← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

Chapter 189

ရှောင်လီမှာ ခေါင်းလေးကို မော့လျက် ဆိုလာသည်။

“ကျွန်မ အချိန်နဲ့အမျှ သန်မာလာသလို ခံစားနေရတယ်၊ ရှင် မနာလိုဖြစ်နေတာမလား။”

လောင်ချမ်ကတော့ မကျေမနပ် ခါးသက်သက်သာ တစ်ချက်ရယ်လိုက်၏။

“ငါသာ ရတနာတွေကို လုံလုံလောက်လောက်ကျင့်ကြံနိုင်သရွေ့ ငါ့ရဲ့အဆင့်လည်း မြင့်လာမှာပဲကို။ မင်းထက်တောင် ပိုမြန်နိုင်သေး။”

စုယွမ်မှာ လောင်ချမ်ကို ကြည့်ရင်း ဝေဟင်ကမ္ဘာပန်းကန်လုံးအပေါ်၌လည်း ကံကောင်းခြင်းတိမ်စိုင်ကို မြင်လိုက်ရရာ အံ့ဩသွားရသည်၊ ထို့အပြင် ၎င်းက စိမ်းပြာရောင်ဖြစ်နေသည်လေ။ စိမ်းပြာရောင်ကံကောင်းခြင်းမှာ ပေါ့သေးသေးမဟုတ်၊ အလွန်တန်ဖိုးကြီးမားပြီး ဆိုးသောကံကိုပင် ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်စွမ်းရှိ၏။

ထို့အပြင် ထိုတိမ်စိုင်ထဲတွင် အဆင့်သုံးစိမ်းပြာကြာပန်းတစ်ခုရှိနေရာ ဤသည်မှာ ဝေဟင်ကမ္ဘာပန်းကန်လုံးကလည်း အမတလက်နက်တစ်ခုဖြစ်လာရန်အလားလာရှိသည့်ဟူသည့် အဓိပ္ပာယ်ပါပေ။

ထို့နောက် စုယွမ် ဝေဟင်ကမ္ဘာပန်းကန်လုံး၏ကံကောင်းခြင်းက သူ့ဆီ မျှင်တန်းနေကြောင်း တွေ့လိုက်ရသည်၊ ထို့အတွက် ဝေဟင်ကမ္ဘာပန်းကန်လုံး၏ကံကောင်းခြင်းက သူ့ကြောင့် ဖြစ်ပေါ်လာရကြောင်း သဘောပေါက်သွားရ၏။ အကယ်ဝေဟင်ကမ္ဘာပန်းကန်လုံးများသာ အခြားတစ်ယောက်လက်ထဲတွင်ဖြစ်ပါက ထိုမျှအဆင့်မြင့်လာမည်မဟုတ်လောက်။

ထို့သို့ ကံကောင်းခြင်းပြောင်းလဲသွားမှုက စုယွမ်ကို အသိများစွာဝင်စေခဲ့ပေသည်။

ယခုတွင်တွင် ဤဖြစ်စဉ်တစ်ခုလုံးကြောင့် ချင်းခယ်ကုန်းမြေရှိဂိုဏ်းမှာ ထိတ်လန့်နေရပြီး မရေတွက်နိုင်သောကျင့်ကြံသူများစွားကလည်း ခုနစ်စဉ်ကြယ်ဂိုဏ်းနှင့် ခုနစ်စဉ်ကြယ်ဆက်ခံသူအရှင်အကြောင်း ဆွေးနွေးနေကြလေ၏။

ဤသည်မှာ အဓိကမဟုတ်သေး၊ အဓိကမှာ ယခုအခိုက်အတန့်လေးတွင် တစ်ကမ္ဘာလုံးရှိသက်ရှိအလုံးစုံမှာ စုယွမ်၏အမည်နာမကို သိသွားကြပြီဟူသည့်အကြောင်းပင်။

သာမာန်သေမျိုးတိုင်းပြည်များတွင် စုယွမ်အကြောင်းမသိခဲ့သူသေမျိုးများစွာရှိခဲ့လင့်ကစား ယခုတွင်တော့ လူတိုင်းက စုယွမ်၏နာမည်ကို ကြားလိုက်ရရာ လူတိုင်းက အိမ်တွင် ခုနစ်စဉ်ကြယ်ဆက်ခံသူအရှင်အတွက် ပူဇော်စင်မြင့်များကို ထားရှိကြတော့သည်။

တစ်ချိန်တည်းတွင်ပင် တောင်တန်းများတစ်ဝှမ်းရှိ ယောင်သားရဲများကလည်း စုယွမ်၏နာမည်ကိုကြားလိုက်ကြရာ စုယွမ်မှာ ယောင်သားရဲများအကြားတွင်လည်း ကျော်ကြားနေရတော့၏။

ဤသို့ဖြင့် စုယွမ်၏ကျော်ကြားမှုအမှတ်များမှာ လျင်မြန်စွာ ထိုးတက်လာလေ၏။

စုယွမ်၏နားထဲတွင်လည်း ကျော်ကြားမှုအမှတ်အတွက်အသိပေးချက်များက စဉ်ဆက်မပြတ်မြည်နေရာ စုယွမ်မှာ ခဏတောင် အသံပိတ်ထားလိုက်ရသည်။

စနစ်မျက်နှာပြင်ကို ကြည့်လိုက်ပါလျှင် ကျော်ကြားမှုအမှတ်များမှာ အံ့လောက်ဖွယ်အရှိန်ဖြင့် ထိုးတက်နေတာကို မြင်နိုင်၏။

ကျော်ကြားမှုအမှတ်တစ်သန်းဆိုသည်မှာ အလွန်များသည်ဖြစ်လင့်ကစား ကြောက်မက်ခန်းလိလိများပြားလှသောသက်ရှိများကြောင့် ထိုအရေအတွက်လည်း အချိန်တစ်ခုမျှသာ လိုအပ်တော့ပေသည်။ သိပ်၍တောင် မကြာလိုက်ပါပေ။

ထို့အတူ စိတ်အာရုံစွမ်းရည်၏လင်းလက်မှုကလည်း တစ်ခဏချင်းတွင်း အဆသန်းချီပို၍များပြားလာလေသည်။

အံ့မခန်းလိလိအရေအတွက်ရှိသက်ရှိများမှာ စုယွမ်၏နာမည်ကို ရွတ်ဆိုနေကြသည်ပင်။

ထိုအခိုက်အတန့်လေးတွင် စုယွမ်ဟာ ချင်းခယ်ကုန်းမြေတစ်လျှောက် သူ့အတွက်သူ နာမည်တစ်လုံးရေးထွင်းနိုင်ခဲ့လေပြီ။

စုယွမ်မှာ ထို့သို့ဖြစ်လာရန် အချိန်အကြာကြီးမျှော်လင့်ခဲ့ရတာဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားစွမ်းရည်နှင့်သာဆိုပါက တစ်ခုခုဖြစ်လာလျှင်လည်း သူ့တွင် လွတ်လမ်းများစွာရှိပေ၏။ သူသာ ဆန္ဒရှိပါက ဤကမ္ဘာကြီးဆီမှ ချက်ချင်းထွက်ခွာ၍ အခြားကမ္ဘာများထံတိုက်ရိုက်သွားလိုက်၍ ရပေသည်၊ ထိုသို့လွတ်လမ်းရှိကြောင်းအသိရှိလာပေရာ သူ့လုပ်ရပ်များကလည်း သိပ်ဝှက်မထားတော့ဘဲ လူသိများစေည့်ပုံစံဖြစ်လာရသည်။

ရက်အနည်းအငယ်အကြာတွင် ခုနစ်စဉ်ကြယ်ဂိုဏ်း၏ထောင့်တိုင်းနေရာတိုင်း၌ အဆင့်တက်ခြင်းအရှိန်အဝါများက ထွက်ပေါ်နေလေသည်။

ကျင့်ကြံရေးတွင် အခက်တွေ့နေသောခုနစ်စဉ်ကြယ်ဂိုဏ်း၏တပည့်များစွာ ရုတ်ချည်း တရားထိုင်နေရင်း သူတို့၏အတားအဆီးများမှာပြေလျော့သွားကြောင်းနှင့် စွမ်းအင်များက ပိုအားကြောင်းလာကာ အတွေးအခေါ်အသိအမြင်တို့လည်း ရှင်းလင်းလာကြောင်းသိလိုက်ရသည်။ ဤသို့ဖြင့် ထိုထိုသောအခက်အခဲတို့ကို ကျော်ဖြတ်နိုင်သွားရာ အသီးသီးအဆင့်တက်ကြတော့၏။

ထို့အပြင် ဂိုဏ်းပြင်တွင်လှည့်လည်သွားလာနေသောတပည့်များမှာလည်း အရင်းအမြစ်များကို ရနိုင်သောအခွင့်အရေးမှာ ပို၍တိုးပွားလာလေ၏။

တစ်ဦးချင်းစီ၏ပြောင်းလဲမှုမှာ သိပ်မသိသာသော်ငြား အကုန်လုံးကို စုပေါင်းလိုက်ပါက ခုနစ်စဉ်ကြယ်ဂိုဏ်း၏ခွန်အားကလည်း ကြောက်မက်ဖွယ်တိုးတက်လာတော့၏။

စုယွမ်ကတော့ ထိုသည်မှာ ကံကောင်းခြင်း၏သက်ရောက်မှုဖြစ်ကြောင်းမြင်နေရရာ အံ့ဩသည်ထက် အံ့ဩနေရတော့သည်။

သူ့ကို ပို၍ရယ်ရမလို၊ငိုမရမလိုဖြစ်စေသည်မှာ အန္တာရယ်ကျချိန်တိုးတက်မှု၏ပေါ်လာနှုန်း သိသိသာသာလျော့ကျသွားသောကြောင့်ဖြစ်၏။ ပြောရလျှင် ကံကောင်းမှုကြောင့် တပည့်များ၏အန္တာရယ်တွေ့နှုန်းက လျော့ကျသွားရခြင်းဖြစ်ပေသည်။

စုယွမ်လည်း ကံကောင်းခြင်း၏သက်ရောက်မှုများကို လိုက်လေ့လာနေရုံရှိသေး၊ စိတ်အာရုံတစ်ခုမှာ သူ့ထံ ဆက်သွယ်လာလေ၏။

ကမ္ဘာလှည့်ခရီးသွားစွမ်းရည်နှင့် ခုနစ်စဉ်ကြယ်စွမ်းရည်တို့မှာ တပြိုင်တည်း လင်းလက်လာရခြင်းဖြစ်၏။

စုယွမ်လည်း ချက်ချင်း စိတ်အာရုံစွမ်းရည်ကို ဖွင့်ကြည့်လိုက်သည်။

All Chapters