အခန်း ၁၉၃
Vol. 20 Ch. 193
Chapter 193
မည်သို့ပင်ဖြစ်စေနတ်ဆိုးနက်နယ်မြေတွင် ထူးဆန်းသောစိတ်နေစိတ်ထားဖြင့် နတ်ဆိုးများစွာရှိပေသည်။ ထိူသူတို့မှာ တစ်ခုခုကို ပိုတားမြစ်လေလေ၊ ပို၍စည်ဖောက်ချင်လေလေပင်။ ထို့ကြောင့် အချို့နတ်ဆိုးများမှာ ခုနစ်စဉ်ကြယ်အရှင်ကို တိတ်တခိုး ဝတ်ပြုကိုးကွယ်လာကြရာာ ခုနစ်စဉ်ကြယ်အရှင်ဟူသောအမည်မှာ နတ်ဆိုးနယ်မြေထဲ ပို၍နက်နက်ရှိုင်းရှိုင်း နေရာယူလာတော့၏။
စုယွမ်၏အသိစိတ်ပင်လယ်ကတော့ သူ့ကိုတမ်းတနေကြသောအတွေးပေါင်းများစွာကြောင့် နတ်ဆိုးနက်နယ်မြေ၏နေရာတော်တော်များများကိုတောင် ရောက်ဖူးနေလေပြီ။
သူ၏နတ်ဆိုးနက်နယ်မြေအပေါ်နားလည်မှုကလည်း ပို၍ပိုကာ ကြီးထွားလာလေ၏။
ဤနေရာမှာကား နတ်ဆိုးချီစွမ်းအင်တို့ပြည့်နက်နေသော သေမျိုးနယ်မြေသာဖြစ်လေသည်။ ဤနေရာရှိ အမြင့်ဆုံးကျင့်ကြံဆင့်မှာ အဆင့်ရှစ်ဖြစ်ပြီး ထိုသို့ အဆင့်ရှစ်ရောက်သူများက နတ်ဆိုးနယ်မြေသို့ ဆန်တက်နိုင်ပေသည်။
အဆင့်ရှစ်နတ်ဆိုးများမှာကား အတိဒုက္ခအဆင့်နှင့်ညီ၏။ သူတို့သည်လည်း ဝိညာဉ်စွမ်းအင်ကျင့်ကြံသူများအတိုင်း နတ်ဆိုးခန္ဓာကိုယ်ပြန်လည်ဖွဲ့စည်းရန် အတိဒုက္ခများကျော်ဖြတ်ရပေသည်။
ဤအရာများမှာ စုယွမ် သာမာန်လျှံကာ လိုက်ကြည့်ထားသည်များဖြစ်ပြီး သူ၏အဓိကအာရုံမှာတော့ စနစ်မျက်နှာပြင်ပေါ်မှာပင်။
【အမည်】: စုယွမ်
【နယ်မြေ】: နတ်ဆိိုးနက်ကုန်းမြေ
【အဆင့်】: လူသိများကျော်ကြား(1.12M/ 10M)
【ကျင့်ကြံမှုအဆင့်】: အဆင့်ငါးအလတ်တန်း(50/100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု(အဆင့်နှစ်:3/10): လက်ရှိနားနေချိန်: ၃၁ရက်။
【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ(အဆင့်နှစ်:3/10)။
【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်(အဆင့်နှစ်:3/10)။
【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ(အဆင့်နှစ်:3/10)။
【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်(အဆင့်နှစ်:3/10)။
【ပါရမီစွမ်းရည်ခြောက်】: အန္တာရယ်ကျချိန်တိုးတက်မှု(အဆင့်နှစ်:3/10)။ သက်တမ်း: 100894နှစ်။
【ပါရမီစွမ်းရည်ခုနစ်】: ကမ္ဘာလှည့်ခရီးသွားသူ။
【ပါရမီစွမ်းရည်ရှစ်】: မဖွင့်လှစ်သေး။
စုယွမ်၏အမူအရာမှာ ထူးဆန်းသွားရသည်။
သူလည်း အခြားကမ္ဘာရှိကျော်ကြားမှုအမှတ်က သူ့ကို စွမ်းရည်များကို အဆင့်တက်စေလိမ့်မည်ဟု မထင်ထားပါချေ။
ထို့အတူ အလုပ်နှင့်နားနေဖလှယ်စွမ်းရည်၏အဆင့်နှစ်မှာ ကျင့်ကြံချိန်ကို ပို၍အစွမ်းထက်လာစေလေသည်။
ဥပမာအားဖြင့် ပုံမှန်ဆိုလျှင် နားချိန်ဆယ်ရက်တာမှာ အသက်သွင်းလိုက်ပါက ကျင့်ကြံချိန်တစ်ရက်အဖြစ်ပြောင်းလဲသွားလေ့ရှိသည်။ ယခုအဆင့်ရောက်ပါလျှင် ဆယ်ရက်တာမှာ ကျင့်ကြံချိန်တစ်ရက်အဖြစ်သာ ရှိဆဲဖြစ်သော်ငြား နားလည်မှုစွမ်းအင်နှင့် ကျင့်ကြံရေးသက်ရောက်မှုများကတော့ ယခင်ကတော့ ယှဉ်စရာမလိုတော့ပေ။
တာအိုပညာနှင့်သဘာအဆင့်နှစ်ကလည်း သူ၏ကောင်းကင်နှင့်မြေကြီးနိယာမများအပေါ်နားလည်မှုကို နှစ်ဆဖြစ်လာစေရာ အနာဂတ်တွင် သဘာဝကိုလေ့လာပါက ပို၍များစွာလွယ်ကူတော့မည်ပေ။
ခုနစ်စဉ်ကြယ်စွမ်းအင်၏အဆင့်နှစ်ကတော့ သူ၏ခုနစ်စဉ်ကြယ်အပေါ်နားလည်နိုင်စွမ်းကို ပို၍တိကျလာစေ၏။ထို့အတွက် ခုနစ်စဉ်ကြယ်နှင့်ဆက်နွယ်နေသောကျင့်စဉ်များအားလုံးက အဆင့်တစ်ခုအထိ တိုးမြင့်လာကြလေသည်။ ခုနစ်ကြယ်အရှင်ဟူသောဂုဏ်ပုဒ်တောင် ပို၍ ခိုင်မာလာသလိုပါပင်။
စိတ်အာရုံအဆင့်နှစ်ကတော့ သူ့ကို ပြစ်မှတ်များအပေါ် ပို၍ လွယ်ကူစွာအာရုံစိုက်ရစေလာသည်။ ထို့အပြင် စုယွမ်က ယခုဆိုလျှင် ပဲ့တင်သံများကိုပါ ဖန်တီးနိုင်သွားရာ တစ်ဖက်လူ၏စိတ်ထဲပါဝင်၍ စကားပြောနိုင်တော့မည်ပေ။ ဆိုလိုသည်မှာ သူ့အနေဖြင့် အဝေးတွင်ရှိနေသော်လည်း စိတ်အားဖြင့် ဆက်သွယ်နိုင်တော့ပေမည်။
ရှိန်ဝါမြင့်အဆင့်နှစ်ကတော့ သူ့ကို ဘေးပတ်လည်တွင်သာ ဖိအားကိုဖြစ်ပေါ်စေသည်မဟုတ်ဘဲ၊ ကိုယ်တွင်းမှပါ အရှိန်အဝါများ ဟိန်းထွက်စေလာ၏။
အကျဉ်းချုပ်ပြောရသော် စွမ်းရည်များအဆင့်တက်လာခြင်းက သူ့အတွက် အရှုံးနည်းနည်းလေးမှ မရှိပါပေ။
နတ်ဆိုးနက်နယ်မြေတွင် သူ့ကျော်ကြားမှုမှတ်များက ထိုမျှလျင်မြန်စွာတိုးမြင့်သွားရခြင်းမှာ သူဟာ နတ်ဘုရားတစ်ပါးအသွင်ဟန်ဆောင်ကာ အသွင်ယူခဲ့သောကြောင့်ပေ။
တာအိုနတ်ဘုရားတစ်ပါးအဖြစ်အသွင်ယူထားလေရာ ထိုသတင်းက ထိုလောက၏ထောင့်တိုင်းနေရာတိုင်းသို့ ပျံ့နှံ့သွားပြီး ထိုမှတဆင့် နတ်ဆိုးနက်နယ်မြေမှ သူ့ကျော်ကြားမှုအမှတ်က မိုးထိတိုင်မြင့်သွားရခြင်းဖြစ်၏။
သို့သော် သတင်းများမှာ တင်းတင်းကြပ်ကြပ်ပြန်ထိန်းချုပ်ခံလိုက်ရ၍ ကျော်ကြားမှုအမှတ်များဆက်လက်တိုးတက်ရန်တော့ တော်တော်လေးပြန်ခက်ခဲသွားပေသည်။
စုယွမ်ကတော့ စိတ်ထဲမထားပါပေ။ ဤသို့အခြားကမ္ဘာတစ်ခုတွင် ကျော်ကြားအောင်လုပ်ခြင်းက ထိုသို့သောကမ္ဘာများကရသောစွမ်းရည်က မည်သို့ဖြစ်မည်ကို သိချင်သောကြောင့်သာပေ။
ဤသို့ဖြင့် သူ အခြားကမ္ဘာ၏စွမ်းအင်ကို အနည်းငယ်တော့ ခန့်မှန်းနိုင်သွားလေပြီ။
သို့လင့်ကစား ကမ္ဘာတစ်ခုတည်းမှာ အချက်အလက်မှာ ကောက်ချက်ချရန် မလုံလောက်သေး။
စုယွမ်လည်း အတွေးများကို အသက်သွင်းလိုက်ရာ သူ့အသိစိတ်ပင်လယ်မှာ ချက်ချင်း အခြားကမ္ဘာတစ်ခုတွင် ပေါ်လာလေသည်။
နတ်ဆိုးနက်နယ်မြေရှိသတ္တဝါများတောင် ခုနစ်စဉ်ကြယ်ကို ဆက်သွယ်နိုင်ရန် အခြားကမ္ဘာရှိဖြစ်တည်မှုများကလည်း ခုနစ်စဉ်ကြယ်ကို ဆက်သွယ်နေကြပြီဖြစ်၏။
စုယွမ်လည်း ကမ္ဘာတစ်ခုကို ရွေးလိုက်တော့ အသိစိတ်ပင်လယ်မှာ အလွန်သေးငယ်သောကမ္ဘာလေးထဲရောက်သွားလေသည်။
ထိုကမ္ဘာတစ်ခုလုံး၏အကျယ်အဝန်းမှာ လျှို့ဝှက်နယ်မြေတစ်ခုစာသာရှိပြီး အထဲတွင် လူသားမျိုးနွယ်များ တည်ရှိနေ၏။ ထိုလူသားများမှာကား သဘာအလျှောက် ကြယ်စွမ်းအင်နှင့် ရင်းနှီးသောဓာတ်သဘာဝရှိကြရာ ကျင့်ကြံရေးအတွက် ကြယ်စွမ်းအင်ကိုအများဆုံးသုံးလေ့ရှိကြပေသည်။
ထို့အပြင့် ထိုသူများထဲ အင်အားအကြီးဆုံးမှာတော့ တတိယအဆင့်သာဖြစ်လေသည်။
စုယွမ်လည်း သူ့ကျော်ကြားမှု ထိုကမ္ဘာတွင် မြင့်မားလာအောင် အားနည်းနည်းထုတ်သုံးလိုက်၏။
ဤသို့ဖြင့် သူ့နာမည်မှာ အနှီကမ္ဘာတစ်ခွင်ပျံ့နှံ့သွားပြန်သည်။
သူ၏ကျော်ကြားမှုအဆင့်ကလည်း အသေးစားကျော်ကြားမှုအဆင့်မှာ ကမ္ဘာသိကျော်ကြားမှုအဆင့် တန်းရောက်သွားရသည်။
ထိုအဆင့်ရောက်သည်နှင့် ကျော်ကြားမှုမှတ်များကလည်း အမြင့်ဆုံးအခြေအနေရောက်သွားရ၏။
သို့သော် အကျိုးဆက်အားဖြင့် ပထမစွမ်းရည်သုံးခု၏အမှတ်များသာ အနည်းငယ်တိုးတက်လာပြီး ကျန်စွမ်းရည်များအတွက်တော့ ဘာမှမထူးရာ စွမ်းရည်အသစ်ရဖို့ဆိုလျှင် အဝေးကြီးပါပေ။
ကမ္ဘာနှစ်ခုကိုမွှေနှောက်ပြီးသည့်နောက်တွင် စုယွမ်၏စနစ်အပေါ်အမြင်မှာ အဆင့်တစ်ခုရောက်သွားတော့ပေသည်။
စုယွမ်မှာ အနာဂတ်အတွက်တွေးတော့နေလေသည်။
“နတ်ဆိုးနက်နယ်မြေလိုဖြစ်နိုင်တဲ့ကမ္ဘာတွေကနည်းတယ်ထင်တယ်။ အဲ့ဒါအစား ကြယ်ဝိညာဉ်နယ်မြေလိုအဆင့်နိမ့်ကမ္ဘာလေးတွေက များလောက်တယ်။ နောက်ပြီး အဲ့ဒါအတွက် ခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့တပည့်တွေကိုပဲ ငါ့ဂုဏ်သတင်းကို ဖြန့်ခိုင်းလို့ရလောက်မယ်။ ကြယ်ဝိညာဉ်နယ်မြေလို့အရမ်းသေးတဲ့ကမ္ဘာအတွက် တစ်လနီးပါးတောင်အချိန်ဖြုန်းလိုက်တာ၊ ပင်ပန်းချက်ပဲ။”