အခန်း ၁၉၉
Vol. 20 Ch. 199
Chapter 199
စုယွမ်လည်း ဝေဟင်ကမ္ဘာပန်းကန်လုံးကို လှမ်းဖမ်းလိုက်ပြီးနောက် လောင်ချမ်၏ကြောက်လန့်နေသောအသံကို ကြားလိုက်ရသည်။
“ကောင်းကင်အပေါက်ကြီး၊ ကောင်းကင်မှာ အပေါက်ကြီး။ သေလောက်အောင်လန့်သွားတာပဲ။ ကျွန်တော်သာ အဲ့ဒီအထဲဆွဲသွင်းခံလိုက်ရရင် ကျွန်တော့်ဘဝတော့ ဆုံးပါပြီ။”
စုယွမ်လည်း ကောင်းကင်တွင်တောင် အပေါက်ပေါ်လာမည်ဟု မထင်ထားပါပေ။
သူတို့နှစ်ဦးတိုက်ခိုက်မှုမှာ အံ့ဩစရာကောင်းလောက်အောင် အဆင့်တူ၊စွမ်းရည်တူဖြစ်နေလေသည်။
ယခုအထိ စုယွမ်က မည်သည့်ပါရမီစွမ်းရည်ကိုမှ ထုတ်မသုံးရသေး၊ သူက သူ၏ဥပဒေသအမြင်များပေါ်တွင်သာ လုံးလုံးလျားလျားမှီခိုနေခြင်းဖြစ်သည်။ ထိုသည်တောင်၊ လက်ရှိတွင် ပြိုင်ဖက်ထက် တစ်ဆင့်နိမ့်နေသောအခြေအနေတွင်တောင် သရေကျသွားသေးသည်ပင်။
ဥပဒေသများကို သိမြင်ခြင်းက တကယ်ကို ကြောက်မက်ခန်းလိလိ အားသာချက်ရှိသည်ပဲ။
လိုင်မန်လည်း အသိပြန်ဝင်လာပြီး အေးစက်စက်ခနဲ့လာသည်။
“အဆင့်နိမ့်လူသားမျိုးနွယ်ကများ။ ငါ ခုနက သတိလွတ်သွားတာ။ ဒီတစ်ကြိမ်တော့ တစ်ချီတည်းနဲ့သေချာအကုန်ထုတ်သုံးပြမယ်။ မင်းတော့ သေပြီသာမှတ်။”
မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူ၏ခန္ဓာကိုယ်တွင် မီတာငါးရာအရွယ်အစားမှ ငါးမီတာအထိသေးငယ်သွားလေသည်။ မိုးကြိုးတူကြီး အရွယ်အစားမှာလည်း တစ်ပါးတည်းလိုက်၍ သေးငယ်သွားသည်၊ သို့လင့်ကစား သူ့စွမ်းအင်က ပို၍တောင် သန်မာလာသေးလေ၏။
အရွယ်အစားသေးပြီးနောက်တွင် လိုင်မန်မှာ ပို၍ဖြတ်လတ်သွားပုံပင်။ အတွေးတစ်ချက်ဖြင့်ပင် သူက လေထုထဲပျံသန်းကာ စုယွမ်နား ချဉ်းကပ်လာပေသည်။
လိုင်ရန်ဟာ အနီးကပ်တိုက်ပွဲများတွင် ပိုမိုထူးချွန်သည်ပေ။ သူ စုယွမ်အနားရောက်လာသည်နှင့် သူ့ကိုယ်သူ ဗဟိုထားလျက် မိုင်ငါးရာပတ်လည်ကို သူ၏မိုးကြိုးနယ်ပယ်အဖြစ် ပြောင်းလိုက်၏။
ဤနတ်ဘုရားစွမ်းရည်မှာ ကောင်းကင်နှင့်မြေကြီးမိုးကြိုးဥပဒေသများဖြင့် ပြိုင်ဖက်ကို ဖိနှိပ်လိုက်နိုင်စွမ်းရှိပြီး ပြိုင်ဖက်လှုပ်ရှားမှုရန်လည်း အလွန်ခက်ခဲလာမည်ပေ။
လိုင်မန်၏အကြည့်များထဲ သတ်ဖြတ်လိုစိတ်မှာ ပေါ်ပေါက်လာသည်။ ထိုသို့ သူ၏နတ်ဘုရားစွမ်းရည်ဖြင့် ပြိုင်ဖက်၏လှုပ်ရှားမှုကို ထိန်းချုပ်ထားတုန်း သူက မိုးကြိုးတစ်ချက်လောက်ကို ပစ်လွှတ်လိုက်မည်ပေ။
ပြီးပြည့်စုံသောအစီအစဉ်လေးပါပေ။
ထို့နောက် သူ စုယွမ် အနားချဉ်းကပ်လိုက်သောအချိန်တွင် စုယွမ်က ရုတ်ချည်း နောက်ဆုတ်သွားပြီး ဝင်ပေါက်တစ်ခုထဲဝင်သွား၏။
“ဘယ်လိုလုပ်လှုပ်နိုင်သေးတာလဲ။”
လိုင်မန်မှာ မျက်မှောင်ကြုတ်မိသွားသည်။ သူ သူ၏ဥပဒေသနယ်ပယ်ကလည်း ပြိုင်ဖက်ကို ထိန်းချုပ်မထားနိုင်ကြောင်း နားလည်သွားရပေသည်လေ။
သို့သော် သူ ထိုသည်ကို အများကြီးမတွေးပါပေ။
“လျှို့ဝှက်နယ်မြေလား။ ထွက်ပြေးချင်နေတာလား။”
လိုင်မန် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး နည်းနည်းလေးမှမကြောက်ဘဲ လိုက်ဝင်လိုက်သည်။
တစ်ခဏချင်းတွင်း ကမ္ဘာလောကကြီးက ပြောင်းလဲသွား၏။
စုယွမ်နှင့် လိုင်မန်တို့ဟာ အဆင့်ခုနစ်အဆင့်ဝိညာဉ်ရတနာထဲ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြလေသည်။
“မင်းတကယ်ကြီး လိုက်ဝင်လာရဲတယ်ပေါ့။”
စုယွမ် ထိတ်လန့်သွားဟန်ပြောလိုက်သည်။
“ဘာလို့ မလိုက်ရဲရမှာလဲ။”
လိုင်မန် ပြန်ပြောလိုက်သည်။
သို့သော် သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိခါမှ အမူအရာမှာ တစ်ဆစ်ချိုးပြောင်းလဲသွားရသည်။
“နေပါဦး။ ဒါက ဝိညာဉ်ရတနာထဲလား။”
“ပင်ဂို၊ မင်း မှန်းတာမှန်တယ်။ မင်းကြည့်ရတာ ဦးနှောက်သုံးဖို့ပျင်းနေတဲ့ပုံပဲ။ မင်း တကယ်ကြီး ငါ့မှာ ကောင်းကင်ဘုံအဆင့်ဝိညာဉ်ရတနာရှိတာမသိတာလား။ ရှောင်လီ၊ ဒီကောင့်ကို ဖိနှိပ်လိုက်စမ်းပါ။”
“ဟုတ်ကဲ့။”
ငွေဖြူရောင်မြေခွေးလေးတစ်ကောင်က လေထုအလယ်တွင်ပေါ်လာ၏။ အနှီမြေခွေးလေး၏မျက်နှာမှာ သေးငယ်ကာ တင်းမာလို့နေပြီး အော်ဟစ်လာ၏။
“ဖိနှိပ်စေ။”
ဝိညာဉ်ရတနာထဲတွင် တားမြစ်အစီအရင်များစွာက လေထဲမှ ရုတ်ချည်းပေါ်လာပြီး အစီအရင်အကြီးတစ်ခုအဖြစ် စုစုံသွားကာ လိုင်မန်ကို ဖိနှိပ်လာလေသည်။
တစ်ခဏတွင်းချင်း လိုင်မန်မှာ သူ့ခွန်အားက သုံးဆယ်ရာခိုင်နှုန်းလောက် လျော့ကျသွားသလိုခံစားလိုက်ရသည်။
လိုင်မန့်မျက်နှာမှာ မဲမှောင်သွားလျက်၊ သို့သော် သူ ယခုထိတိုင် တည်ငြိမ်နေဆဲ။
သို့သော် စုယွမ်၏အစီအစဉ်က ထိုမျှဖြင့် ရပ်မသွားသေး။
“ရှိန်ဝါမြင့်စွမ်းအင်။”
ထိုအချိန်တွင် စုယွမ်ထံမှ ခန္ဓာကိုယ်စုစည်းခြင်းအဆင့်အလတ်တန်းအရှိန်အဝါတစ်ခုက ထွက်ပေါ်လာလေ၏။
စုယွမ်ဟာ လိုင်မန်ကို စိုက်ကြည့်လျက် ထိုအရှိန်အဝါဖြင့် လိုင်မန်ထံဖိနှိပ်လိုက်ပေသည်။
ထိုသို့အရှိန်အဝါမှာ လိုင်မန်၏ခွန်အားကို ထပ်မံလျော့သွားစေပြန်လေသည်။
ထိုသို့ခန္ဓာကိုယ်ဖွဲ့စည်းခြင်းအဆင့်ဖြင့် ဖိနှိပ်ခံရသောကြောင့် လိုင်မန်၏ခွန်အားမှာ ထပ်မံ၍ နောက်ထပ်သုံးဆယ်ရာခိုင်နှုန်းလောက် လျော့ကျသွားရ၏။
ထိုစဉ် ကောင်းကင်၌ ခုနစ်စဉ်ကြယ်က တောက်ပစွာ လင်းလက်နေ၏။ ကြယ်အလင်းများစွာမှာ ဝိညာဉ်ရတနာထဲဝင်ရောက်လာပြီး စုယွမ်ပေါ်ကျရောက်လာလေသည်။ ဤသို့ဖြင့်စုယွမ်၏ခွန်အားမှာ ရုတ်တရက် ခုနစ်ဆယ်ရာခိုင်နှုန်းလောက် တိုးသွားတော့သည်။
ဤပြောင်းလဲမှုအားလုံးကလည်း အသက်တစ်ရှိုက်စာရှုချိန်လေးအတွင်း ဖြစ်ပေါ်လာရတာပင်။
ထိုအချိန်တွင် စုယွမ်က လိုင်မန်ကို ပြောလိုက်၏။
“အခု ငါတို့ မျှမျှတတတိုက်ခိုက်လို့ရပြီ။”
လိုင်မန်၏မျက်နှာမှာ အိုးအောက်ခြေလိုပင် မည်းနက်သွားရလေ၏။
“အောက်တန်းကျချက်ပဲ။”
စုယွမ် မျက်မှောင်ကြုတ်သွားသည်။
“မင်းငါ့ကို တကယ်ကြီး အောက်တန်းကျတယ်ပြောတယ်ပေါ့။”
သူ လွှင့်မြောအလင်းဘူးသီးခြောက်ကို ခုနစ်စဉ်ကြယ်ဂိုဏ်း၏အစီအရင်နေရာအလယ်သို့ ပျံသန်းသွားအောင်လုပ်လိုက်ပြီး အစောင့်အရှောက်ဝိညာဉ်ကို ပြောလိုက်၏။
“အစီအရင်ကို အသက်သွင်း။”
အစောင့်အရှောက်ဝိညာဉ်ကလည်း ချက်ချင်း ဆောင်ရွက်လာသည်။
ခုနစ်စဉ်ကြယ်ဂိုဏ်း၏တောင်ထိပ်တိုင်းဆီမှအလင်းတစ်တစ်ခုက ကောင်းကင်သို့ ပျံတက်သွား၏။ အလင်းရောင်စဉ်ခုနစ်ခုမှာ လေထုအလယ်စုစည်းမိလျက် ခုနစ်ရောင်ခြယ်တံဆိပ်တစ်ခုမှ လွှင့်မြောအလင်းဘူးသီးခြောက်ကို ဖြတ်၍ လိုင်မန်အပေါ်ကျရောက်လာလေသည်။
ဤသို့ဖြင့် လိုင်မန်၏ခွန်အားမှာကား ရာခိုင်နှုန်းတော်တော်များများ ဖိနှိပ်ခံလိုက်ရပြန်၏။ ရောင်ခြယ်ခုနစ်ခုမှာ ခုနစ်ရောင်ခြယ်သံကြိုးများအသွင်ပြောင်းသွားပြီး လိုင်မန်၏လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပေသည်။
လိုင်မန်မှာ ထိုအချိန်တွင်တော့ ထိတ်လန့်သွားရချေပြီ။ သူ၏ခွန်အားမှာကား နှစ်ဆယ်ရာခိုင်နှုန်းလောက်ကျသွားချိန်တွင် တစ်ဖက်ရှိ ပြိုင်ဖက်၏ခွန်အားကတော့ ဆက်တိုက်တိုးတက်နေရသည်ပေ။
တစ်ဖက်ကအားနည်းနေချိန် တစ်ဖက်က အားများလာရခြင်း၊ သူတော့ တကယ်ဒုက္ခရောက်လေပြီ။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
လိုင်မန်မှာ သူ့အခြေအနေက တော်တော်ဆိုးနေပြီမှန်းသဘောပေါက်လိုက်တော့၏။