အခန်း ၁၈၂
Vol. 19 Ch. 182
Chapter 182: မသေမျိုးနယ်မြေကိုရောက်ရှိခြင်း။
စုယွမ်တစ်ယောက် တောင်ပံကြီးကြီးငှက်ဖြူကြီးကိုတိုက်ခိုက်နေသောအခြားသောနဂါးများကိုကြည့်လိုက်သည်။ အနှီနဂါးများအားလုံးမှာနဂါးအဖြစ်ပြောင်းသွားသော ဝိညာဉ်ငါးလေးများဖြစ်နေကြသည်လေ။
သူတို့၏အရှိန်အဝါမှတဆင့် ထောက်လှမ်းကြည့်လိုက်တော့ အနှီသူအားလုံးက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကို ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။
ဤသို့သောတိုးတက်မှုနှုန်းမှာ သူ့ထက်တောင် မြန်နေသည်ပင်။
သူလည်း တောင်ပံကြီးကြီးငှက်ဖြူကြီးကိုကြည့်လိုက်ရာ ထိုငှက်ကလည်း ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ယောင်မိစ္ဆာသားရဲဖြစ်နေတာကိို တွေ့လိုက်ရသည်။ သို့လင့်ကစား ဥာဏ်ရည်မှာ အလွန်နိမ့်ပါးဟန်ရပြီး မျက်လုံးများထဲ ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်သာ ကြီးစိုးနေလေသည်။
ဤသည်မှာ ချင်းခယ်ကုန်းမြေတွင်တော့ အလွန်တွေ့ရခဲသောမြင်ကွင်းပါပေ။ ချင်းခယ်ကုန်းမြေတွင်တော့ ယောင်မိစ္ဆာသားရဲတစ်ကောင်က ရွှေအမြုတေအဆင့်ရောက်သည်နှင့် ထိုသူတို့၏ဥာဏ်ရည်မှာ လူသားမျိုးနွယ်နီးပါးဖြစ်သွားပြီး အချို့ဆိိုလျှင် လူပုံစံပါ အသွင်ပြောင်းနေနိုင်ပေသည်။
သို့သော် ဤဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဝိညာဉ်သားရဲများကတော့ ယခုထိတိုင် ဥာဏ်ရည်မဖွံ့ဖြိုးသေးမည်ဖြစ်ကြောင်း ထင်မထားပါပေ။
စုယွမ်လည်း ကြယ်စွမ်းအင်ပုံရိပ်တစ်ခုကိုဖွဲ့စည်းလိုက်ပြီး ရယ်မောကာ မေးလိုက်၏။
“သုံးဆယ့်ခြောက်လေး၊ မင်း အန္တာရယ်တွေ့နေတာလား၊ အကူအညီလိုသေးလား။”
“သခင်။”
သုံးဆယ့်ခြောက်လေးမှာ တုန်ရီသွားတော့သည်။ သူဟာ တကယ်ကြီး စုယွမ်၏ပုံစံကိုမြင်လိိုက်ရချိန်တွင် လုံးဝကြောင်အသွားရတာဖြစ်၏။ သို့သော် သူမြန်မြန်ပဲ အသိပြန်ဝင်လာပြီးခေါင်းအသွင်သွင်ညိတ်တော့သည်။
“သခင်၊ ကျွန်တော်တို့ကို မြန်မြန်ကူညီပေးပါဦး။ ဒီငှက်ဆိုးကောင်က ရူးနေပြီ။”
စုယွမ် ခေါင်းညိတ်လိုက်သည်။
သူ ခုနစ်စဥ်ကြယ်ကိုမော့ကြည့်လိုက်၏။
ဤနေရာတွင် ကန့်လန့်ကာကို ဖယ်လိိုက်သည့်အတိုင်း သူ ခုနစ်စဥ်ကြယ်နှင့်ဆက်သွယ်ရတာပိုရှင်းလင်းလွယ်ကူသလိုခံစားလိုက်ရသည်။
ထို့သည်သာမက သူ အသုံးပြုရသည့် ချီစွမ်းအင်ကလည်း ချင်းခယ်ကုန်းမြင့်ထက် ပို၍များစွာ ပေါကြွယ်ဝလေ၏။ စင်စစ်တွင် အခြေအနေများက ပိုကောင်းလာသည်ဖြစ်ရာ ပစ်လွှတ်လိုက်သည့်နတ်ဘုရားစွမ်းအင်၏ခွန်အားကလည်း ပိုအားကောင်းသင့်သော်ငြား ဤနေရာတွင် လော
ကနယ်မြေမှာ တည်ငြိမ်လွန်းပေရာ အသံနှင့်အရိပ်စွမ်းအင်က အားနည်းနေပေသည်။
ခြံဝန်းနံပါတ်ခြောက်ရှိ စုယွမ်၏ပင်မခန္ဓာကိုယ်ကလည်း မန္တန်များကိုစတင် အသက်သွင်းလေပြီ။ ဝေဟင်ကမ္ဘာပန်းကန်းလုံးကလည်း ဆဌမအဆင့်ရှိသည့်ခုနစ်စဥ်ကြယ်စင်မြင့်အဖြစ်ပြောင်းသွားရာ ခုနစ်စဥ်ကြယ်နှင့်ချိတ်ဆက်မှုက များစွာပို၍ခိုင်မာလာလေသည်။
စုယွမ်လည်း စိတ်ဝိညာဥ်စွမ်းအင်ကို လည်ပတ်ရွေ့လျားစေလိုက်၏။ သူ၏စိတ်ဝိညာဥ်ကို ကြယ်စွမ်းအင်ဥပဒေနှင့်ချိတ်ဆက်လိုက်ပြီး 【ခုနစ်စဉ်ကြယ်ဒြပ်စင်မိုးကြိုးဓါး】ကို လွှင့်လိုက်၏။
ကြယ်စွမ်းအင်များမှာ စင်မြင့်မှထိုးတက်သွားပြီး ကောင်းကင်သို့ပြေးဝင်ကာ အကြွင်းအကျန်ပင်မရှိဘဲ ပျောက်ကွယ်သွား၏။
စုယွမ်တော့ဖြင့် သူ၏တိုက်ခိုက်မှုက လောကများကိုပါ ကျော်လွှားကာ ရောက်ရှိမလားမသေချာပါပေ။
အကယ်၍ ရောက်ရှိနိုင်ပါက ကိစ္စတစ်ခုကိုသက်သေပြပြီးသားဖြစ်သွားမည်ပေ၊ ဤကမ္ဘာရှိခုနစ်စဥ်ကြယ်နှင့် အနှီကမ္ဘာရှိခုနစ်စဥ်ကြယ်တိို့က တစ်ခုတည််းဟူသောအချက်ပင်။ ခုနစ်စဥ်ကြယ်၏အနေအထားမှာလည်း နေရာတစ်ခုအထိရှိကာ ခွန်အားကလည်း အဆမတန်ကြီးမားလှသည်ဟူ၍ဖြစ်ပေ၏။
စက္ကန့်ဒါဇင်လောက်ကြာပြီးချိန်တွင် စုယွမ် မန္တန်ကိုအသက်သွင်းတာလည်း ပြီးမြောက်သွားခဲ့သည်။
စုယွမ်ပင်မကိုယ်ပေါ်ရှိခုနစ်စဥ်ကြယ်မှာ တဖြတ်ဖြတ်လင်းရင်း ထို့နောက်တွင် လုံးဝတိတ်ကျသွား၏။
တစ်ချိန်တည်းတွင်ပင် အခြားကမ္ဘာ၌ စုယွမ်၏စိတ်အာရုံစွမ်းရည်အထက်တွင် ခုနစ်စဥ်ကြယ်က ရုတ်ချည်း အလွန်လင်းလက်လာလေသည်။
ကြယ်အလင်းတိို့က စုယွမ်၏အသိစိတ်အာရုံနားရောက်သွားချိန်တွင် အလိုအလျောက် ဘေးပတ်လည်ရှိချီစွမ်းအင်နှင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကိုစုပ်ယူကာ ခုနစ်စဥ်ကြယ်အလင်းကိုပို၍ထက်ရှလာစေလေသည်။
ထိုငတုံးငှက်တွင်လည်း ယောင်သားရဲတို့၏အလိုအလျောက်သတိစိတ်ရှိသည့်ပုံပေ။ အန္တာရယ်ကို အာရုံခံမိသွားပုံဖြင့် သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်မှာ အနည်းငယ်လျော့ကျသွားလေ၏။ အနှီမျက်ဝန်းကြီးများထဲ ကြည်လင်မှုအနည်းငယ်ပြန်ပေါ်လာပြီး ဘေးပတ်လည်ကို လိုက်လံစစ်ဆေးတော့သည်။
သို့သော်လည်း ၎င်းမှာ အန္တာရယ်က ကောင်းကင်က ကျရောက်လာတာကို သတိမမူမိသေး။
အနီးအနားရှိ နဂါးများကတော့ ငတုံးမဟုတ်ကြလေရာ အကူအညီရောက်လာတာမြင်သည်နှင့် ချက်ချင်း အနှီငှက်ငတုံးအာရုံလွဲသွားအောင် တိုက်ခိုက်ကြတော့သည်။
ငှက်ငတုံးမှာ ဒေါသအလွန်ထွက်သွားပြီး ချက်ချင်း ပြန်တိုက်ခိုက်ရန်ပြင်တော့၏။
သို့သော် ထိုအချိန်လေးမှာပင် စုယွမ်၏တိုက်ခိုက်မှုက ကျရောက်လာလေပြီ။
ခုနစ်စဥ်ကြယ်ဓါးအလင်းတို့ကား အလင်းအလျင်ဖြင့် အဖြူရောင်ဧရာမငှက်ကြီးကို အားဖြင့်ဝင်စိုက်တော့သည်။ ကြီးမားလှသော ဓါးရှည်ခုနစ်ချောင်းက ဧရာမငှက်ဖြူကြီး၏ကိုယ်ထဲစိုက်ဝင်ကာ မြေပြင်တွင် တွယ်ညှိသွားတော့သည်။
ထို့နောက် မရေတွက်နိုင်သောမိုးကြိုးအချက်ရေတို့မှာ ဓါးကိုယ်ထည်မှ ထွက်လာကြလေသည်။ သတ္တု၊သစ်သား၊မီးနှင့်မြေစွမ်းအင်စသဖြင့် အမျိုးမျိုးသောစွမ်းအင်များမှာ ပေါက်ကွဲထွက်သွားလေ၏။ ဤသို့ဖြင့် ဓါးချီတို့မှာ ဧရာမငှက်ကြီး၏ကိုယ်ထဲထိုးဝင်ရင်း ပြင်းထန်စွာပေါက်ကွဲလာကြ၏။ တစ်ချိန်တည်းတွင် ကောင်းကင်ရှိခုနစ်စဥ်ကြယ်တို့ကလည်း စဥ်ဆက်မပြတ် စွမ်းအင်တိုးထောက်ပံ့ပေးနေကြလေသည်။
ဧရာမငှက်ဖြူကြီးမှာ သနားချင့်စဖွယ်ငိုသံကြီးဟစ်ကြွေးလာ၏။ ၎င်း၏အင်အားကောင်းလှသောအသက်စွမ်းအင်ကလည်း တစ်ခဏချင်းတွင်း တစ်ဝက်လောက်ကုန်ခမ်းသွားလေသည်။ ဓါးရှည်တို့၏ဆက်တိုက်အဖျက်စွမ်းအင်တို့ကြားတွင် မကြာသေးခင်မှာတင်သေလုနီးပါးအနေအထားထိ ရောက်ရှိသွားရ၏။
ငှက်ကြီး၏မျက်ဝန်းထဲရှိကြည်လင်မှုမှာ တစ်ဝက်လောက်ပြန်ရလာချေပြီ။ ၎င်းမှာ စုယွမ်၏ပုံရိပ်ယောင်ကိုကြည့်ရင်း ကြောက်ရွံ့မှုအပြည့်နှင့် သက်ညှာပေးရန် ငိုကြွေးနေလေတော့သည်။
【ဒင်၊ကျော်ကြားမှုအမှတ်+0.08】
【ဒင်၊ကျော်ကြားမှုအမှတ်+0.07】
【ဒင်၊ကျော်ကြားမှုအမှတ် +0.07】
【ဒင်၊သက်တမ်း+700】
【ဒင်၊သက်တမ်း+871】
အသိပေးသံဆက်တိုက်မှာ စုယွမ်နားထဲဝင်ရောက်လာ၏။
သူ၏သက်တမ်းမှာ နှစ်ရှစ်ထောင်လောက်တိုးသွားပြန်လေပြီ။ သို့သော် သူ၏ကျော်ကြားမှုအမှတ်ကတော့ တစ်မှတ်သာတိုးသွားပါလေ၏။
စုယွမ် စနစ်မျက်နှာပြင်ကိုကြည့်လိုက်သည်။
【အမည်】: စုယွမ်။
【နယ်မြေ】: မသေမျိိုးနယ်မြေ။
【အဆင့်】: သိသူမရှိသေး (0.5/100)
【ကျင့်ကြံမှုအဆင့်】: ရွေအမြုတေအဆင့်ထိပ်ဆုံး(99/100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၇ရက်။
【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာဝ။
【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။
【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။
【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်။
【ပါရမီစွမ်းရည်ခြောက်】: အန္တာရယ်ကျချိန်တိုးတက်မှု။ သက်တမ်း: 100894နှစ်။
【ပါရမီစွမ်းရည်ခုနစ်】:ကမ္ဘာလှည့်သွားလာသူ။
【ပါရမီစွမ်းရည်ရှစ်】: မဖွင့်လှစ်သေး။
စုယွမ် အတွေးထဲနစ်မြုပ်သွား၏။
သူ အတွေးနက်နေစဥ် ငှက်ကြီးကတော့ နောက်ဆုံးတစ်ချက် အသက်ရှိုက်သွားလေပြီ။
“သခင်။”
နဂါးခုနစ်ကောင်မှာ သူ့ဘေးစုဝေးလာပြီး အရိုအသေပြုလာကြလေ၏။
နဂါးတစ်ကောင်ချင်းစီမှာ မီတာခုနစ်ဆယ်၊ရှစ်ဆယ်လောက်ရှည်လျားပြီး အလွန်ကြီးကျယ်ခမ်းနားနေလေသည်။
သို့သော် စုယွမ် ယခု အနီးကပ်ကြည့်မိတော့မှ အနှီနဂါးမျာ့အားလုံးက အရွယ်မရောက်ကြဘဲ နဂါးငယ်လေးများအဆင့်သာဖြစ်နေကြောင်း သိလိုက်ရသည်။
စုယွမ် သူတို့ကိုယ်ပေါ်ရှိ ဒဏ်ရာများကို တွေ့လိုက်၏။
သူလည်း ချက်ချင်း လက်ဆန့်၍ အချက်ပေးလိုက်ရာ ကောင်းကင်ရှိကြယ်အလင်းမှာ နဂါးများအပေါ်ဖြာကျလာရာ ဒဏ်ရာများကလည်း ကောင်းမွန်လာရ၏။
စုယွမ်လည်း ထိုအခါမှကျေနပ်စွာပြုံး၍ မေးလိုက်သည်။
“မင်းတို့လက်ရှိအခြေအနေကဘယ်လိုလဲ။ ဘာလို့ အဲ့ဒီငှက်နဲ့တိုက်ခိုက်နေတာလဲ။ မင်းတို့က နဂါးဝင်ပေါက်ကနေရောက်သွားတာမဟုတ်ဘူးလား။”
သုံးဆယ့်ခြောက်လေး၏နဂါးမျက်နှာပေါ်တွင် စိတ်ဓာတ်ကျမှုတစ်ရပ်ပေါ်ပေါက်လာလေသည်။