← Chapters

အခန်း ၄၁၁

Vol. 28 Ch. 411

အခန်း ၄၁၁

Vol. 28 Ch. 411

အခန်း(၄၁၁)

အကြောင်းမှာ လီလီကျွန်းစုပေါ်တွင် မရေမတွက်နိုင်သော ရတနာများ ပုန်းကွယ်နေသောကြောင့်ပင်။ ထိပ်ဆုံးဆယ်နေရာကို သူတို့မရလျှင်ပင် ကိစ္စမရှိပေ။ လီလီကျွန်းစုပေါ်မှ ရတနာများက သူတို့အတွက် ဖော်မပြနိုင်အောင် တန်ဖိုးကြီးမားသည်။ သို့သော်လည်း လီလီကျွန်းစုပေါ်မှာ ရတနာများကို ရှာဖွေခြင်းက လွယ်ကူသောအလုပ် မဟုတ်ပေ။ လီလီတောအုပ်ကို အဝင်သာရှိပြီး အထွက်မရှိသော ဝင်္ကပါတောအုပ်ဟု တင်စားခေါ်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က လီလီတောအုပ်ထဲမှာ ပိတ်မိသွားမည်ဆိုလျှင် သူက ငါးနှစ်ပြည့်သည်အထိ လမ်းပျောက်နေလိမ့်မည်။ ထိုငါးနှစ်အတွင်းမှာ သူက အခွင့်အရေးများစွာကို လက်လွှတ်ဆုံးရှုံးသွားလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က ကံကောင်းမည်ဆိုလျှင် လီလီကျွန်းစုပေါ်မှာ ရတနာအများကြီးကို ရှာဖွေနိုင်လိမ့်မည်။

အတိတ်မှာ ဥပမာတစ်ခု ရှိခဲ့ဖူးသည်။ လေလွင့်ကျင့်ကြံသူတစ်ယောက်သည် ကျွန်းစုပေါ်မှာ ပမာဏများပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ပိုင်ဆိုင်သွားသည်။ ခရမ်းရွှေကုန်းမြေဆီသို့ ပြန်ရောက်သွားသည့်အခါ သူက ထိုကျင့်ကြံခြင်းအရင်းအမြစ်များကို အသုံးပြုလိုက်သည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူက ဘွဲ့မရှိသော လေလွင့်ကျင့်ကြံသူတစ်ယောက်အဖြစ်မှ အထွတ်အထိပ်ပညာရှင်တစ်ပါးအဖြစ် နှစ်ပေါင်းတစ်ရာအတွင်း ပြောင်းလဲသွားသည်။ သူက ကျင့်ကြံခြင်းအရင်းအမြစ်များကို အသုံးပြု၍ သူ့ကိုယ်ပိုင်ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

သို့ဖြစ်လေရာ လီလီကျွန်းစုက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို မည်သို့ကြောင့် မဆွဲဆောင်နိုင်ဘဲနေမည်နည်း။ လီလီကျွန်းစုပေါ်မှာ ပုန်းလျှိုးနေသော ရတနာများက မသေမျိုးကျင့်ကြံသူအမြောက်အမြားကို ရူးသွပ်သွားစေရန် လုံလောက်သည်။

သီရှီထျန်သည် လောကဖန်ဆင်းမှုစေတီထဲမှာ ဆယ်နှစ်ကြာအောင် အချိန်ဖြုန်းခဲ့သည်။ သို့သော်လည်း လီလီကျွန်းစုပေါ်မှာတော့ အချိန်တစ်နှစ်သာ ကုန်ဆုံးသွားသည်။ ထိုတစ်နှစ်အတွင်းမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက ရတနာများကို အဆက်မပြတ် စူးစမ်းရှာဖွေနေကြသည်။ ဝိညာဉ်စွမ်းအားရှိသော ရတနာအားလုံးက သူတို့၏ အိတ်ထဲသို့ ဝင်ရောက်သွားသည်။ တချို့လူများက လက်ဗလာဖြင့်ရှိနေကြစဉ် တချို့လူများက အိတ်ဖောင်းနေကြသည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ပိတ်ရန် လေးနှစ်ကျန်နေသေးသည်။ သို့ဖြစ်၍ လူတိုင်းက ကျွန်းစုပေါ်မှာ ရတနာများကို အားကြိုးမာန်တတ် လိုက်လံရှာဖွေနေကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် မုန်တိုင်းတိုက်ခတ်နေသည်။

အမည်မသိအကြောင်းအရင်းတချို့ကြောင့် မသေမျိုးကျင့်ကြံခြင်းဂိုဏ်းများသည် အတူတကွ အင်အားပူးပေါင်းလိုက်ကြသည်။ ဤသည်မှာ သူတို့က ထိုသို့လုပ်ဆောင်ရန် အစကတည်းက ကြိုစီစဉ်ထားသည့်အလားပင်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ မိစ္ဆာမျိုးနွယ်စု၏ လက်ရွေးစင်များ ရောက်ရှိနေသည်ကို အခွင့်ကောင်းယူ၍ မသေမျိုးကျင့်ကြံခြင်းဂိုဏ်းများက သူတို့၏ လက်ရွေးစင်တပည့်များကို မိစ္ဆာများနေထိုင်ကြသော စွန့်ပစ်တောင်တန်းဒေသများနှင့် တောအုပ်များဆီသို့ စေလွှတ်လိုက်ကြသည်။

စွန့်ပစ်တောင်တန်းဒေသများနှင့် တောအုပ်များထဲမှာ ပုန်းအောင်းနေထိုင်ကြသော မိစ္ဆာများသည် မသေမျိုးကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးသွားကြသည်။ သူတို့၏ လက်ရွေးစင်မိစ္ဆာများက အဝေးသို့ ရောက်နေကြလေရာ မသေမျိုးကျင့်ကြံသူများကို သူတို့မရင်ဆိုင်နိုင်ကြပေ။

မသေမျိုးကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ မိစ္ဆာအများအပြားက ဆိုးဆိုးဝါးဝါး သုတ်သင်ရှင်းလင်းခံလိုက်ကြရသည်။ ယင်းက မိစ္ဆာမျိုးနွယ်စုအပေါ် မျိုးတုန်းသတ်ဖြတ်သော လုပ်ဆောင်မှု ဖြစ်သည်။ ကျင့်ကြံသူများသည် မိစ္ဆာများကို မြင်သည်နှင့် မည်သည့်စကားမှမဆိုဘဲ ချက်ချင်း သတ်ပစ်ကြသည်။ မိစ္ဆာအမြောက်အမြားသည် မသေမျိုးကျင့်ကြံသူများ၏ ဓမ္မလက်နက်များအောက်မှာ သေဆုံးသွားကြသည်။

မိစ္ဆာမျိုးနွယ်စုသည် အစကတည်းက အလွန်အားနည်းသည်။ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုကို တွေ့ကြုံလိုက်ရသောအခါ မိစ္ဆာမျိုးနွယ်စု၏ အခြေအနေက ပိုပိုပြီး ဆိုးဝါးလာသည်။

ခရမ်းရွှေကုန်းမြေပေါ်တွင် လျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး မိုးခြိမ်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ မိုးကောင်းကင်သည်ပင် ယခုကဲ့သို့ မိစ္ဆာများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရခြင်းကို မကြည့်ရက်ဟန် ရ၏။ မိုးက ခရမ်းရွှေကုန်းမြေမှာ အလွန်သည်းထန်စွာ ရွာသွန်းနေသည်။

သေမျိုးလောကမှာပင် ရေလွှမ်းမှုများ ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော သာမန်လူသားများသည် ရေလွှမ်းမှုကြောင့် သေဆုံးသွားကြသည်။ ထိုအခိုက်အတန့်မှာ ကောင်းကင်က ချောက်ချားဖွယ်ကောင်းစွာ မည်းမှောင်နေသည်။ ဤသည်မှာ ကမ္ဘာဖျက်ကပ်ဘေး ကျရောက်လာနေသည့်အလားပင်။ မိုးမြေတစ်ခုလုံး၌ လေထုတင်းကျပ်မှု ဖြစ်ပေါ်နေသည်။

နေနှင့်လ၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။ သေမျိုးလောကထဲမှ သာမန်လူသားများက ကြောက်လန့်တုန်လှုပ်နေကြသည်။ အကန့်အသတ်မဲ့သော ချောက်ချားမှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက မဟာကပ်ဘေး ကျရောက်လာနေသော နိမိတ်ဖြစ်သည်ဟု လူတချို့က ပြောကြသည်။

ချင်မိသားစု ဖိနှိပ်ထားသော ရေကန်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် ထိတ်လန့်ဖွယ်ကောင်းသော မိစ္ဆာချီကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ၎င်းက ရေကန်၏ အချုပ်အနှောင်ထဲမှ ရုန်းထွက်နိုင်တော့မည့်အလားပင်။ ထိုအချင်းအရာက အလွန်ကြောက်စရာကောင်းသည်။

ဤအခိုက်အတန့်မှာ မည်သည့်အရာကမှ မသေမျိုးကျင့်ကြံသူများ၏ စိတ်ဓာတ်ပြတ်သားမှုကို မတားဆီးနိုင်တော့ဟန် ရ၏။ မိစ္ဆာမျိုးနွယ်စုအပေါ် သူတို့၏ သုတ်သင်ရှင်းလင်းမှုက လုံးဝ မရပ်တန့်သွားပေ။ ယင်းအစား အချိန်ကြာလာသည်နှင့်အမျှ သတ်ဖြတ်မှုများက ပိုမိုများပြားလာသည်။ မည်သို့ဖြစ်ပါစေ မိစ္ဆာများ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာ ဖြစ်သည်။ သူတို့၏ အသွေးအသားများကို ဆေးလုံးများအဖြစ် သို့မဟုတ် လက်နက်များအဖြစ် သန့်စင်ပစ်နိုင်သည်။

ထို့ကြောင့် မသေမျိုးကျင့်ကြံသူများသည် မိစ္ဆာများကို သူတို့၏ အကျိုးအမြတ်အတွက် သုတ်သင်ရှင်းလင်းနေကြသည်။ မိစ္ဆာမျိုးနွယ်စု၏ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးဝါးလာသည်။

ယင်းက သေချာအကွက်ချစီမံထားသော အစီအစဉ် ဖြစ်သည်။

မသေမျိုးကျင့်ကြံခြင်းဂိုဏ်းများသည် မိစ္ဆာမျိုးနွယ်စု၏ လက်ရွေးစင်ကျင့်ကြံသူများ အဝေးရောက်နေသည့်အချိန်ကို အခွင့်ကောင်းယူ၍ ဂိုဏ်းအချင်းချင်း အတူလက်တွဲကာ မိစ္ဆာများကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က မိစ္ဆာမျိုးနွယ်စုတစ်ခုလုံးကို ခရမ်းရွှေကုန်းမြေမှ ဖယ်ရှားပစ်ရန် ကြံစည်နေကြသည်။ မိစ္ဆာမျိုးနွယ်စုသည် ဤတစ်ကြိမ်၌ မျိုးတုန်းသတ်ဖြတ်မခံရလျှင်ပင် ကြီးကြီးမားမား အထိနာသွားလိမ့်မည်။

ထိုအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် မသေမျိုးကျင့်ကြံသူအမြောက်အမြား စုဝေးရှိနေကြသည်။ သားရဲတစ်သောင်းဂိုဏ်းတစ်ခုတည်းမဟုတ်ဘဲ တခြားဂိုဏ်းကြီးများမှ ဆရာသခင်များသည်လည်း ရောက်ရှိနေကြသည်။ ယခု မသေမျိုးကျင့်ကြံသူအရေအတွက်က တစ်သောင်းကျော်သွားသည်။

မသေမျိုးကျင့်ကြံသူအားလုံးက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အပြင်ဘက်မှာ စုဝေးနေကြသည်။

ဤအခိုက်အတန့်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ဘေးပတ်ပတ်လည်၌ ဝိညာဉ်လှုပ်ခတ်စေမည့် အရိုးဖြူအင်းချပ်က အပြည့်အဝ ထွက်ပေါ်နေသည်။ အရိုးဖြူအင်းချပ်က အရွယ်အစားအလွန်ကြီးမားပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ချိုင့်ဝှမ်း၏ ဘေးပတ်ပတ်လည်၌ အရိုးဖြူဘုရင်ရှစ်ပါးက စောင့်ကြပ်နေကြသည်။ အထွတ်အမြတ် အရိုးဖြူဘုရင်သည်ပင် အလယ်မှာ ထွက်ပေါ်လာသည်။ အရိုးဖြူတောင်ကုန်းကိုးခုသည် ကောင်းကင်အထိ မြှောက်တတ်သွားသည်။ အရိုးဖြူတောင်ကုန်းများ၏ အောက်ခြေတွင် မရေမတွက်နိုင်သော အရိုးခြောက်စစ်သည်တော်များက စုဝေးနေကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် မြေကြီးပေါ်မှာ မသေမျိုးကျင့်ကြံသူအမြောက်အမြားက အရိုးခြောက်စစ်သည်တော်များနှင့် ရင်ဆိုင်တိုက်ခိုက်နေကြောင်း မြင်ရလိမ့်မည်။ ထို့ပြင် အရိုးဖြူဘုရင်တစ်ပါးစီကို ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက ဝိုင်းရံထားကြပြီး အဆက်မပြတ် တိုက်ခိုက်နေကြသည်။ ကျယ်လောင်သော ကြုံးဝါးသံများ၊ ပေါက်ကွဲသံများနှင့် မြည်သံများက တရစပ် ထွက်ပေါ်နေသည်။

အထွတ်အမြတ် အရိုးဖြူဘုရင်၏ ဦးခေါင်းထက်မှာတော့ မိစ္ဆာနှိမ်နင်းစေတီ ရှိသည်။ မိစ္ဆာနှိမ်နင်းစေတီသည် အထွတ်အမြတ် အရိုးဖြူဘုရင်ကို မြေကြီးပေါ်မှာ ပြားပြားဝပ်သွားရန် ကြိုးစားနေသည်။

ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အကြီးအကျယ် ဖြစ်ပွားနေသည်။ ဖိနှိပ်သော လေထုက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

အရိုးဖြူအင်းချပ်က အလွန်အမင်း အစွမ်းထက်သည်။ သို့မဟုတ်လျှင် ယင်းက မသေမျိုးကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ထိုမျှအချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မသေမျိုးကျင့်ကြံသူများသည် လက်လျော့မည့်အရိပ်အယောင် မပြချေ။

တစ်နှစ်ကြာမြင့်သွားသည့်တိုင် သူတို့က အရိုးဖြူအင်းချပ်၏ အစီအရင်ကို မချိုးဖြတ်နိုင်သေးပေ။

သို့သော်လည်း ထိုအတိုင်း ဆက်သွားနေမည်ဆိုလျှင် အရိုးဖြူအင်းချပ်က မသေမျိုးကျင့်ကြံသူများ၏ တိုက်စစ်ကို အချိန်ကြာကြာ ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ အရိုးဖြူအင်းချပ်ကို ထိန်းချုပ်ပေးမည့်လူ မရှိပေ။ အရိုးဖြူအင်းချပ်က သူ့ဘာသာ လည်ပတ်နေရ၏။ ယင်းက ခုခံကာကွယ်ရန်အတွက်သာ ဖြစ်သည်။ မသေမျိုးကျင့်ကြံခြင်းလောက၏ အဆင့်မြင့်ပုဂ္ဂိုလ်များ ရောက်လာသည့်အခါ ထိုအစီအရင်က ကျိုးပြတ်သွားလိမ့်မည်။

အရိုးဖြူအင်းချပ်က အစွမ်းထက်သော်လည်း ယင်းက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်သုံးနှစ် ကုန်ဆုံးသွားပြန်သည်။

လောကဖန်ဆင်းမှုစေတီထဲမှာတော့ အနှစ်သုံးဆယ်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။

ယနေ့တွင် ကမ္ဘာမြေတုန်ဟီးသွားစေမည့် ရယ်သံက စေတီထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ဟား ဟား ဟား… ”

“ ပြီးသွားပြီ… နောက်ဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီ… မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာ ပြီးမြောက်သွားပြီ… ”

လွှမ်းမိုးဗိုလ်ကျပြီး အထွတ်အမြတ်ဩဇာအာဏာ အရှိန်အဝါ ကိန်းအောင်းနေသော အသံက စေတီထဲမှ ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေသာမက ခရမ်းရွှေကုန်းမြေတစ်ခုလုံးဆီသို့ ပျံ့လွင့်သွားသည်။

ထိုအသံသည် သဏ္ဌာန်မဲ့သော တာအိုရွတ်သံပမာ မိုးမြေကြား၌ ပဲ့တင်ထပ်သွားသည်။ မည်သည့်ဓမ္မရတနာမှ သို့မဟုတ် လေဟာနယ်မှ ထိုအသံကို မတားဆီးနိုင်ပေ။ အသံသည် လောကဖန်ဆင်းမှုစေတီသာမက၊ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေတစ်ခုလုံးနှင့် ခရမ်းရွှေကုန်းမြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ အသံသည် ကောင်းကင်ဘုံ၊ မိစ္ဆာဘုံ၊ မြေအောက်လောကနှင့် မရေမတွက်နိုင်သော ကမ္ဘာငယ်များထံ ပျံ့နှံ့သွားသည်။ အသံသည် မိုးမြေအတားအဆီးများနှင့် အချိန်လေဟာနယ်ကို လျစ်လျူရှု၍ အဆုံးမဲ့စွာ ပျံ့နှံ့သွားသည်။

သူ့အသံက မဟာလောကတစ်ထောင်နှင့် ကမ္ဘာငယ်သောင်းချီကို ဖုံးလွှမ်းသွားသည်။

“ မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာ ပြီးမြောက်သွားပြီ ”

ထိုစကားသံက ကောင်းကင်ဘုံအင်အားသဖွယ် ပဲ့တင်ထပ်သွားသည်။ ထိုအသံထဲမှာ အကန့်အသတ်မဲ့သော ဩဇာအာဏာအရှိန်အဝါနှင့် လျှို့ဝှက်ဆန်းကြယ်သော တာအိုဓမ္မတို့ ကိန်းအောင်းနေသည်။ ဤသည်မှာ မိုးမြေက စကားပြောနေသည့်အလားပင်။ အသိဉာဏ်ရှိသော သက်ရှိအားလုံးက ထိုစကားသံကို ကြားသွားကြသည်။ ထိုစကားသံက သူတို့၏ နှလုံးသားထဲမှာ တံဆိပ်ရိုက်နှိပ်သွားသည်။

“ ဝူး ”

“ ဝူး ”

ထိုအသံ ပျောက်ကွယ်သွားသည့်အခါ ကောင်းချီးမင်္ဂလာကို ကိုယ်စားပြုသော ခရမ်းရောင်မိုးတိမ်များက ဘုံအများအပြားနှင့် မရေမတွက်နိုင်သော ကမ္ဘာများ၏ ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ခရမ်းရောင်မိုးတိမ်များ ပျောက်ကွယ်သွားသည့်အခါ လေဟာနယ်တစ်ခုလုံးကို မရေမတွက်နိုင်သော တိမ်မည်းများက ဖုံးအုပ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသွားများက တိမ်မည်းများထဲမှာ ရွေ့လျားကူးခတ်နေကြသည်။ ယင်းတို့က မြင်းရိုင်းများသဖွယ် အရာအားလုံးကို တိုးဝှေ့ဖျက်ဆီးချင်နေကြသည်။

“ ဂျိန်း… ဂျလိန်း… ”

မိုးကြိုးထောင်သောင်းချီက တစ်ပြိုင်နက် ပေါက်ကွဲသွားသည်။ လျှပ်စီးက လောကတစ်ခွင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ ကောင်းကင်ယံ၌ မိုးကြိုးများဖြင့် ပြည့်နှက်နေပြီး တိမ်မည်းများက နေအလင်းရောင်ကို ဖုံးအုပ်ထားသည်။ အလွန်ကျယ်လောင်သော မိုးခြိမ်းသံများက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ဤသည်မှာ ကမ္ဘာဖျက်ကပ်ဘေး ကျရောက်လာသည့်အလားပင်။ သက်ရှိများသည် မြေကြီးပေါ်မှာ ကြောက်ကြောက်ရွံ့ရွံ့ ဒူးထောက်လိုက်ကြသည်။

သုသာန်များ၊ သင်္ချိုင်းများဖြင့် ပြည့်နှက်နေသော မြေအောက်လောကထဲတွင် မရေမတွက်နိုင်သော ပရလောကသားများက အော်ဟစ်ညည်းတွားနေကြသည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှ ဟွမ်ချွမ်းမြစ်သည်ပင် သက်ရောက်ခံလိုက်ရသည်။ ဟွမ်ချွမ်းမြစ်ထဲမှ တစ္ဆေဝိညာဉ်များသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့က ဖော်မပြနိုင်သော နာကျင်မှုကို ခံစားနေကြရသည်။ သူတို့က ခေါင်းကို လက်ဖြင့် ဖိ၍ ရေထဲမှာ လူးလွန့်ရုန်းကန်နေကြသည်။ သူတို့၏ အော်ဟစ်သံများက ကျောချမ်းဖွယ်ကောင်းသည်။

တစ္ဆေဝိညာဉ်များ၏ အော်ဟစ်သံက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မိုးမြေက အပြင်းအထန် တုန်ယင်သွားသည်။

“ အဲ့ဒါ နတ်ဘုရားတွေနဲ့ တစ္ဆေတွေရဲ့ အော်ညည်းသံပဲ… မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက ဘာလဲ… မဟုတ်မှလွဲရော မိုးမြေတုန်လှုပ်စေနိုင်တဲ့ ပြိုင်ဘက်ကင်းရတနာတစ်ခု ထွက်ပေါ်လာတာလား… အဲ့ဒါက နတ်ဘုရားတွေနဲ့ တစ္ဆေတွေကိုတောင် အော်ဟစ်ညည်းတွားစေတယ်လား ”

လျှို့ဝှက်နယ်မြေထဲတွင် မိစ္ဆာများသော်လည်းကောင်း မသေမျိုးကျင့်ကြံသူများသော်လည်းကောင်း သူတို့အားလုံးက လုပ်လက်စကိစ္စများကို ရပ်တန့်လိုက်ကြသည်။ သူတို့က ခေါင်းမော့လိုက်ကြပြီး ဟွမ်ချွမ်းမြစ်ထဲမှ တစ္ဆေဝိညာဉ်များ၏ အော်ဟစ်သံကို နားထောင်လိုက်ကြသည်။ အံ့ဩသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ကောင်းကင်ယံတွင် တိမ်မည်းများ စုဝေးနေသည်။ လျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး မိုးကြိုးက အဆက်မပြတ် ပစ်လွှတ်နေသည်။

ယင်းက ကမ္ဘာဖျက်ကပ်ဘေး ကျရောက်လာသော မြင်ကွင်းနှင့် ဆင်တူသည်။ လွှမ်းမိုးဗိုလ်ကျသော ကောင်းကင်ဘုံအင်အားက မိုးကောင်းကင်ထံမှ ကျဆင်းလာသည်။ လွှမ်းမိုးဖိနှိပ်သော ဖိအားက ဟင်းလင်းပြင်တစ်ခုလုံး ပျံ့နှံ့နေသည်။ ကျင့်ကြံခြင်းအဆင့် အားနည်းသော ကျင့်ကြံသူများက ကောင်းကင်ဘုံဖိအားအောက်မှာ မြေကြီးပေါ်တွင် ဒူးထောက်ကျသွားကြသည်။

ဘုံသုံးဘုံနှင့် လမ်းစဉ်ခြောက်သွယ်မှာရှိကြသော ဉာဏ်ပညာမြင့်ပုဂ္ဂိုလ်များသည် ရုတ်တရက် ဖြစ်ပေါ်လာသော မိုးမြေအပြောင်းအလဲကြောင့် အံ့ဩသွားကြသည်။ သူတို့၏ စိတ်အာရုံက ဘုံသုံးဘုံနှင့် လမ်းစဉ်ခြောက်သွယ်ကို ဖြန့်ကြက်သွားသည်။

All Chapters