← Chapters

အခန်း ၂၇၁

Vol. 27 Ch. 271

အခန်း ၂၇၁

Vol. 27 Ch. 271

Chapter 271

~

အခန်း ၂၇၁ : ယီကျုံးဟိုင်၏ စိုးရိမ်ပူပန်မှု

~

​" သူ့ဆီမှာ ပိုက်ဆံ ဘာလို့ သွားထားရတာလဲ .. "

​ချင်ဟွိုင်ရု စိတ်မချ ဖြစ်သွားပြီး ..

​" သူ ပြန်မပေးရင် ဘယ်လိုလုပ်မလဲ .. "

​သူမ စိတ်ထဲတွင် ထိုပိုက်ဆံများက သူမ၏ ပိုက်ဆံများ ဖြစ်နေလေပြီ ။

​သို့သော် ယန်မိသားစု၏ ဒုတိယသားဖြစ်သော ယန်ကျီဝမ်ကို ပြဿနာသွားရှာရန် သူမ မဝံ့ရဲချေ ။ ယန်ကျီဝမ်က ရှာကျူး မဟုတ်သဖြင့် သူမ၏ ဟန်ဆောင်မှုများကို ထည့်တွက်နေမည် မဟုတ် ။

​" အဲ့လိုတော့ မလုပ်လောက်ပါဘူး .. ဘာပဲဖြစ်ဖြစ် အဲ့ဒါက ယွမ်တစ်ထောင်တောင်လေ .. သူသာ ပြန်မပေးရင် ရဲစခန်းမှာ သွားတိုင်လိုက်ရုံပေါ့ .. "

​ယန်ကျီဝမ် ထိုအဆင့်ထိ တုံးအမည် မဟုတ်ဟု သူ ယုံကြည်ထားသည် ။

​ထို့အပြင် ထိုခွေးမသားက သူ့ညီမအပေါ် အတော်လေး ကောင်းရှာသည် ။

​ထိုသို့ကြောင့်သာ ဟဲယွီဆွေက ပိုက်ဆံ အပ်ရဲခြင်းပင် ။

​ချင်ဟွိုင်ရုက ခေါင်းအသာညိတ်လိုက်ပြီး ..

​" ဒါဆိုလည်း သောကြာနေ့ ယွီဆွေ ပြန်လာတဲ့အထိ စောင့်ရုံပဲ ရှိတော့တာပေါ့ .. "

​သူမက သက်ပြင်းချလိုက်ပြီး ခံပြင်း ဝမ်းနည်း ဟန်ဆောင်ကာ ..

​" ပန့်ကန့်နဲ့ ဗိုက်ထဲက ကလေးလေးတော့ သနားပါတယ် .. ဒါပေမဲ့လည်း ဘယ်တတ်နိုင်မလဲ .. ငါတို့ မိသားစု အခြေအနေက ခက်ခဲနေတာကိုး .. "

​သို့သော် ခက်ခဲသည် မခက်ခဲသည်ကို သူမကိုယ်တိုင်သာမက ခြံဝန်းအိမ်ထဲရှိ လူအများစုကပါ သိကြသည် ။

​ယီကျုံးဟိုင်က ကျားမိသားစုကို အစွမ်းကုန် ကူညီထောက်ပံ့ပေးရန် ရှာကျူးအား မြှောက်ပေးခဲ့ပြီးကတည်းက ကျားမိသားစုသည့် နေ့စဉ်လိုလို ဆီနှင့်အသားများ စားနေရသည် ။ ထို့အပြင် ရှာကျူးနှင့် ယီကျုံးဟိုင်တို့ ထောက်ပံ့သော ရိက္ခာများကြောင့် သူမတို့ မိသားစုတွင် ရိက္ခာပြတ်လပ်သည်ဟူ၍ မရှိချေ ။

​ထိုသို့သော နေထိုင်မှုအဆင့်အတန်းမျိုးက ခြံဝန်းထဲရှိ အခြားမိသားစု အများစုထက်ပင် သာလွန်နေသေးသည် ။

​သို့သော် မတတ်နိုင် ။ ရှာကျူးက သူမ၏ ကြာပန်းဖြူအကွက်များကို အလွန်သဘောကျနေသည် ။

​အကူအညီပေးရသည်ကိုပင် ပျော်ရွှင်နေသေး၏ ။

​ချင်ဟွိုင်ရု၏ သနားစရာပုံစံလေးကို မြင်လိုက်ရသည်နှင့်င့် ရှာကျူးက အံကြိတ်လိုက်ပြီး ..

​" ညီမချင် စိတ်မပူပါနဲ့ .. တကယ်လို့ အဆင်မပြေဘူးဆိုရင်တောင် ဦးလေးယီဆီကနေ ပိုက်ဆံနည်းနည်း သွားချေးပေးမယ် .. နောက်မှ ပိုက်ဆံပြန်ရတဲ့အခါ ပြန်ဆပ်လိုက်ရင် ရတာပဲ .. "

​ချင်ဟွိုင်ရု ဝမ်းသာသွားသော်လည်း မျက်နှာပေါ်တွင်တော့ စိုးရိမ်ပူပန်နေဟန်ဖြင့် ..

​" ရှာကျူး.. အဲ့ဒါဆို နင့်အတွက် အရမ်း ဒုက္ခများသွားမှာပေါ့..ငါ.. ငါမယူတော့ပါဘူး .. "

​" ဟာ .. ဒါက ဘာဒုက္ခများမှာလဲ .. လူတိုင်းမှာ အခက်အခဲဆိုတာ ရှိတတ်တာပဲလေ .. ငါ အခုပဲ ဦးလေးယီဆီ သွားလိုက်ဦးမယ် .. "

​ထိုသို့ပြောပြီးနောက် ရှာကျူးက လှည့်ကာ ဦးလေးယီ၏ အိမ်ဘက်သို့ ထွက်သွားတော့သည် ။

​ချင်ဟွိုင်ရု၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးတက်သွားပြီး ဘာမှမဖြစ်ခဲ့သလို အဝတ်များကို ဆက်လျှော်နေလိုက်၏ ။

​အခြားတစ်ဖက်တွင် ..

​ရှာကျူး ယီမိသားစု အိမ်သို့ ရောက်လာသည် ။

​သူက အထဲသို့ လှမ်းအော်လိုက်၏ ။

​" ဦးလေးယီ .. အိမ်မှာ ရှိလား .. "

​" ရှာကျူးလား .. ရှိတယ် .. တန်းဝင်ခဲ့လေ .. "

​ရှာကျူး၏ အသံကို ကြားသောအခါ ယီကျုံးဟိုင်က သူ့ကို အိမ်ထဲသို့ ဝင်လာရန် ပြောလိုက်သည် ။

​ရှာကျူး အိမ်ထဲသို့ ဝင်လာပြီးနောက် တည့်တိုးပင် ..

​" ဦးလေးယီ .. ကျုပ်ကို ပိုက်ဆံနည်းနည်းလောက် ချေးပေးလို့ရမလား .. "

​ယီကျုံးဟိုင် ကြောင်အသွားပြီး ရှုပ်ထွေးဟန်ဖြင့် ..

​" မင်းက ပိုက်ဆံ ဘာလုပ်မလို့လဲ .. "

​ရှာကျူးသည် စက်ရုံတွင် စားသောက်နေထိုင်ပြီး တစ်လ လစာမှာလည်း မနည်းလှချေ ။

​ကျားမိသားစုကို သူ ကျွေးမွေးနေရသည် ဆိုသော်လည်း ဝန်ထုပ်ဝန်ပိုး သိပ်မကြီးနိုင်သလို ပိုက်ဆံသုံးစရာ နေရာလည်း မရှိသင့်ပေ ။

​ရှာကျူးက အနည်းငယ် တွေဝေသွားပြီး အားနာနာဖြင့် ..

​" ညီမချင်က ပန့်ကန့်အတွက် ကျောင်းလခ သွင်းဖို့ရယ် ... ဗိုက်ထဲက ကလေးအတွက် အာဟာရ ဖြည့်ဖို့ရယ်တဲ့လေ .. သူတို့မိသားစုက ခက်ခဲတော့ ကျုပ်ဆီ အကူအညီ လာတောင်းလို့ပါ .. "

​" ဦးလေး အမြဲတမ်း ဆုံးမဖူးတယ်လေ .. အိမ်နီးချင်းတွေ အချင်းချင်း ကူညီရမယ်ဆို .. အခု သူက အကူအညီ လာတောင်းနေမှတော့ ကျုပ် ဘယ်လိုလုပ် မကူညီဘဲ နေနိုင်မှာလဲ .. "

​ယီကျုံးဟိုင် ထိုစကားများကို ကြားသောအခါ စိတ်ထဲတွင် ဆွံ့အသွားသည် ။

​ထိုစကားများက အခြားသူများကို ကိုယ်ကျင့်တရားဖြင့် ချုပ်ကိုင်ရန် သူ သုံးခဲ့သော စကားများ ဖြစ်ပေသည် ။

​ သူ ကျားမိသားစုကို ကူညီခိုင်းခဲ့သည်မှာ မှန်သော်လည်း ယခုလို ကိုယ်တိုင် ပိုက်ဆံပြတ်လပ်သည်အထိ အလွန်အကျွံ ကူညီပြီး သူများဆီကနေပါ လိုက်ချေးရန် မဟုတ်ချေ ။

​သူ ယခု အလွန်စိုးရိမ်နေသည်မှာ ရှာကျူးသည် နောင်တစ်ချိန်တွင် သူ့ကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူနိုင်ပါမည်လော ဆိုသည်ကိုပင် ။

​' ဒီကောင်လေးက ပိုက်ဆံ တစ်ပြားမှ စုဆောင်းထားတာ မရှိဘူး .. ဒါဆို နောက်ပိုင်းမှာ ငါကပဲ သူ့ကို ပြန်ပြီး ထောက်ပံ့နေရမှာလား .. '

​' ဒါဆိုရင် အိုစာမင်းစာအတွက် အားကိုးဖို့ လူရှာနေတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ .. '

​သို့သော် ရှာကျူးက လူ့ကျင့်ဝတ် တရားများဖြင့် သူ့ကို ပြန်လည် ချုပ်ကိုင်နေပြီ ဖြစ်၍ သူ မပေး​လို့ မရတော့ ။

​မဟုတ်လျှင် သူ၏ ကြိုးစားအားထုတ်မှုများ အားလုံး အလကား ဖြစ်သွားပေလိမ့်မည် ။

​ထို့ကြောင့် သူက မေးလိုက်ရသည် ။

​" ဒါဆို ဘယ်လောက် ချေးချင်တာလဲ .. "

​ရှာကျူးက ပိုက်ဆံ အများကြီး တောင်းမည်ကို စိုးရိမ်သဖြင့် ယီကျုံးဟိုင်က ကြိုပိတ်လိုက်သည် ။

​" မင်းလည်း သိတဲ့အတိုင်း လစာထုတ်ဖို့က လဝက်လောက် လိုသေးတယ် .. မင်း အဒေါ်ကလည်း ဆေးခဏခဏ သောက်နေရတော့ ဦးလေး လက်ထဲမှာလည်း ပိုက်ဆံ အပို သိပ်မရှိဘူး .. "

​ရှာကျူးက ခဏစဉ်းစားပြီးနောက် ..

​" ၁၀ ယွမ်လောက် ချေးပေးရင် ရပါပြီ .. "

​သူ စဉ်းစားထားသည်က ချင်ဟွိုင်ရုကို ၁၀ ယွမ် အရင်ပေးသုံးထားပြီး သောကြာနေ့တွင် သူ ပိုက်ဆံရလာမှ ကျန်သည့် ၁၀ ယွမ်ကို ထပ်ပေးမည် ဟူ၍ ဖြစ်သည် ။

​ရှာကျူးက ၁၀ ယွမ်သာ ချေးမည်ကို ကြားလိုက်ရသဖြင့် ယီကျုံးဟိုင်လည်း သက်ပြင်းချနိုင်သွားသည် ။

​ထို့ကြောင့် သူ လှည့်ပြီး ရှာကျူးအတွက် ပိုက်ဆံ သွားယူပေးလိုက်သည် ။

​ရှာကျူးက ပိုက်ဆံရသွားသောအခါ ဝမ်းသာအားရဖြင့် ..

​" ကျေးဇူးတင်ပါတယ် ဦးလေးယီ .. သောကြာနေ့ ယွီဆွေ ပြန်လာလို့ ပိုက်ဆံရတာနဲ့ အရင်တစ်ခေါက်က ချေးထားတာတွေနဲ့ပါ ပေါင်းပြီး ပြန်ဆပ်ပါ့မယ် .. "

​" အေးဆေးပါ .. မင်း အဆင်ပြေတဲ့ အချိန်မှ ပြန်ပေးလည်း ရပါတယ် .. "

​ယီကျုံးဟိုင်က လက်ယမ်းပြလိုက်ပြီးနောက် စပ်စုလိုက်သည် ။

​" ယွီဆွေက မင်းရဲ့ ပိုက်ဆံ တစ်ဝက်ကို ပေးမယ်လို့ သဘောတူလိုက်တာလား .. "

​" ဟမ့်.. အဲ့အကြောင်း မပြောပါနဲ့တော့ .. ကျွန်တော် အခု အဲ့ကိစ္စနဲ့ ခေါင်းကိုက်နေတာ .. "

​ရှာကျူးက ညည်းတွားလိုက်သည် ။

​" ယွီဆွေကတော့ သဘောတူပါတယ် .. ဒါပေမဲ့ သူက အဲ့ဒီပိုက်ဆံတွေကို ယန်လောင်အာကို အပ်ထားခဲ့တာလေ .. ကျွန်တော် ယန်ကျီဝမ်ဆီ သွားတောင်းတော့ သူက မပေးဘူး .. ယွီဆွေ ကိုယ်တိုင် လာယူမှ ရမယ်လို့ အတင်းပြောနေတာ .. "

​ယီကျုံးဟိုင် ထိုအကြောင်းကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် အလွန်အံ့အားသင့်သွားသည် ။

​ထို့နောက် သူ တစ်ခုခုကို ရိပ်မိသွားသလို ဖြစ်သွား၏ ။

​အရင်က ဟဲယွီဆွေ သူ့ဆီသို့ ပိုက်ဆံလာတောင်းစဉ်က ယန်ကျီဝမ်လည်း အတူတူ ပါလာခဲ့သည် ။

​ဤကိစ္စအားလုံး ယန်ကျီဝမ်၏ စနက် ဖြစ်ကောင်း ဖြစ်နိုင်သည် ။

​' ဆိုလိုတာက ဒီပိုက်ဆံတွေ ရှိနေကြောင်းကို သူ သိနေခဲ့တဲ့ သဘောပဲ .. '

​' ဒါဆို သူ ဘယ်ကနေ သိသွားတာလဲ .. '

​စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း နှုတ်မှမူ ..

​" သူ မင်းကို ပေးဖို့ သဘောတူရင် ရပါပြီ .. နောက်မှ ပိုက်ဆံရလာရင် မင်း သေချာ စုဆောင်းထားပြီး နောက်ပိုင်း မိန်းမယူတဲ့အခါ သုံးဖို့ ချန်ထားလိုက် .. အရမ်း လျှောက်သုံး မပစ်လိုက်နဲ့အုံး.. "

​" ဟုတ်ကဲ့ပါ .. "

​ယီကျုံးဟိုင်ကို နှုတ်ဆက်ပြီးနောက် ရှာကျူးသည် ချင်ဟွိုင်ရုကို ရှာရန် ဝမ်းသာအားရ ထွက်သွားတော့သည် ။

​ပိုက်ဆံရသွား၍ ပျော်ရွှင်စွာ ပြေးထွက်သွားသော ရှာကျူးကို ကြည့်ပြီး ယီကျုံးဟိုင် ခေါင်းခါရုံသာ တတ်နိုင်တော့၏ ။

​ထိုပိုက်ဆံများ ပြန်ရလာလျှင်ပင် နောက်ဆုံးတွင် ကျားမိသားစု၏ အိတ်ကပ်ထဲသို့သာ ရောက်သွားမည်မှာ အသေအချာပင် ။

​ရှာကျူး၏ ဤကဲ့သို့သော စရိုက်မျိုးဖြင့်ဆိုလျှင် သူ၏ အိုစာမင်းစာကို ရှာကျူးအား စိတ်ချလက်ချ အပ်နှံနိုင်မည် မဟုတ်ချေ ။

' သေချာလေး ပြန်ပြီး ပုံသွင်းဖို့တော့ လိုနေပြီ..'

' ​တကယ်လို့ အဆင်မပြေရင် ငါယုံကြည် ရလောက်တဲ့ မိန်းမတစ်ယောက် ရှာပေးရမယ် ...'

​ထိုသို့ တွေးမိလိုက်သည်နှင့် ယီကျုံးဟိုင်သည် ပိုက်ဆံရသွား၍ ပြုံးရွှင်နေသော ချင်ဟွိုင်ရုအား အဓိပ္ပာယ် ပါပါဖြင့် လှမ်းကြည့်လိုက်သည် ။

​...

​ရှေ့ဘက်ခြံဝန်း ၊ ယန်မိသားစု၏ တံခါးဝတွင် ..

​ယန်ကျီဝမ်သည် ဘယ်ဆီက ထုတ်လာမှန်းမသိသော အသားခြောက်များကို သူ၏ရင်ခွင်ထဲရှိ သားဖြစ်သူအား ခွံ့ကျွေးနေသည် ။

​ဘေးတွင် ဟင်းသီးဟင်းရွက် သင်နေသော ယွီလီက မြင်သောအခါ မကျေမနပ်ဖြင့် ..

​" သူ့မှာ သွားတောင် စုံအောင် မပေါက်သေးဘူး .. အဲ့ဒီဟာတွေ သိပ်မကျွေးနဲ့ .. သွားပိုးစားနေဦးမယ် .. "

​ထိုအရာများက ချိုမြိန်ပြီး အရသာရှိသော်လည်း ကလေးများကို အများကြီး ကျွေးရန် မသင့်တော်ပေ ။

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး ..

​" နည်းနည်းလေး စားရုံနဲ့ ဘာမှမဖြစ်ပါဘူး .. ကြည့်စမ်း ပါအုံး ရှီတိုးလေး ဘယ်လောက်တောင် ကြိုက်နေလဲ .. "

​" အအားဂ တောင်းတယ် .. "

​ခေါင်းလုံးလုံးလေးနှင့် ရှီတိုးက ဖခင်ဖြစ်သူ၏ စကားကို ဝင် ထောက်ခံလိုက်သည် ။

​" ရှင်ကတော့ သူ့ကို အလိုလိုက်နေတော့တာပဲ .. နောက်ပိုင်းကျရင် ရှင် ခေါင်းကိုက်ရလိမ့်မယ် .. "

​ယွီလီလည်း သူ့ကို ဆက်မပြောချင်တော့ပေ ။ မည်သို့ပင် ဆိုစေကာမူ နောက်ပိုင်း ခေါင်းကိုက်ရမည့်သူမှာ သူသာလျှင် ဖြစ်သည် ။

​ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့် ..

​" ရပါတယ် .. သူ အခု ငယ်သေးလို့ပါ .. ကြီးလာရင် အဲ့လို ဖြစ်မှာ မဟုတ်ဘူး .. "

​သမီးမိန်းကလေး မဟုတ်သဖြင့် သူ အလိုလိုက်ထားမည် မဟုတ်ပေ ။ အမှားလုပ်လျှင်လည်း ရိုက်နှက် ဆုံးမရချေမည် ။

​ကျောက်စိမ်းကို မသွေးဘဲ အသုံးအဆောင် ဖြစ်မလာနိုင်ဆိုသည့် စကားကို သူ ကောင်းကောင်း နားလည်ထားသည် ။

​ရှီတိုးလေး အနည်းငယ် ကြီးလာသည်နှင့် သိုင်းပညာ အချို့ကို စတင်သင်ပေးရန် သူ ရည်ရွယ်ထား၏ ။

​ကြီးလာသည့်အခါ အပြင်တွင် အခြားသူများ၏ အနိုင်ကျင့်ခြင်း ခံရမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ ။

​လူတိုင်းက သူ့လို စနစ် ပါလာမည် မဟုတ် ။

​ထို့ကြောင့် ငယ်စဉ်ကတည်းက စတင်လေ့ကျင့်ပေးရန် လိုအပ်သည် ။

​ယန်ကျီဝမ်က တွက်ချက်ကြည့်ပြီးနောက် ရှီတိုးအား အသက် ၃ နှစ် အရွယ်မှစ၍ သိုင်းပညာ သင်ပေးရန် ဆုံးဖြတ်လိုက်သည် ။

​ဆယ်ကျော်သက် အရွယ်သို့ ရောက်လာသည့်အခါ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း အလုံအလောက် ရှိနေမည်မှာ အသေအချာပင် ။

​ထို့အပြင် ခက်ခဲသော နှစ်ကာလများလည်း ကျော်လွန်သွားပြီ ဖြစ်၍ ဖုံးကွယ်ထားစရာ မလိုတော့ဘဲ ထိုအချိန်ကျလျှင် အာဟာရပြည့်ဝသော အစားအစာများကို ပိုမိုကျွေးမွေးနိုင်လေပြီ ။

​" ဟုတ်ပါပြီ .. ဟုတ်ပါပြီ .. ရှင်က သူ့အဖေပဲ .. ရှင် ပြောသလိုပေါ့ .. "

​" ကိုယ့်မှာ အစီအစဉ် ရှိပါတယ် .. "

All Chapters