← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

Chapter 195

ဤအတောအတွင်း စုယွမ်က ဘာမှမလုပ်ပါပေ၊ ငါးမျှားလိုက်၊ လက်ဖက်ရည်သောက်လိုက်၊ စာအုပ်ဖက်လိုက်နှင့် ငါးလဟူသောအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားရတာဖြစ်၏။

ထိုနေ့တွင် ရာသီဥတုမှာ သာယာနေခဲ့သည်။

စုယွမ်မှာ စနစ်မျက်နှာပြင်ကို တိတ်တဆိတ်စောင့်ကြည့်နေသည်။ ကျော်ကြားမှုအမှတ်မှာ ၉၉.၉၉မီလီယံတွင် ခဏရပ်တန့်နေရပြီး ထို့နောက်တွင်တော့ ၁၀၀မီလီယံသို့ရောက်ရှိသွားတော့သည်။

【ဒင်၊ အဆင့်မြင့်ပါပြီ။】

【ဒင်၊ လက်ရှိကျော်ကြားမှုမှတ်မှာ ထျန်းယွမ်နယ်မြေ၏အကန့်အသတ်ကို ကျော်လွန်နေပါတယ်။】

စုယွမ်၏မျက်ဝန်းများတောက်ပသွားပြီး စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ထျန်းယွမ်နယ်မြေ

【အဆင့်】: ကမ္ဘာသိအဆင့်(100M/ 100M)

【ကျင့်ကြံမှုအဆင့်】: စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်(88/100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်(အဆင့်နှစ်:3/10): ၁၈၂ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ(အဆင့်နှစ်:3/10)။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်(အဆင့်နှစ်:3/10)။

【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ(အဆင့်နှစ်:3/10)။

【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်(အဆင့်နှစ်:3/10)။

【ပါရမီစွမ်းရည်ခြောက်】: အန္တာရယ်ကျချိန်တိုးတက်မှု(အဆင့်နှစ်:3/10)။ သက်တမ်း: 120005နှစ်။

【ပါရမီစွမ်းရည်ခုနစ်】: ကမ္ဘာလှည့်ခရီးသွားသူ။

【ပါရမီစွမ်းရည်ရှစ်】: မဖွင့်လှစ်သေး။

“နောက်ဆုံးတော့ ရောက်ပြီ။”

စုယွမ်လည်း ခပ်ယဲ့ယဲ့ပြုံးပြီး စွမ်းရည်ရှစ်ကို နိပ်လိုက်သည်။

စာကြောင်းသုံးကြောင်းမှာ သူ့ရှေ့တွင်ပေါ်လာသည်။

【အချိန်မှတ်တမ်း】: ဝိညာဉ်အတွင်း အချိန်မှတ်တမ်းတင်သည့်အရာကိုဖွဲ့စည့်ပြီး အတိတ်ဖြစ်ရပ်တွေကို ပြန်ခံစားပါ။

【ကြေးမုံမှန်】: အသိစိတ်ပင်လယ်ထဲ မှန်လေဟာနယ်တစ်ချပ်တည်ဆောက်ပါ။ ၎င်းက ကိစ္စရပ်များကို မှတ်တမ်းတင်ထားနိုင်သလို တစ်ထပ်တည်းတူသောပုံရိပ်များကလည်း ပွားနိုင်မည်။

【ပြင်ပပုံရိပ်ယောင်】: ခန္ဓာကိုယ်ပြင်ပပုံရိပ်ယောင်တစ်ခုကို ဖွဲ့စည်းနိုင်မည်၊ ထိုပုံရိပ်ယောင်မှာ မူလကိုယ်နှင့် စွမ်းရည်များမရှိသည်မှအပ ကျင့်ကြံဆင့်များ၊ ကျင့်စဉ်များ အကုန်တူမည်ဖြစ်၏။ အကယ်၍ ၎င်းက သတ်ဖြတ်ခံရလျှင်တောင် ပြန်လည်ဖွဲ့စည်းနိုင်ပေသည်။

စွမ်းရည်များကို ဖတ်ပြီး စုယွမ် အတွေးထဲနစ်မြှုပ်သွားရတော့သည်။

စွမ်းရည်ရှစ်ရောက်သည်အထိ စွမ်းရည်တစ်ခုချင်းစီက လွန်စွာအသုံးဝင်ခဲ့ရာ ယခုတစ်ခေါက်တွင်လည်း ဘာကိုရွေးရမလဲမသိသည့်အတွေးမှာ စုယွမ်ကို အကြပ်ရိုက်စေ၏။

ပထမဆုံးတစ်ခုမှာ အလွန်မှော်ဆန်၏၊ ဖော်ပြထားသည့်အတိုင်းဆိုလျှင် ၎င်းက အတိတ်ဖြစ်ရပ်များကို မှတ်တမ်းတင်ထားနိုင်သည်ဟုဆိုရာ သူ့ခေါင်းထဲရောက်လာသောအသုံးပြုပုံမှာ ကောင်းကင်နှင့်မြေကြီးအံ့ချီးဖွယ်များကို မှတ်တမ်းတင်ရန်ဖြစ်သည်။

ယခင်တုန်းက သူဟာ လေဟာနယ်မိုးကြိုးတိမ်တိုက်ကို အလျင်စလို လေ့လာခဲ့ရခြင်းမှာ ထိုတိမ်တိုက်၏ကြာချိန်မှာ မလုံလောက်သောကြောင့်ပေ။

အကယ်၍ သူသာ မှတ်တမ်းတင်နိုင်မည်ဆိုပါက အလုပ်နှင့်နားနေဖလှယ်မှုပြန်ပြည့်မည့်အချိန်အထိ စောင့်ပြီးမှ ပြန်လေ့လာပါက ရလဒ်သည်ကား အဆမတန်ပို၍ကောင်းမည်ပေ။

ဒုတိယစွမ်းရည်ကတော့ သူ့ကို တိုက်ပွဲများကို တွေးမိသွားစေသည်။ သူ့အသိစိတ်ပင်လယ်ထဲတွင်သူ ပုံတူကူးမှန်တစ်ချပ်ရှိပါက တိုက်ပွဲများအတွက် သုံးလို့ရနိုင်ပေမည်။

တတိယစွမ်းရည်ကတော့ ရိုးရှင်းပါ၏။ သူက ခန္ဓာကိုယ်အပြင်တွင် ပုံရိပ်တစ်ခုဖွဲ့စည်းနိုင်ခြင်းပေ။ ထိုသို့ခန္ဓာကိုယ်မလိုသောပုံရိပ်ယောင်ကို ဖွဲ့စည်းနိုင်ပါက သူ တွေးပူစရာမလိုဘဲ သဘာဝတရားကို လှည့်လည်ခံစားနိုင်ပေမည်။ ဤစွမ်းအင်က သူ့ယခင်ရှိသည့်စွမ်းအင်နှစ်ခုပေါင်းထားတာဟုတောင် ပြော၍ရသည်။

မည်သည့်စွမ်းအင်ကို ရွေးရပါမည်နည်း။

စုယွမ်မှာ အလွန် အကြပ်ရိုက်နေပေသည်။

အဆုံးတွင်မူ စုယွမ်လည်း 【အချိန်မှတ်တမ်း】ကိုသာရွေးလိုက်ပါ၏။

တိုက်ခိုက်ရေးအတွေ့အကြုံသာကား အခွင့်အရေးများကို ရှာရင်းတိုးတက်လာနိုင်မှာဖြစ်ပြီး ပုံရိပ်ယောင်ကတော့ သူ့ဘာသာသူလည်း ဖွဲ့စည်းနိုင်နေပြီပင်။ သို့သော် 【အချိန်မှတ်တမ်း】ကတော့ မရွေးလိုက်ပါက ထိုသို့စွမ်းရည်မျိုး ထပ်ရလာနိုင်ဖို့ မသေချာပါပေ။

ထို့အပြင် ဤစွမ်းအင်မှာ အလုပ်နှင့်နားနေဖလှယ်မှု၊ တာအိုပညာနှင့်သဘာဝ၊ စိတ်အာရုံ၊ ခုနစ်စဉ်ကြယ်နှင့် ကမ္ဘာလှည့်ခရီးသွားစွမ်းရည်တို့နှင့် ကိုက်ညီပေလေသည်။

ထိုစွမ်းအင်နှင့်သာဆိုပါက သူက အခြားကမ္ဘာများတွင် မြင်ခဲ့သမျှကိုလည်း မှတ်တမ်းတင်နိုင်မည်ဖြစ်ပြီး အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်သာသုံးလိုက်ပါက ကျင့်ကြံရေးအလွန်တာသွားမည်ပေ။ အနာဂတ်တွင်လည်း ကောင်းကင်နှင့်မြေကြီး၏အံ့ချီးဖွယ် သို့မဟုတ် တာအိုအနှစ်သာရများနှင့်ကြုံရလျှင်တောင် အလုပ်နှင့်နားနေဖလှယ်မှုအတွက် နားချိန်မလောက်မှာ စိုးရိမ်စရာမလိုတော့ပါပေ။

သူ ထိုစွမ်းရည်ကို ရွေးချယ်လိုက်သောအချိန်တွင် သူ ဆန်းကြယ်သောအချိန်မှတ်တမ်းသည့်အရာတစ်ခုမှာ သူ့ဝိညာဉ်များထဲ ရောက်ရှိသွားတာကို ခံစားလိုက်ရသည်။ ယခုအချိန်မှစပြီး သူတွေ့ကြုံသမျှအရာအားလုံးကို ထိုအထဲတွင် မှတ်တမ်းတင်ထားတော့ပေမည်။

သူ့မြင်ကွင်းထဲရှိသမျှအရာအားလုံး၊ ၎င်းက လေဖြစ်ပါစေ၊နေ၊အပင်၊မြစ်ချောင်းအင်းအိုင်နှင့်တကွ ဝိညာဉ်သားရဲနှင့်လူသားတို့အပါအဝင် ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာတို့က တစ်ခုချင်း မှတ်တမ်းတင်သိမ်းဆည်းထားလိမ့်ပေမည်။

စုယွမ်လည်း 【အချိန်မှတ်တမ်း】ကိုသုံးပြီး အခုလေးတင်မှတ်တမ်းတင်လိုက်သောအရာကို ပြန်ကြည့်ရန်လုပ်လိုက်သည်။

သူက လွန်ခဲ့သောငါးမိနစ်သို့ပြန်ရောက်သွားသည့်အလား ယခုလေးတင်တွေ့ကြုံခဲရသောအရာအားလုံးကို ခံစားလိုက်ရသည်။ ထိုအတူ သူက ဖြစ်စဉ်များကိုတောင် လိုသလိုအရှိန်အပြောင်းအလဲလုပ်လို့ရရာ အင်မတန်ကို လွတ်လပ်နေတော့သည်။

သူ ထိုအတိတ်မြင်ကွင်းထဲတွင် ဝိညာဉ်ယုန်လေးတစ်ကောင်က ဝိညာဉ်စိုက်ခင်းထဲသို့ ခိုးဝင်ရန်လုပ်ရာ ဝိညာဉ်ငါးမှပြောင်းထားသောကောင်လေးတစ်ယောက်ဆီမှ အဝေးဆွဲခေါ်သွားတာခံလိုက်ရတာကိုမြင်လိုက်ရသည်။

သူ ယခင်က ဤမြင်ကွင်းကို အာရုံမစိုက်ခဲ့မိသည့်အတွက် သူ့မှတ်ဉာဏ်ထဲတွင်လည်း မရှိပါပေ၊ သို့သော် အချိန်မှတ်တမ်းအားဖြင့်တော့ အားလုံးမှာ မှတ်တမ်းတင်ထားလေသည်။

သို့သော် အချိန်မှတ်တမ်းထဲ၌ ပြန်ကြည့်ပြီးသား မြင်ကွင်းကို ကြည့်မရတော့တာတော့ နှမျောစရာပင်။ ဤသည်မှာ အတိတ်ကို တစ်ခါသာပြန်ကြည့်နိုင်သောစနစ်ဖြစ်ရမည်ပေ။ စင်စစ်တွင် ဤစွမ်းအင်ကို အဓိကအသုံးပြုပုံမှာ လူတစ်ယောက်၏စိတ်ကို ထက်မြစေရန်ဖြစ်ဟန်ရှိသော်ငြား စုယွမ်ကတော့ ကောင်းကင်နှင့်မြေကြီး၏နိယာမများကို နားလည်ရန်အသုံးပြုသည်က ပိုမှန်သည်ဟု ယုံကြည်ပါ၏။

စုယွမ် စိတ်အာရုံစွမ်းရည်ကို ဖွင့်လိုက်ရာ သူ့အသိစိတ်ပင်လယ်က ထျန်းယွမ်နယ်မြေရှိတစ်နေရာကို ရောက်သွားကြောင်းခံစားလိုက်ရသည်။ ခုနစ်စဉ်ကြယ်ဂိုဏ်းတပည့်တစ်ဦးက စုယွမ်၏နာမည်ကို မတော်မဆခေါ်မိသွားပုံပေါက်ပြီး သူ့အသိစိတ်ပင်လယ်ကလည်း ဤနေရာတွင်ရောက်ရှိနေရသည်။

သူလည်း ဘေးပတ်လည်ရှိတောင်တန်းများ၊သစ်တောများကို ခဏလောက် တိတ်ဆိတ်စွာကြည့်နေလိုက်၏။

အချိန်ပြည့်တော့မည့်အချိန်တွင် သူလည်း အသိစိတ်အာရုံကို ပြန်သိမ်းပြီး ပင်မခန္ဓာကိုယ်ဆီပြန်လာခဲ့လိုက်သည်။

ထို့နောက် သူ အချိန်မှတ်တမ်းစွမ်းရည်ကို ထပ်ဖွင့်လိုက်သည်။ အံ့ဩဖို့ကောင်းအောင်ပင် သူ ယခုလေးတင်တွေ့ကြုံခဲ့ရသောမြင်ကွင်းအတွက် အချိန်မှတ်တမ်းက မြင်ကွင်းနှစ်ခုခွဲပေးလာသည်၊ တစ်ခုမှာ စုယွမ်၏ပင်မခန္ဓာကိုယ်မှ မြင်ကွင်းဖြစ်ပြီး တစ်ခုမှာ စုယွမ်၏အသိစိတ်ပင်လယ်ရောက်သွားသောနေရာပင်။ ထိုမြင်ကွင်းနှစ်ခုမှာကား သူ စိတ်အာရုံစွမ်းရည်ကို ရုတ်သိမ်းခဲ့သောအချိန်လောက်ရောက်မှသာ ပြန်လည်ပေါင်းစည်းသွားလေသည်။

စုယွမ်လည်း ဆက်လက်စမ်းကြည်ရင်း အချိန်မှတ်တမ်းထဲရှိမှတ်တမ်းတို့မှာ ဖြတ်တောက်လို့ရကြောင်းတွေ့သွားရသည်။ ဤနည်းအားဖြင့် သူ ပို၍အရေးကြီးသောအချိန်တွင်သာ တန့်၍ သေချာလေ့လာနိုင်ပေမည်။

ဤသို့ဖြင့် အချိန်မှတ်တမ်းစွမ်းအင်သည်ကား သူ့စွမ်းရည်များနှင့် အံ့ဝင်ခွင်ကျပြီးပြည့်စုံသောအစိတ်အပိုင်းဖြစ်လာတော့သည်။

All Chapters