← Chapters

အခန်း ၄၁၉

Vol. 28 Ch. 419

အခန်း ၄၁၉

Vol. 28 Ch. 419

အခန်း(၄၁၉)

သို့သော်လည်း အကယ်၍ သူ့အရှေ့မှ အဝါရောင်ပုလဲလုံးက မြေကြီးဝိညာဉ်ပုလဲလုံး တကယ်ဟုတ်သည်ဆိုလျှင် ကြွက်ဘုရင်က ယင်း၏ အစစ်အမှန်စွမ်းအားကို မထုတ်လွှတ်နိုင်ခဲ့ကြောင်း ရှင်းလင်းသည်။ သို့မဟုတ်လျှင် ယင်းကို ဓမ္မလက်နက်တစ်ခုအဖြစ် သူသန့်စင်လိုက်သည့်အခါ ကြွက်ဘုရင်က အများကြီး ပိုသန်စွမ်းသွားလိမ့်မည်။ သီရှီထျန်သည်ပင် သူ့ကို အနိုင်ယူရန် အတော်လေး အားစိုက်ထုတ်ရလိမ့်မည်။

“ တကယ်လို့ ဒီအဝါရောင်ပုလဲလုံးက မိုးမြေဝိညာဉ်ပုလဲကိုးလုံးထဲက မြေကြီးဝိညာဉ်ပုလဲဟုတ်တယ်ဆိုရင် ဒီအနက်ရောင်ပုလဲလုံးကရော မိုးမြေဝိညာဉ်ပုလဲကိုးလုံးထဲက တစ်လုံးဖြစ်နေမလား ”

သူ၏ အကြည့်က အနက်ရောင်ပုလဲလုံးထံသို့ ရွှေ့ပြောင်းသွားသည်။ ဒဏ္ဍာရီများအရ မိုးမြေဝိညာဉ်ပုလဲကိုးလုံးထဲတွင် ခွဲခြားရန် အလွယ်ကူဆုံးက ဒြပ်စင်ငါးမျိုးပုလဲလုံးများ ဖြစ်ကြသည်။ ပုလဲတစ်လုံးစီက ဒြပ်စင်တစ်မျိုးစီကို ကိုယ်စားပြုသည်။ ယင်းတို့ထဲမှာ ဒြပ်စင်တစ်မျိုးစီ၏ မူလဇစ်မြစ် ကိန်းအောင်းနေသည်။ ပုလဲလုံးများဆီမှာ မတူညီသော အံ့ဖွယ်စွမ်းရည်များ ရှိ၏။ ဝိညာဉ်ပုလဲလုံးများ၏ အသုံးပြုပုံကို နားမလည်ထားသော လူများ၏ လက်ထဲတွင်မူ ထိုပုလဲလုံးများက သာမန်ပစ္စည်းများသာ ဖြစ်နေလိမ့်မည်။

“ တင်း တုန်… ”

သီရှီထျန်က နက်နဲစွာ တွေးတောနေစဉ် သူ့အရှေ့မှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ကျောက်စိမ်းသေတ္တာနှစ်လုံးကို မြင်ပြီးနောက် စိုးရိမ်ကြောင့်ကြသော မြည်သံကို ထုတ်လွှတ်လိုက်သည်။ ယင်းက အလွန်ဆန္ဒစောနေသည်။ ဤသည်မှာ နတ်ဆိုးကုချင်းက တစ်စုံတစ်ခုရောက်လာမည်ကို စောင့်ဆိုင်းနေသည့်အလားပင်။

ရုတ်တရက် ထွက်ပေါ်လာသော ကုချင်းအသံက သီရှီထျန်၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ သူ၏ အကြည့်က ကုချင်းပေါ်သို့ ထပ်မံ ကျရောက်သွားသည်။ သူက ကုချင်း၏ ကိုယ်ထည်ပေါ်မှ အပေါက်ကိုးပေါက်ကို ကြည့်လိုက်သည်။ ထို့နောက် ရူးမိုက်သော အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ရှေးဟောင်းကုချင်းဆီမှာ အပေါက်ကိုးပေါက် ရှိတယ်… ဒဏ္ဍာရီတွေအရ ဒီလောကမှာ မိုးမြေဝိညာဉ်ပုလဲလုံးကိုးလုံး ရှိတယ်… ဖြစ်နိုင်တာက အဲ့ဒီအပေါက်ကိုးပေါက်က မိုးမြေဝိညာဉ်ပုလဲလုံးကိုးလုံးအတွက် ရည်ရွယ်ထားတာလား ”

ထိုသို့တွေးမိသွားသောအခါ သီရှီထျန်က တစ်ခဏကြာအောင် အံ့ဩမှင်သက်သွားသည်။

ထိုအတွေးက မယုံကြည်နိုင်စရာကောင်းအောင် အလွန်ရူးမိုက်သည်။ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ထျန်းအင်ပါယာရတနာသေတ္တာမှ ရရှိခဲ့သော ရှေးဟောင်းစာလိပ်ထဲမှ ကုချင်းပုံစံအတိုင်း ဖန်တီးသန့်စင်ခဲ့ခြင်း ဖြစ်သည်။

ယင်းက ဤလောကထဲမှ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို စုပ်ယူနိုင်သော အထွတ်အမြတ်ရတနာ ဖြစ်သည်။ ထိုအချက်တစ်ချက်တည်းဖြင့်ပင် ကုချင်းက မည်မျှအံ့ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။

အကယ်၍ မိုးမြေဝိညာဉ်ပုလဲလုံးကိုးလုံးကို ထပ်မံ ပေါင်းထည့်လိုက်မည်ဆိုလျှင်…

ယင်းက မည်မျှအံ့ဖွယ်ကောင်းသွားလိမ့်မည်နည်း။

မိုးမြေဝိညာဉ်ပုလဲလုံးကိုးလုံး၏ အားဖြည့်ပေးမှုအောက်မှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ စွမ်းအားက မည်သည့်နယ်ပယ်သို့ ရောက်ရှိသွားမည်နည်း။

တစ်ခုသိထားရမည်မှာ မိုးမြေဝိညာဉ်ပုလဲလုံးကိုးလုံးထဲမှ မည်သည်ပုလဲလုံးမဆို ပြိုင်စံရှားရတနာဖြစ်သည်။ သို့ဖြစ်လေရာ ပုလဲလုံးကိုးလုံးစလုံးကို ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းထဲ ပေါင်းထည့်လိုက်မည်ဆိုလျှင် ယင်းက မိုးမြေကို ပြောင်းလဲပစ်နိုင်မည့် ပြိုင်စံရှားရတနာတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်။

“ ကောင်းပြီ… အခု ငါကြည့်ရတာတော့ နတ်ဆိုးကုချင်းက ဒီပုလဲလုံးတွေအပေါ် အရမ်းစိတ်ဝင်စားနေတဲ့ပုံပဲ… အဲ့ဒါက နတ်ဆိုးကုချင်း အဆင့်တတ်လှမ်းနိုင်ဖို့ ကူညီပေးနိုင်မလား ငါကြည့်မယ်… တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင် ငါဖန်တီးသန့်စင်လိုက်တဲ့ ကုချင်းက ပြိုင်စံရှားဓမ္မရတနာ ဖြစ်လာလိမ့်မယ်… အဲ့လိုဖြစ်မလာခဲ့ရင် ငါကံဆိုးသွားတယ်လို့ပဲ မှတ်လိုက်မယ် ”

သီရှီထျန်သည် စိတ်ဓာတ်ပြတ်သားသူဖြစ်သည်။ သူ့စိတ်ထဲမှာ ထွက်ပေါ်လာသော အတွေးကြောင့် သူအံ့ဩသွားသည်။ အဝါရောင်ပုလဲလုံးက ဒဏ္ဍာရီလာ မြေကြီးဝိညာဉ်ပုလဲလုံးဖြစ်ရန် ရာခိုင်နှုန်းများသည်။ သို့သော်လည်း အနက်ရောင်ပုလဲလုံးကိုတော့ သူသေချာမပြောနိုင်ပေ။

မြေကြီးဝိညာဉ်ပုလဲလုံးက မည်မျှတန်ဖိုးကြီးမားပါစေ ယင်းက သူ၏ ကုချင်းကို အဆင့်မြှင့်တင်ပေးနိုင်သည်ဆိုလျှင် ကိစ္စမရှိပေ။ သူက မြေကြီးဝိညာဉ်ပုလဲလုံးကို နေရာမှန်မှာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သီရှီထျန်သည် အနက်ရောင်ပုလဲလုံးကို ပြန်သိမ်းဆည်းလိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်ကာ မြေကြီးဝိညာဉ်ပုလဲလုံးကို သေချာဆုပ်ကိုင်လိုက်သည်။ ဝိညာဉ်ပုလဲလုံးကို ဆုပ်ကိုင်ထားစဉ် သူ့လက်က အလွန်အမင်း လေးလံလာသည်ဟု သူခံစားမိသွားသည်။ သေးငယ်သော ထိုပုလဲလုံးသည် ကက်တီတစ်ထောင်ခန့် လေးလံသည်။ ဖြစ်နိုင်သည်မှာ ပုလဲလုံးထဲမှာ မြေကြီး၏ ထုထည်နှင့် အလေးချိန် ပါဝင်နေသည့်အလားပင်။ သူက မြေကြီးဝိညာဉ်ပုလဲလုံးကို ဆုပ်ကိုင်ထားရင်း နတ်ဆိုးကုချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက နတ်ဆိုးကုချင်း၏ ပထမကုချင်းကြိုးနှင့် ချိတ်ဆက်နေသော အပေါက်ထဲသို့ ဝိညာဉ်ပုလဲလုံးကို ထည့်သွင်းလိုက်သည်။

“ တင်း… တုန်… ”

ဝိညာဉ်ပုလဲလုံး၏ အရှိန်အဝါကို ခံစားမိသောအခါ ကျောက်စိမ်းကုချင်းပေါ်မှ ကုချင်းကြိုးများက ပိုမိုမြန်ဆန်စွာ လှုပ်ခတ်သွားသည်။

“ ဂျောက် ”

သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက စိတ်ဆုံးဖြတ်လိုက်ပြီး မြေကြီးဝိညာဉ်ပုလဲလုံးကို ပထမအပေါက်ထဲသို့ အပြည့်အဝ ထည့်သွင်းလိုက်သည်။ ထို့နောက် ကြွပ်ဆပ်သော မြည်သံက ကုချင်းထံမှ ထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းတစ်ခုလုံးက အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ကုချင်းက လေထဲသို့ မြှောက်တတ်သွားပြီး အပြင်းအထန် တုန်ခါသွားသည်။

“ ချွင်… ချွင်… ”

မြေကြီးဝိညာဉ်ပုလဲလုံး ဝင်ရောက်သွားသည်နှင့် ရှေးဟောင်းကုချင်း၏ မျက်နှာပြင်ပေါ်မှ အနက်ရောင်အလင်းတန်းများက ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သူမြင်သွားသည်။ တစ်ချိန်တည်းမှာ ကုချင်းအပေါက်နှင့် ဝိညာဉ်ပုလဲလုံးကြားမှာ ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ ထိုနှစ်ခုကြား၌ မည်သည့်အကွာအဝေးမှ မရှိတော့သည့်အလား သို့မဟုတ် ယင်းတို့က တစ်သားတည်း ပေါင်းစည်းသွားသည့်အလားပင်။

ပုလဲလုံးနှင့် ကုချင်းက ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာဟန် အောက်မေ့ရ၏။ ယင်းတို့နှစ်ခုကို ခွဲထားရန် မဖြစ်နိုင်ပေ။

တစ်ချိန်တည်းမှာ ကုချင်းကြိုးများက ရုတ်တရက် ပြောင်းလဲသွားသည်။ ကုချင်းကြိုးကိုးချောင်းအနက် ပထမကုချင်းကြိုးက အဝါရောင်သို့ ထူးဆန်းစွာ ပြောင်းလဲသွားသည်။ အဝါရောင်နတ်ဘုရားအလင်းသည်ပင် ကုချင်းကြိုးပေါ်မှာ ရေလှိုင်းများသဖွယ် ရွေ့လျားစီးဆင်းနေသည်။ ကုချင်းကြိုးပေါ်တွင် အလွန်အားကောင်းသော မြေကြီးစွမ်းအား ကိန်းအောင်းနေသည်။ ထိုစဉ် ကျန်ကုချင်းကြိုးရှစ်ချောင်းသည် အဆက်မပြတ် လှုပ်ခတ်နေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။

“ တင်း… တုန် ”

အဝါရောင်ပြောင်းလဲသွားသော ကုချင်းကြိုးတစ်ချောင်းတည်းသာ ဆက်လက် လှုပ်ခတ်နေသည်။ ကုချင်းအသံက လေထဲမှာ ပျံ့လွင့်သွားသည့်အခါ မြေကြီးစွမ်းအင်လှိုင်းများက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး အရပ်ရှစ်မျက်နှာဆီသို့ ပျံ့ပွားသွားသည်။

“ အဲ့ဒါက… ”

နောက်အခိုက်အတန့်မှာ ထွက်ပေါ်လာသော မြင်ကွင်းက သီရှီထျန်ကို အံ့ဩမှင်သက်သွားစေသည်။ မြေကြီးစွမ်းအင်လှိုင်းများ ပျံ့ပွားသွားသည့်အခါ သူ့ခြေထောက်အောက်မှ မြေကြီးက ပင်လယ်ရေကဲ့သို့ ပျော့ပျောင်းသွားသည်။ ဤသည်မှာ သူ့ခြေထောက်အောက်မှ မာကျောသော မြေကြီးက ရေမျက်နှာပြင်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည့်အလားပင်။

မြေကြီးက ကုချင်းအသံ၏ အနိမ့်အမြင့်အတတ်အကျပေါ်မူတည်၍ လိုက်လံလှုပ်ရှားနေသည်။ အမြင့်သံ ထွက်ပေါ်လာသည့်အခါ မြေကြီးက အပေါ်သို့ မြှောက်တတ်သွားပြီး အနိမ့်သံ ထွက်ပေါ်လာသည့်အခါ မြေကြီးက အောက်သို့ နစ်မြုပ်သွားသည်။ ထိုသို့မြင်ကွင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ယင်းကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်နေခြင်းမဟုတ်လျှင် သီရှီထျန်က ယင်းကို လက်ခံယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ မြေကြီးက ပိတ်စသဖွယ် ပျော့ပျောင်းနေသည်။

“ မြေကြီးမူလဇစ်မြစ်ကို ထိန်းချုပ်နိုင်တယ်လား ”

ထိုအခိုက်အတန့်မှာ အတွေးတစ်ခုက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သူက လက်ဆန့်ထုတ်လိုက်ပြီး ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းထံ ဝှေ့ယမ်းလိုက်သည်။ နတ်ဆိုးကုချင်းသည် ကျောက်စိမ်းအလင်း တောက်ပသွားပြီးလျှင် သူ၏ လက်ထဲသို့ ရုတ်တရက် ကျဆင်းလာသည်။ သူက လက်နှစ်ဖက်ကို ညင်သာစွာ လှုပ်ရှားလိုက်ပြီး ကုချင်းကြိုးကိုးချောင်းကို တီးခတ်လိုက်သည်။ အထူးသဖြင့် သူ၏ လက်ချောင်းလေးများက အဝါရောင်ကုချင်းကြိုးကို တီးခတ်လိုက်သည်။

ထိုအခါ အဝါရောင်ကုချင်းကြိုးထဲမှာ အံ့ဖွယ်ကောင်းသော မြေကြီးစွမ်းအား ကိန်းအောင်းနေကြောင်း သူခံစားမိသွားသည်။ ယင်းကို ထုတ်လွှတ်လိုက်လျှင် မိုးမြေက တုန်လှုပ်သွားလိမ့်မည်။

သူက မျက်လုံးမှိတ်လိုက်ပြီး ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သေချာအာရုံခံလိုက်သည်။

သူ၏ အတွေးက မမှားပေ။ ယခု ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ဓမ္မရတနာအဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ပိုင်ဆိုင်ထားရုံသာမက မြေကြီးမူလဇစ်မြစ်ကိုလည်း ပိုင်ဆိုင်သွားသည်။

သူက အပြောင်းအလဲကို ဂရုတစိုက် အာရုံခံလိုက်သည်။ ဖော်မပြနိုင်သော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အဝါရောင်ကုချင်းကြိုးကို သူထိလိုက်သည်နှင့် မြေကြီးမူလဇစ်မြစ်ကို သူထိန်းချုပ်နိုင်သွားသည်။ ဤသည်မှာ သူ့အရှေ့မှ အဝါရောင်ကုချင်းကြိုးက မြေကြီး၏ အသက်ဓာတ်သွေးကြောဖြစ်သည့်အလားပင်။ ကုချင်းကြိုးကို သူဆွဲလှုပ်လိုက်သည်နှင့် မြေကြီးစွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။ အချင်းတစ်မိုင်အတွင်းမှာရှိသော မြေကြီးက သူ၏ ထိန်းချုပ်နိုင်မှုအတွင်းမှာ ရှိသည်။

ထိုဧရိယာထဲမှာဆိုလျှင် သူက မြေကြီး၏ အရှင်သခင်ဖြစ်သည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာရှိသော မြေကြီးကို ပုံသဏ္ဌာန်အမျိုးမျိုး သူပြောင်းလဲနိုင်သည်။

အစွမ်းထက်လိုက်တာ…

အရမ်းအစွမ်းထက်လိုက်တာ…

ယင်းက မြေကြီးကို ထိန်းချုပ်နိုင်သော စွမ်းအား ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် သီရှီထျန်က ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်မှာ စိတ်ကျေနပ်သောအပြုံး ထွက်ပေါ်လာသည်။ သူက ကုချင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူက အပြင်မှာ ဆက်မနေတော့ပေ။ သူက အနောက်လှည့်လိုက်ပြီး အိမ်ထဲသို့ ဝင်ရောက်သွားသည်။

အပြင်လောကမှာ တစ်နှစ်က လောကဖန်ဆင်းမှုစေတီထဲတွင် ဆယ်နှစ်အချိန်ကာလနှင့် နှိုင်းယှဉ်နိုင်သည်။

ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ပြန်ပိတ်သွားရန် အချိန်တစ်နှစ်ပင် မကျန်တော့သော်လည်း လောကဖန်ဆင်းမှုစေတီဖြင့်ဆိုလျှင် သူက ငါးနှစ်ခြောက်နှစ်ခန့် တံခါးပိတ်တရားကျင့်ကြံနိုင်ဦးလိမ့်မည်။ သူက ထိုအချိန်ကာလကို အသုံးချ၍ အသစ်တိုးပွားလာသော စွမ်းအားနှင့် သူ့ကိုယ်သူ နေသားကျစေမည်။ တစ်ချိန်တည်းမှာ သူက အခြေခံအုတ်မြစ်ကောင်း တည်ဆောက်လိမ့်မည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်နှစ်နီးပါး အချိန်ကုန်ဆုံးသွားသည်။

လီလီကျွန်းစုပေါ်တွင်…

ငွေဆံရှည်၊ သွေးနဂါးဘုရင်၊ တခြားမိစ္ဆာဘုရင်များနှင့် ငယ်ရွယ်သော ယုအာသည် ရှေးဟောင်းတံတား၏ အရှေ့မှာ မတ်တတ်ရပ်နေကြသည်။ သူတို့အားလုံးက ဆန္ဒမရှိသော အမူအရာကို ထုတ်ဖော်နေကြသည်။

“ ငါးနှစ်ပြည့်သွားပြီ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲက ဒီတစ်ကြိမ် ရိတ်သိမ်းမှုက ငါတို့ကို နောက်တစ်ဆင့် ချိုးဖြတ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မိစ္ဆာတွေအတွက် တကယ်ပဲ ရတနာကုန်းမြေဖြစ်တယ်… စိတ်မကောင်းစရာက ဒီနေရာမှာ ပြိုင်ဆိုင်မှုအရမ်းပြင်းထန်တယ် ”

ငွေဆံရှည်က စိတ်မကောင်းဖြစ်စွာ ဖြစ်သည်။ သူက ဘေးဘီကို လှည့်ကြည့်လိုက်လေရာ လက်ရွေးစင်မိစ္ဆာတစ်သိန်းထဲမှ တစ်သောင်းအောက်သာလျှင် အသက်ရှင်လျက် ကျန်ရှိကြတော့သည်။ သို့သော်လည်း ဤကဲ့သို့ ပြိုင်ဆိုင်မှုပြင်းထန်သော ပြိုင်ပွဲများတွင် အသက်ရှင်လျက် ကျန်ရှိကြသော မိစ္ဆာများသည် လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက အားမနည်းကြပေ။ သူတို့က အလွန်သန်စွမ်းကြသည်။

အပြင်လောကဆီသို့ ပြန်ရောက်သွားသည့်အခါ သူတို့ထဲမှ အများစုက အမြူတေဓာတ်လုံး ဖွဲ့စည်းနိုင်ပြီး မိစ္ဆာများ ဖြစ်လာကြလိမ့်မည်။ တစ်နည်းဆိုရသော် ထိုတစ်သောင်းက အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော အစစ်အမှန်မိစ္ဆာများ ဖြစ်လာကြလိမ့်မည်။

ယင်းက မိစ္ဆာမျိုးနွယ်စုအတွက် ကြီးမားသော နောက်ထပ် ရိတ်သိမ်းမှုဖြစ်သည်။

“ ငွေဆံရှည်… တစ်ခုခုထူးဆန်းတယ်လို့ မင်းမထင်ဘူးလား… မင်းတို့တွေ ဒီနှစ်တွေမှာ ညီလေးသီကို မြင်မိကြလား… တကယ်ဆိုရင် သူက ငါတို့ထက်အရင် ရတနာသိုက်ထဲကနေ ထွက်သွားခဲ့တာမဟုတ်ဘူးလား… ဒါပေမဲ့ လီလီကျွန်းစုပေါ်မှာ သူ့ကို တစ်ခါမှ ငါမမြင်တွေ့ခဲ့ဘူး… သူနဲ့ပတ်သက်ပြီး ဘာသတင်းမှ ငါမကြားခဲ့ဘူး… ဖြစ်နိုင်တာက ငါတို့မသိဘဲ သူတစ်ခုခုဖြစ်ခဲ့တာလား ”

ရွှေတောင်ပံလင်းနို့ဘုရင်က ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ပြောသည်။

“ ဟုတ်တယ်… အဲ့ဒီကိစ္စက နည်းနည်း ထူးဆန်းတယ်… ဒါပေမဲ့ သီရှီထျန်ရဲ့ စွမ်းရည်အရ သူ့ကို အန္တရာယ်ပေးနိုင်တဲ့အရာ အများကြီးမရှိဘူး… ဖြစ်နိုင်တာက သူက ကျွန်းစုရဲ့ တစ်နေရာရာမှာ ကံကြမ္မာကောင်းကို တွေ့ကြုံခဲ့တာဖြစ်မယ် ”

ငွေဆံရှည်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဆိုးဝါးသော အမြင်ကို မတွေးပေ။ ယင်းအစား သူက စိတ်ချမ်းသာစေမည့် စကားကို ပြောသည်။

All Chapters