အခန်း ၁၈၇
Vol. 19 Ch. 187
Chapter 187
ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူလေးယောက်မှာ တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ကြိုးစားကြလျက် သူ့ကို စုစုပေါင်း ကြယ်ပေါ်၌နေထိုင်ချိန် အသက်ရှုချိန်အခါခြောက်ဆယ်လောက်နီးပါးပေးခဲ့၏။
ထိုအချိန်ကလည်း ကုန်ဆုံးသွားခဲ့ရာ သူ၏အသိစိတ်ပင်လယ်တစ်ဝက်လည်း သေမျိုးနယ်မြေရှိ ပင်မခန္ဓာကိုယ်ထဲသို့ ပြန်လည်ဆွဲသွင်းခံလိုက်ရသည်။
စုယွမ်မှာ တစ်ခဏမျှ ငေးမောနေမိပြီးမှ ခေါင်းပြန်ရှင်းသွားခဲ့၏။
သူ ခုနစ်စဉ်ကြယ်ကို ပြန်ကြည့်လိုက်တော့ မူမမှန်တာမျိုး ဘာမှမရှိပါချေ။
သူ ကျူးကောကျန့်နှင့်အခြားသူများကို ကြည့်လိုက်ချိန်တွင်တော့ ထိုသူတို့မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို စတင်ထိုးဖောက်ရန် ပြင်နေကြပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။
“ကြည့်ရတာ သူတို့ ခုနစ်စဉ်ကြယ်ဆီက အသိအမှတ်ပြုမှုကို ရသွားတော့ စွမ်းအင်လွန်ကဲပြီး ရွေးချယ်စရာမရှိတော့ဘဲ အဆင့်တက်ရတော့မှ ထင်တယ်။”
စုယွမ်လည်း လက်ကို မြှောက်ကာ သူတို့အဆင့်တက်လွယ်ကူစေရန် ဘေးပတ်လည်မှ ချီစွမ်းအင်များကို စုစည်းပေးလိုက်၏။
တစ်ယောက်ပြီးတစ်ယောက် အရှိန်အဝါများက မြင့်တက်လာပြီး အလွန်တည်ငြိမ်စွာဖြင့် သူတို့ဟာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ရောက်သွားကြလေတော့သည်။
သို့သော် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်သွားသော်ငြား အရှိန်အဝါက ရပ်တန့်မသွားဘဲ ဆက်လက် တိုးတက်နေဆဲ။
သူတို့၏ခန္ဓာကိုယ်များအကြား ရွှေမှုန်များက စတင်ဖွဲ့စည်းလာကြသည်။
ကျုးကောကျန့်က အရှိန်အမြန်ဆုံးဖြစ်၏၊ ထိုသူမှာ တဖြည်းဖြည်းဖြင့် ရွှေပဲစေ့အဆင့်၏နှောင်းပိုင်းကိုပင် အလွန်ခိုင်မြဲသောအခြေခံဖြင့် ရောက်ရှိသွားလေသည်။
အဆင့်တက်ပြီးနောက်တွင် လေးယောက်လုံးမှာ ပျော်ရွှင်မြူးတူးလျက် စုယွမ်ကို တစ်ယောက်ပြီး တစ်ယောက် ကျေးဇူးတင်လာကြလေသည်။
“အမ်း၊ မဆိုးကြပါဘူး။ မင်းတို့ရဲ့ကျင့်ကြံနှုန်းက အရမ်းမြန်တာပဲ၊ ငါတွေးထားတာထက်တောင် မြန်ကြသေးတယ်။ အခု မင်းတို့ပြန်သွားပြီး ကိုယ့်ကျင့်ကြံဆင့်ကို ရင်းနှီးအောင်လုပ်ကြပေါ့။ ပြီးရင်တော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရဲ့သင်ခန်းစာတွေကို လေ့ကျင့်ကြတော့နော်။”
စုယွမ်က အပြုံးတစ်ပွင့်ဖြင့် ဆိုလိုက်သည်။
ထိုသည်ကိုကြားတော့ ကျူးကောကျန့်၏မူလပျော်ရွှင်နေသောမျက်နှာမှာ ချက်ချင်း အေးခဲသွားရလေသည်။
“ဒီတပည့် ပြန်ပါရစေ။”
ကျူးကောကျန့်က ဦးညွတ်ကာဆိုလာသည်။
စုယွမ်လည်း ပြုံး၍ ခေါင်းညိတ်ကာ သူတို့ကို ပြန်ခွင့်ပြုလိုက်၏။
သူတို့လေးယောက်မှာ စုယွမ်၏ခြံဝန်းမှ လျှောက်ထွက်လာသည်နှင့် ချက်ချင်း လေထုထဲရှိချီစွမ်းအင်သိပ်သည်းနှုန်းက ရုတ်တရက် လျော့ကျသွားကြောင်း ခံစားလိုက်ရသည်။
ရှဲ့ရင်းရင်းကတော့ အံ့ဩတကြီး အသိအမှတ်ပြုလာ၏။
“ကျွန်မ အရင်က သတိမထားမိဘူး၊ အကြီးအကဲစုရဲ့ခြံဝန်းက ချီစွမ်းအင်သိပ်သည်းနှုန်းက အပြင်ကထက် အနည်းဆုံးအဆရေဒါဇင်လောက်တော့ ကွာတာပဲနော်။ အဲ့ဒီမှာ နေရတဲ့ဝိညာဉ်သားရဲတွေကိုတောင် မနာလိုဖြစ်ချင်လာပြီ။”
သူတို့၏အဆင့်တက်ခြင်းမှာ ရရှိလာသောပျော်ရွှင်မှုကလည်း တဖြည်းဖြည်းလွှင့်ပြယ်သွားလျက် ခေါင်းများတခါခါသာ ကျန်ရစ်ခဲ့တော့သည်။
ခြံဝန်းထဲတွင်မူ စုယွမ်က ကောင်းကင်ယံကို ငေးကြည့်နေ၏။ ခုနစ်စဉ်ကြယ်ကလည်း ယခင်အတိုင်း တောက်ပနေလျက်၊ သိသိသာသာ ပြောင်းလဲသွားတာမျိုးမရှိပါပေ။
သူလည်း ချက်ချင်း ခုနစ်စဉ်ကြယ်နှင့်ဆက်သွယ်၍ တစ်ခုခုများမြင်ရမလား ကြိုးစားကြည့်လိုက်သည်။
သူ ဆက်သွယ်တာ အောင်မြင်သွားသောအချိန်တွင် ကောင်းကင်မှ ကြယ်အလင်းတစ်ခုက ကျဆင်းလာပြီး စုယွမ်၏အသိစိတ်ပင်လယ်ထဲ ဝင်သွား၏။
သူ၏အသိစိတ်ပင်လယ်ထဲတွင် စိတ်ဝိညာဉ်မှ အပ အလွန်တရာရှုပ်ထွေးလှသောလေးထောင့်ပုံစံပုံရိပ်ယောင်ချိတ်စည်းတစ်ခု ပေါ်လာလေသည်။
“ဒါက...”
စုယွမ်မှာ ထိုအရာကို အလေးအနက်စိုက်ကြည့်၍ နတ်ဘုရားအာရုံသုံးကာ သတိတကြီး စူးစမ်းကြည့်လိုက်သည်။
နောက်တစ်ခိုက်တန့်တွင် အချက်အလက်အနည်းငယ်က သူ့အသိစိတ်ပင်လယ်ထဲ စီးဝင်လာခဲ့၏။
【ထန်ရှုးကြယ်ပေါ်မှ မှတ်တမ်းတင်ထားသောအမည်နာမ၊ ကောင်းကင်နှင့်မြေကြီး၏ဂုဏ်ပုဒ်...】
စုယွမ်လည်း ထိုအရာက ဘာလဲဆိုတာ မြန်မြန်ပဲရှာတွေ့သွားသည်။ ထိုအရာမှာ ကောင်းကင်နှင့်မြေကြီး၏ဂုဏ်ပုဒ်တစ်ခုပင်။ ထို ကောင်းကင်နှင့်မြေကြီး၏ဂုဏ်ပုဒ်ဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးအကြားက အသိအမှတ်ပြုခံရသောအနေအထားဂုဏ်တစ်ခုကို ကြေညာခြင်းဖြစ်သည်၊ ဥပမာအားဖြင့် လူသားအင်ပါယာ၊ကောင်းကင်အင်ပါယာနှင့် အမတသခင်စသော ဂုဏ်ပုဒ်အမျိုးမျိုးတို့ဖြစ်ကြသည်။
ထိုသို့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူများမှာ သဘာဝအလျောက်ကို ကံကောင်းခြင်းကိုရရှိနိုင်ခြင်း အာဏာတစ်ရပ်ကိုပင် မြဲမြံစွာရရှိနိုင်သေး၏။
သို့သော်လည်း ဂုဏ်ပုဒ်က စွမ်းအားများရှိနေခြင်းမဟုတ်၊ ထိုအစား ထိုဂုဏ်ပုဒ်ကို အရယူနိုင်သူသာလျှင် ကောင်းကင်နှင့်မြေကြီး၏နတ်ဘုရားဖြစ်တည်မှုတစ်ခုလိုသတ်မှတ်ခံထားရရာ အခြားသူများကိုကူညီပေးရင်း ကိုယ်ပိုင်ကံတရားနှင့်အတူ အခြားသူများ၏ကံတရားကိုပါ ကြည့်ရှုတိုးမြင့်ပေးနိုင်၏။
စုယွမ်ကလည်း မထင်မှတ်ထားစွာဖြင့် ကောင်းကင်နှင့်မြေကြီး၏ဂုဏ်ပုဒ်တစ်ခုကို ရရှိခဲ့သည်ပင်၊ ၎င်းမှဦ ခုနစ်စဉ်ကြယ်အရှင်သခင်ဟူ၍။
ထိုဘွဲ့ထူးကို ရရှိသွားသည်နှင့် စုယွမ်၌ အပေါ်ယံစွမ်းအင်များတွင် ကြီးကြီးမားမားပြောင်းလဲတာမျိုးမရှိလင့်ကစား အတွင်းပိုင်းတစ်နေရာတွင်တော့ အသွင်ပြောင်းမှုများဖြစ်ပေါ်နေလေသည်။
စုယွမ်မှာ သူ့ဘေးပတ်လည်တွင် အရောင်စုံစွမ်းအင်များစီးဆင်းနေကြောင်းတွေ့လိုက်ရသည်။ အချို့ခရမ်းရောင်ချီစွမ်းအင်တို့က ခန္ဓာကိုယ်ထဲက စီးထွက်သွားချိန်တွင် အခြားအရောင်ရှိစွမ်းအင်တို့က ကိုယ်ထဲ စိမ့်ဝင်လာကြ၏။
ကောင်းကင်နှင့်မြေကြီးဂုဏ်ပုဒ်မှာ သခင်ဖြစ်သူကို အသိအမှတ်ပြုပြီးချိန်တွင် အနှီခရမ်းရောင်စွမ်းအင်ကြောင်းများက လွှင့်ပြယ်မသွားဘဲ ထိုအစား ကြယ်အရှင်သခင်ဂုဏ်ပုဒ်ဟူသော အမှတ်တံဆိပ်ကို ပို၍ထင်ရှားမြဲမြံနေစေလေ၏။
ထိုအချိန် အရင်အမျိုးမျိုုးရှိစွမ်းအင်များက ပိုမိုလျင်မြန်စွာ လည်ပတ်လာကြသည်။
“ကံကောင်းမှု။”
စုယွမ်၏မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားလျက်၊ ထိုအရာက ကျင့်ကြံသူတစ်ဦး၏ကံကောင်းမှုဖြစ်ကြောင်း နားလည်သွားရ၏။
သူလည်း ခေါင်းပေါ်မော့ကြည့်လိုက်တော့ ခရမ်းရောင်ကံကောင်းခြင်းပန်းလေးတစ်မျိုးကို တွေ့လိုက်ရသည်။ အနှီပန်းလေးတွင် ရောင်ခြယ်သုံးခုရှိနေပြီး ဆိုလိုသည်မှာ သူ၏ကံကောင်းမှုက အဆင့်သုံး ခရမ်းရောင်အဆင့်တွင်ရှိနေသည်ဟူ၍။
ယခုမှသာလျှင် သူ သက်ရှိများ၏ကံကောင်းမှုကို အနက်၊အဖြူ၊အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊အပြာနှင့်ခရမ်းဟူ၍ အရောင်ကိုးမျိုးခွဲခြားထားသည်ဖြစ်ကြောင်းသိလိုက်ရသည်။ ခရမ်းရောင်မှာ အဆင့်အမြင်းဆုံးဖြစ်ပြီး အလွန်တောင်ဝင်ဆန်သည်ဟုယူဆကြရာ ကြွယ်ဝချမ်းသာမှုနှင့် အဆင့်တန်းမြင့်ခြင်း၏ပြယုဒ်တစ်ခုဖြစ်ပေ၏။ ထိုနေရာတွင် သာမာန်လူများတွင်တော့ အဖြူရောင်ကံကောင်းမှုတစ်မျိုးတည်းသာ ရှိကြသည်ပေ။
ကံကောင်းခြင်းများမှာ တိမ်စိုင်များအသွင် သဏ္ဍာန်ယူ၏။ ကံကောင်းမှုတိမ်စိုင်များက အမြင့်ဆုံးအဆင့်ထိသိပ်သည့်လာကြသောအခါ ကံကောင်းခြင်းကြာပန်းတစ်ခု ပွင့်လန်းလာမည်ပေ။ ပန်းအရာတွင် ပထမအဆင့်မှာ အနိမ့်ဆုံးဖြစ်သော်ငြား ၎င်းက ကောင်းကင်ဘုံကို တက်လှမ်းနိုင်ရန်အထိ အလားအလာရှိသည့်အနေအထားဖြစ်သည်။ ထိုမှတဆင့် အဆင့်ကပိုမြင့်လေ၊ ကံကောင်းမှုက ပိုကြီးလာလေလေပင်။
ပြီးလျှင် ယခုတွင် စုယွမ်၏ကံကောင်းမှုမှာကား တတိယအဆင့်ခရမ်းရောင်ဖြစ်နေသည်လေ။