← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

Chapter 181

စုယွမ် ကြောင်အသွားရသည်။

“ဘယ်တုန်းက ငါ့ကျော်ကြားမှုမှတ်က ဒီလောက်များသွားတာလဲ။”

စုယွမ် စိတ်အာရုံစွမ်းရည်ကို ဖွင့်လိုက်၏။

သူ နေရာပေါင်းစုံမှ သူ့အကြောင်းပြောနေကြတာကို မြင်လိုက်ရပြီး အရေအတွက်မှာ များလွန်းလှသဖြင့် စုယွမ်တောင် ထိတ်လန့်သွားရပေသည်။

သူ ချက်ချင်း ထိုမြင်ကွင်းများထံ ဝင်ကြည့်လိုက်၏။

မြင်ကွင်းများစွာမှာ သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။

သာမာန်လက်ဖက်ရည်ဆိုင်လေးတစ်ခုတွင် ကျင့်ကြံသူတစ်ဦးက အံ့ဩတကြီး ဆိုလာသည်။

“မင်း အတည်ပြောနေတာလား။ အဲ့ဒီခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့ဆက်ခံသူအရှင်က အဆင့်သုံးကောင်းကင်ဘုံအတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့တာတဲ့လား။”

“အမှန်ပဲတဲ့။ အဲ့ဒီအချိန်တုန်းက အဆင့်သုံးအတိဒုက္ခရဲ့မိုးကြိုးတိမ်တွေဆိုတာ ဟိုးမိုင်ပေါင်းထောင်ချီကတောင် လှမ်းမြင်ရတယ်ဆိုပဲ။ ကျင့်ကြံသူတော်တော်များများတောင် မှတ်တမ်းတင်ကျောက်တုံးနဲ့ ဖမ်းယူထားသေးတယ်။ သက်သေနဲ့တကွကို ရှိတာကွာ။”

“ဒါပေမဲ့ အဲ့ဒါက ဆက်ခံသူအရှင်မဟုတ်တာလည်းဖြစ်နိုင်တာပဲ။”

“မင်းက ငတုံးလား။ အဲ့ဒီအချိန် ဆက်ခံသူအရှင်ကလွဲပြီး ဘယ်သူက အဆင့်သုံးအတိဒုက္ခကို ခံနိုင်ဦးမှာလဲ။”

တစ်နေရာရှိမဟာနတ်ဆိုးဂိုဏ်းကလူကလည်း သက်ပြင်းချလာသည်။

“မဟာဝိညာဉ်အရှင်သေဆုံးသွားတာကိုလည်း အတည်ပြုလိုက်ပြီတဲ့။ သတ်တဲ့သူကလည်း အဲ့လူပဲ။ တွေးတောင်တွေးကြည့်လို့မရပါဘူးကွာ။ အခုမှ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကို တက်သွားတဲ့လူက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နှောင်းပိုင်းကို သတ်သွားရတယ်လို့။ ဒါကြီးက မလွန်လွန်းဘူးလား။”

ဘေးရှိတစ်ယောက်ကလည်း ချက်ချင်း အော်ဟစ်လာ၏။

“သူ့အကြောင်းမပြောနဲ့။ မြန်မြန်ပါးစပ်ပိတ်ကြစမ်း။”

ထိူလူ၏မျက်နှာမှာ ပြောင်းလဲသွားပြီး ချက်ချင်း နှလုံးသန့်စင်ဂါထာကို ရွတ်ကာ အတွေးများကို ရှင်းလင်းလိုက်၏။

ထိုသို့ဖြင့် မြင်ကွင်းက ပြီးဆုံးသွားလေသည်။

စုယွမ် တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာရ၏။

သူ အဆင့်သုံးအတိဒုက္ခကို ကျော်လွှားနိုင်ခဲ့သည့်အကြောင်းကလည်း ပျံ့နှံ့သွားရသလို ထျန်လင်းရှန်ရန်ကိုသတ်လိုက်တာလည်း ပေါ်သွားသည့်ပုံပေ။

ထို့ကြောင့် သူ့ကျော်ကြားမှုမှတ်များက ပမာဏတစ်ခုအထိ လွန်စွာမြင့်တက်နေခြင်းဖြစ်ရမည်။

စုယွမ်လည်း တကယ်တော့ ထိုအကြောင်းကို ယခင်ကတည်းက တွေးထားခဲ့ပြီးသားဖြစ်သည်။ ခုနစ်စဉ်ကြယ်ဂိုဏ်းဆိုသည်မှာ ပုံမှန်ကတည်းက လူအများကြီးထံမှစောင့်ကြည့်ခံနေရရာ အဆင့်သုံးရှိကောင်းကင်ဘုံအတိဒုက္ခလို ကိစ္စရပ်ကြီးဆိုလျှင်တော့ မည်သို့ဖုံးကွယ်နိုင်ဦးပါမည်နည်း။

ထျန်လင်းရှန်ရန်ကိစ္စကတော့ လူတွေဘယ်လိုသိသွားလဲဆိုတာ သူလည်း မမှန်းတတ်ပါချေ။

သူ 【အန္တာရယ်ကျချိန်တိုးတက်မှု】ကိုကြည့်လိုက်ရာ မည်သည့်အချက်ပေးမှုမှ မရှိလေသည့်အတွက် သူ့စိတ်နှလုံးလည်း တည်ငြိမ်သွားရသည်။

ဤစွမ်းရည်က သူ့ကို အလွန်စိတ်အေးစေပေသည်။

ထို့ကြောင့် သူလည်း ပါရမီစွမ်းရည် ခုနစ်ကို စိတ်ထဲက နှိပ်လိုက်၏။

စာကြောင်းသုံးကြောင်းမှာ ပေါ်လာခဲ့သည်။

【ကမ္ဘာလှည့်သွားလာသူ】: သင်က တိုက်ကြီး၏အဆုံးကို ရောက်ရှိသွားပြီး ရှေ့ဆက်ရန်လမ်းကလည်း မရှိတော့သည်ကို တွေ့ရလိမ့်မည်။ ထိုအခါက သင့်တွင် မတော်တဆဉာဏ်အလင်းပွင့်သည့်စွမ်းရည်တစ်မျိုးရရှိသွားပြီး လောကများကြား သွားလာကျင်လည်နိုင်ပေမည်။

【ကောင်းကင်ကိုယ်စားပြု】: သင်က တိုက်ကြီး၏အဆုံးကို ရောက်ရှိသွားပြီး ရှေ့ဆက်ရန်လမ်းကလည်း မရှိတော့သည်ကို တွေ့ရလိမ့်မည်။ သင်က ကောင်းကင်နှင့်မြေကြီးဆန္ဒကို နားလည်သွားပြီး ဤလောကမှ ကောင်းကင်တာအို၏ကိုယ်စားလှယ်ဖြစ်လာကာ ကောင်းကင်နှင့်မြေကြီးနှင့်အတူရှင်သန်ရင်း အသက်ဘဝကိုလည်း မျှဝေခံစားလာနိုင်လိမ့်မည်။

【ကောင်းကင်သူခိုး】: သင်က တိုက်ကြီး၏အဆုံးကို ရောက်ရှိသွားပြီး ရှေ့ဆက်ရန်လမ်းကလည်း မရှိတော့သည်ကို တွေ့ရလိမ့်မည်။ ထိုအခါ သင်က ကောင်းကင်ဘုံနတ်ဆိုးဟူသော ဂုဏ်ပုဒ်ကို ရပြီး ကောင်းကင်နှင့်မြေကြီးရှိ ကံကောင်းမှုများကို ဖမ်းယူနိုင်ကာ မိမိကိုယ်ကို အားဖြည့်ရင်း ကောင်းကင်နှင့်မြေကြီးကြားရှိလောကများကို တိုက်ခိုက်နိုင်လာလိမ့်မည်။

စုယွမ်လည်း ထိုစွမ်းရည် သုံးခုကို ကြည့်ရင်း မျက်မှောင်ကြုတ်မိသွား၏။

သူက တိုက်ကြီးရဲ့အဆုံးကိုရောက်သွားပြီလား။ စင်စစ်တွင် မဟုတ်ပါပေ၊ သူက ယခုမှ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ရှိသေးပြီး ရှေ့တွင်လည်း ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နှင့် လေဟာနယ်အဆင့်တို့ ကျန်သေးပေသည်။ အဆုံးအထွဋ်အထိပ်ရောက်သည်ဟုပြောရပါလျှင် အနည်းဆုံး လေဟာနယ်အဆင့်တော့ရှိရဦးမည်ပေ။

ဒီစွမ်းရည်မှ သူ လေဟာနယ်အဆင့်လိုမျိုး ထိပ်ဆုံးကိုရောက်သွားချိန်ကို ကြိုတင်ခန့်မှန်းသလိုဖြစ်နေပေ၏။

လက်ရှိတွင်တော့ သူက လိုသေးသည်လေ။

သို့သော် ထိုသည်ကအရေးမကြီး၊ အရေးကြီးသည်မှာ ယခုတစ်ခေါက်စွမ်းရည်များဖြစ်၏။

၎င်းတို့က လွန်စွာထူးဆန်းနေပေသည်။

တစ်ခုက သူ့ကို ဤလောက၏စောင့်ရှောက်သူလုပ်ခိုင်းပြီး တစ်ခုကတော့ ရန်ရှာသူလုပ်ခိုင်းသည်။ ကျန်တစ်ခုကတော့ သူ့ကို လောကများအကြားလှည့်လည်သွားလာခွင့်ကိုပေး၏။

ဝန်ခံရပါလျှင် စုယွမ်တွင် စောင့်ရှောက်သူရော၊ ဖျက်စီးသူပါဖြစ်လာရန်ကို စိတ်မဝင်စား၊ နှစ်ခုလုံးကို အင်မတန်အန္တာရယ်များသည်လေ။

ထို့ကြောင် ဤတစ်ကြိမ်တွင်တော့ စုယွမ်လည်း အများကြီးမတွေးတော့ဘဲ 【ကမ္ဘာလှည့်သွားလာသူ】ကိုသာ ရွေးလိုက်တော့၏။ သူ ထိုစွမ်းရည်ကို သိမ်းထားလိုက်မည်ပေ။ အကယ်၍ အန္တာရယ်ကြီးကြီးသာကြုံလာရလျှင်တော့ သူလည်း စွမ်းရည်ကို အသက်သွင်းကာ ထွက်ပြေးလာပေမည်။

【ကမ္ဘာလှည့်သွားလာသူ】စွမ်းရည်က စနစ်မျက်နှာပြင်ပေါ်ဝင်ရောက်လာချိန်တွင် စွမ်းရည်တော်တော်များကလည်း ချက်ချင်း တောက်ပလာလေ၏။

【စိတ်အာရုံ】၊【အန္တာရယ်ကျချိန်တိုးတက်မှု】၊ 【ခုနစ်စဉ်ကြယ်】နှင့်【ကမ္ဘာလှည့်သွားလာသူ】 တို့အားလုံး တောက်ပလာသည်။

သူ အရင်ဆုံး စိတ်အာရုံစွမ်းရည်ကို ဖွင့်ကြည့်လိုက်၏။

သူ စွမ်းရည်ကိုအသက်သွင်းလိုက်ချင်းချင်း သူ၏အသိစိတ်ပင်လယ်တစ်ဝက်မှာ 【ကမ္ဘာလှည့်သွားလာသူ】ကိုပါ အလိုအလျောက်အသက်သွင်းမိသွားသည်။ ထို့နောက် အားကောင်းသောနေရာကူးပြောင်းစွမ်းရည်တစ်ခုက သူ့အသိစိတ်ပင်လယ်တစ်ဝက်ကို စုပ်ယူကာ အဝေးကလောကတစ်ခုဆီသို့ ပို့လိုက်၏။

သူ့အသိစိတ်ပင်လယ်ရှင်းလင်းသွားသောအချိန်တွင် ငုံ့ကြည့်လိုက်ရာ ရွှေရောင်နဂါးတစ်ကောင်မှာ သွေအိုင်ထဲ ရုန်းကန်နေရတာကို မြင်လိုက်ရသည်။ အနီးအနားတွင်တော့ နဂါးမျိုးနွယ်မှ နဂါးများစွာရှိပြီး ၎င်းတို့က အတောင်ပံဖြူဖြူရှိသည့်ငှက်ကြီးများနှင့် တိုက်ခိုက်နေတာကို မြင်လိုက်ရ၏။

စုယွမ် အပေါ်ကို မော့ကြည့်လိုက်တော့ ကောင်းကင်တွင် နေမင်းသုံးခုရှိနေပြီး ခုနစ်စဉ်ကြယ်ကလည်း ဝေဟင်ထက် လင်းလက်နေဆဲဖြစ်တာကို တွေ့ရသည်။ ခုနစ်စဉ်ကြယ်က နေ့အချိန်တွင်တောင် အလွန်လင်းလက်နေပြီး ချင်းခယ်ကုန်းမြေကထက် အများကြီးပိုလင်း၏။

အဝေးတွင်မူ တောင်တန်းကြီးများ၊ သစ်ပင်ကြီးများက မိုးထိုးနေပြီး ထူထပ်သိပ်သည်းလှသောချီစွမ်းအင်က တောင်တန်းများအကြား ရစ်ဝဲနေ၏။ အင်အားကြီးသားရဲများ၏မြည်ဟီးသံမှာ အဝေးမှာပင် ပျံ့လွှင့်လာပြီး ကြားရသူရင်ကို တုန်ယင်သွားစေပေသည်။

စုယွမ် ထပ်ငုံ့ကြည့်လိုက်သည်၊ ရွှေရောင်နဂါးမှာ ယခင်ထက် များစွာကြီးမားနေလင့်ကစား သူ ရင်းနှီးနေသလိုခံစားလိုက်ရသည်။

“သုံးဆယ့်ခြောက်လေးလား။”

စုယွမ်ကလည်း အံ့ဩတကြီး ကြယ်စွမ်းအင်၏အကူအညီဖြင့် ထုတ်ပြောလိုက်သည်။

ရွှေရောင်နဂါးကြီးမှာ ခေါင်းကို အနိုင်နိုင်မော့လာပြီးဘေးပတ်လည် ကြည့်လာ၏။

“သခင်လား။”

All Chapters