← Chapters

အခန်း ၄၁၅

Vol. 28 Ch. 415

အခန်း ၄၁၅

Vol. 28 Ch. 415

အခန်း(၄၁၅)

“ ဟာ… ဒီအဖိုးကြီးကတော့ သေချင်နေတာပဲ ”

သက်လတ်ပိုင်းအမျိုးအသားသည် အစော်ကားခံရမှုကြောင့် ဒေါသအကြီးအကျယ် ထွက်သွားသည်။ သူက ရေဇလုံကို ဖမ်းလိုက်ပြီး အဖိုးအိုထံ ပြန်ပစ်ပေါက်လိုက်သည်။

“ ဒန် ”

ခပ်အုပ်အုပ်မြည်သံ ထွက်ပေါ်လာသည်။ အဖိုးအို၏ နဖူးသည် ရေဇလုံဖြင့် ထိမှန်သွားပြီးနောက် အက်ကွဲသွားသည်။ သွေးက သူနဖူးပေါ်မှ စီးကျလာသည်။ နောက်ဆုံးမှာ သူက ကုတင်ပေါ်တွင် မည်သည့်အသံမှမထွက်နိုင်ဘဲ ပြိုလဲကျသွားသည်။ သွေးက သူ၏ နဖူးထဲမှ ဒလဟော စီးကျလာသည်။

“ မင်းလို သားမိုက်ကို မွေးမိတာ ဝမ်းနည်းဖို့ကောင်းတယ် ”

စက်ကရာက ထိုစကားကို တီးတိုးရေရွတ်လိုက်သည်။ စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုက သူ၏ စိတ်ထဲသို့ ဒလဟော တိုးဝင်လာသည်။ ဤအခိုက်အတန့်မှာ ဝမ်းနည်းစိတ်က ဒီရေသဖွယ် အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။ ယင်းက သေခါနီးအချိန်မှာ ဖြစ်ပေါ်လာသော ဝမ်းနည်းစိတ် ဖြစ်သည်။

“ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသား… ငါ့နှလုံးသားက ပြိုင်ဘက်ကင်းဧကရာဇ်ရဲ့ နှလုံးသား… ဘယ်လိုအရာမှ ငါ့စိတ်ကို မစွန်းထင်နိုင်ဘူး ”

ဝမ်းနည်းစိတ်က မည်မျှအားကောင်းပါစေ ယင်းက သူ၏ စိတ်ထဲသို့ မည်မျှတိုးဝင်လာနေပါစေ သူ့နှလုံးသားကို မစွန်းထင်နိုင်ပေ။ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသား၏ ဖိနှိပ်မှုအောက်မှာ အကယ်၍ သူက ဝမ်းနည်းမှုပင်လယ်ထဲမှာ ရှိနေလျှင်ပင် ကောင်းကင်ဘုံထောင့်တိုင်တစ်ခုကဲ့သို့ သူ့စိတ်က ထာဝရ မြဲမြံနေလိမ့်မည်။ သူက အဆုံးမဲ့သော ဝမ်းနည်းမှုကို သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ခွင့်ပြုထားသည်။

အချိန်ကြာလာသည်နှင့်အမျှ ဝမ်းနည်းမှုက သူ၏ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားအပေါ် မည်သည့်သက်ရောက်မှုမှ မရှိတော့ပေ။

အချိန်အတန်ကြာပြီးနောက်…

သီရှီထျန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူ၏ အကြည့်က အလွန်နက်ရှိုင်းပြီး နက်နဲသိမ်မွေ့သည်။ သို့သော်လည်း သူ့ပုံစံက ဝမ်းနည်းနေသော လူတစ်ယောက်နှင့် လုံးဝ မတူညီပေ။

ရှင်းလင်းစွာပင် သူက ဝမ်းနည်းမှုဖြင့် ယိုယွင်းတိုက်စားမခံရပေ။ သူက တီးတိုးရေရွတ်လိုက်သည်။

“ ဘယ်လောက်အံ့ဖွယ်ကောင်းတဲ့ ဝမ်းနည်းမှုအခြေအနေလဲ… ငါ့ရဲ့ အသိစိတ်က ဝမ်းနည်းမှုဘုံထဲ ဝင်ရောက်သွားပြီး ဝမ်းနည်းမှုရဲ့ အစားသွင်းခံပစ္စည်းတစ်ခု ဖြစ်လာတယ်… ငါ့ရဲ့ သရုပ်မှန်နဲ့ မှတ်ဉာဏ်တွေက ဝမ်းနည်းမှုဘုံထဲမှာ ချိပ်ပိတ်ခံထားရတယ်… တကယ်လို့ ငါ့မှာသာ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားမန္တရားမရှိနေရင် ဝမ်းနည်းမှုဘုံထဲကနေ ပြန်လွတ်မြောက်လာနိုင်မှာ မဟုတ်ဘူး… အဲ့ဒီအချိန်ကျရင် ငါက အဆုံးမဲ့တဲ့ ဝမ်းနည်းစိတ်ထဲမှာ နစ်မြုပ်သွားလိမ့်မယ်… ဒါပေမဲ့ အခုချိန်ကစပြီး ဝမ်းနည်းမှုကို ငါကြောက်စရာမလိုတော့ဘူး… ဝမ်းနည်းမှုက ငါ့ရဲ့ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကို ထုဆစ်သန့်စင်ပေးနိုင်ပြီး ပြိုင်ဘက်ကင်းဧကရာဇ်ချီကို ကျင့်ကြံပေးနိုင်လိမ့်မယ် ”

သူ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးရန် အသုံးပြုခဲ့သော အနှစ်လေးဆယ်အချိန်က အလဟဿမဖြစ်သွားပေ။ သူဖန်တီးခဲ့သော မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက အလွန်အစွမ်းထက်သည်။ ယင်းထဲမှာ ပါဝင်သော ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာက လိုအင်ဆန္ဒအမျိုးမျိုး၏ စမ်းသပ်မှုများကို သူ့အား ဖြတ်ကျော်နိုင်စေလိမ့်မည်။ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာက သူ့နှလုံးသားကို ကျင့်ကြံပေးနိုင်သည်။ သူ့နှလုံးသားက တောင်ကြီးတစ်တောင်နှယ် မြဲမြံနေသည့်အခါ ဝမ်းနည်းစိတ်က မည်မျှအားကောင်းပါစေ သူ၏ စိတ်နှင့် နှလုံးသားအပေါ် လုံးဝ မသက်ရောက်နိုင်ပေ။ ယင်းက ပြိုင်ဘက်ကင်းဟူသော နာမည်ကို မှည့်တွင်ရန် အမှန်တကယ် ထိုက်တန်သည်။

ပထမအကြိမ် ကြိုးစားကြည့်ပြီးနောက် သီရှီထျန်၏ နှလုံးသားထဲမှာ ယုံကြည်မှုပိုတိုးပွားလာသည်။

သူက တုံ့ဆိုင်းမနေဘဲ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အသိစိတ်က ဝမ်းနည်းမှုဘုံထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားသည်။ ဤတစ်ကြိမ်တွင် သူက ဝမ်းနည်းမှုအမျှင်တန်းဆယ်မျှင်ကို တစ်ပြိုင်နက် ဆွဲယူလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သီရှီထျန်က ထပ်မံ မျက်လုံးမှိတ်လိုက်သည်။ သူက ဝမ်းနည်းမှုဘုံထဲမှာ သူ့ကိုယ်သူ အပြည့်အဝ နစ်မြှုပ်ထားလိုက်သည်။ တစ်ချိန်တည်းမှာ သူက ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာကို အသုံးပြု၍ သူ၏ အသိစိတ်ကို ကာကွယ်လိုက်သည်။ သူ့နှလုံးသားထဲမှ ပြိုင်ဘက်ကင်းဧကရာဇ်စိတ်ဆန္ဒ မပျောက်ကွယ်သွားသေးသရွေ့ ဝမ်းနည်းမှုဘုံထဲမှာ သူနစ်မြုပ်သွားမည်ကို စိုးရိမ်ရန်မလိုပေ။ သူ၏ အသိစိတ်ကို ဝမ်းနည်းမှုဘုံထဲမှ ချက်ချင်း သူပြန်ဆွဲထုတ်နိုင်သည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

သီရှီထျန်သည် ကြာပန်းနက်၏ ဝမ်းနည်းမှုဘုံထဲ၌ စမ်းသပ်မှုကို ထပ်ခါတလဲလဲ ဖြတ်ကျော်နေရင်း သူ၏ နှလုံးသားကို ထုဆစ်သန့်စင်နေသည်။ သူက ဤလောကမှာရှိသော ဝမ်းနည်းမှုအဖြစ်အပျက်များကို ကိုယ်တိုင်တွေ့ကြုံခံစားနေသည်။ ဝမ်းနည်းမှု၏ အစစ်အမှန်အဓိပ္ပာယ်ကို သူနားလည်သွားပြီး ဝမ်းနည်းမှုဘုံကို သူမကျော်လွှားနိုင်မချင်း လုပ်ဆောင်နေသည်။ ဝမ်းနည်းမှုဘုံကို သူထိုးဖောက်နိုင်မှသာ ဝမ်းနည်းမှုက သူအသုံးပြုနိုင်သော လိုအင်ဆန္ဒစွမ်းအားအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ထိုသို့လုပ်ဆောင်နေစဉ် သူက တစ်နှစ် သို့မဟုတ် နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားသည်ဟု ခံစားမိသွားသည်။ သို့သော်လည်း လောကဖန်ဆင်းမှုစေတီထဲတွင် တစ်ခဏမျှသာ အချိန်ကုန်ဆုံးသွား၏။

လောကဖန်ဆင်းမှုစေတီထဲ၌ တစ်ရက်က အပြင်လောက၌ တစ်ခဏမျှသာ ကြာမြင့်၏။

သီရှီထျန်က လိုအင်ဆန္ဒထဲမှာ စိတ်နှစ်ထားစဉ် အပြင်လောကမှ အချိန်က ရပ်တန့်မနေပေ။ လီလီကျွန်းစုပေါ်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များက အကျိုးအမြတ်ရရှိသွားကြသည်။ တချို့က ကောင်းကင်ဘုံရတနာများကို ရှာတွေ့သွားကြပြီး တချို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်သွားကြသည်။ တချို့က ကောင်းကင်ဘုံရေကန်ကို ရှာတွေ့သွားကြသည်။ ကံကြမ္မာကောင်းများနှင့် အခွင့်အလမ်းများက လီလီကျွန်းစုပေါ်မှာ နေ့စဉ်နေ့တိုင်း ထွက်ပေါ်နေသည်။

သို့သော် သတ်ဖြတ်မှုများက ကျွန်းစုပေါ်မှာ ရံဖန်ရံခါ ဖြစ်ပွားနေသည်။ ထိပ်ဆုံးဆယ်နေရာကို ရွေးချယ်ပြီးသွားပြီဖြစ်လေရာ ကျွန်းစုပေါ်၌ ကန့်သတ်ချက်အများကြီး မရှိတော့ပေ။ လူသတ်လျှင်ပင် အပြစ်ပေးမခံရပေ။ ထို့ကြောင့် ကျွန်းစုပေါ်မှာ သတ်ဖြတ်မှုများနှင့် လုယက်မှုများက မကြာခဏ ဖြစ်ပွားနေသည်။

ထိုအခိုက်အတန့်မှာ မီးခိုးလှိုင်းရေကန်ထဲတွင်…

လွန်စွာခမ်းနားထည်ဝါပြီး ထွန်းလင်းတောက်ပသော သလင်းကျောက်နန်းတော်တစ်ခုက ယခင်အတိုင်း ရေအောက်ထဲမှာ တည်ရှိနေသည်။ နန်းတော်၏ ခမ်းနားထည်ဝါမှုကို သာမန်စကားလုံးဖြင့် ဖော်ပြရန် အလွန်ခက်ခဲပေသည်။

“ ဘန်း ”

နဂါးဘုရင်၏ နန်းဆောင်ထဲတွင် ကျယ်လောင်သောမြည်သံ ထွက်ပေါ်လာသည်။ အသက်အရွယ်ကြီးမားသော နဂါးဘုရင်က နန်းတော်၏ ရာဇပလ္လင်ပေါ်မှာ ထိုင်နေသည်။ ဒေါသအရိပ်အယောင်က သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ တောင်တန်းများကို ဖြိုချပစ်နိုင်ပြီး ပင်လယ်များကို မှောက်လှန်ပစ်နိုင်သော နဂါးဘုရင်အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ သူ့ဘေးတွင် နဂါးမိန်းကလေးတစ်ယောက် ရပ်နေသည်။ ထိုမိန်းကလေးသည် နဂါးဘုရင်၏ သမီးကြီး အောင်းချင်မှလွဲ၍ တခြားမဟုတ်ပေ။ သို့သော်လည်း နန်းတော်ထဲတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ရှိနေသည်။ သူ၏ နဖူးပေါ်မှာ ချွေးစေးများ ရှိသည်။ တောင်ကြီးတစ်တောင်က သူ၏ ကျောပေါ်မှာ ရှိနေသည့်အလား ကြီးမားသော ဖိနှိပ်မှုကို သူခံစားမိသွားသည်။

“ ဟွန့်… ဒီတစ်ခါတော့ မင်းတို့လူသားကျင့်ကြံသူတွေ အရမ်းတရားလွန်သွားပြီ… မီးခိုးလှိုင်းရေကန်က နဂါးမျိုးနွယ်စုရဲ့ အပိုင်ဆိုတာ မမေ့နဲ့… မင်းက ငါ့အမြင်မှာ သေးနုတ်တဲ့ ကျင့်ကြံသူတစ်ယောက်ပါ… မင်းက ငါ့အရှေ့မှာ ဘယ်လိုတောင် မောက်မာထောင်လွှားရဲတာလဲ… မင်းကို ငါသတိမပေးဘူးလို့ မပြောနဲ့… အခုကစပြီး မီးခိုးလှိုင်းရေကန်ရဲ့ အချင်းမိုင်တစ်ထောင်ဧရိယာထဲကို ဘယ်ကျင့်ကြံသူမှ ဝင်ခွင့်မပြုဘူး… ငါ့ရဲ့ နယ်နိမိတ်ထဲမှာ ဘယ်သတ်ဖြတ်မှုကိုမှ ခွင့်မပြုဘူး… အမိန့်မနာခံတဲ့ လူတွေက ချွင်းချက်မရှိ အသတ်ခံရမယ် ”

နဂါးဘုရင်က ဒေါသထွက်စွာ ပြောသည်။ စကားပြောလိုက်စဉ် သူ၏ နှုတ်ခမ်းမွှေးက လှုပ်သွားသည်။ သူက လက်ဝှေးယမ်းလိုက်ပြီး အေးတိအေးစက် ပြောသည်။

“ မင်းပြန်သွားပြီးတော့ ငါ့စကားကို သတင်းပါးလိုက်ပါ… မင်းတို့ကို အချိန်တစ်ရက် ငါပေးမယ်… ငါအမိန့်ထုတ်ပြန်ပြီးတဲ့နောက် မီးခိုးလှိုင်းရေကန်ရဲ့ အချင်းမိုင်တစ်ထောင်ဧရိယာထဲမှာ ဘယ်ကျင့်ကြံသူမှရှိမနေရဘူး… မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မမြင်ကြနဲ့ ”

သူ၏ မျက်လုံးထဲမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော နဂါးဘုရင်အရှိန်အဝါကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ၏ နောက်ကျောမှာ ချွေးစေးများ စိုရွှဲသွားသည်။ နဂါးဘုရင်၏ အရှိန်အဝါက သူခုခံနိုင်သောအရာမဟုတ်ပေ။ ယင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားသည် ယင်းကို ကြားသည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏ မောက်မာထောင်လွှားမှုက လုံးဝ ပျောက်ကွယ်သွားသည်။ သူက အနောက်လှည့်လိုက်ပြီး အမြန်ထွက်သွားသည်။

“ ခဏနေဦး ”

ထိုအခိုက်အတန့်မှာ နဂါးဘုရင်က သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။ ထိုအသံက ဝတ်စုံစိမ်းဝတ်အမျိုးသား၏ ခြေလှမ်းကို တုံ့ခနဲ ရပ်သွားစေသည်။ သူက အနောက်လှည့်လိုက်လေရာ သူ့ခန္ဓာကိုယ်က ကျောက်ရုပ်သဖွယ် တောင့်တင်းသွားသည်။

အကယ်၍ နဂါးဘုရင်က သူ့ကို သတ်ချင်သည်ဆိုလျှင် လက်တစ်ဖက်ဝှေ့ယမ်းရုံသာ လိုအပ်ကြောင်း သူသိသည်။ နဂါးဘုရင်၏ ရှေ့တော်မှောက်တွင် သူက ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။ သူ၏ မျက်နှာက အရုပ်ဆိုးသွားသည်။ သို့သော် သူက ရိုသေလေးစားစွာ ပြောသည်။

“ နဂါးဘုရင်… နောက်ထပ် ဘာများ မှာကြားစရာကျန်ပါသေးလဲ ”

သူ၏ လေသံသည်ပင် မူမမှန်နေပေ။

“ ငါမင်းကို မသတ်ဘူး… မင်း ငါ့ကိုယ်စား သတင်းစကားပါးပေးပါ ”

ထိုသို့ပြောပြီးနောက် နဂါးဘုရင်၏ အကြည့်က လေးနက်သွားသည်။ သူက နက်ရှိုင်းသော အသံဖြင့် ပြောသည်။

“ မင်းတို့လူသားမျိုးနွယ်စု အခုလိုအောင်မြင်မှုတွေ ရရှိလာအောင် အတိတ်မှာ ဘယ်သူက ကူညီပေးခဲ့တယ်ဆိုတာ မေ့မသွားနဲ့… အတိတ်က လုပ်ဆောင်မှုတွေကြောင့် အခု မင်းတို့က ဒီလောကရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်လာကြပြီ… ဒါပေမဲ့ အရာအားလုံးကို မင်းတို့စိတ်တိုင်းကျလုပ်လို့မရဘူး… ဘယ်အရာမဆို အစွန်းရောက်လုပ်ဆောင်တာက မကောင်းဘူး… ကောင်းကင်ဘုံတာအိုအောက်မှာ ကမ္မစက်ဝန်းရှိတယ်ဆိုတာ မေ့မထားနဲ့… မင်းတို့အရမ်းလွန်သွားရင် တစ်နေ့မှာ အဲ့ဒီအကျိုးဆက်ကို ပြန်ခံစားရလိမ့်မယ်… တခြားလူတွေကို ထွက်ပေါက်တစ်ခုပေးတာက ကိုယ့်ကိုယ်ကိုယ် ထွက်ပေါက်တစ်ခုပေးတာနဲ့ အတူတူပဲ ”

“ အဲ့ဒါက… ”

ယင်းကို ကြားသောအခါ ဝတ်စုံစိမ်းဝတ် အမျိုးသား၏ မျက်နှာပေါ်မှာ အထင်သေးရှုံ့ချသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော်လည်း သူက အပေါ်ယံတွင် ရိုသေလေးစားစွာ ပြောသည်။

“ နဂါးဘုရင်ရဲ့ အကြံပေးစကားအတွက် ကျေးဇူးတင်ပါတယ်… ဒီသတင်းစကားကို တခြားလူတွေဆီ ကျုပ်ပြန်ပါးလိုက်ပါ့မယ် ”

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် စကားဆုံးသွားသည်နှင့် တခြားကိစ္စမရှိတော့ကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူက အနောက်လှည့်လိုက်ပြီး အမြန်ထွက်သွားသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား လုံးဝ ပျောက်ကွယ်သွားသည့်အခါ အောင်းချင်က နှုတ်ခမ်းဆူလိုက်ပြီး အထင်သေးရှုံ့ချစွာ ပြောသည်။

“ လူသားကျင့်ကြံသူတွေက အရမ်းခေါင်းမာတယ်… သူတို့က မိစ္ဆာမျိုးနွယ်စုကို မျိုးတုန်းသတ်ဖြတ်ဖို့ တကယ်ကြံစည်နေတယ်… သူတို့က မျိုးနွယ်ခြားတွေကို သနားကြင်နာမှုမထားဘူး… သမီးအမြင်မှာတော့ အဲ့ဒါ လူသားမျိုးနွယ်က မိစ္ဆာတွေကို သတ်ပစ်ဖို့ တမင်အကြောင်းရှာနေတာပဲ… ဒီတစ်ကြိမ် သူတို့က မီးခိုးလှိုင်းကျွန်းစုကို စောင့်ကြပ်ဖို့ မသေမျိုးကျင့်ကြံသူတွေကို စေလွှတ်လိုက်တယ်… သူတို့က ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲကနေ ပြန်ထွက်လာကြမယ့် မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းပစ်ချင်ကြတယ်… ခမည်းတော်… သမီးအမြင်မှာတော့ အဲ့ဒီလူသားကျင့်ကြံသူတွေနဲ့ ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်… တစ်နေ့မှာ သမီးတို့ရဲ့ နဂါးမျိုးနွယ်စုကို သူတို့မတိုက်ခိုက်လာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ”

နဂါးဘုရင်၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ လူသားကျင့်ကြံသူတွေက အရမ်းဗိုလ်ကျလွန်းတယ်… သူတို့က တခြားမျိုးနွယ်စုတွေ မြင့်တတ်လာမှာကို မလိုလားကြဘူး… ဒီတစ်ခေါက် မိစ္ဆာမျိုးနွယ်စုအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေက ဟိုးအရင်ကတည်းက ကြိုပြင်ဆင်ထားတဲ့အရာပဲ… သူတို့က ဘယ်ကနေ ယုံကြည်မှုရလာတယ်ဆိုတာ ငါမသိဘူး… သူတို့က အနာဂတ်မှာ ဖြစ်ပေါ်လာလိမ့်မယ့် မဟာဟာကပ်ဘေးကို မစိုးရိမ်ကြဘဲ မိစ္ဆာမျိုးနွယ်စုကို သတ်ပစ်ဖို့ပဲ အာရုံစိုက်နေကြတယ်… အချိန်ကျလာတဲ့အခါ ခရမ်းရွှေကုန်းမြေပေါ်က သက်ရှိအားလုံး မျိုးတုန်းသတ်ဖြတ်ခံရမှာ ငါစိုးရိမ်တယ် ”

နဂါးဘုရင်၏ စကားများထဲမှာ တုံ့ဆိုင်းမှု ပါဝင်နေသည်။ သူက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

သို့သော်လည်း အောင်းချင်က ဂရုမစိုက်ဘဲ ပြောသည်။

“ ဟွန့်… အဲ့ဒီနေ့ ရောက်လာတဲ့အခါကျရင်… ခမည်းတော်… သမီးတို့ရဲ့ နဂါးမျိုးနွယ်စုက အဲ့ဒီမသေမျိုးကျင့်ကြံသူတွေကို မကူညီပေးရဘူးနော်… သမီးတို့အပေါ် သူတို့ဘာလုပ်လာမလဲ ဘယ်သူသိနိုင်မှာလဲ… ဘာပဲဖြစ်ဖြစ် ဘိုးဘေးနဂါးက ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးပြီ… အဆိုးဆုံးအခြေအနေဖြစ်လာရင် သမီးတို့တွေ ဘိုးဘေးနဂါးကျွန်းစုဆီ အတူတူ သွားကြတာပေါ့ ”

“ ဟား ဟား ”

နဂါးဘုရင်က ခေါင်းခါလိုက်သည်။ သူက နောက်ထပ် မည်သည့်စကားမှ မပြောပေ။ ထို့နောက် သူက ပညာရှိအမတ်လိပ်ဖိုးဖိုးကို ဆင့်ခေါ်လိုက်ပြီး အစောနက သူပြောခဲ့သော အမိန့်တော်ကို ချက်ချင်း ထုတ်ပြန်ခိုင်းလိုက်သည်။

All Chapters