အခန်း ၁၉၀
Vol. 19 Ch. 190
Chapter 190: နတ်ဘုရားဟန်ဆောင်ခြင်း။
နတ်ဆိုးနက်နယ်မြေ၊ ပိန်းပိတ်အောက်မှောင်နေသောညအခါသမယတွင် ထိုနေရာ၌ မည်သူမှမသိသိုဝှက်ထားသော လျှို့ဝှက်ချက်တစ်ခုရှိပေသည်။
သွေးဆာနေသောမျက်ဝန်းများနှင့် နတ်ဆိုးဒါဇင်ခန့်လောက်၊တစ်ယောက်ချင်းစီတွင်လည်း ချီစွမ်းအင်းလှိုင်လှိုင်ထကာပြည့်ဝနေဟန်ရသောသူတို့မှာ မြေအောက်ခန်းတစ်ခုတွင် ခိုးကြောင်ခိုးဝှက်စုဝေးနေကြသည်။
သူတို့ဟာ အစီအရင်စင်မြင့်တစ်ခုကို တည်ဆောက်နေကြ၏၊ ပါဝင်ပစ္စည်းများမှာကား နတ်ဆိုးနက်နယ်မြေတွင် တွေ့ရများသော သန့်စင်သည့်နတ်ဆိုးချီပုံဆောင်ခဲနျား၊ ချီစွမ်းအင်သန့်စင်သောနတ်ဆိုးမျိုးနွယ်သွေး၊ နတ်ဆိုးတို့၏အရိုးငြမ်းများအပြင် ရတနာပစ္စည်းများစွာဖြစ်ပေသည်။
“ခေါင်းဆောင်၊ ကျွန်တော်တို့ တကယ်အောင်မြင်ပါ့မလား။”
ချီစွမ်းအင်ပြည့်ဝနေသောနတ်ဆိုးတစ်ယောက်က တုန့်ဆိုင်းတုန့်ဆိုင်းမေးလာ၏။
“နတ်ဆိုးကွ။ ငါတို့က နတ်ဆိုးကိုပူဇော်နေတာကွ၊ သူတော်ကောင်းဘက်ကသူတွေမဟုတ်ဘူး။ မင်း ဟိုနတ်ဆိုးလမ်းစဥ်က နတ်ဆိုးအစောင့်အရှောက်သတိထားမိသွားတာလိုချင်လို့လား။”
နတ်ဆိုးတစ်ယောက်က မခံမရပ်နိုင်ဖြစ်နေဟန်ဖြင့် အော်ပြောလာ၏။
“ငါတို့ နတ်ဆိုးနက်နယ်မြေရဲ့အမှောင်ကိုဆောင်ကျဥ်းသူတွေပဲ၊ကြယ်စဥ်နတ်ဆိုးနတ်ဘုရားကသာလျှင် ငါတို့ရဲ့ညစ်ညမ်းနေတဲ့ခန္ဓာကိုယ်ကိုကယ်တင်နိုင်ပြီး နှလုံးသားကိုသန့်စင်ပေးနိုင်မှာ ... “
သူက ထပ်ပြောလာသည်။
“တကယ်လို့၊တကယ်လို့ ကြယ်စဥ်နတ်ဆိုးနတ်ဘုရားက သူတော်ကောင်းဘက်ကနတ်ဘုရားဆိုရင်တောင်ဘာဖြစ်သလဲ။ သူသာ ငါတို့ကို စွမ်းအင်ပေးသနားသရွေ့ ငါတို့ဒီယိုယွင်းနေတဲ့ကမ္ဘာကြီးကို ဖျက်စီးပစ်လို့ရတယ်။ စကြာဝဠာတစ်ခွင်ကိုပါ ပြန်စီမံပစ်မယ်။ဟားဟားဟား။”
“ခေါင်းဆောင်က အမျှော်အမြင်ကြီးမားလှပါတယ်။”
နတ်ဆိုးများအားလုံး၏မျက်ဝန်းများမှာ သန့်စင်ကာသိမ်မွေ့သောအလင်းတန်းပြည့်ဝနေလေသည်၊ ထိုဖြစ်စဥ်မှာ နတ်ဆိုးသဘာဝနှင့်ဆန့်ကျင်ဘက်ဖြစ်နေပြီး ဤနတ်ဆိုးနက်နယ်မြေရှိ နတ်ဆိုးများနှင့်လုံးဝမတူပါပေ။
လမ်းမပေါ်တွင် အရိုးခြမ်းပုံစံနတ်ဆိုးတစ်ခုက အနှီအိမ်ကို ဝိုင်းရံနေလေ၏။
“ခေါင်းဆောင်၊ သတင်းအရ ဒီအိမ်ထဲ သူတော်ကောင်းလမ်းစဉ်ကို ယုံကြည်နေတဲ့ယုံကြည်သူအုပ်စုတွေရှိနေတယ်တဲ့။ ကျွန်တော်တို့သာ သူတို့ကို ဖမ်းနိုင်ရင် နတ်ဆိုးကျင့်စဥ်တွေအများကြီးရလာနိုင်တယ်။”
အရိုးငြမ်းပုံစံနတ်ဆိုးက နတ်ဆိုးအငွေ့အသက်တို့တစ်လှိုင်လှိုင်လွှင့်လျက်ဆိုသည်။
“သူတို့ထဲမှာ ကြယ်ဝေဟင်သက်ဝင်မှုရဲ့ခေါင်းဆောင်ပါနိုင်တယ်။ တကယ်ကို နတ်ဆိုးမျက်လုံးမျိုးနွယ်စုအတွက်အရှက်ရစရာပဲ၊ သူတော်ကောင်းလမ်းစဉ်သက်ဝင်သူဆိုပဲ၊ နာမည်က ရွှီသာ့ဆိုလား၊ ခွီး ဘယ်လိုနာမည်ကြီးတောင်လဲ။ အဲ့ဒီလို့သူတော်ကောင်းနာမည်တွေက ခေါ်ဖို့တောင်ခက်တယ်။”
နောက်ထပ် အရိုးငြမ်းနတ်ဆိုးက စိတ်လှုပ်ရှားစွာဆိုလာလေသည်။
“ဟမ်၊ အဲ့ဒီသူတော်ကောင်းလမ်းကလူတွေက အန္တာရယ်များတဲ့သူတွေ၊ ရှင်းပစ်ဖို့လိုတာ။ မဟုတ်ရင် ငါတို့ရဲ့နတ်ဆိုးမျိုးနွယ်ကိုထိခိုက်လာနိုင်တယ်။ အဲ့ကောင်တွေက ရူးနေသော၊ နတ်ဆိုးမျိုးနွယ်အချင်းချင်းများပြန်သတ်ပြီး နတ်ဆိုးမျိုးနွယ်ရဲ့အသွေးအသားကို ချီစွမ်းအင်ဖြစ်စေမဲ့ အစီအရင်တွေ တည်ဆောက်တယ်ဆိုပဲ၊ လန့်ဖို့ကောင်းချက်။ အဲ့ဒီလို ချီစွမ်းအင်တွေက ငါတို့ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အရာဆိုတာသိရက်နဲ့ သူတို့ကတော့ ကျင့်ကြံဖို့သုံးနေတယ်ဆိုပဲ၊ တကယ်ကို ကြောက်ဖို့မကောင်းဘူးလား။”
အရိုးငြမ်းနတ်ဆိုးတို့၏ခေါင်းဆောင်ဖြစ်သူက အသက်နက်နက်ဖြင့် ဆိုလာသည်။
သူလည်း ခဏလောက်တွေး၍ ထပ်ဖြည့်လိုက်သည်။
“ဂရုစိုက်၊ ငါတို့က အဆင့်လေးအဆင့်နတ်ဆိုးတွေဖြစ်တဲ့အတွက် အဆင့်သုံးအဆင့်သူတော်ကောင်းလမ်းစဉ်သက်ဝင်သူတွေနဲ့ရင်ဆိုင်ရတောင် မခက်ခဲနိုင်ပေမဲ့လည်း သူတို့ရဲ့ ချီစွမ်းအင်တိုက်ခိုက်မှုကို သတိထားရမယ်။ အဲ့ဒီချီစွမ်းအင်တွေက အရမ်းတိုက်စားမှုပြင်းတာ၊ တော်တော်လေး အပြတ်ရှင်းဖို့ကခတ်တယ်။”
“နားလည်ပါပြီ။”
အရိုးငြမ်းနတ်ဆိုးများမှာ နတ်ဆိုးသဘာဝကို ထုတ်ဖော်ပြသလာကြလျက် မျက်ဝန်းများတွင်လည်း နတ်ဆိုစွမ်းအင်တို့ လျှံထွက်နေတော့သည်။ သူတို့အားလုံးမှာ နတ်ဆိုးလမ်းစဉ်၏ကျင့်ကြံသူများဖြစ်ကြရာ သူတော်ကောင်းဂိုဏ်းများကို သုတ်သင်ရန်ဆိုသည်မှာ သူတို့အတွက် ကိစ္စရပ်ကြီးတစ်ရပ်မဟုတ်ပါလေ။
သူတို့မှာ အနှီသူတော်ကောင်းလမ်းစဉ်သက်ဝင်သူများက ပြန်မတိုက်ခိုက်ဘဲ ထွက်ပြေးမှာကိုတောင် စိုးရိမ်နေရတာဖြစ်သည်။ ထိုသူတော်ကောင်းလမ်းစဉ်မှသူများမှာ ကြွက်ကဲ့အလား ထွက်ပြေးပုန်းရှောင်ရာတွင်တော့ အလွန်ကျွမ်းကျင်သည်လေ။
သူတို့မှာ သတင်းရရှိထားသောအိမ်နားကို ချဉ်းကပ်သွားကြသည်၊ ဘေးပတ်ပတ်လည်တွင် ဝန်းရံထားရင်း သူတော်ကောင်းဂိုဏ်းသားတစ်ယောက်ကိုမှ လွှတ်ခွင့်မပေးရန် ဆုံးဖြတ်ထား၏။
မြေအောက်ခန်းထဲတွင် နတ်ဆိုးမျက်လုံးမျိုးနွယ်ဝင်တို့မှာတော့ အစီအရင်ကို ပြင်ဆင်နေကြ၏။ သူတို့တွင် လူသားမျိုးနွယ်ပုံစံရှိသော်ငြား သူတို့နဖူးမှာ ပို၍ကြီးမားပြီး နတ်ဆိုးမျက်လုံးကြီးတစ်ခုတည်ရှိနေ၏။ နတ်ဆိုးမျက်လုံးမျိုးနွယ်စုများမှာ ဝိညာဉ်ကို မြင်နိုင်စွမ်းနှင့်မွေးဖွားလာသည်ဖြစ်ရာ အခြားသူများထက် လျှို့ဝှက်ချက်များကို ပိုမိုသိရှိကြပေသည်။
ထိုမျိုးနွယ်နတ်ဆိုးအဖြစ်မွေးဖွားလာလင့်ကစား အရာအားလုံးကို စူးစမ်းချင်စိတ်ရှိနေတတ်၏။ နတ်ဆိုးမျက်လုံးမျိုးနွယ်ထဲမှ အချို့ဆိုလျှင် ကမ္ဘာမြေကြီး၏ချီစွမ်းအင်ကို စိတ်ပါဝင်စားကြပြီး နတ်ဆိုးချီကိုသုံး၍ ချီစွမ်းအင်ကို သန့်စင်ရန်တောင် လုပ်ကြသေးပေသည်။
သို့သော်လည်း ထိုသို့လုပ်သည်မှာ နတ်ဆိုးနက်နယ်မြေတွင်တော့ လက်ခံနိုင်ဖွယ်မရှိပါလေ။ မျိုးနွယ်ထဲရှိအချို့နတ်ဆိုးတို့မှာ ထိုသို့ နတ်ဆိုးချီကို သုံး၍ချီစွမ်းအင်အသွင်ပြောင်းခြင်းနည်းလမ်းကိုဖော်ထုတ်နိုင်သွားကြပြီး နတ်ဆိုးမျိုးနွယ်၏သွေးသာခန္ဓာကိုယ်ကိုတောင် သန့်စင်သောချီစွမ်းအင်အဖြစ်ပြောင်းလဲနိုင်ရန် အစီအရင်များတည်ဆောက်ကြသေး၏။ ရလဒ်အနေဖြင့် ထိုသို့သောနတ်ဆိုးများမှာ သဘာဝအလျှောက်ကို အခြားနတ်ဆိုးများအားလုံးထံမှ ပစ်မှတ်ထားခံရပြီး နောက်ဆုံးတွင် ဘေးဆိုးများသာ ကြုံရတော့သည်။
ရွှီသာ့ဆီမှ ဝိညာဉ်စွမ်းအင်မှာ အလွန်ကို သန့်စင်ပြီး သူ၏နတ်ဆိုးမျက်လုံးကလည်း ကောင်းမွန်သောသူတော်ကောင်းလမ်းစဉ်၏စွမ်းအင်များ တောက်ပနေရာ ထိုသူမှာ မြင့်မြတ်နေဟန်ပေါ်နေလေ၏။ သူတော်ကောင်းဂိုဏ်းတစ်ခု၏ဂိုဏ်းချုပ်တစ်ခုအနေဖြင့် ထိုသူမှာ အဆင့်လေးအထိပါရောက်နေပြီဖြစ်ပြီး သေချာပေါက်ကို သူ့နောက်လိုက်များထက်ပို၍ သန်မာ၏။
“ကြယ်စဉ်နတ်ဆိုးနတ်ဘုရားကို ပူဇော်ဖို့ပြင်ထား။”
ရွှီသာ့က အော်လာ၏။
“ဟုတ်ကဲ့ပါ။”
သူတော်ကောင်းလမ်းစဉ်ဘက် ကူးပြောင်းသူများမှာ အစီအရင်အတွင်း အသီးသီးနေရာယူကြလျက် ကိုယ်တွင်းရှိချီစွမ်းအင်တို့ကို အစီအရင်အတွင်း လွဲပြောင်းပေးလာသည်။
ကြယ်ဝေဟင်အစီအရင်မှာ အသက်ဝင်သွားချေပြီ။
အစီအရင်၏အလယ်တွင်ရပ်နေရင်း ရွှီသာ့မှာ အိမ်ပြင်ကို လှမ်းကြည့်လိုက်ရာ ညကောင်းကင်ယံတွင် ကြယ်စဉ်များစွာပေါ်ထွက်လာကြောင်းတွေ့လိုက်ရသည်။
သူလည်း ခဏတွေးလိုက်ပြီး ဤတစ်ကြိမ်တွင် နောက်ထပ်ကြယ်တစ်မျိုးဖြင့်စမ်းသပ်ရန်တွေးလိုက်သည်။
သူ၏နတ်ဆိုးမျက်လုံးမှာ စူးစမ်းကြည့်ရှုနေရင်း နောက်တွင်တွင် ခုနစ်စဉ်ကြယ်အလယ်ဗဟိုရှိကောင်းကင်ဗဟိုကြယ်ကို ပူဇော်ရန် တွေးလိုက်၏။ ရွေးရသည့်အကြောင်းအရင်းကိုမူမမေးပါလင့်၊ သူက အဆင်ပြေသလို တစ်ခုခုကို ရွေးလိုက်ရုံသာ။
အစီအရင်စတင်ပြီးသည့်အခါ ချီစွမ်းအင်အလင်းတန်းတစ်ခုက ရုတ်ချည်း ပတ်ဝန်းကျင်ရှိနတ်ဆိုးချီတို့ကို ထွင်းဖောက်ကာ ကောင်းကင်သို့ပြေးတက်လျက် ကြယ်တို့နှင့်ဆက်သွယ်ရန်လုပ်၏။
“အရှင်က ကြယ်တို့၏စွမ်းအင်ကို ကိုင်ဆောင်သောနတ်ဘုရားအစစ်အမှန်ပါ။”
“အရှင်က ချီစွမ်းအင်ရဲ့အရင်းအမြစ်ဖြစ်ပြီး အရာအာလုံးရဲ့အဆုံးသတ်ခြင်းနတ်ဘုရားပါ။”
“အရှင်ရဲ့သက်ဝင်ယုံကြည်သူရွှီတာ့က အသန့်စင်ဆုံးစိတ်ရင်းဖြင့် ပူဇော်ပြီး အရှင့်စွမ်းအင်များပေးသနားဖို့နဲ့ သင့်ကိုယုံကြည်သက်ဝင်သူများကို လမ်းပြပေးဖို့တောင်းဆိုပါတယ်။”
ရွှီသာ့မှာ ကောင်းကင်နှင့်မြေကြီးရှိကြယ်များနှင့်ဆက်သွယ်ခြင်းနှင့်အတူ လျှို့ဝှက်ချက်တို့ကို တွက်ချက်ခြင်း အစရှိသဖြင့်ကြယ်စွမ်းအင်နည်းလမ်းများကို အသက်သွင်းရင်း သူကိုယ်တိုင်တောင်မယုံကြည်လေသည့်စကားတို့ကို ရေရွတ်နေရပေသည်။
အပေါ်ယံတွင်တော့ သူက ယုံကြည်သက်ဝင်စွာ ပူဇော်နေဟန်ရှိသော်ငြား စင်စစ်တွင် သူက ကြယ်များနှင့် ဆက်သွယ်နေခြင်းသာဖြစ်၏။
ခုနစ်စဉ်ကြယ်မှာ တောက်ပလာပြီး ကောင်းကင်ဗဟိုကြယ်ကလည်း ဆက်သွယ်မှုကို အသိအမှတ်ပြုသွားဟန်ရှိပြီး အကွာအဝေးများစွာကို ကျော်ဖြတ်၍ ပြန်လည်ဆက်သွယ်လာပေသည်။
အစီအရင်အလယ်တွင် ဝတ်ပြုနေဟန်ရှိသောရွှီသာ့မှာ ကြယ်စွမ်းအင်များဖြင့် ဖုံးအုပ်ခံလိုက်ရ၏။ တစ်ခဏချင်းတွင်းမှာပင် တာအိုစာကြောင်းများစွာမှာ သူ့စိတ်ထဲ ဝင်ရောက်လာပြီး ခုနစ်စဉ်ကြယ်အမွေအနှစ်ကျင့်စဉ်၏တစ်စွန်းတစ်စကို ဖတ်နိုင်သွားခဲ့၏။
သူ မျက်လုံးများကို မှိတ်၍ ခုနစ်စဉ်ကြယ်အမွေအနှစ်ကို သေချာဖတ်ကြည့်လိုက်သည်။ ထို့နောက် သူလည်း မနေနိုင်ဘဲ ရေရွတ်မိသွာလေ၏။
“ခုနစ်စဉ်ကြယ်အရှင်၊ ကောင်းကင်နဲ့မြေကြီးရဲ့....”
ရွှီသာ့တစ်ယောက် ထိုသို့ရွတ်ဆိုလိုက်သည့်အချိန်မှာပင် ခုနစ်စဉ်ကြယ်ထံသို့ သတင်းရောက်သွားပြီး ကမ္ဘာများကို ဖြတ်သန်း၍ ချင်းခမ်ကုန်းမြေ၏ထျန်းယွမ်မြေသို့ ရောက်ရှိသွားလေသည်။
နောက်တစ်ခိုက်တန့်တွင် ထိုစကားနောက်လိုက်၍ အသိစိတ်ပင်လယ်တစ်ခုက မရေတွက်နိုင်သောကမ္ဘာများစွာကို ဖြတ်ကျော်ကာ စင်မြင့်ထက်ရောက်ရှိလာလေသည်။
စုယွမ် ရောက်ရှိလာခြင်းပါပေ။