အခန်း ၁၈၃
Vol. 19 Ch. 183
Chapter 183
“ကျွန်တော်တို့လည်းမသိတော့ပါဘူး။ နဂါးဝင်ပေါက်ထဲကထွက်ပြီးပြီးချင်း တောနက်ကြီးထဲရောက်သွားတာပဲ။ ဒီမှာက အင်အားကြီးယောင်မိစ္ဆာတွေအများကြီးပဲ။ ကျွန်တော်တို့လည်း ဒီနှစ်တွေထဲ ပုန်းရင်းကွယ်ရင်းပဲနေခဲ့ရတာ၊ နောက်ဆုံး တောင်တစ်လုံးမှာ အခြေချမယ်လည်းကြံရော ဒီငှက်က ဘယ်ကထွက်လာမှန်းမသိဘဲ ကျွန်တော်တို့ကို အသေအကြေတိုက်ခိုက်တော့တာပဲ။”
အခြားနဂါးများကလည်း ခေါင်းညိတ်လာရင်း အလွန်သနားစရာကောင်းနေဟန်ရှိသည်။
စုယွမ်၏နှုတ်ခမ်းထောင့်မှာ တွန့်သွားရသည်။ ထို့နောက် သူ မေးလိုက်၏။
“မင်းတိို့ကျင့်ကြံဆင့်ကရော ဘယ်လိုလုပ်ဒီလောက်မြန်မြန်မြင့်သွားတာလဲ။”
“ကျင့်ကြံဆင့်လား။ အဲ့ဒါကျွန်တော်လည်း နားမလည်ဘူး၊ အခု ကျွန်တော်တို့က ဒုတိယအဆင့်လား။”
ရွှေနဂါးတစ်ကောင်က ရှုပ်ထွေးစွာမေးလာသည်။
“ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ပဲ။ပုံမှန်စံနှုန်းအတိုင်းဆိုရင်တော့ မင်းတို့က ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ပဲ၊ ချင်းခယ်ကုန်းမြေမှာဆိုရင် ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည်လို့ပြောလို့ရတယ်။”
“ဟမ်၊ ထိပ်တန်းတိုက်ခိုက်ရေးတဲ့လား။ ဒီမှာတော့ ကျွန်တော်တို့မှာ အကုန်လုံးပေါင်းတောင် မသေရုံတမယ်ပဲ။”
သုံးဆယ့်ခြောက်လေးက ဆက်ပြောလာသည်။
“ကျွန်တော်တို့နဂါးဝင်ပေါက်ကိုဖြတ်ပြီးတာနဲ့ ကျင့်စဥ်တစ်ခုက အလိုလိုကျွန်တော်တို့ဆီရောက်လာတာပဲ။ အဲ့ဒီထဲပြောထားတာက ကျွန်တော်တိုု့သာ ကျင့်စဥ်ကိုပိုင်နိုင်ခဲ့ရင် နဂါးမျိုးနွယ်ဆီပြန်လို့ရမယ်တဲ့။ နောက်ပြီး စုစုပေါင်း အဆင့်လေးဆင့်ရှိတယ်တဲ့၊ ချီရအောင်သန့်စင်တာ၊ ချီသန့်စင်တာကနေ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်၊ ပြီးရင် လေဟာနယ်အဆင့်နဲ့ တာအိုကွဲကြေခြင်းအဆင့်တွေပဲ။ ကျွန်တော်တို့ရောက်လာတဲ့အခါ ချီစုဆောင်းခြင်းအဆင့်ထိပ်ဆုံးပဲရှိသေးတာ၊ မကြာသေးခင်ကမှ ကျွန်တော်တို့ ချီစုဆောင်းခြင်းကနေ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တက်ရုံရှိသေးတာ။”
စုယွမ် တိတ်နေရသည်။ အခြားတစ်ဖက်ကကြည့်ရလျှင် သုံးဆယ့်ခြောက်လေးတို့တစ်အုပ်စုမှာ အခက်အခဲကိုကျော်လွှာနိုင်ရုံရှိသေးပြီး အများကြီးမြင့်မားမနေဆဲ၊ သို့သော် ထိုသူတို့၏အဆင့်မှာ ချင်းခယ်ကုန်းမြင့်တွင်တော့ ထိပ်တန်းဖြစ်နေသည်ပင်။
သူတို့သာ အဲ့ဒီအဆင့်လေးဆင့်လုံးကို ကျင့်ကြံနိိိုင်သွားရင် တစ်ခါတည်းအမတဖြစ်သွားတော့မှာမဟုတ်ဘူးလား။
အခြားနဂါးတစ်ကောင်က ထပြောလာသည်။
“စကားမစပ်၊ ကျွန်တော်တို့ အရင်ကကြားဖူးတာ။ ဒီနေရာကို နဂါးအသွင်ကူးပြောင်းကျွန်းလို့ခေါ်တာတဲ့။”
“နဂါးအသွင်ကူးပြောင်းကျွန်းလား။ အဲ့ဒါဆိုရင် ဒီနေရာက ကျွန်းတစ်ခုပဲလား။”
စုယွမ်၏အသိစိတ်ပင်လယ်မှာ လေထုအလယ်မှတဆင့်အဝေးကိုလှမ်းကြည့်မိသည်။ သူ့အမြင်တွင်တော့ ကုန်းမြေအဆုံးကိုပင်လှမ်းမမြင်ရပါပေ။
သူလည်း ခေါင်းခါ၍ အကြည့်ပြန်ရုတ်သိမ်းလိုက်၏။
“ငါတော့ မင်းတို့က အခုဆိုရင် မသေမျိုးနယ်မြေရောက်နေတယ်ထင်တာပဲ။”
သုံးဆယ့်ခြောက်လေးမှာ ထိတ်လန့်သွားရသည်။
“ဒါကမသေမျိုးနယ်မြေလား။”
သူက သူတို့ဟာ ထူးခြားသောလျှိို့ဝှက်နယ်မြေတစ်ခုတွင်ရောက်နေသည်ဟုထင်ထားခဲ့တာပင်၊ သို့သော် စင်စစ်တွင် မသေမျိုးနယ်မြေသို့ရောက်နေတာဖြစ်နေသည်ပဲ။
“အမ်း။”
စုယွမ် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီလိုဆိုရင် သခင်လည်း မသေမျိုးနယ်မြေကိုရောက်လာတာလား။”
“မဟုတ်ဘူး၊ ငါ့ပင်မကိုယ်က အခုထိသေမျိုးနယ်မြေမှာပဲရှိသေးတယ်။ ငါ မင်းတို့ အန္တာရယ်ထဲကျနေတာအာရုံခံမိလို့ ခဏတစ်ဖြုတ်အကူအညီလာပေးတာ။”
သုံးဆယ့်ခြောက်လေးမှာအလွန်တရာအံ့သြသွားခဲ့ရသည်။ သူ အခြားညီအစ်ကိုများနှင့်အကြည့်ချင်းဖလှယ်လိုက်၏။ သူတို့အားလုံး ထိုစကားတစ်ခွန်းတွင်ပင် အချက်အလက်အများကြီးပါဝင်နေတာကိုခံစားလိုက်ရသည်။
“ကောင်းပြီ၊ မင်းတို့အန္တာရယ်မရှိတော့ဘူးဆိုမှတော့၊ ငါလည်းပြန်သင့်ပြီ။ မင်းတို့ ငါ့ကိုလွမ်းလို့ဖြစ်ဖြစ် အနာဂတ်မှာအန္တာရယ်တစ်ခုခုကြုံလာလို့ပဲဖြစ်ဖြစ် ငါ့နာမည်သာလှမ်းခေါ်လိုက်။ ငါ့မှာအချိန်ရှိရင် ပုံရိပ်ယောင်နဲ့အရောက်လာခဲ့မယ်။ ဒါပေမဲ့ ငါ့ရဲ့ဒီစွမ်းအင်ကလည်းအကန့်အသတ်နဲ့မို့ မင်းတို့ကိုယ်မင်းတို့သေချာဂရုစိုက်ကြရမယ်။”
စုယွမ် ပြောလိုက်၏။
“သခင်၊ သခင်အခုပြန်တော့မှာလား။”
သုံးဆယ့်ခြောက်လေးမှာ နှမြောတသပြောလာ၏။ သူတို့မှာ သာမန်ငါးလေးဘဝမှ နဂါးတစ်ကောင်ဖြစ်သည်အထိ စုယွမ်နှင့်တစ်လျှာက်လုံးအတူရှိကြီးပြင်းလာတာပင်။ သူတို့အတွက် စုယွမ်ဆိုသည်မှာ မိဘတစ်ပါးအလားဖြစ်၏။ ထို့ကြောင့် သူတို့မှာ စုယွမ်ကိုတွေ့တိိုင်း ကပ်တွယ်ချင်ကြသေးသည်သာ။
“အော်၊ဟုတ်သား၊ ငါ ဒီအတောအတွင်း ငါ့ကိုယ်ပိုင်ကျင့်စဥ်တွေကို အကြမ်းဖျင်းရေးထားတာရှိတယ်။ မင်းတို့တိုက်ခိုက်စွမ်းရည်ကတော်တော်လေးဆိုးနေတာ ငါမြင်ရလို့ အဲ့ဒါကို မင်းတို့ဆီပေးမယ်။ သေချာလေးကျင့်ကြံကြ။”
စုယွမ်လည်း တစ်ချက်တွေးလိုက်တော့ ခုနစ်စဥ်ကြယ်မှ အလင်းတန်းခုနစ်ခုပေါ်လာပြီး နဂါးများ၏ခေါင်းပေါ်ကျရောက်သွားရလေသည်။
ကြယ်စွမ်းအင်များမှာ အချက်အလက်များစွာသယ်ဆောင်ထားရာ သူ အနှီနဂါးများကို သင်ပေးချင်သည့်အရာအားလုံးကို ပို့ပေးပြီးသားဖြစ်သွားလေသည်။
နဂါးများမှာ လေ့လာသည့်အခြေအနေရောက်သွားချိန်တွင် စုယွမ်၏အာရုံမှာ သေနေသောငှက်ဖြူကြီးပေါ်သို့ ပြန်ရောက်ရှိသွား၏။
ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ငှက်တစ်ကောင်၏အသားမှာ အရသာရှိလောက်မည်လား။
စုယွမ် ငှက်ကြီး၏ဘေးကိုပျံသန်းသွားလိုက်ပြီး အသားတစ်ပိုင်းကိုကြယ်အလင်းဖြင့်လှီးလိုက်၏။ ထိုအသားမှာအလွန်ကြီးသော်ငြား ငှက်ကြီး၏မီတာထောင်ချီကြီးမားလှသောကိုယ်ထည်နှင့်ယှဥ်လျှင်တောင် အနည်းငယ်ဟုသာပြော၍ရ၏။
ထိိုအချိန် စုယွမ် ကိစ္စတစ်ခုကိုကြိုးစားကြည့်ရန်ကြံလိုက်သည်။
သူ အသိစိတ်ပင်လယ်ဖြင့် အနှီအသားကို ရစ်ပိတ်လိုက်စနစ်မျက်နှာပြင်ကိုကြည့်လိုက်သည်။
【ကမ္ဘာလှည့်သွားလာသူ】 ၊【စိတ်အာရုံ】၊【ခုနစ်စဥ်ကြယ်】တို့အားလုံးမှာ တပြိုင်တည်းလင်းလာ၏။
ထိုအချိန် သူ့အသိစိတ်အာရုံကလည်း စုယွမ်၏ပင်မကိုယ်ထံပြန်ရောက်လာလေသည်။
စုယွမ် သူ၏ပင်မကိုယ်ထည်ဘက်မှဆိုလျှင် သူ၏အသိစိတ်ပင်လယ်က အသားကြီးတစ်စကိုကိုင်ရင်း သူ့ဆီပြေးလာတာကိုမြင်လိုက်ရ၏။
အသိစိတ်ပင်လယ်က အသားကိုကိုင်တာလွှတ်၍ ကိုယ်ထဲပြန်ဝင်ချိန်တွင်တော့ အနှီအသားစက ပင်မကိုယ်လက်ထဲရောက်သွားလေသည်။
အသားစမှလွှတ်ထုတ်နေသောသွေးနံ့များအရ အနှီအသားက လက်ဆက်ကြောင်းနှင့် ချီစွမ်းအင်ကြွယ်ဝလှသောဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဖြစ်ကြောင်း သက်သေထူနေသည်။
စုယွမ်ကို နှိပ်နယ်ပေးနေသောစုကျူးမှာ လန့်သွားလေသည်။ အနှီအသားမှထွက်နေသောကြောက်မက်ဖွယ်အရှိန်အဝါက သူမကိုဖြူဖျော့သွားစေရာ ချက်ချင်း အလိုအလျောက် စုယွမ်နောက်ဝင်ပုန်းမိသွားသည်။
သို့သော် သူမ သွေးနံ့ကိုပြန်ရသောအချိန်တွင်တော့ မျက်ဝန်းထဲ အလင်းများတောက်ပသွားရ၏။
ထိုသည်မှာ သူမမျိုးရိုး၏အောက်ခြေထိထွင်းထုထားသော အလိုအလောက်စားသောက်လိုစိတ်ပါပေ။
အဝေးတွင်ကစားနေသောရှောင်ချိိုက်တောင် ချက်ချင်းခေါင်းလှည်လာပြီး စုယွမ်ဆီပြေးလာ၍ အော်ဟစ်လာ၏။
“သခင်၊ သခင့်လက်ထဲကအသားကအရမ်းမွှေးတာပဲ။ ကျွန်မ စားလို့ရမလား။”
ရှောင်ချိုက်မှာ သွားရည်တမြားမြားကျနေရလေပြီ။ စုယွမ်လည်း ပြုံးလိုက်ပြီး လက်ထဲရှိ တစ်မီတာရှည်သောအသားကြီးကိို ကြည့်လိုက်၏။
“ဒီလောက်အများကြီး မင်းတစ်ယောက်တည်းကုန်လို့လား။”
“ကုန်တယ်၊ကုန်တယ်လို့။”
ရှောင်ချိုက်၏သွားရည်များမှာ ပါးစပ်ထောင့်ကပင် စီးကျလာရလေပြီး ရောင်ခြယ်ငါးခုဝိညာဉ်ရည်များအဖြစ် မြေပြင်သို့ကျဆင်းသွားရလေသည်။ ထိုအရာတို့မှာ အောက်ရှိမြေကြီးကိို ချက်ချင်းအားဖြည့်ပေးလျက် ဝိညာဉ်အပင်တစ်ပင်တောင်ချက်ချင်းဖြစ်လာစေလေသည်။
ထိုသည်ကိုမြင်တော့ စုယွမ်လည်း သက်ပြင်းချလိုက်ရ၏။
“အဆင့်မြင့်သတ္တဝါဆီကရမျှအရာတိိုင်းက အဆင့်နိမ်သတ္တဝါလေးတွေအတွက် ရတနာပါပဲလား။”