံလာခဲ့ပြီး တောင်ကြားတစ်ခုလုံး မှောင်အတိ ကျသွားခဲ့တော့သည်။

ဤကဲ့သို့သော ထူးဆန်းသော အခြေအနေကြောင့် ကုန်သည်အဖွဲ့ရှိ သေမျိုး များမှာ စတင်၍ ထိတ်လန့်တုန်လှုပ်လာကြပြီး ခေါင်းဆောင် များနှင့် အစောင့်များမှာလည်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စတင်စစ်ဆေးကြတော့သည်။

သူတို့က ယခုကဲ့သို့ အပြောင်းအလဲမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးသဖြင့် အစွမ်းထက်သော မိစ္ဆာသားရဲတစ်ကောင် တိုက်ခိုက်လာခြင်း ဖြစ်လိမ့်မည်ဟုသာ ထင်မြင်နေကြသည်။

သို့သော်လည်း အမှန်တကယ်တွင်မူ ၎င်းက မိစ္ဆာမျိုးနွယ်စု ဆင်းသက်လာခြင်း၏ ရှေ့ပြေးနိမိတ် ဖြစ်သည်ကို ရှုချွမ်းတစ်ဦးတည်းသာ သိရှိထားခဲ့သည်။

ရှုချွမ်းက ဤအနက်ရောင်မြူခိုးများအတွင်းမှ ရင်းနှီးနေသော မိစ္ဆာချီများကို ခံစားမိလိုက်သည်။

မိစ္ဆာမျိုးနွယ်စုများနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဖူးသဖြင့် သူက ဤချီ ကို အလွန်တရာ ရင်းနှီးကျွမ်းဝင်လှပေသည်။

“သူတို့ ရောက်လာပြီ” ရှုချွမ်းက တိုးညင်းစွာ ပြောလိုက်၏။

“ဘာလဲ”

ဟဲချန်က ခေါင်းကို လှည့်၍ ရှုချွမ်းအား ဇဝေဇဝါဖြင့် ကြည့်လိုက်ရာ ရှုချွမ်း မည်သည့်အရာကို ပြောနေသည်ကို နားမလည်ပေ။

ဤအနက်ရောင်မြူခိုးများ ပေါ်ထွက်လာခြင်းက သူ့အား အနည်းငယ် စိုးရိမ်ပူပန်စေသဖြင့် သူက ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများအပေါ် အလွန်တရာ ထိလွယ်ရှလွယ် ဖြစ်နေခဲ့သည်။

သို့သော် ရှုချွမ်းက သူ့ကို ပြန်ဖြေခြင်း မရှိဘဲ ဝေးကွာသော ကောင်းကင်ယံကိုသာ စိုက်ကြည့်နေခဲ့သည်။

သူက မိစ္ဆာမျိုးနွယ်စု ပေါ်ထွက်လာသည်ကို ခံစားမိလိုက်ပြီ ဖြစ်ရာ ၎င်းက ဟဲချန်၏ ဇာတ်ညွှန်းအတွင်းရှိ မိစ္ဆာမျိုးနွယ်စုဝင် ကောင်းကင်မိစ္ဆာဖြစ်ပေလိမ့်မည်။

သူတို့က လူသားများကို လှည့်ဖြားခြင်း၊ ပုံရိပ်ယောင် များအတွင်းသို့ ဆွဲသွင်းခြင်းနှင့် ၎င်းနောက် အသွေးအသားနှင့် ဝိညာဉ်များကို ဝါးမြိုခြင်းတို့တွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။

ဤကောင်းကင်မိစ္ဆာ၏ စွမ်းအားမှာ ကမ္မနယ်ပယ် အဆင့် ၆ ခွန်အားနှင့် ညီမျှပေသည်။

အကယ်၍ ရှုချွမ်းသာ ဤနေရာတွင် ရှိမနေခဲ့ပါက ယနေ့တွင် ဟဲချန်မှလွဲ၍ ဤတောင်ကြားအတွင်းရှိ လူသားအားလုံးမှာ သေချာပေါက် သေဆုံးကြရပေလိမ့်မည်။

“ဟီးဟီး... ဘယ်လောက်တောင် အရသာရှိမယ့် လူသားအသွေးအသားတွေလဲ၊ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ဝိညာဉ်တွေလဲ”

“ငါ အပြင်ကို ထွက်လာတာနဲ့ ဒီလို အသီးအပွင့်တွေ ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”

“ကောင်းကင်ကြီးက ငါ့ကို တကယ်ပဲ ကူညီပေးနေတာပဲ”

အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသော ကောင်းကင်ယံထက်တွင် အနက်ရောင်မြူခိုးများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် နားမခံသာသော ရယ်မောသံကြီးတစ်ခုကို ထုတ်ဖော်လိုက်ရာ ကုန်သည်အဖွဲ့ဝင် အားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။

“အားလုံး ပြေးကြတော့”

“ဒါက မိစ္ဆာမျိုးနွယ်စုပဲ”

ကုန်သည်အဖွဲ့အတွင်း၌ သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသော လူအချို့ ရှိနေကြသေးသည်။

ကောင်းကင်မိစ္ဆာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့က ချက်ချင်း တုံ့ပြန်မိသွားကြပြီး ခရီးသည်တန်းကြီးထံသို့ အော်ဟစ်သတိပေးလိုက်ကြသည်။

ထိုလူ၏ သတိပေးချက်ကြောင့် လူတိုင်း ချက်ချင်းပင် သိသွားကြတော့သည်။

“ပြေးကြ”

သူတို့က မိစ္ဆာမျိုးနွယ်စုများကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း မိစ္ဆာမျိုးနွယ်စုများ၏ ရက်စက်ကြမ်းကြုတ် မှုကိုမူ ကြားဖူးကြသည်။

ယခုအခါ မိစ္ဆာမျိုးနွယ်စု ပေါ်ထွက်လာပြီဖြစ်ရာ သူတို့၏ နှလုံးသားအတွင်း၌ ထွက်ပြေးရန်ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။

တောင်ကြားတစ်ခုလုံးမှာ ခဏချင်းအတွင်း ကယောက်ကယက် ဖြစ်သွားခဲ့တော့သည်။

“အစ်ကိုရှုချွမ်း... ကျွန်တော်တို့လည်း ပြေးကြရအောင်”

ဟဲချန်က ရှုချွမ်းကို စိုးရိမ်တကြီး ပြောလိုက်သည်။

မိစ္ဆာမျိုးနွယ်စု ပေါ်ထွက်လာခြင်းမှာ မည်သူမျှ မမျှော်လင့်ထားသော ကိစ္စ ဖြစ်ပေသည်။

All Chapters