← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

Chapter 200: ရုတ်ချည်းအပြောင်းအလဲ။

“တိုက်ခိုက်။”

စုယွမ်က ကျယ်လောင်စွာအော်ဟစ်လျက် လိုင်မန်ဆီ တုံ့ဆိုင်းမှုမရှိ ပြေးဝင်သွားပေသည်။

အသက်ရူချိန်အနည်းအငယ်အတွင်းမှာပင် သူတို့နှစ်မှာ အကြိမ်ရေရာချိန်ဖလှယ်ကြတော့သည်၊ တူတစ်လက်နှင့်ဓါးရှည်တစ်ချောင်းမှာကား အချင်းချင်းရစ်ပတ်လို့ မီးပွားများပေါက်ထွက်လာသည်ပေ။

စုယွမ်၏ကိုယ်ပေါ်တွင် ဒဏ်ရာသေးသေးများများပေါ်လာလင့်ကစား ကြယ်စွမ်းအင်၏ပံ့ပိုးမှုအောက်တွင် တဖြည်းဖြည်းပြန်ကောင်းလာကြသည်။

ကြယ်စွမ်းအင်ဆိုသည်မှာကား အသက်ဓာတ်ပေါကြွယ်ဝပေရာ စုယွမ်တစ်ယောက် တိုက်ပွဲကို အင်တိုက်အားတိုက် တိုက်ခိုက်နိုင်ရန် လုံလောက်ပေ၏။

သို့သော် ဆန့်ကျင့်ဘက်အားဖြင့် လိုင်မန်၏ကိုယ်ပေါ်တွင်မူ ဒဏ်ရာတစ်ချက်တောင် မရှိပါချေ။

“တော်တော်မာတဲ့ခန္ဓာပဲ၊ ကုသနိုင်စွမ်းက ဘယ်လောက်တောင်မြန်နေလို့ပါလိမ့်။”

စုယွမ် တစ်ကိုယ်တည်း တွေးလိုက်မိသည်။

“သေစမ်း၊ ငါ ဒီနေရာက ဘယ်လိုထွက်ရမလဲ။”

လိုင်မန်မှာ အပြင်သို့ထွက်ရန် နည်းလမ်းကို ဆက်တိုက်ရှာနေဆဲ၊သို့သော် ကောင်းကင်ဘုံအဆင့်ရတနာတစ်ခုတွင် ထွက်ပေါက်ဆိုသည်မှာ ရှာရန် မလွယ်ကူပါပေ။

ထို့အပြင် ဤသို့သောရတနာမျိုးက စွမ်းအင်နှင့်ခွန်အားများကို ချုပ်ထိန်းထားရာတွင် အလွန့်အလွန်သန်မာသော်ငြား ဝိညာဉ်ရတနာနှင့်တသားတည်းဖြစ်အောင် လုပ်လို့တော့မရပါပေ။ လိုင်မန်လည်း ထို့အတွက်ပင် ပေါ့တီးပေါ့ဖြစ်ခဲ့သည့်အတွက် သူဟာ ယခုလို ဘေးကြပ်နံကြပ်အခြေအနေတွင် ရောက်ရှိနေရခြင်းဖြစ်၏။

လိုင်မန်မှာ အခြားရွေးချယ်စရာမရှိတော့ဘဲ စုယွမ်နှင့်သာ ဆက်လက်တိုက်ခိုက်ရတော့သည်။

စုယွမ်ကလည်း လိုင်မန်ကို ဆက်တိုက် တိုက်ခိုက်နေဆဲ၊ သူ၏နတ်ဘုရားစွမ်းရည်အပေါ်အသုံးပြုမှုမှာ ပို၍ကျွမ်းကျင်လာပြီး လှုပ်ရှားမှုများကလည်း ပို၍ပိုကာ အချိန်နှင့်အမျှ သွက်လက်လာခဲ့လေသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာရသည့်အခိုက်များကလည်း တစ်ဖြည်းဖြည်းချင်း နည်းပါးလာ၏။

လိုင်မန်မှာ ပြဿနာကို ချက်ချင်းနားလည်သွားပေသည်၊ သူ့ပြိုင်ဘက ဤလူသားမျိုးနွယ်၏တိုက်ပွဲအတွေ့အကြုံမှာ အလွန်ကို နည်းပါးလှဟန်ရှိပြီး အဆုံးစွန်ပြောရလျှင် တိုက်ပွဲတစ်ပွဲမျှတောင် တိုက်ခိုက်ဖူးဟန်မရှိပါပေ။

သို့သော် ယခုတွင်တော့ ပြိုင်ဘက်၏တိုက်ပွဲအတွေ့အကြုံမှာ တဖြည်းဖြည်းတိုးတက်လာပြီး အနှီဓါးရှည်ကလည်း သူ့ကိုယ်ပေါ် ကြိမ်ဖန်များစွာ ကျရောက်လာရာ တော်တော်လေးပြဿနာများစေ၏။

လိုင်မန်မှာ တော်တော်လေး စိုးရိမ်လာရသည်။

စုယွမ်၏အမူအရာမှာတော့ အချိန်နှင့်အမျှ ပိုမိုပြေလျော့လာ၏။

ဤသို့ဖြင့် သူတို့နှစ်ဦးမှာ လွှင့်မြောအလင်းဘူးသီးခြောက်ထဲတွင် နေ့ညပေါင်းများစွာဆက်တိုက် တိုက်ခိုက်ကြလေသည်။

စုယွမ် အသက်တစ်ချက်ရှုထုတ်၍ အနည်းငယ်နောက်ပြန်ဆုတ်ကာ အနည်းငယ် တွေးတောနေလိုက်သည်။

အလုပ်နှင့်နားနေဖလှယ်မှုကိုအသက်သွင်းလိုက်ချေပြီ။

အချိန်မှတ်တမ်းကို အသက်သွင်းလိုက်ချေပြီ။

တစ်ခဏချင်းတွင်း ဤရက်အနည်းငယ်အတွင်း တိုက်ပွဲမှာ စုယွမ်၏ဝိညာဉ်ထဲ ပြန်ပေါ်လာလေသည်။

စုယွမ်လည်း လျင်မြန်စွာဖြင့် သူ့တိုက်ခိုက်ပုံကိုလည်း လေ့လာလျက် လိုင်မန်၏နတ်ဘုရားစွမ်းရည်ကိုအသုံးပြုပုံကိုလည်း တစ်ခုချင်းလေ့လာကာ တိုက်ပွဲအတွေ့အကြုံကို တိုးမြှင့်နေလိုက်၏။

“အဲ့ဒီတော့ ဒီလိုကို။”

စုယွမ်၏အမူအရာမှာ တစ်ခုခုကို နားလည်သွားသည့်ဟန်ဖြစ်လာသည်။

ဥပဒေသဆိုသည်မှာ အခြေခံဖြစ်ပြီး နတ်ဘုရားစွမ်းရည်ဆိုသည်မှာ အသုံးချခြင်းပေ။

သူ့တွင် ဥပဒေသများ နားလည်ခြင်းက လုံလောက်ပေရာ ပြိုင်ဖက်ဖြစ်သူနှင့် လက်တွေ့ဆက်တိုက် အသုံးချလေ့ကျင့်ပြီးနောက်တွင် စုယွမ်၏နတ်ဘုးရားစွမ်းရည်အပေါ်အသုံးချမှုက အင်မတန် ကျွမ်းကျင်လာတော့၏။

စုယွမ် သူ့ဓါးရှည်ကို တစ်ဖန် တိုးသွင်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဓါးလှုက်ရှားမှုမှာ အလွန် တိုးတောင်းပြတ်သားနေလျက် ဓါးရှည်ခုနစ်ချောင်းလည်း ပေါ်ထွက်မလာတော့သလို ကောင်းကင်နှင့်မြေကြီးကြား ဘာကိုမှလည်း မထိခိုက်စေတော့။ ထိုအစား ၎င်းက ဓါးရှည်ခုနစ်ချောင်းကို တစ်ခုအဖြစ်ပေါင်းကာ လိုင်မန်ဆီသို့ ရိုးရှင်းကာ တစ်ချိန်တည်းတွင် မမေ့နိုင်လောက်မည့်အကွက်နှင့် ထိုးစိုက်လာ၏။

လိုင်မန်ကလည်း ဓါးရှည်၏အန္တာရယ်ကို အာရုံခံမိသောကြောင့် မြန်မြန ပြန်ဆုတ်လာသည်၊ သို့သော် အနှီဓါးရှည်အလင်းမှာ တစ်ခဏချင်းတွင်း အကွာအဝေးတစ်ခုဆီကြိုပြေးသွားရာ လိုင်မန်ဆုတ်သည့်နေရာနှင့် ကွက်တိဖြစ်နေရာ လိုင်မန်မှာ ခန္ဓာကိုယ်ပေါ်တွင် သိသာသော ဒဏ်ရာတစ်ခုဖြစ်ပေါ်လာတော့သည်။

“မိုးကြိုးလွတ်မြောက်လား။ မင်း ဘယ်တုန်းက ငါ့မိုးကြိုးလွတ်မြောက်ကို သင်လိုက်တာလဲ၊ မိုးကြိုးလွတ်မြောက်ကို မင်းရဲ့နတ်ဘုရားစွမ်းရည်နဲ့တောင် ပေါင်းလိုက်သေးတယ်။”

လိုင်မန်၏မျက်နှာမှာ မယုံကြည်မှုအပြည့်ဖြစ်နေလေသည်။

စုယွမ်ကတော့ သေချာပေါက်ကို ပြိုင်ဖက်ထံ ဘာကိုမှ ရှင်းပြမည်မဟုတ်။

သူ့မှာ ဓါးရှည်ဖြင့် ဆက်တိုက်ထိုးစိုက်ခံနေရသည်။ ခုနစ်စဉ်ကြယ်ဒြပ်စင်မိုးကြိုးဓါးသည်ကား လိုင်မန်ကိုယ်ပေါ် ဆက်တိုက်ကျရောက်နေသည်ပင်။ အချို့ဓါးချက်များမှာ အပေါ်ဒဏ်ရာများဖြစ်သော်ငြား အချို့မှာ မီးစွမ်းအင်ဥပဒေကို သုံးထားလေသည့်အတွက် လောင်ကျွမ်းဒဏ်ရာများပင် ဖြစ်ပေါ်လာရလေသည်။

ဆန့်ကျင်ဘက်အားဖြင့် မိုးကြိုးဥပဒေသဖြင့် ထိခိုက်မိပါက လိုင်မန်တွင် ဒဏ်ရာသေးသလို များစွာလည်း မထိခိုက်စေပါပေ။

လိုင်မန်၏မိုးကြိုးအပေါ်တောင့်ခိုင်နိုင်စွမ်းမှာ အလွန်မြင့်မားလေရာ စုယွမ် သူ၏မိုးကြိုးဥပဒေသအပေါ်အမြင့်ဆုံးနားလည်မှုဖြင့် တိုက်ခိုက်ချက်ကတောင် ယခုလေးတင်မှ နားလည်ထားသော မီးဥပဒေသနှင့် တိုက်ခိုက်တာလောက် မပြင်းထန်ပါပေ။

လိုင်မန်လည်း စိတ်လောလာရသည်။ သူ အလင်းအလျင်ဖြင့် အကွာအဝေးကို ဖြတ်ပြေးကာ စုယွမ်နားရောက်ရှိစေလိုက်၏။

သို့သော် စုယွမ်ကလည်း အလင်းအလျင်ဖြင့် မိုးကြိုးလွတ်မြောက်ကို သုံးကာ ဘေးသို့ရွေ့သွားပြီး ဓါးဖြင့် လိုင်မန်ကို ထိုးချလိုက်ပေသည်။

ဤသို့ဖြင့် လိုင်မန်မှာ အတော်ကိုဘေးကြပ်နံကြပ် အခြေအနေထဲရောက်ရှိနေလေသည်။

ထိုသို့ကြိမ်ဖန်များစွာဖြစ်ပြီးနောက်တွင် လိုင်မန်မှာ ဤလူသားမျိုးနွယ်ကို နိုင်နိုင်မည့်အခွင့်အရေးလုံးဝမရှိမှန်း နားလည်လာရ၏။

ဝိညာဉ်ရတနာ၏ဖိနှိပ်မှုအောက်တွင် သူဟာ အနိုင်ယူခြင်းသာ ခံလိုက်ရလိမ့်မည်။

အပြင်သို့ထွက်ပြေးနိုင်ရန်က တကယ်ကို အခွင့်အရေးနည်းသည်ပင်။

သူ ရုတ်ချည်း ယခင်တစ်ခေါက် တိုက်ခိုက်တုန်းက ကောင်းကင်တွင်အပေါ်ကြီးဖြစ်သွားစေခဲ့တာကို ရုတ်တရက်သတိရသွားသည်။

အဆင့်နိမ့်လူသားများ၏ကောင်းကင်မှာ အလွန်ကို ကျိုးပဲ့လွယ်လှသည်၊ သူ နောက်ထပ် စွမ်းအင်ကုန်သုံး၍ ကောင်းကင်ကို ဖျက်စီးလိုက်ပါက ဝိညာဉ်ရတနာ၏ထိန်းချုပ်မှုကလည်း လွတ်သွားမည်ဖြစ်ရာ သူလည်း ထွက်ပြေးနိုင်သွားမည်ပေ။

ထိုသို့တွေးရင်း လိုင်မန်မှာ တုံ့ဆိုင်းမနေရဲဘဲ ချက်ချင်း ဆောင်ရွက်လိုက်တော့၏၊ သူ့ကိုယ်ထဲရှိ မိုးကြိုးရင်းမြစ်အမြုတေမှာ ပြင်းထန်လှသောအင်အားဖြင့် ပေါက်ကွဲထွက်သွားလေပြီး စွမ်းအင်အကုန် သူ့လက်ထဲရှိ မိုးကြိုးတူဆီသို့ ရောက်ရှိသွားလေသည်။

စုယွမ်၏အမူအရာကလည်း တင်းမာသွားပြီး ပြိုင်ဘက်၏တိုက်ခိုက်မှုကို အချိန်မရွေးခုခံနိုင်ရန် အသင့်ပြင်ထားပေသည်။

ဥပဒေသအဆင့်အဖျက်စွမ်းအင်အပြည့်ပါဝင်နေသောမိုးကြိုးချက်ကို ဖန်တီးပြီးသည့်နောက်တွင် လိုင်ရန်က ၎င်းကို စုယွမ်ဆီမပစ်လွှတ်ဘဲ ထိုအစား ကောင်းကင်ပေါ်သို့ ပေါက်ထွက်သွားစေလိုက်၏။

“ပေါက်ကွဲစေ။”

ဝိညာဉ်ရတနာ၏ကောင်းကင်တွင် အပေါက်လေးတစ်ခုက ပေါက်ထွက်လာရလေသည်။

ထို့နောက် ကောင်းကင်ပေါက်ကွဲခြင်းမှဖြစ်ပေါ်လာသောအဖျက်စွမ်းအင်မှာ ဝန်းကျင်တစ်ခွင်ကို ဖုံးလွှမ်းသွားစေလေသည်။

လိုင်မန်၏ကိုယ်ကလည်း ထိုအဖျက်စွမ်းအင်ကြောင့် ထိခိုက်သွားပြီး ထိုအပေါက်ဆီမှ ပြင်းထန်စွာ ဆွဲစုပ်ခံလိုက်ရချေသည်။

“မဖြစ်ဘူး။”

လိုင်မန်၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်သွားရလေသည်။

ကောင်းကင်ဝင်ပေါက်၏စွမ်းအင်မှာ ခဏချင်းတွင်း ပြင်းထန်စွာပေါက်ကွဲသွားပြီး ပြင်းထန်စွာ စွဲစုပ်သွားရာ လိုင်မန်၏ကိုယ်လည်း ချက်ချင်း အပိုင်းပိုင်း ပြတ်သွားတော့လေ၏။

ကျန်ခဲ့သည့်မိုးကြိုးရင်းမြစ်အမြုတေတောင် ကောင်းကင်အပေါ်ဆီမှ စုပ်ယူခံလိုက်ရရာ ၎င်း၏အပေါ်တွင် အက်ကွဲကြောင်များ များစွာပေါ်ပေါက်လာလေသည်။ ထိုအက်ကွဲရာမှ မိုးကြိုးစွမ်းအင်များစွာထွက်သွားလေရာ လိုင်မန်၏အရှိန်အဝါလည်း ချက်ချင်း အားနည်းသွားလေ၏။

လိုင်မန်၏ဝိညာဉ်အရှိန်အဝါကလည်း လွန်စွာအားနည်းလာလျက် လေတိုက်ရင်တောင် လွှင့်ပြယ်တော့မည့်ဖယောင်းတိုင်းမီးလည်းအတိုင်း အချိန်မရွေး ချုပ်ငြိမ်းသွားနိုင်ပေသည်။

ကံကောင်းစွာဖြင့် ကောင်းကင်ရှိအပေါက်မှာ မကြာမီတွင် ကွယ်ပျောက်သွားလေ၏။ မဟုတ်လျှင် မိုးကြိုးအရင်းအမြစ်အမြုအတေတစ်ခုလုံးတောင် ကောင်းကင်အပေါက်ဆီမှ စုပ်ယူဖျက်စီးခံလိုက်ရနိုင်၏။

လိုင်မန်၏ဝိညာဉ်ကလည်း မြန်မြန်ကို မိုးကြိုးအမြုတေအပေါ်ရှိ အက်ကွဲရာများကို ပြုပြင်ရန် ကြိုးစားတော့လေသည်။ မိုးကြိုးအရင်းအမြစ်အမြုတေမှာတော့ ပုံမှန်အခြေအနေတောင် မနည်းပြန်ရောက်အောင် ရုန်းကန်နေရပေသည်၊ ၎င်းမှာ အက်ကွဲရာများ ဖုံးလွှမ်းနေဆဲ။ လိုင်မန်၏ဝိညာဉ်မှာတော့ အမြုတေကို အားကုန်ပြုပြင်ရင်း နွမ်းနယ်သွားလျက် လုံးဝမေ့မြောသွားတော့သည်။

သူ မေ့မြောမသွားခင် လိုင်မန်တွင် အတွေးတစ်ခုသာ ရှိခဲ့ပေ၏။

“သွားပြီ။”

စုယွမ်မှာ ရုတ်တရက်ကြီး အပြင်းအထန်ဒဏ်ရာရသွားကာ မေ့မြောသွားသောပြိုင်ဖက်ဖြစ်သူကို ကြည့်ရင်း မယုံနိုင်ဖြစ်နေရသည်။ သူ့မှာ လုံးဝ ကြောင်အနေရပေ၏။

သူ့ပြိုင်ဖက်ကြည့်ရသည်မှာ ကိုမာတောင် ဝင်သွားသည့်ဟန်ပေ။

စုယွမ်မှာ ဘာမှမပြောနိုင်၊ တိတ်ဆိတ်နေမိ၏။

သူ လက်တစ်ချက်ယမ်းလိုက်ပြီး လွှင့်မြောအလင်းဘူးသီးခြောက်၏ဖိနှိပ်စွမ်းအားကို လိုင်မန်၏မိုးကြိုးအမြုတေဆီ သေချာကျရောက်စေလိုက်၏။ တားမြစ်အစီအရင်များက မိုးကြိုးအရင်းအမြစအမြုတေပေါ်တွင် လွယ်ကူစွာဖုံးလွှမ်းသွားလျက် အထဲရှိစွမ်းအင်ကို လုံးဝချိတ်ပိတ်လိုက်တော့သည်။

စုယွမ်မှာ နည်းနည်းလေး အခက်တောင် မတွေ့လိုက်ပါပေ။

စုယွမ်လည်း ၎င်းကို ဆင့်ခေါ်လိုက်တော့ မိုးကြိုးအမြုတေလေးက သူ့လက်ထဲရောက်လာပြီး အထဲတွင် အားနည်းသောဝိညာဉ်လေး အိပ်စက်နေတာကို ခံစားလိုက်ရ၏။

စုယွမ်ဟာ လေဟာနယ်အဆင့်ပုဂ္ဂိုလ်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့ပေသည်။

လောင်ချမ်ကလည်း ပေါ်လာပြီး ချိတ်ပိတ်ခံထားရသော လိုင်မန်ကို ကြည့်ရှုလာသည်။ ထို့နောက် သူလည်း ကြောင်အစွာပင် ဆိုမိရသည်။

“ဒါက ဒီလိုပဲပြီးသွားတာပေါ့။”

စုယွမ်ကတော့ ရယ်ရမှန်းမသိ၊ ငိုရမှန်းမသိဖြစ်နေပေသည်။

“ဟုတ်တယ်၊ အစကတော့ ငါလည်း တိုက်ပွဲရှည်ကြီးတိုက်ရမယ်ထင်ပြီး ပြင်ထားတာ။ ပြိုင်ဖက်ရဲ့ရုပ်ခန္ဓာကလည်း အရမ်းမာပြီး ပြန်လည်ကုသနိုင်စွမ်းလည်း အားကောင်းတော့လေ။ ငါ့မှာ အချိန်တိုအတွင်းတော့ ဒီကောင်ကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးထင်ခဲ့တာ၊ ဒါပေမဲ့....”

သူ့မှာ ခဏလောက်အထိ ဘာပြောရမှန်းမသိဖြစ်နေရပေသည်။

All Chapters