← Chapters

အခန်း ၄၁၈

Vol. 28 Ch. 418

အခန်း ၄၁၈

Vol. 28 Ch. 418

အခန်း(၄၁၈)

“ တင်း… တုံ… ချွင်… ချွင်… ”

သီရှီထျန်က နောက်တစ်ကြိမ် တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ကုချင်းအသံက သူ့ခေါင်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ကုချင်းအသံထဲမှာ စိုးရိမ်ကြောင့်ကြမှု၊ ဆန္ဒစောမှု ပါဝင်နေသည်။

“ ဟမ်… အဲ့ဒါ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းအသံပဲ… ကုချင်းက ဆင့်ကဲပြောင်းလဲသွားပြီး ဓမ္မရတနာတစ်ခု ဖြစ်လာပြီလား ”

သီရှီထျန်က အံ့ဩသွားသည်။ ထိုအသံက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းအသံဖြစ်ကြောင်း သူသိသည်။ နတ်ဆိုးကုချင်းသည် လိုအင်ဆန္ဒစွမ်းအား အလုံအလောက်ကို စုပ်ယူပြီးနောက် မိစ္ဆာစံအိမ်ထဲမှာ အချိန်အတော်ကြာအောင် အိပ်ပျော်နေခဲ့သည်။ ဤအခိုက်အတန့်မှာ နတ်ဆိုးကုချင်းက ရုတ်တရက် ပြန်နိုးလာမည်ဟု သူမမျှော်လင့်ထားပေ။

သူက တခြားကိစ္စများကို လျစ်လျူရှုထားလိုက်ပြီး သူ၏ စိတ်အာရုံကို မိစ္ဆာစံအိမ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်သည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် သူ့အတွက် အလွန်အရေးကြီးသည်။ ယင်းက သူ၏ သက်စောင့်ဓမ္မလက်နက် ဖြစ်သည်။ တစ်ခုသိထားရမည်မှာ သက်စောင့်ဓမ္မလက်နက်သည် ကျင့်ကြံသူ၏ ဒုတိယအသက်ဖြစ်သည်။ ယင်းက သူနှင့် တစ်ဘဝလုံး အတူရှိနေမည့် အဖော်မွန်ဖြစ်သည်။ နတ်ဆိုးကုချင်းက သူနှင့် ကောင်းတူဆိုးဖက် အတူရှိနေလိမ့်မည်။

ထို့ပြင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ၏ အစွမ်းထက်ဆုံး ဝှက်ဖဲကတ်ဖြစ်သည်။ ယင်းက စွမ်းအားက အလွန်အံ့ဖွယ်ကောင်းသည်။

သားရဲတစ်သောင်းဂိုဏ်းကို ရင်ဆိုင်ရန် သူ့ကိုယ်သူယုံကြည်ချက်ရှိခြင်းမှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့လက်ထဲမှာ နတ်ဘုရားအဆင့်သီချင်းဖြစ်သော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ရှိနေသောကြောင့်ပင်။ ယင်း၏ စွမ်းအားက နတ်ဘုရားများနှင့် တစ္ဆေများကို အော်ဟစ်ညည်းညူစေနိုင်သည်။ သို့မဟုတ်လျှင် သူက ကုချင်းကို သူ၏ သက်စောင့်ဓမ္မလက်နက်အဖြစ် ဖန်တီးသန့်စင်လိမ့်မည် မဟုတ်ချေ။

“ ဝှစ် ”

အနက်ရောင်အလင်း ထွန်းလင်းသွားသည်။ အနက်ရောင်အလင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ကုချင်းတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ကုချင်းသည် ယခင်ကဲ့သို့ မည်းနက်မနေဘဲ ကျောက်စိမ်းရောင်သို့ ပြန်ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် ကုချင်းပေါ်မှာ မည်သည့်အမည်းစက်မှ ရှိမနေပေ။ ယင်းက အညစ်အကြေးကင်းမဲ့စွာ လုံးဝ သန့်စင်သွားသည်။

ကုချင်း၏ ကိုယ်ထည်ပေါ်တွင် အနက်ရောင်အလင်းတန်းများက ရေလှိုင်းများသဖွယ် စီးဆင်းနေသည်။ ယင်းက အလွန်ထူးဆန်းသည်။

ကုချင်းပေါ်တွင် ကြိုးကိုးချောင်းက အဆက်မပြတ် လှုပ်ခတ်နေသည်။ ကုချင်းအသံက စိုးရိမ်ကြောင့်ကြသော စိတ်ခံစားမှုကို ထုတ်လွှတ်နေသည်။ ယင်းက ပုံမှန်မဟုတ်ပေ။

“ ဘာလဲ… ကုချင်းက ဓမ္မလက်နက်အဆင့်မှာပဲ ရှိသေးတာလား ”

သီရှီထျန်က ကျောက်စိမ်းကုချင်းကို ကြည့်လိုက်သည်။ သံသယအရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပျက်နေကြောင်း သူမသိတော့ပေ။ တစ်ခုသိထားရမည်မှာ ကျောက်စိမ်းကုချင်း၏ ဆင့်ကဲပြောင်းလဲမှုက အနှစ်လေးဆယ်ကျော် ကြာသွားပြီ ဖြစ်၏။ ကျောက်စိမ်းကုချင်း ဆင့်ကဲပြောင်းလဲနေချိန်မှာ ယင်း၏ ကိုယ်ထည်တစ်ခုလုံးက မင်ရည်သဖွယ် နက်မှောင်နေသည်။

ယခုအခါ ကျောက်စိမ်းကုချင်းက နှင်းကဲ့သို့ ဖြူဖွေးသွားသည်။ သို့သော်လည်း အနက်ရောင်အလင်းတန်းတချို့က ကုချင်း၏ ကိုယ်ထည်ပေါ်မှာ ရှိနေဆဲပင်။ ထို့ကြောင့် သူက ခန့်မှန်းမှုတစ်ခု ပြုလုပ်လိုက်သည်။ ထိုအနက်ရောင်အလင်းတန်းများကြောင့် ကျောက်စိမ်းကုချင်း၏ ဆင့်ကဲပြောင်းလဲမှုက မပြည့်စုံသေးခြင်း ဖြစ်၏။ ထို့ကြောင့် ကုချင်းက ဓမ္မလက်နက်အဆင့်မှာသာ ရှိသေးသည်။

“ ဘာလို့ အဲ့ဒီလိုဖြစ်ရတာလဲ… အဓိပ္ပာယ်မရှိလိုက်တာ… ငါ့ရဲ့ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ရှေးဟောင်းစာလိပ်ထဲက ကုချင်းပုံအတိုင်း တစ်ပုံစံတည်း ဖန်တီးထားတာပါ… ယေဘုယျပြောရရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး ”

သူက တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူက နတ်ဆိုးကုချင်းကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။ သူ၏ နတ်ဆိုးကုချင်း မည်သို့ကြောင့် အဆင့်မတတ်နိုင်ကြောင်း သူ၏ မှတ်ဉာဏ်များထဲမှာ ရှာဖွေလိုက်သည်။

ကံမကောင်းသည်မှာ ရှေးဟောင်းစာလိပ်က အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ထို့ပြင် သူဖန်တီးခဲ့သော ကုချင်းက ပိုပြီးလျှို့ဝှက်ဆန်းကြယ်သည်။ ယင်း၏ လျှို့ဝှက်နက်နဲမှုများကို နားလည်ရန် အလွန်ခက်ခဲသည်။ သို့ဖြစ်၍ ယင်းနှင့်ပတ်သက်သော အချက်အလက်များက မည်သည့်စာအုပ်ထဲမှာမှ မရှိပေ။

“ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း အဆင့်မတတ်နိုင်တာက ကုချင်းက ဓမ္မလက်နက်အဖြစ်ပဲ အမြဲတမ်း ရှိနေနိုင်တာမို့လို့လား ”

သီရှီထျန်က အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူက ကုချင်းကို စိုက်ကြည့်လိုက်သည်။ ထိုစဉ် သူ့ခေါင်းထဲမှာ အကြံဉာဏ်တစ်ခု ထွက်ပေါ်လာသည်။

“ မဟုတ်သေးဘူး… ငါ့ရဲ့ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းမှာပဲဖြစ်ဖြစ်… ရှေးဟောင်းစာလိပ်ထဲက ကုချင်းမှာပဲဖြစ်ဖြစ် အပေါက်တွေပါတယ်… ကုချင်းကြိုးတစ်ချောင်းစီက အပေါက်တစ်ခုနဲ့ ချိတ်ဆက်နေတယ်… ဖြစ်နိုင်တာက အဲ့ဒါက အပေါက်တွေနဲ့ တစ်ခုခု ပတ်သက်နေတာလား ”

သီရှီထျန်က သူ၏ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်သည်။ အတိတ်၌ သူလျစ်လျူရှုထားခဲ့သော အပေါက်ကိုးပေါက်က ယခု သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

သူက ထိုအပေါက်များကို ကုချင်းအတွက် အလှဆင်မှုသက်သက်သာဖြစ်မည်ဟု သဘောထားခဲ့သည်။ ထို့ပြင် ထိုအပေါက်များက သူ့အတွက် ဘာမှအသုံးမဝင်ပေ။ သို့ဖြစ်၍ သူက ယင်းတို့ကို လျစ်လျူရှုခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ အခြေအနေက ကွဲပြားသွားသည်။ ယခင်က သူလျစ်လျူရှုထားခဲ့သော အပေါက်များက အရေးကြီးသည်ဟု ရုတ်တရက် သူခံစားမိလာသည်။ ယင်းက သူ့အား မျှော်လင့်ချက်ကို ပေးသည်။

“ မဟုတ်မှလွဲရော နတ်ဆိုးကုချင်း အဆင့်မတတ်နိုင်တာက အဲ့ဒီအပေါက်ကိုးပေါက်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတာများလား ”

သီရှီထျန်က တစ်စုံတစ်ခုကို တွေးမိသွားပြီး စိတ်ထဲမှာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက ပြောသည်။

“ ဒါပေမဲ့ အဲ့ဒီအပေါက်တွေကို ဘာအတွက် အသုံးပြုတာလဲ… ရှေးဟောင်းစာလိပ်က အဲ့ဒီအကြောင်း ဘာမှမပြောထားဘူး… အဲ့ဒါကို ငါဘယ်လိုလုပ်ရမလဲ ”

သူက တိတ်တဆိတ် တွေးတောလိုက်သည်။ အကယ်၍ ကုချင်းအဆင့်မတတ်နိုင်သည့် အကြောင်းအရင်းရှိသည်ဆိုလျှင် ထိုအပေါက်များက တရားခံဖြစ်နိုင်ခြေအများဆုံး ဖြစ်သည်။ သူမည်သို့ကြည့်ပါစေ ထိုအပေါက်များကို အလှဆင်ရန်သက်သက်သာ အသုံးပြုနိုင်သည်။

ဥပမာ ထိုအပေါက်များထဲသို့ ကျောက်စိမ်းများ၊ သလင်းကျောက်များ၊ ပုလဲလုံးများ အစရှိသော ရတနာများကို ထည့်သွင်းနိုင်သည်။

“ နေဦး… ပုလဲလုံးတွေ ”

စက်ကရာသည် သူ့ခေါင်းကို ရုတ်တရက် မိုးကြိုးပစ်ချလိုက်သည်ဟု ခံစားမိသွားသည်။ နားလည်သဘောပေါက်သွားသော အတွေးက သူ့ခေါင်းထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ထိုအတွေးက သူ့ကို အံ့ဩသွားစေသည်။ သူက အမြန်လက်ဆန့်ထုတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ သိုလှောင်အိတ်က ဝိညာဉ်အလင်းရောင် တောက်ပသွားပြီးလျှင် သေးငယ်သော ကျောက်စိမ်းသေတ္တာနှစ်လုံးက သူ့လက်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ကျောက်စိမ်းသေတ္တာပေါ်၌ အကန့်အသတ်စည်းများ ရှိသည်။ သူ၏ လက်ဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ အကန့်အသတ်စည်းများက ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက သေတ္တာများကို ညင်သာစွာ ဖွင့်လိုက်သည်။

“ ဝှစ်… ”

ကျောက်စိမ်းသေတ္တာတစ်လုံးထဲတွင် အဝါရောင်နတ်ဘုရားအလင်း ပေါ်လျှိုးလာသည်။ ထိုနတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာဆင်းကျလာသည်။ ထိုအခါ သူက ရေပူစမ်းထဲမှာ ခန္ဓာကိုယ်စိမ်လိုက်သည့်အလား သက်တောင့်သက်သာရှိသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားက သိသိသာသာ တိုးပွားသွားသည်။

သီရှီထျန်က ကျောက်စိမ်းသေတ္တာထဲသို့ ကြည့်လိုက်သည်။ သူ၏ အရှေ့တွင် ပြစ်ချက်မဲ့စွာ ထွန်းလင်းတောက်ပနေသော အဝါရောင်ဝိညာဉ်ပုလဲတစ်လုံး ရှိသည်။ အဝါရောင်ဝိညာဉ်ပုလဲမှ ထုတ်လွှတ်နေသော နတ်ဘုရားအလင်းကို ကြည့်ရုံဖြင့်ပင် ယင်းက သာမန်ပစ္စည်းမဟုတ်ကြောင်း သိနိုင်သည်။

တခြားကျောက်စိမ်းသေတ္တာထဲ၌ အနက်ရောင်ဝိညာဉ်ပုလဲတစ်လုံး ရှိသည်။ အနက်ရောင်ဝိညာဉ်ပုလဲသည် အဝါရောင်ပုလဲကဲ့သို့ နတ်ဘုရားအလင်းရောင်ကို မထုတ်လွှတ်နေပေ။ ယင်းက ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ အကယ်၍ ထိုသို့မှိတ်တုတ်မှိတ်တုတ်သာ လင်းလက်မနေလျှင် ယင်းက သာမန်ပုလဲတစ်လုံးသာ ဖြစ်သည်ဟု သူသဘောထားလိမ့်မည်။

ထိုဝိညာဉ်ပုလဲနှစ်လုံးတွင် တစ်လုံးက မဒူဆာထံမှ ပစ္စည်းလဲလှယ်ပြီးနောက် သူရရှိလာခဲ့သောအရာ ဖြစ်သည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ကို ကြည်လင်အေးချမ်းစေပြီး လစန္ဒာထံမှ စွမ်းအင်အနှစ်သာရကို ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ စုပ်ယူစေနိုင်သည်။ ရှင်းလင်းစွာပင် ထိုပုလဲက သာမန်ရတနာမဟုတ်ပေ။

တခြားပုလဲလုံးကိုတော့ မြေအောက်ကြွက်ဘုရင်ထံမှ သူရရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုပုလဲလုံးက အလွန်အံ့ဖွယ်ကောင်းသည်။

ယင်းထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူမည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်နှင့် ခုခံကာကွယ်နိုင်စွမ်းက အဆမတန် ပိုပြီးသန်စွမ်းလာလိမ့်မည်။ ယင်းက မှော်ဆန်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ထိုဝိညာဉ်ပုလဲလုံးနှစ်လုံးက သာမန်မဟုတ်ကြောင်း သူသိသည်။ သို့သော်လည်း ယင်းတို့ကို စစ်ဆေးလေ့လာရန် သူ့မှာ အချိန်မရှိပေ။

ယခု ကုချင်းပေါ်မှ အပေါက်များကို သူကြည့်လိုက်သည့်အခါ အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက ဝိညာဉ်ပုလဲလုံးများကို ပြန်ထုတ်လိုက်သည်။

ကျောက်စိမ်းသေတ္တာများထဲမှ ပုလဲလုံးနှစ်လုံးကို ကြည့်လိုက်သည့်အခါ ထူးဆန်းသော အမူအရာက သီရှီထျန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို အတွေးတစ်ခုက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။ လောကဖန်ဆင်းမှုစေတီထဲမှာ သူဖတ်ရှုခဲ့သော စာအုပ်တစ်အုပ်ထဲတွင် အကြောင်းအရာတစ်ခုအား မှတ်တမ်းတင်ထားသည်ကို ပြန်အမှတ်ရသွားသည်။

ဖရိုဖရဲဟင်းလင်းပြင်သာရှိသော အစောပိုင်းမှာ မိုးမြေက ပေါ်ထွန်းလာသည်။ မိုးမြေက သက်ရှိအားလုံးကို ပျိုးထောင်ပေးသည်။ ထို့နောက် ယင်၊ ယန်၊ ဒြပ်စင်ငါးမျိုး၊ လျှပ်စီးနှင့် လေတို့ ထွက်ပေါ်လာသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် ထိုစွမ်းအင်ကိုးမျိုးက ဝိညာဉ်ပုလဲလုံးများအဖြစ် သိပ်သည်းသွားကြသည်။ ထိုဝိညာဉ်ပုလဲလုံးများက အလွန်အစွမ်းထက်သည်။ ဝိညာဉ်ပုလဲလုံးတစ်လုံးက ခေတ်တစ်ခေတ်ကို ဖန်တီးနိုင်သည်ဟုပင် ပြောကြသည်။

ဝိညာဉ်ပုလဲလုံးတစ်လုံးကို ပိုင်ဆိုင်သွားမည်ဆိုလျှင် တစ်စုံတစ်ယောက်က မိုးမြေစွမ်းအားကို ထိန်းချုပ်နိုင်သွားလိမ့်မည်။ ယင်းတို့က မိုးမြေနှင့် သဘာဝတရား၏ ဖန်ဆင်းမှုလက်ရာ ဖြစ်သည်။ ယင်းတို့ကို ဝိညာဉ်ပုလဲလုံးများဟု ခေါ်ကြသည်။

ပုလဲလုံးတစ်လုံးစီမှာ မိုးမြေ၏ မူလဇစ်မြစ် ပါဝင်သည်။ တစ်စုံတစ်ယောက်က ယင်းကို ဝါးမျိုလိုက်မည်ဆိုလျှင် ရှန့်ထျန်းတာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားလိမ့်မည်။ သို့မဟုတ် ယင်းတို့ကို ပြိုင်စံရှားရတနာများအဖြစ် သန့်စင်နိုင်သည်။ ကောင်းကင်ဘုံတာအိုတွင် နံပါတ်ကိုးက မြင့်မြတ်ထည်ဝါမှုကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဤလောကမှာ စုစုပေါင်း ဝိညာဉ်ပုလဲလုံးကိုးလုံး ရှိသည်။

ထိုအကြောင်းအရာကို ပြန်အမှတ်ရသွားသောအခါ မယုံကြည်နိုင်မှုက သီရှီထျန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ချက်ချင်း မျက်လုံးပြူးကျယ်သွားသည်။ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ကျောက်စိမ်းသေတ္တာများထဲမှ ပုလဲလုံးနှစ်လုံးကို သေချာစူးစိုက်ကြည့်လိုက်သည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ မြေကြီးဝိညာဉ်ပုလဲလုံး… ပုလဲလုံးထဲမှာ မြေကြီးရဲ့ မူလဇစ်မြစ် ပါရှိတယ်… မြေကြီးက ထုထည်ကြီးမားပြီး အတိုင်းအဆမဲ့ ကျယ်ပြောတယ်… မြေကြီးက သက်ရှိအားလုံးကို ထမ်းထားနိုင်တယ်… မြေကြီးဝိညာဉ်အလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူမယ်ဆိုရင် ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေက ပျောက်ကွယ်သွားလိမ့်မယ်… ဒါ့အပြင် ရုပ်ခန္ဓာကိုယ်က သန်စွမ်းလာလိမ့်မယ်… မြေကြီးဝိညာဉ်အလင်းအောက်မှာ နှစ်ပေါင်းများစွာ နှစ်ခြင်းမင်္ဂလာခံယူမယ်ဆိုရင် ခန္ဓာကိုယ်က မြေကြီးရဲ့ ဂုဏ်သတ္တိနဲ့ စွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မယ်… အဲ့ဒါကို ဓမ္မရတနာအဖြစ် သန့်စင်မယ်ဆိုရင် မိုးမြေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းထက်ဓမ္မရတနာတစ်ခု ဖြစ်လာလိမ့်မယ်… ဟုတ်တယ် ဒီဟာက မိုးမြေဝိညာဉ်ပုလဲကိုးလုံးထဲက မြေကြီးဝိညာဉ်ပုလဲလုံးပဲ… အံ့ဩစရာမဟုတ်တော့ဘူး… ဒါကြောင့်မို့လို့ အဲ့ဒီကြွက်က အံ့ဩဖွယ်ကောင်းတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကို ”

သီရှီထျန်က သူဖတ်ဖူးထားသော မိုးမြေဝိညာဉ်ပုလဲကိုးလုံးနှင့် သူ့အရှေ့မှ အဝါရောင်ပုလဲလုံးကို နှိုင်းယှဉ်ကြည့်လိုက်သည်။ ထိုအခါ သူက အဝါရောင်ပုလဲလုံး၏ ဇစ်မြစ်ကို ရှာတွေ့သွားသည်။ အတိတ်၌ ကြွက်ဘုရင်သည် ထိုအဝါရောင်ပုလဲလုံးကို ယဇ်ပလ္လင်ပေါ်မှာ တင်၍ ကိုးကွယ်ပူဇော်ခဲ့သည်။ အဝါရောင်ပုလဲလုံးထံမှ ထုတ်လွှတ်ပေးသော နတ်ဘုရားအလင်းအောက်မှာ ကြွက်သန်းပေါင်းများစွာက အံ့ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားကြသည်။ သူတို့၏ ခုခံကာကွယ်မှုက တခြားသားရဲများထက် အများကြီး ပိုသန်မာသည်။

All Chapters