အခန်း ၁၈၈
Vol. 19 Ch. 188
Chapter 188
: ဝိညာဥ်ရတနာ၏ကံကောင်းမှုနှင့် ကံကောင်းခြင်းကိုဖိနှိပ်မှု။
စုယွမ်လည်း ခုနစ်စဉ်ကြယ်ဂိုဏ်းရှိကောင်းကင်ကို တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
သူက ခုနစ်စဉ်ကြယ်ဂိုဏ်းတစ်ခုလုံးကို ဖုံးအုပ်လျက်ရှိသော ကြက်သွေးရောင်ကံကောင်းခြင်းတိမ်တိုက်ကြီးကို တစ်ချက်ကြည့်လိုက်၏။
ကြက်သွေးရောင်ကံကောင်းခြင်းတိမ်တိုက်ကလည်း သူ့ဟာကဲ့သို့ပင် ကံကောင်းမှုများကို လက်ခံရရှိသည့်အချိန်မှသာ ပေါ်လာပြီး ကျန်အချိန်များတွင် ကွယ်ပျောက်သွားလေ့ရှိမည်ပင်။
ကံကောင်းခြင်းစွမ်းအင်များက သူ့ဘက်ဆီသို့ ဦးတည်လာပြီး သူ့ကိုယ်ပိုင်ကံကောင်းခြင်း တိမ်တိုက်ထဲသို့ တိုးဝင်လာကြသည်။ တစ်ချိန်တည်းတွင်လည်း သူ့တွင် ရှိခဲ့သောကံကောင်းခြင်းပမာဏများစွာကလည်း ခုနစ်စဉ်ကြယ်ဂိုဏ်း၏ကံကောင်းခြင်းထံ ဝင်ရောက်ပျံ့နှံ့သွား၏။ သို့သော်လည်း သူ ကောင်းကင်ဘုံတာအိုဂုဏ်ထူးကို ဖိနှိပ်လိုက်ရာ ထိုစီးဆင်းမှုက ရပ်တန့်သွားလေသည်။
ရလဒ်အနေဖြင့် ဂိုဏ်း၏ကံကောင်းခြင်းကသာ စုယွမ်ထဲသို့ တစ်ဖက်သက်စိမ့်ဝင်လာကြလေ၏။
စုယွမ်မှာ သူ့ဝိညာဉ်ရတနာကို စစ်ဆေးလိုက်ရာ အကြည့်များစူးရှသွားရသည်။
သူလည်း ခဏမျှတွေးလိုက်ရင်း အဆင့်ခြောက်ရှိဝိညာဉ်ရတနာဖြစ်သောလွှင့်မြောအလင်းဘူးသီးခြောက်ကို ဆင့်ခေါ်လိုက်သည်။
ရှောင်လီလည်း ဘူးသီးခြောက်ဝင်ပေါက်တွင်ပေါ်လာရင်း ရှုပ်ထွေးစွာမေးမြန်းလာလေသည်။
“ဘာဖြစ်လို့လဲ၊ သခင်။ သခင် ကျွန်မပုံစံအစစ်ကို ဆင့်ခေါ်လိုက်တာလား။”
စုယွမ် အနည်းငယ်ပြုံးလိုက်၏။
“ငါက မင်းရဲ့ပုံစံအစစ်ကိုသုံးပြီး ခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့ကံကောင်းခြင်းကို ဖိနှိပ်နေလို့ပါ။”
“ဟမ်။”
ရှောင်လီမှာ ကြောင်အသွားပြီး စုယွမ်ဆိုလိုတာကို နားမလည်ပါပေ။
စုယွမ်လည်း လက်ယမ်းလိုက်ရာ လွှင့်မြောအလင်းဘူးသီးခြောက် လေထုအလယ်တွင် ပေါ်လာ၏။ အသက်ရှုချိန်အနည်းငယ်လေးအတွင်းတွင်ပင် လွှင့်မြောအလင်းဘူးသီးခြောက်မှာ မီတာရာချီလောက်အရွယ်အစားကြီးထွားလာရာ ဂိုဏ်းရှိတပည့်များ၏အာရုံကို ဆွဲဆောင်နိုင်သွားပေသည်။
ကုချင်းကျူးကလည်း ပင်မခန်းမထဲမှ ထွက်ကာ ခုနစ်စဉ်ကြယ်တောင်ထိပ်ပေါ်ရှိ လွှင့်မြောအလင်းဘူးသီးခြောက်ကြီးကို ကြည့်ရင်း အံ့ဩတကြီး ဆိုမိရသည်။
“စုယွမ် ဘာလုပ်နေပြန်တာလဲ။”
စုယွမ်ကတော့ အခြားသူများဝိုင်းစိုက်ကြည့်နေတာကို အာရုံမထားပါပေ၊ သူက လွှင့်မြောအလင်းဘူးသီးခြောက်ကို ကံကောင်းခြင်းတိမ်တိုက်ဆီ ပျံသန်းသွားစေလိုက်၏။
စုယွမ်၏အကြည့်များမှာ ပြတ်သားလို့နေ၏။ သူ သူ့အသိစိတ်ပင်လယ်အတွင်းရှိ ကောင်းကင်ဘုံတာအိုဂုဏ်ထူးကို အသက်သွင်း၍ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ငါက စုယွမ်၊ ခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့ဆက်ခံသူအရှင်ပဲ။ ဒီနေ့ငါ အဆင့်ခြောက်ဝိညာဉ်ရတနာဖြစ်တဲ့လွင့်မြောအလင်းဘူးသီးခြောက်ကိုသုံးပြီး ဂိုဏ်းရဲ့ကံကောင်းခြင်းကို ဖိနှိပ်တော့မယ်။ ကောင်းကင်နဲ့မြေကြီးတစ်ခွင် ရှုစားပါလော့။”
ထိုအခိုက်အတန့်လေးတွင်ပင် သူ၏စကားသံက ဂိုဏ်း၏အတွင်းအပြင်လောကတစ်ခွင်ပျံနှံ့သွားလေသည်။ ခုနစ်စဉ်ကြယ်ဂိုဏ်း၏နယ်မြေအတွင်းတွင်လည်း စုယွမ်၏အသံမှာ နေရာတိုင်းတွင် ပဲ့တင်လျက်ရှိသည်။
မရေတွက်နိုင်သောသက်ရှိများမှာ အံ့ဩတကြီး မော့လာကြရင်း ကောင်းကင်ကို စိုက်ကြည့်လာကြ၏။
ခုနစ်ကြယ်ဂိုဏ်းတပည့်များလည်း ကောင်းကင်ကို မော့ကြည်ကာ အံ့ဩမှုရော ထိတ်လန့်မှုပါ ဒွဲတွဲနေပေသည်။
ထိုစဉ် နတ်ဆိုးဂိုဏ်းများမှ နတ်ဆိုးကျင့်ကြံသူများကလည် ခုနစ်စဉ်ကြယ်ဂိုဏ်းကို ထိတ်လန့်တကြီး လှည့်ကြည့်လာကြ၏၊ သူတို့အားလုံးမှာ နားစည်အထိ တုန်ခါသွားစေနိုင်သော ထိုအသံကြီးကြောင့် တုန်လှုပ်နေရပေသည်။
“ဘာတွေဖြစ်နေတာလဲ၊ အဆင့်ခြောက်ဝိညာဉ်ရတနာတဲ့လား။”
“ကောင်းကင်နဲ့မြေကြီးရှုစားပါလော့တဲ့လား၊ တော်တော် မောက်မာတာပဲ။”
“တကယ်ပဲ ဘာဖြစ်နေတာလဲ။”
“အဲ့ဒီအသံက ဘယ်ကလာတာလဲ။”
“ဘယ်သူ့ ငါ့ကိုစကားပြောနေတာလဲ။”
ခုနစ်စဉ်ကြယ်ဂိုဏ်းနယ်မြေရှိ ကျင့်ကြံသူများကလည်း ပဟေဠိဖြစ်လျက် ဆွေးနွေးနေကြလေသည်။
ရုတ်တရက် ကောင်းကင်တွင် မူမမှန်မှုတစ်ခုဖြစ်လာလေသည်၊ ထိုသည်မှာ အင်မတိအင်မတန်ကြီးမားလှသော ရွှေရောင်တိမ်တိုက်ကြီးတစ်ခုက ခုနစ်စဉ်ကြယ်ဂိုဏ်းအပေါ်တွင် စုဝေးလာရခြင်းပင်။
ခဏတာ တည်ငြိမ်သွားပြီးနောက် ရွှေရောင်အလင်းမှာ ကောင်းကင်ယံမှ ကျဆင်းလာပြီး ခုနစ်စဉ်ကြယ်ဂိုဏ်းပေါ်ရှိ လွှင့်မြောအလင်းဘူးသီးခြောက်ထံ ကျရောက်လာသည်။
လွှင့်မြောအလင်းဘူးသီးခြောက်မှာ ရွှေရောင်အလင်းများကြား သန့်စင်ခံလိုက်ရသည့်အလား၊ ၎င်း၏အရှိန်အဝါမှာ ရုတ်ချည်းထိုးတက်လာလျက် အဆင့်ခြောက်ကိုပင် ကျောက်တက်ကာ အဆင့်ခုနစ်နီးပါးထိ အထိရောက်ရှိသွား၏၊ စင်စစ်တွင် အဆင့်ခုနစ်ကို ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ပေ။
တစ်ချိန်တည်းတွင်ပင် ရွှေရောင်အလင်းတန်းနောက်တစ်ခုမှာ စုယွမ်ထံပြန်သန်းလာလေသည်။
ထိုအခါတွင်တော့ စုယွမ်လည်း အံ့ဩသွားရ၏။
“ကောင်းကင်တာအိုကံတရားလား။ ကောင်းကင်တာအိုကံတရားက ဘာလို့ပေါ်လာတာလဲ။”
စုယွမ် ကောင်းကင်တာအိုဂုဏ်ထူးကို ရရှိကတည်းက သူဟာ ကောင်းကင်နှင့်မြေကြီးအကြောင်း တော်တော်များများကို သိခွင့်ရခဲ့ပြီး ထိုထဲ ကောင်းကင်ဘုံကံတရားအကြောင်းလည်း အပါအဝင်ဖြစ်၏။ ထိုအရာမှာကား ကောင်းကင်တာအိုမှ ကောင်းကင်နှင့်မြေကြီးအပေါ်အကျိုးပြုခဲ့သူများထံ ချီးမြင့်သောဆုလာဒ်တစ်ခုဖြစ်သည်လေ။ ထိုအရာတွင် လုပ်နိုင်စွမ်းအမျိုးမျိုးပါဝင်လျက် ဥပမာအားဖြင့် ကျင့်ကြံဆင့်တိုးခြင်း၊ ရောက်ရှိနေသောကျင့်ကြံဆင့်ကို တည်မြဲစေခြင်း၊ ရုပ်ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်း၊ အပြစ်တို့ကို ဆေးကြောပေးခြင်းနှင့် ဝိညာဉ်ရတနာများ အဆင့်တက်လာခြင်းတို့ပါဝင်ပေသည်။
ကောင်းကင်တာအိုဂုဏ်ထူးကို ရရှိသူများမှာ ကောင်းကင်ဘုံတာအိုကံတရားကိုလည်း စွတ်ခူးနိုင်ရန် အလားလာပိုများသောကြောင့် စုယွမ်သိသောသတင်းအချက်အလက်များထဲ ထိုကိစ္စအကြောင်းပါနေရခြင်းဖြစ်သည်။ သို့သော်လည်း သူ အဆင့်ခြောက်ဝိညာဉ်ရတနာကို သုံးကာ ဂိုဏ်း၏ကံကောင်းခြင်းကို ဖိနှိပ်လိုက်ရုံရှိသေး၊ ကောင်းကင်ဘုံတာအိုကံတရားကို ရရှိသွားမည် မထင်ထားခဲ့ပါချေ။
သူ့လက်ထဲရှိ ကောင်းကင်တာအိုကံတရားကိုကြည့်ရင်း လွှင့်မြောအလင်းဘူးသီးခြောက်ကို လှမ်းကြည့်လိုက်သည်။
“ငါမင်းကိုပဲ အကုန်ပေးမှထင်တယ်၊”
စုယွမ်ဟာ ထိုရွှေရောင်အလင်းကို လွှင့်မြောအလင်းဘူးသီးခြောက်ဆီသာ အလုံးစုံပျံသန်းသွားစေလိုက်ပါ၏။
ရွှေရောင်အလင်းကို ရရှိသွားသော ဝိညာဉ်ရတနာ၏တားမြစ်အခင်းအကျင်းမှာ ချက်ချင်း အမြုတေထံသို့ လွဲပြောင်းပေးလိုက်သည်။ သဘာဝတားမြစ်အခင်းအကျင်းမှာကား မမျှော်လင့်ထားစွာဖြင့် နောက်ထပ်တားမြစ်အခင်းအကျင်းမျာကိုပင် လေထဲတွင်ပင် အဆင့်မြင့်တင်လျက် အသွင်ပြောင်းစေတော့၏။
လွှင့်မြောအလင်းဘူးသီးခြောက်၏အရှိန်အဝါမှာ ထပ်မံတစ်ခါ သိသိသာသာ ထိုးတက်သွားပြန်ပြီး အဆင့်ခုနစ်ဝိညာဉ်ရတနာအဖြစ် လွတ်လွတ်ကျွတ်ကျွတ်ရောက်ရှိသွားတော့သည်။
ထို့အပြင် လွှင့်မြောအလင်းဘူးသီးခြောက်က ခုနစ်စဉ်ကြယ်ဂိုဏ်း၏ကံကောင်းခြင်းတိမ်စိုင်များထဲရောက်သွားချိန်တွင်ကတည်းက တိမ်စိုင်၏အရောင်မှာ ကြက်သွေးရောင်မှ လိမ္မော်ရောင်သို့ ပြောင်းလဲသွား၏။
တိမ်စိုင်များ၏အလယ်တွင်မူ အဆင့်တစ်ရှိလိမ္မော်ရောင်ကြာပန်းတစ်ပွင့်မှာ တဖြည်းဖြည်းချင်း ဖွဲ့စည်းလာလေသည်။
ထိုအရာကို မြင်တော့ စုယွမ်မှာ ပျော်ရွှင်သွားရ၏။
ထိုအချင်းအရာမှာ ခုနစ်စဉ်ကြယ်ဂိုဏ်းက အမတဂိုဏ်းတစ်ခုအထိ ရောက်ရှိနိုင်ရန်အလားအလာရှိသည်ဟူသည့်သဘောပါပင်။
ခုနစ်စဉ်ကြယ်ဂိုဏ်း၏ကံကောင်းခြင်းမှာ ယခုဆိုလျှင် ကွယ်ပျောက်ချင်လျှင်တောင် စုယွမ်ထံရောက်ရှိခြင်းအားဖြင့်သာ လွှင့်ပြယ်နိုင်တော့မည်ပေ၊ ထိုမှတပါး လွှင့်ပြယ်ရန် အကြောင်းမရှိတော့။
ထို့အတူ ယခင်ကတည်း ခုနစ်စဉ်ဂိုဏ်းဆီရောက်နေလေ့ရှိသောကံကောင်းခြင်းများကလည်း ပို၍များပြားလာလေ၏။
လွှင့်မြောအလင်းဘူးသီးခြောက်မှာကား ကံကောင်းခြင်းတိမ်စိုင်များထဲ လွှင့်မြောနေရင်း အားဖြည့်နေကာ တဖြည်းဖြည်းတည်ငြိမ်လာလေသည်။
ဤသို့ဖြင့် ခုနစ်စဉ်ကြယ်ဂိုဏ်း၏ကံကောင်းခြင်းက တိုးတက်လာသရွေ့ လွှင့်မြောအလင်းဘူးသီးခြောက်၏အဆင့်ကလည်း တဖြည်းဖြည်းတိုးတက်လာမည်သာ။ ထို့အတွက် ဤသည်မှာ လွှင့်မြောအလင်းဘူးသီးခြောက် ခုနစ်စဉ်ကြယ်ဂိုဏ်းနှင့်ချည်နှောင်ထားလိုက်ပြီဟုဆို၍ရ၏။ အကယ်၍ ခုနစ်စဉ်ကြယ်ဂိုဏ်းသာ တစ်နေ့ပျက်စီးသွားပါလျှင်မူ လွှင့်မြောအလင်းဘူးသီးခြောက်ပါ အဆင့်ထိုးကျသွားနိုင်ပြီး အဆိုးဆုံးအနေဖြင့် အတူတကွပျက်စီးသွားနိုင်သည်မျိုးပါ ဖြစ်နိုင်ပေသည်။
စုယွမ်ဟာ လေထုအလယ်တွင် ရပ်လျက် ဂိုဏ်းတွင်းရှိ တပည့်များကို ငုံ့ကြည့်လိုက်၏။
သူ တပည့်များ၏ခေါင်းပေါ်က သက်ဆိုင်ရာကံကောင်းခြင်းတိမ်များကလည်း ပြောင်းလဲနေကြတာကို တွေ့လိုက်ရသည်။
ဥပမာအားဖြင့် ဂိုဏ်းချုပ်ကုချင်းကျူးဆိုလျှင် သူ၏ကံကောင်းခြင်းတိမ်စိုင်မှာ အစက လိမ္မော်ရောင်ဖြစ်ခဲ့ရာမှ ယခု ဂိုဏ်း၏ကံကောင်းခြင်းပြောင်းလဲသွားသောအခါ သူ့ကံကောင်းခြင်းကပါတိုးတက်လာပြီး အဝါရောင်အဆင့်ကံကောင်းခြင်းကိုပင် ကျော်ကာ အစိမ်းရောင်အထိ ရောက်ရှိသွားလေ၏။
ဆိုလိုသည်မှာ ကုချင်းကျူး၏ကံတရာမှာ ကြိမ်ဖန်များစွာ အားကောင်းလာပြီး သူ့အလားအလာကလည်း ပိုမိုကျယ်ပြန့်လာပြီဟု ဖြစ်၏။
ကုချင်းကျူးသာမ တပည့်တိုင်းကလည်း အမျိုးမျိုး တိုးတက်မှုများဖြစ်ပေါ်နေသည်။ အချို့ဆိုလျှင် တစ်ခါတည်းနှင့် သုံးဆင့်လောက်တက်သွားပြီး အချို့ကတော့ ကံကောင်းခြင်းတိမ်၏သိပ်သည်းဆပိုများလာလေ၏။
ထိုသို့ တပည့်များပြောင်းလဲမှုက အပြန်အလှန်အားဖြင့် ဂိုဏ်း၏ကံကောင်းမှုကိုပါ တိုးမြင့်ပေးနေရာ စုယွမ်ဆီပျံ့လွှင့်လာနှုန်းကလည်း ပို၍လျင်မြန်လာလေသည်။
စင်စစ်တွင် စုယွမ်သာလျှင် ကံကောင်းခြင်းနှင့်စပ်လျဉ်းသောအရေးကိစ္စများကို မြင်နိုင်စွမ်းရှိတာဖြစ်ပြီး အခြားသူများကတော့ လွှင့်မြောအလင်းဘူးသီးခြောက်ကြီးနှင့် ၎င်း၏အရှိန်အဝါက ရုတ်တရက်ထိုးတက်လာတာကိုသာ မြင်ရတာဖြစ်၍ လူတိုင်းမှာ ငေးမောကြောင်အနေရလေသည်။
စုယွမ် တစ်ချက်တွေးလိုက်ရာ လွှင့်မြောအလင်းဘူးသီးခြောက်မှာ လေထဲမှ ပျောက်ကွယ်သွားပြီး သူ့လက်ထဲ ပြန်ပေါ်လာလေသည်။
ရှောင်လီက ပေါ်လာပြီး အလွန်စိတ်လှုပ်ရှားနေလျက် အော်ဟစ်လာလေ၏။
“သခင်၊ ဘာလုပ်လိုက်တာလဲ။ ကျွန်မအဆင့်က မြင့်သွားပြီ၊ အခုဆိုရင် အဆင့်ခုနစ်ကြီးတောင် ရောက်သွားတာ၊ မယုံနိုင်စရာကြီး။ တကယ်ကြီး အဆင့်ခုနစ်ရောက်သွားတာတဲ့ဟေ့။ အခုဆိုရင် အဲ့ဒီအဘိုးကြီးချမ် ကျွန်မကို အထင်သေးရဲတော့မှာ မဟုတ်ဘူး။”
သိပ်မဝေးသည့်နေရာရှိ ဝေဟင်ကမ္ဘာပန်းကန်လုံးပေါ်၌ လောင်ချမ်ကပေါ်လာ၏။ သူ့မှာ စုယွမ်ကို ထိတ်လန့်မှုနှင့်ရော မယုံကြည်နိုင်မှုများနှင့်ပါ ကြည့်၍ မေးလိုက်သည်။
“ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ လွင့်မြောအလင်းဘူးသီးခြောက်က အဆင့်မြင့်သွားတာလဲ။”
သူ စုယွမ်ကို မျှော်လင့်တကြီးစိုက်ကြည့်လိုက်သည်။
“ကျွန်တော့်ကိုရောလုပ်ပေးလို့ရလား။”
စုယွမ် ခေါင်းခါလိုက်၏။
“မရဘူး၊ ဒါက ရှောင်လီရဲ့ကိုယ်ပိုင်အခွင့်အရေးပဲ။ သူ့မှာက ခုနစ်စဉ်ကြယ်ဂိုဏ်းနဲ့အရင်ကတည်းက ဆက်နွယ်မှုတွေရှိနေလို့ ရတာ။ ခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့ အမွေအနှစ်ကျင့်စဉ်တွေအကုန်လုံးကို လွှင့်မြောအလင်းဘူးသီးခြောက်ထဲပဲ သိမ်းထားခဲ့တာလေ။ အဲ့ဒီတော့ သူတို့နှစ်ခုကြားမှာကို ဆက်သွယ်မှုနက်နက်ရှိုင်းရှိုင်းရှိနေတာ၊ အဲ့ဒါကြောင့်မလို့ပဲ ခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့ကံကောင်းခြင်းသိမ်းဆည်းနိုင်တဲ့ဝိညာဉ်ရတနာဖြစ်သွားတာ။”
လောင်ချမ်မှာ စုယွမ်၏စကားများကို နားမလည်၊ သို့သော် သူ အကြမ်းဖျင်းတော့ သိလိုက်ပါ၏၊ သူဟာ အရည်အချင်းမပြည့်ဘူးဆိုသည့်အကြောင်းကိုပင်။