← Chapters

အခန်း ၂၇၈

Vol. 27 Ch. 278

အခန်း ၂၇၈

Vol. 27 Ch. 278

Chapter 278

~

အခန်း ၂၇၈ : ချင်ဟွိုင်ရု ကလေးမွေးတော့မည်

~

​ရှာကျူးတို့ မောင်နှမ အိုးခွဲအိမ်ခွဲ နေခဲ့ကြသည့် ကိစ္စများနှင့်အတူ ၆၁ ခုနှစ် ကုန်လွန်သွားခဲ့ပြီး ၆၂ ခုနှစ်သို့ ရောက်ရှိလာခဲ့လေပြီ ။

ဆောင်းနှောင်းပိုင်းသို့ ရောက်နေပြီဖြစ်ကာ ကောင်းကင်ယံမှ နှင်းပွင့်ငယ်များ တဖွဲဖွဲ ကျဆင်းနေပြီး အေးစက်လှသော ဆောင်းလေပြင်းများကလည်း အခါအားလျော်စွာ တိုက်ခတ်နေလေ၏ ။

​ညသန်းခေါင်ယံ အချိန်ခန့်တွင် ချင်ဟွိုင်ရုသည် ရုတ်တရက် ဗိုက်ထဲမှ အောင့်လာသဖြင့် ဗိုက်ကြီးကိုမကာ အများသုံးအိမ်သာသို့ သွားရန် ခက်ခဲစွာ ထလာခဲ့သည် ။

​အားယူ၍ ကုတင်စွန်းသို့ အရောက်တွင် ဗိုက်ထဲမှ အလွန်နာကျင်လာပြီး အောက်ပိုင်းတစ်ခုလုံး ပြဲထွက်သွားမတတ် ခံစားလိုက်ရ၏ ။

​ချင်ဟွိုင်ရု မျက်နှာပျက်သွားပြီး အောက်သို့ အမြန်ငုံ့ကြည့်လိုက်သည် ။ ဤသို့ ကြည့်လိုက်ချိန်တွင် သူမ မျက်နှာမှာ သွေးဆုတ်သွားတော့၏ ။

​သူမ၏ အောက်ပိုင်းတစ်ခုလုံး စိုရွှဲနေလေပြီ ။ သူမ ကလေးမွေးတော့မည်ကို သတိထားမိသွားသည် ။ ရေမြွှာပေါက်သွားခဲ့ပြီ ။

​သူမက ကျားကျန်းရှီ အိပ်နေသော ကန်း(အပူပေးကုတင်) ဘက်သို့ အလျင်စလို လှမ်းခေါ်လိုက်သည် ။

​" အမေ.. မြန်မြန်ထပါအုံး.. ကျွန်မ ကလေးမွေးတော့မယ် .."

" ခူး...ခူး..."

​ကျားကျန်းရှီက ဟောက်သံတခူးခူးနှင့် အိပ်မောကျနေပြီး သူမ၏ ခေါ်သံကို တုံ့ပြန်ခြင်း မရှိ ။

​ချင်ဟွိုင်ရု အလွန်စိုးရိမ်ပူပန်သွားသည် ။ အကယ်၍ ရေမြွှာရည်များသာ ခန်းခြောက်သွားပါက အလွန်ဒုက္ခရောက်ပေလိမ့်မည် ။ မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိနိုင်၏ ။ သူမ ရုန်းကန် မတ်တပ်ရပ်လိုက်ပြီး ကျားကျန်းရှီ၏ ကုတင်ဘေးသို့ သွားကာ အားကုန်သုံး၍ လှုပ်နှိုးလိုက်သည် ။

​" အမေ.. မြန်မြန်ထပါ.. မြန်မြန်ထပါလို့.. ကျွန်မ ကလေးမွေးတော့မယ် .."

​ကျားကျန်းရှီ လှုပ်နှိုးခံရပြီးနောက် နောက်ဆုံးတွင် နိုးလာခဲ့သည် ။

​" မွေးပေါ့ဟယ်.. ပထမဆုံး ကိုယ်ဝန်မှ မဟုတ်တာ.. အဲ့လောက်တောင် အရေးတကြီး ဖြစ်နေရသလား.. ငါ ဒုံရွှီကို မွေးတုန်းကဆို မွေးပြီးပြီးချင်းပဲ အလုပ်တောင် ပြန်လုပ်နေရသေးတာ .."

​ပြောပြီးနောက် ကျားကျန်းရှီက ပျင်းရိစွာ ထ၍ အဝတ်အစား လဲလေသည် ။ သူမ ပြောသည့်စကားများ အမှန်ဟုတ်မဟုတ်ကိုတော့ သူမကိုယ်တိုင်သာ အသိဆုံးဖြစ်ပေလိမ့်မည် ။

​အဝတ်အစား လဲပြီးနောက် ကျားကျန်းရှီက စိတ်မရှည်စွာဖြင့်...

​" ခဏစောင့်နေ.. ငါ ခုပဲ လက်သည်သွားခေါ်ပေးမယ် .."

​ချင်ဟွိုင်ရု ပို၍ပင် နာကျင်လာပြီး မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိတော့ ။ သူမက ကြောက်ရွံ့စွာဖြင့်...

​" အမေ.. ဆေးရုံပဲ သွားရအောင်ပါ.. ရေမြွှာတွေ ကုန်တော့မယ် ထင်တယ် .."

​ထိုစကားကို ကြားလျှင် ကျားကျန်းရှီ မျက်နှာ ချက်ချင်းပျက်သွားပြီး...

​" ဘာဆေးရုံလဲ.. ဆေးရုံသွားရင် အလကား မှတ်နေလား .."

​ထို့အပြင် ချင်ဟွိုင်ရုတွင် ပိုက်ဆံမရှိပေ ။ ဆေးရုံသွားရမည်ဆိုပါက သူမကပင် ပိုက်ဆံထုတ်ပေးရမည် မဟုတ်ပါလော ။ ဤသည်က သူမ၏ အသက်ကို နုတ်ယူနေခြင်းနှင့် တူ၏ ။

​ချင်ဟွိုင်ရုက ကျားကျန်းရှီ၏ အတွေးကို တွေးကြည့်စရာပင် မလိုဘဲ သိလေသည် ။ သို့သော် ယခုအချိန်တွင် သူမ အလွန်ကြောက်လန့်နေသဖြင့် အမြန်ပြောလိုက်၏ ။

​" အမေ.. ရှာကျူးကို သွားခေါ်လိုက်ပါ.. သူ ကျွန်မကို ဆေးရုံပို့ပေးလိမ့်မယ် .."

​" သူ့ကို ဘာလာလုပ်ခိုင်းရမှာလဲ .."

​ကျားကျန်းရှီ၏ မျက်နှာက အလွန်မည်းမှောင်သွားသည် ။ ချင်ဟွိုင်ရုသည် သူမ၏သား ကျားဒုံရွှီ၏ မိန်းမဖြစ်ပြီး ရှာကျူး၏ မိန်းမ မဟုတ် ။

​ချင်ဟွိုင်ရု အလျင်စလို ရှင်းပြလိုက်သည် ။

​" အမေ.. ရှာကျူးကို ပိုက်ဆံ ရှင်းခိုင်းမလို့ပါ .."

​ထိုအခါမှ ကျားကျန်းရှီ သဘောပေါက်သွားပြီး အိမ်အပြင်သို့ အမြန်ထွက်သွားလေသည် ။

​ချင်ဟွိုင်ရု သေသည် ရှင်သည်ကို သူမ ဂရုမစိုက်သော်လည်း ချင်ဟွိုင်ရု၏ ဗိုက်ထဲတွင် သူမ၏ မြေးယောကျ်ားလေး ပါနေသဖြင့် သူမ သေချာပေါက် ဂရုစိုက်ရပေမည် ။

​"ဒိုင်း.. ဒိုင်း.. ဒိုင်း.."

​ကျားကျန်းရှီက ရှာကျူးအိမ်၏ တံခါးကို အားကုန်ထုလိုက်ပြီး အကျယ်ကြီး အော်ခေါ်သည် ။

​" ရှာကျူး.. မြန်မြန်ထွက်ခဲ့စမ်း.. ချင်ဟွိုင်ရု ကလေးမွေးတော့မယ်.. သူ့ကို ဆေးရုံ မြန်မြန် ပို့ပေးလိုက်စမ်းပါ .."

​ရှာကျူးသည် ချင်ဟွိုင်ရု၏ ကိစ္စများကို အမြဲဂရုတစိုက် ရှိသူဖြစ်သည် ။ အိပ်မောကျနေသော သူသည် ထိုသတင်းကို ကြားလိုက်ရသည်နှင့် ကုတင်ပေါ်မှ သိုင်းကွက်နင်း၍ ခုန်ထလိုက်၏ ။

​သူ အဝတ်အစားများကို ဖုတ်ဖက်ခါ ဝတ်ဆင်လိုက်ပြီး တံခါးဖွင့်ရန် အမြန်ထွက်လာခဲ့သည် ။

​" ဒေါ်လေးကျန်း.. ခုနက ညီမချင် ကလေးမွေးတော့မယ်လို့ ပြောလိုက်တာလား .."

​" အေး.. ဟုတ်တယ်.. ဟုတ်တယ်.. ရေမြွှာပေါက်နေပြီ.. ဆေးရုံကို အမြန်ပို့ပေးစမ်းပါ.. နောက်ကျရင် ငါ့မြေးလေး တစ်ခုခု ဖြစ်သွားလိမ့်မယ် .."

​ကျားကျန်းရှီက ကမန်းကတန်း တိုက်တွန်းလိုက်သည် ။

​ရှာကျူး လန့်သွားပြီး...

​" ကျွန်တော် အခုပဲ သွားမယ် .."

​" ကျူးဇီ.. မင်း ရှေ့ခြံက ယန်လောင်အာ ဆီမှာ သုံးဘီးစက်ဘီး အရင်သွားငှားလိုက်.. အဲ့ဒါဆို ပိုအဆင်ပြေမယ် .."

​ယီကျုံးဟိုင်လည်း အသံကြားသဖြင့် ထွက်လာခဲ့ပြီး ခုနက ကျားကျန်းရှီ ပြောသည့် စကားများကို ကြားလိုက်ရ၍ အမြန် သတိပေးလိုက်သည် ။

​" ဟုတ်သားပဲ.. ရေမြွှာပေါက်နေရင် လမ်းလျှောက်လို့ မရဘူး.. ကျွန်တော် အခုပဲ သွားလိုက်မယ် .."

​ရှာကျူးက ကပျာကယာဖြင့် ရှေ့ခြံသို့ ပြေးသွားပြန်သည် ။

​ယန်ကျီဝမ် နေထိုင်ရာ အိမ်သို့ ရောက်သောအခါ ကျားကျန်းရှီကဲ့သို့ပင် ရှာကျူးက ယန်ကျီဝမ်၏ တံခါးကို အားကုန်ထုလိုက်သည် ။

​" ယန်လောင်အာ.. မြန်မြန်ထွက်ခဲ့စမ်း .."

​အိမ်ထဲတွင် အိပ်နေသော ယန်ကျီဝမ်တို့ လင်မယား နှစ်ယောက် နိုးလာခဲ့သည် ။ ယန်ကျီဝမ် အလွန် ဒေါသထွက်သွားပြီး ရှာကျူးအား ပညာပေးရန် ပြင်လိုက်၏ ။

​ယွီလီက...

​" ကျီဝမ်.. ရှာကျူး အသံက အရမ်းလောနေသလိုပဲ.. တစ်ခုခု ဖြစ်လို့နေမှာ.. ရှင် အပြင်ထွက် ကြည့်လိုက်ပါအုံး .."

​ယန်ကျီဝမ် ခေါင်းညိတ်လိုက်ပြီး စစ်အနွေးထည်ကုတ်အင်္ကျီကို ခြုံကာ တံခါးဖွင့်ရန် ထွက်လာခဲ့သည် ။ သို့သော်လည်း စိတ်ထဲတွင်တော့ လုံးဝ ဂရုမစိုက်ပေ ။ သူ၏ ကိစ္စ မဟုတ်သဖြင့် သူ ဝင်ပါရန် ပျင်းရိနေ၏ ။ သို့သော် ရှာကျူးက တံခါးကို အဆက်မပြတ် ခေါက်နေသဖြင့် သူ့ကို မောင်းမထုတ်လျှင် ဆက်အိပ်၍ ရမည် မဟုတ် ။

​သူ တံခါးကို ဖွင့်လိုက်ပြီး အေးစက်သော လေသံဖြင့်...

​" ရှာကျူး.. မင်း အထိုးခံချင်နေတာလား .."

​ရှာကျူးက ယန်ကျီဝမ်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်နိုင်တော့ဘဲ အမြန် ရှင်းပြလိုက်သည် ။

​" ယန်လောင်အာ.. မင်းရဲ့ သုံးဘီးစက်ဘီး ခဏလောက် ငှားပေးပါအုံး.. ညီမချင် ကလေးမွေးတော့မယ် .."

​ယန်ကျီဝမ် မျက်ခုံးပင့်သွားသည် ။

​' ဟွိုင်ဟွာ မွေးတော့မှာလား..'

​သူ အချိန်ကို တွက်ဆကြည့်လိုက်သည် ။ ယခုက ဖေဖော်ဝါရီလဆန်း ဖြစ်ရာ ဟွိုင်ဟွာ မွေးမည့်အချိန်မှာ တကယ်ပင် ဤအချိန် ဖြစ်နေလေသည် ။

​ယန်ကျီဝမ် အနောက်သို့ လှည့်ကာ သော့သွားယူလိုက်ပြီး ရှာကျူးကို ကမ်းပေးလိုက်သည် ။

​" စက်ဘီးကို ငှားလို့ရပါတယ်.. ဒါပေမဲ့ ဒီစက်ဘီးက အစိုးရပိုင် ဆိုတာ မင်းလည်း သိပါတယ်.. တစ်ခုခု ပြဿနာဖြစ်ရင် မင်း တာဝန်ယူရမယ် .."

​" သိပါပြီ.. သိပါပြီ .."

​ရှာကျူးက သော့ကို ယူ၍ သော့ဖွင့်လိုက်ပြီးနောက် အလယ်ခြံဆီသို့ စက်ဘီးကို တွန်းသွားသည် ။ ယန်ကျီဝမ်က ရှာကျူး ငြင်းဆန်မည်ကို မစိုးရိမ်ပေ ။ ရှာကျူး၏ စွမ်းရည်လေးဖြင့် သူ့အကြွေးကို ငြင်းဆန်ရန် သတ္တိရှိမည် မဟုတ်ချေ ။ ထို့ကြောင့် တံခါးကို ပိတ်လိုက်ပြီး ကုတင်ပေါ်သို့ ပြန်လှဲလိုက်သည် ။

​ယွီလီက မေးလိုက်သည် ။

​" ချင်ဟွိုင်ရု မွေးတော့မှာလား .."

​" ကြည့်ရတာ ဟုတ်မယ် .."

​ယန်ကျီဝမ် ခေါင်းညိတ်ပြလိုက်သည် ။

​ယွီလီက အားကျစွာဖြင့်...

​" ချင်ဟွိုင်ရုက တကယ် မွေးနိုင်တာပဲ.. တတိယမြောက် ကလေးတောင် မွေးတော့မယ် .."

​သူမသည် ရှောင်ရှီတိုး ကို မွေးပြီးကတည်းက ဗိုက်ထဲတွင် ဘာအရိပ်အယောင်မှ မရှိတော့သဖြင့် သူမကိုယ်သူမ အနည်းငယ် မကျေမနပ်ဖြစ်နေမိသည် ။

​တခြားမိသားစုများဆိုလျှင် ကလေးအသက် တစ်နှစ်ပြည့်သည်နှင့် နောက်တစ်ယောက် ကိုယ်ဝန်လွယ်နေလောက်ပြီ ။ တချို့ဆိုလျှင် သုံးနှစ်အတွင်း နှစ်ယောက်ပင် မွေးကြသေး၏ ။ ယခုခေတ်တွင် ထိုသို့သာ ဖြစ်ပြီး လူတိုင်းက ကလေးများများ မွေးချင်ကြလေသည် ။ တစ်ယောက် နှစ်ယောက်ဆိုသည်က နည်းလွန်းလှသည် ။

​ယန်ကျီဝမ်က ရယ်လိုက်ပြီး...

​" မင်းက သူ့ကို ဘာလို့ အားကျနေရတာလဲ.. သူ့မိသားစု အခြေအနေနဲ့ဆို များများမွေးလေ ဝန်ထုပ်ဝန်ပိုး ပိုများလေပဲ .."

​" ဒါပေမဲ့ ယောကျ်ားလေး နောက်တစ်ယောက်လောက် ထပ်မွေးရင် ကြီးလာတဲ့အခါ အားကိုးရာ တစ်ခု ပိုရလာမှာ မဟုတ်ဘူးလား .."

​ယွီလီတွင်တော့ ကွဲပြားသော အမြင်ရှိသည် ။ သို့တည်းမဟုတ် ဤခေတ်ရှိ လူများ၏ အမြင်မှာ ဤသို့ပင် ဖြစ်သည် ။ ကလေးများများ မွေးသည်ကို သဘောကျပြီး အထူးသဖြင့် ကြီးလာလျှင် မိသားစုကို ထောက်ပံ့ပေးနိုင်မည့် ယောကျ်ားလေးကို ပို၍ လိုချင်ကြသည် ။

​" မိန်းကလေး ဖြစ်နေရင်ရော .."

​" မဖြစ်နိုင်ပါဘူး.. ကျားကျန်းရှီက ချင်ဟွိုင်ရု ကိုယ်ဝန်ဆောင်ထားတာ ယောကျ်ားလေးလို့ အမြဲပြောနေတာပဲ မဟုတ်ဘူးလား .."

​"ဟဟ.. သူပြောတိုင်း ဟုတ်ရမှာလား .."

​ယန်ကျီဝမ်က သရော်လိုက်သည် ။ ဘာမှ မလွဲချော်ပါက ချင်ဟွိုင်ရု မွေးလာမည့် ကလေးမှာ သေချာပေါက် မိန်းကလေးသာ ဖြစ်ပြီး ထိုကလေးမှာ ဟွိုင်ဟွာ ပင် ဖြစ်သည် ။ အစားစားမည့် ပါးစပ်တစ်ပေါက် ပိုတိုးလာမည့်အပြင် ကျားကျန်းရှီက မိန်းကလေးများကို မနှစ်သက်သဖြင့် အချိန်တန်လျှင် သေချာပေါက် ပြဿနာ ရှာပေလိမ့်မည် ။

​သူ ယွီလီကို ထပ်ပြောခွင့် မပေးတော့ဘဲ...

​" ကဲပါ.. မင်း သူများ ကလေးများတာကို အားကျနေတာ မဟုတ်ဘူးလား.. အဲ့ဒါဆို ငါတို့လည်း အခုကစပြီး ပို ကြိုးစားကြတာပေါ့ .."

​စကားဆုံးသည်နှင့် ယန်ကျီဝမ်က ယွီလီ၏ မျက်စောင်းထိုးခြင်းကို ဂရုမစိုက်ဘဲ သူမအပေါ်သို့ ခုန်အုပ်ကာ စောင်ခြုံလိုက်လေတော့သည် ။

​အခြားတစ်ဖက်တွင်...

ကျားမိသားစု အိမ်၌...

​ရှာကျူး အလွန် စိုးရိမ်ပူပန်နေသည် ။ အကြောင်းရင်းမှာ ကျားကျန်းရှီက ရှာကျူးကို ချင်ဟွိုင်ရုအား အထိမခံပေ ။ သို့သော် သူမကိုယ်တိုင်လည်း မသယ်နိုင်သဖြင့် အခြေအနေမှာ တင်းမာနေလေ၏ ။

​နောက်ဆုံးတွင်တော့ ယီကျုံးဟိုင်က ပထမအဒေါ်နှင့် ဒုတိယအဒေါ်တို့ကို သွားခေါ်လာပြီး ချင်ဟွိုင်ရုအား သုံးဘီးစက်ဘီးပေါ်သို့ ဝိုင်းတင်ပေးခဲ့ရသည် ။ ထို့နောက် ရှာကျူးက ဆေးရုံသို့ ပို့ဆောင်ပေးလိုက်သည် ။

​ဆေးရုံသို့ ရောက်သောအခါ ဆရာဝန်က ချင်ဟွိုင်ရု၏ အခြေအနေကို ကြည့်ပြီး မကျေမနပ်ဖြင့်...

​" ခင်ဗျားတို့က ဘယ်လို မိသားစုဝင်တွေလဲ.. ကိုယ်ဝန်ဆောင်ရဲ့ ရေမြွှာတွေ ခန်းကုန်တော့မယ့် အချိန်ကျမှ ရောက်လာရသလား.. လူသေအောင် လုပ်ချင်နေကြတာလား .."

​ရှာကျူးက ကျားကျန်းရှီကို မသိမသာ လှမ်းကြည့်လိုက်သည် ။ ကျားကျန်းရှီက မျက်လုံးပြူးကြည့်ကာ...

​" ငါ့ကို ဘာလာကြည့်နေတာလဲ.. အခု ပို့ပေးလိုက်ပြီပဲ မဟုတ်ဘူးလား .."

​ဆရာဝန်က သူမအား ဂရုမစိုက်ချင်တော့ဘဲ ချင်ဟွိုင်ရုကို မီးဖွားခန်းထဲသို့ ပို့ဆောင်ရန် စီစဉ်လိုက်လေသည် ။

All Chapters