← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

Chapter 196: ကြောက်မက်ဖွယ်ရန်သူရောက်လာခြင်း။

စုယွမ်လည်း သူ၏စွမ်းရည်များကို အနာဂတ်တွင် ပိုအသုံးဝင်အောင် ဘယ်လိုသုံးရမလဲတွေးလိုက်သည်။

စနစ်မျက်နှာပြင်တွင် ရုတ်ချည်း 【အန္တရာယ်ရှိချိန်တိုးတက်မှု】 က လင်းလာ၏။ ထိုအလင်းတောက်ပမှုနှုန်းမှာ သူ ယခင်က မိုးကြိုးဘီလူးကြီးကို ရင်ဆိုင်တုန်းကလောက်ဖြစ်နေပေသည်။

“ဘာဖြစ်နေတာလဲ။”

စုယွမ် အမူအရာပြောင်းလဲသွား၏။

သူ 【အန္တရာယ်ရှိချိန်တိုးတက်မှု】 ကို ဖွင့်လိုက်ရာ ကပ်ဘေးကြီးတစ်ခုက အရောက်လာနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

“ဒီဘက်ကလား။”

စုယွမ်လည်း ချက်ချင်း စိတ်အာရုံကို ဖွင့်၍ လားရာတစ်ခုဘက်တွင်ရှိနေသောအတွေးများအားလုံးနောက်လိုက်ကာ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို ကြည့်၍ ကပ်ဘေး၏အရင်းအမြစ်ကို လိုက်ရှာနေလိုက်သည်။

ထိုလမ်းတစ်လျှောက်လိုက်ရင်း သူ့မြင်ကွင်းမှာ လျင်မြန်စွာသွားလာနေလေသည်။ နောက်ဆုံးတွင် သူက သေမျိုးတစ်ဦး၏ခေါင်းပေါ်ရောက်သွားလျက် ကောင်းကင်မှမိုးကြိုးတစ်ချက်လိုလို လျှပ်စီးတစ်ချက်က ကျဆင်းလာတာကို မြင်လိုက်ရသည်။

ထိုလျှပ်စီးမှာ အလွန်လျင်မြန်လွန်သည်ပေ။ ထိုလျှပ်စီး၏အထဲတွင် တစ်မိုင်ခန့်ရှည်လျားသောကျောက်တုံးကြီးတစ်ခုက လျင်မြန်စွာရွေ့လျားနေလျက်၊ ၎င်း၏လားရာသည်ကား ခုနစ်စဉ်ကြယ်ဂိုဏ်းဖြစ်နေပေသည်။

စုယွမ်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ သူလည်း မြန်မြန်စိတ်အာရုံမြင်ကွင်းများကိုခုန်ကူးလိုက်တော့ ထိုသတ္တဝါက တကယ်ပဲ ခုနစ်စဉ်ကြယ်ဂိုဏ်းဆီ ဦးတည်နေတာကို တွေ့လိုက်ရသည်။

“ဒီကောင်က မိုးကြိုးဘီလူးကြီးနဲ့နည်းနည်းဆင်နေပါလား။”

စုယွမ်လည်း စိတ်အာရုံကို သုံး၍မြင်ခဲ့ရသော ကိုးဘုံအထက်က မိုးကြိုးဘီလူးကြီးကို ပြန်သတိရသွားရသည်၊ အနှီသတ္တဝါကြီးက သေချာပေါက်ကိုပင် မသေမျိုးနယ်မြေအထက်တွင်နေထိုင်သောအင်အားကြီးဖြစ်တည်မှုဖြစ်ကြောင်းရှင်းလှပေသည်။

နောက်ပြီး ယခုမိုးကြိုးဘီလူးကတော့ သူ ရှိန်ဝါမြင့်စွမ်းရည်ကို သုံးထားသောကြောင့် ၎င်းက လေဟာနယ်အဆင့်အလတ်တန်းတွင်ရှိကြောင်း သေချာပေ၏။

“ဘာလို့မိုးကြိုးဘီလူးတွေက ငါ့ကိုပဲ အာရုံစိုက်နေကြတာလဲကွာ။”

စုယွမ်လည်း ထိုသည်က သူ၏ကမ္ဘာများကိုခုန်ကူးနေသောလုပ်ရပ်ကို ထိုမိုးကြိုးဘီလူးကြီးရှာတွေ့လို့ သို့မဟုတ် သူ၏ကံကောင်းခြင်းကိုဖိနှိပ်တာများကို သတိထားမိသွားလို့ဟုထင်၏။

သို့သော် မည်သို့ပင်ဖြစ်စေ သူ ယခုလောလောဆယ်တော့ ထိုရန်သူကို လွယ်လွယ်လွှတ်ထား၍ မရပါပေ။

“ဒီနှုန်းနဲ့ဆိုရင် လေးဆယ့်ငါးမိနစ်အတွင်းရောက်တော့မှာပဲ။”

စုယွမ်၏အမူအရာမှာ တိတ်ငြိမ်နေပေသည်၊ သူ အလွန်တရာ ထိတ်လန့်သွားတာမျိုးမဖြစ်ပါပေ။

သို့သော် ထိုအချိန်လေးတွင် အကြီးအကဲလိုင်ရန်မှ စိတ်အာရုံစွမ်းရည်က အချက်ပြလာ၏။

စုယွမ်လည်း သူ့အသိစိတ်ပင်လယ်ကို ထိုဘက် တစ်ခြမ်းခွဲပေးလိုက်သည်။

ထို့နောက် သူ အကြီးအကဲလိုင်ရန်မှာ လွန်စွာကြောက်ရွံ့နေပုံဖြင့် ထွက်ပြေးနေတာကိုတွေ့လိုက်ရ၏။

စုယွမ်လည်း အဝေးရှိမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်သွားရသည်။

သူ အထက်ကောင်းကင်တွင် ကြီးမားသောအပေါက်ကြီးတစ်ပေါက်ဖြစ်နေသည့်အလား ကျယ်ပြန့်လှသောမိုးကောင်းကင်ကြီးမှ အောက်ရှိပင်လယ်ထဲသို့ ဆွဲသွင်းခံနေရတာကို မြင်လိုက်ရသည်။

“ကယ်ပါဦး၊ ဆက်ခံသူအရှင်။ မိုးကောင်းကင်ကြီး ပြိုကျနေပြီ။ ဒီတစ်ခေါက် တကယ်ကြီး ကောင်းကင်က ပြိုကျနေတာပါ။”

အကြီးအကဲလိုင်ရန်မှာ အတိုင်းထက်အလွန်ကြောက်လန့်နေရပေသည်။

စုယွမ်လည်းတော်တော်လေးကို ထိတ်လန့်သွားရ၏။ အထက်ကောင်းကင်ကြီးမှာ အမှန်တကယ်ပြိုကျနေရသည့်အလား ကောင်းကင်ရှိမိုးကြိုးတိမ်စိုင်များရော အရာအားလုံးက ပင်လယ်လည်း စုပ်ယူခံနေရပေသည်လေ။ ဤမြင်ကွင်းမှာကား ဆန်းကြယ်လွန်းလှရာ စုယွမ်တောင် မယုံနိုင်ဖြစ်သွားရပေသည်။

“ဘာတွေဖြစ်နေတာလဲ။”

စုယွမ်၏အသံမှာ လိုင်ရန်၏နှလုံးသားထဲ တိုက်ရိုက်ရောက်ရှိလာလေ၏။ ထိုသည်မှာကား စိတ်အာရုံစွမ်းရည်၏အဆင့်နှစ်ရှိစွမ်းပကားပါပေ။

“ကျွန်တော်လည်း မသိဘူး။ ကျွန်တော် ကျင့်ကြံနေရင်း ကောင်းကင်မှာ ရုတ်တရက တုန်ဟီးလာတာပဲ၊ ပြီးတော့ မိုးကြိုးသံကြီးဆိုတာကျယ်လွန်းလို့ ကျွန်တော့်နားစည်တွေတောင် ကွဲမတတ်ပဲ။ အဲ့ဒါနဲ့ ကျွန်တော်လည်း တံခါးပိတ်ကျင့်ကြံနေရာက ပြေးထွက်လာတော့ ကောင်းကင်ကြီးတစ်ခုလုံးပြိုကျနေတာမြင်လိုက်ရတာပဲ။”

အကြီးအကဲလိုင်ရန်မှာ မိုးပြိုနေသည့်အတိုင်းအတာမှ ခဏတာလွှတ်သည်အထိ ပြေးထွက်လာခဲ့ပြီးဖြစ်၏။

အနှီဖြစ်ရပ်သည်ကား စင်စစ်ကပ်ဘေးကြီးတစ်ခုပါပေတည်း။

ဒါကိုမြင်တော့ စုယွမ်ဆိုလိုက်သည်။

“မြန်မြန်သာပြေးတော့။ ကျွန်တော်လည်း ဒီမှာ အန္တရယ်ကြုံနေရလို့၊ အင်အားကြီးရန်သူတစ်ယာက်က ခုနစ်စဥ်ကြယ်ဂိုဏ်းကို တိုက်ခိုက်ဖို့လုပ်နေတာ။ ကျွန်တော်လည်း အကြီးအကဲကိုအများကြီး ကူညမီမပေးနိုင်သေးဘူး။ ဒါပေမဲ့ ဒီမိုးကြိုးပင်လယ်ကကျယ်တဲ့ပုံပါ၊ အကုန်လုံးပြိုကျဖိို့ကတော့အချိန်လိုဦးမှာ။ ဆက်တောင့်ခံထား၊ ကျွန်တော် ဒီဖက်ပြဿနာကိုရှင်းပြီးရင် ချက်ချင်း လာကူညီလှည့်မယ်။ ကျွန်တော့်နာမည်ကို ဆက်တိုက်တွေးနေဖို့လည့မမေ့နဲ့နော်။”

အကြီးအကဲ လိုင်ရန်မှာ ခါးသက်သက်သာ ပြုံးမိတော့၏၊ သို့သော် သူလည်း သူ့ဝိညာဉ်အိမ်မွေးဖြစ်သည့်လိပ်ကိုထုတ်ကာ စုယွမ်နာမည်ကို ရွတ်နေစေလိုက်သည်၊ သူကတော့ ပတ်ပြေးနေတော့လေသည်။

စုယွမ် ချက်ချင်း အလုပ်နှင််နားနေဖလှယ်မှုကို အသက်သွင်းလိုက်သည်။

စတုတ္ထအဆင့်ထိအသက်သွင်းပြီးချိန်တွင် သူ့နားလည်နိုင်စွမ်းက အဆထောင်ချီပို၍တိုးတက်လာလေသည်။ သူ၏ကျင့်ကြံနိုင်စွမ်းကလည်း ထိုနည်းတူ အဆထောင်ချီထိုးတက်သွားတော့၏။

စုယွမ်၏ပင်မခန္ဓာကိုယ်ကတော့ ဝေဟင်ကမ္ဘာပန်းကန်လုံးပေါ်ခုန်တက်၍ စိတ်ဝိညာဥ်ကိုအားဖြည့်ပေးနေလေသည်။

သူ့စိတ်ဝိညာဉ်ကလည်း အံ့လောက်ဖွယ်အရှိန်ဖြင့် တိုးတက်လာတော့၏။

စုယွမ်၏ထိန်းချုပ်မှုအောက်တွင်ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ အဆင့်ခြောက်ရှိခုနစ်စဥ်ကြယ်စင်မြင့်အဖြစ်ပြောင်းသွားပြီး ခုနစ်စဥ်ကြယ်ဆီသို့ ခွန်အားအပြည့်နှင့် ဆက်သွယ်တော့သည်။

ခုနစ်စဥ်ကြယ်ထံမှလည်း အလင်းများပေါက်ကွဲထွက်လာပြီး မီတာရာချီအကျယ်ရှိလောက်မည့်ကြယ်အလင်းတန်းကြီးက ပြန်လည်ဆင်းသက်လာလေ၏။

သူ၏ဒန်ထျာန်အတွင်းတွင် ရွှေအမြုတေကိုးခုကလည်း ခုနစ်စဥ်ကြယ်ကိုးခုအစီအရင်အဖြစ် ဖွဲ့စည်းသွားကြပြီး ကောင်းကင်ရှိကြယ်အလင်းကို ချက်ချင်းစုပ်ယူတော့လေသည်။

များပြားလှသောကြယ်အလင်းများမှာ ဒန်ထျာန်အတွင်းစုဝေးသွားကြပြီး ရွှေအမြုတေကိုးခုမှဆက်လက်စုပ်ကာကာ ရွှေအမြုတေစွမ်းအားအဖြစ်ပြောင်းလဲသွားပေ၏။

ထိုစွမ်းအားသည်ကား စိတ်ဝိညာဉ်ထဲရောက်ရှိကာ လျင်မြန်စွာအားဖြည့်ပေးလေ၏။

လွှင့်မြောအလင်းဘူးသီးခြောက်လည်းရောက်ရှိလာပြီး အဆင့်ခုနစ်ရှိယွမ်ရေကန်တားမြစ်အစီအရင်ဖြင့် ဘေးပတ်လည်ရှိချီစွမ်းအင်များကိုစုပ်ယူကာ စုယွမ်ထံဆက်တိုက် အားဖြည့်ပေးနေလေသည်။ ဘေးမိုင်တစ်ရာပတ်လည်ရှိ ချီစွမ်းအင်များမှာ ဝဲကယက်ကြီးအလား စုံရာသို့ပြေးဝင်လာကြလျက်၊ ထိုစုံရာမှာကား တင်ပျင်ခွေထိုင်နေသောစုယွမ်ဖြစ်လေတော့သည်။

ဤမျှခမ်းနားလှသောမြင်ကွင်းမှာ ခုနစ်စဥ်ကြယ်ဂိုဏ်းတစ်ခုလုံးကို သတိပြုမိသွားစေသည်။

တစ်ယောက်ပြီးတစ်ယောက်သောကျင့်ကြံသူများက လေထဲတွင်ပျံသန်းရင်း စုယွမ်ရှိရာသို့လှည့်ကြည့်လာကြ၏။

ကုချင်းကျူးမှာ စုယွမ်၏အမတခြံဝန်းအပြင်တွင်ရပ်နေရင်း စုယွမ်တစ်ယောက် ချီစွမ်းအင်များကို အသဲအသန်စုပ်ယူနေသောမြင်ကွင်းကို မြင်ပြီး ကြောင်အသွားရသည်။

“ဘာဖြစ်တာလဲ။ ဆက်ခံသူအရှင်က ဘာလို့ ဒီလောက်ပြင်းပြင်းထန်ထန် ရုတ်တရက်ကြီးထလေ့ကျင့်ရတာလဲ။”

ကုချင်းကျူး သိချင်နေပေသည်။

အမတအကြီးအကဲနန်ကုန်းလည်းရောက်လာပြီး အလောတကြီးဆိုလာလေ၏။

“မြန်မြန် ဂိုဏ်းရဲ့စုစည်းထားတဲ့ဝိညာဥ်ကျောက်တုံးတွေထုတ်လိုက်။ ငါ့ရင်ထဲ တစ်ခုခုတင်းကြပ်နေတယ်၊ အန္တရာယ်ကြီးကြီးတစ်ခုကတော့ လာတော့မယ်ထင်တယ်။ စုယွမ်လည်း ဒါကိုသိရမယ်၊ အဲ့ဒါကြောင့်မလို့ သူက ချက်ချင်း ယာယီအဆင့်တက်ဖိို့အသဲအသန်လုပ်နေတာပဲ။”

ကုချင်းကျူး၏အမူအရာမှာ ပြောင်းလဲသွားရသည်။ သူလည်း ချက်ချင်းလက်မြောက်၍ သိုလှောင်လက်စွပ်ကိုဖွင့်ကာ အမတခြံဝန်းနံပါတ်ခြောက်ထဲသို့ ဝိညာဉ်ကျောက်တုံးများကို ဒလဟောလောင်းချလိုက်ရာ တောင်ကြီးအလားစုပုံသွားတော့သည်။

အဆင့်ခုနစ်ရှိလွှင့်မြေအလင်းဘူးသီးခြောက်ကလည်း အင်အားကြီးဝဲကယက်ကြီးအလား ကုချင်းကျူး ယခုလေးတွင်ပုံပေးလိုက်တော့ ဝိညာဉ်ကျောက်တုံးများကို ချက်ချင်းဝင်မြိုကာ အမှုန့်ဖြစ်သွားစေလေသည်။ ထိုအမှုန််များမှ ချီစွမ်းအင်များစွာဖြစ်သွားပြီး ယွမ်ရေကန်အစီအရင်မှ သန့်စင်သောဝိညာဥ်စွမ်းအင်အဖြစ်ပြောင်းကာ စုယွမ်ကိုယ်ထဲရောက်ရှိသွားကြလေသည်။

ကုချင်းကျူးမှာ ပင့်သက်ပင်ရှိုက်မိသွားရသည်။

“စုယွမ်ရဲ့ရုပ်ခန္ဓာကိုယ်က အဲ့ဒီလောက်တောင် ခံနိုင်ရည်ရှိတယ်လား။ ဒီအတိုင်းစုပ်သွားတာလေ။”

သို့သော် သူ စုယွမ်၏ခန္ဓာကိုယ်မှာ တောင်တန်းကြီတစ်ခုအလား မာကြောကြောင်းသိလိုက်ရသည်၊ ထိုသည်မှာ ကြယ်စွမ်းအင် ဒါမှမဟုတ် ချီစွမ်းအင်ဖြစ်ပါစေ၊ အလွန်ဆုံးမိုးကြိုးစွမ်းအင်ဆိုလျှင်တောင်လခံနိုင်ရည်ရှိနေပေသည်။

သက်တမ်း၁၂၀၀၀၀ကျော်ရှိသောရုပ်ခန္ဓာကိုယ်ကြီးမှာ များစွာသောအလားအလာများရှိလှသည်ပေ။

သို့သော်လည်း ဘေးပတ်လည်ရှိလူများမသိကြသည်မှာ ဤအရာအားလုံးက စုယွမ်၏အသိစိတ်ပင်လယ်တစ်ပိုင်းတစ်စကသာထိန်းချုပ်ထားသည်ဆိုသောအချက်ကိုပင်။

သူ၏ပင်မစွမ်းအင်များမှာ အမှန်စင်စစ်တွင် မိုးကြိုးပင်လယ်၏ကောင်းကင်ကြီးပြိုကျလာသောမြင်ကွင်းတွင်ရှိနေပေသည်။

မိုးကောင်းကင်ကြီးတစ်ခုလုံးပြိုကျလာသောမြင်ကွင်းမှာကား လွန်စွာကြောက်မက်ဖွယ်ကောင်းလှပါ၏။

စုယွမ်လည်း တာအိုပညာနှင့်သဘာဝကို အသက်သွင်းပြီးချိန်တွင် သူ့မှာ မိုးကြိုးပင်လယ်ကို ဆွဲကိုင်ထားကြသောစည်းတန်းများကိုမြင်လိုက်ရရာ ပို၍ပင်ထိတ်လန့်သွားရသည်။

ထိုစည်းတန်းတိို့မှာ အလွန်နက်နဲဆန်းကြယ်လှပြီး ဥပဒေသများနှင့်ပြည့်နှက်နေကာ ထူးဆန်းနည်းလမ်းတစ်ခုဖြင့် မိုးကြိုးပင်လယ်အလုံးစုံပြိုမကျအောင် ကာကွယ်ဆွဲကိုင်ထားကြသည်။

မိုးကြိုးပင်လယ်ကောင်းကင်ပြိုကျနှုန်း မမြန်သည်မှာ အံ့ဩစရာမရှိတော့၊ အလုံးစုံပြိုမကျအောင် ကိုင်ဆွဲပေးသည့်ကွန်ရက်တစ်ခုရှိနေသည်ပဲ။

တာအိုပညာနှင့်သဘာဝအမြင်တွင် ထိုမိုးကြိုးချက်များမှာ ပုံမှန်အမြင်နှင့်ကြည့်သည်ထင် ပို၍ကြောက်မက်ဖွယ်ကောင်းပေသည်။

၎င်းမိုးကြိုးချက်များထဲ မိုးကြိုးအမျိုးအစားမျိုးစုံပါဝင်နေပြီး အထဲရှိမိုးကြိုးဥပဒေသ အရှိန်အဝါကလည်း အလွန်ပြင်းထန်သိပ်သည်းပြီး သူ့ဆီပြေးဝင်လာကြလေ၏။

All Chapters